Android နဲ့ပါတ်သက်တဲ့ Root လုပ်ရာမှာခေါ်တဲ့ 
အခေါ်အဝေါ်တစ်ခုချင်းစီကိုဖော်ပြပေးမှာဖြစ်ပါတယ်။ ဒီအခေါ်အဝေါ်တွေဟာ Android 
Device တွေကို Root လုပ်ရာမှာအများဆုံးတွေ့ရတဲ့အပြင် Android လောက 
မှာအများဆုံးသုံးကြပါတယ်။
ဒါပေမယ့် ဒီခေါ်အဝေါ်တွေကို သာမန်Android Device တွေကိုအသုံးပြုတဲ့ 
လူတစ်ယောက်ကသိနိုင်ဖို့ခတ်ခဲပါတယ်။  ဒါကြောင့်အခု 
လိုတစ်စုတစ်စည်းထဲဖော်ပြလိုက်ခြင်းဖြစ်ပါတယ်။ 
အလွန်အကျိုးရှိမယ်လို့လဲထင်ပါတယ်ခင်ဗျာ ..။
1. ADB
ADB လို့ခေါ်တဲ့ Android Debug
 Bride (သို့) Android Debug Mode ဟာဆိုရင် ကျွန်တော်တို့အသုံးပြုနေတဲ့ 
computer ကနေတစ်ဆင့် ကျွန်တော်တို့ရဲ့ Android Device တွေကို 
ချိတ်ဆက်ပေးတဲ့ command line tool တစ်ခုဖြစ်ပါတယ်။ ADB ဟာ Android SDK 
(Software Development Kit) ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပြီး root 
လုပ်ရာမှာအသုံးပြုတဲ့ tool တစ်ခုဖြစ်ပါတယ်။ ADB ကိုသုံးတဲ့အခါ Android 
Commands တွေကိုထည့်သွင်းရမှာဖြစ်ပြီး အစောပိုင်း Android Device တွေကို 
Root လုပ်ချင်တဲ့အခါ commands တွေကတစ်ဆင့်ပြုလုပ်ရပါတယ်။