Saturday, September 21, 2013

Fifa 14 for Android v1.2.8


Android အတွက် Fifa 14 ထွက်ရှိလို့ပါပြီ ဖိုင်ဆိုက်ကတော့ 1gb ကျော်ရှိပါတယ် ရုပ်ထွက်ကလဲ တော်တော်လေးကောင်းလာပါတယ်
အရင် version တွေနဲ့ မတူ အောင် ပြောင်းလဲထားပါတယ် အခုပေးတဲ့လင့်က Gpk ဆိုတော့ ဖုန်းတော်တော်များများနဲ့လဲအဆင်ပြေပါတယ်
ဖုန်းကနေ ဒေါင်းပြီ ဆော့ချင်တယ်ဆိုရင်တော့ ဒီ APK လေးကို ဒေါင်းပီ ဖုန်း မှာ install လုပ်ပီ ဒေါင်းနိုင်ပါတယ်
computer နဲ့ဆိုရင်တော့ ဒီ Software လေးကို computer မှာ အရင် install လုပ်ထားရမှာပါ။

FIFA 14 by EA SPORTS™ Download

Wednesday, August 28, 2013

Vroot English Version 1.6.0


Android ဖုန်းအမျိုးအစား ၃၀၀၀ ကျော်ကို Root လုပ်ပေးနိုင်တဲ့
Vroot English Version အသစ်လေးပါ တရုတ်လို့မသိတဲ့
သူတွေအတွက် Root လုပ်တဲ့ အချိန်တော့ တော်တော်အဆင်ပြေပါတယ်။
Superuser ကတော့တရုတ်လိုပါပဲ မပြောင်လဲပါဘူး
ဘာပဲဖြစ်ဖြစ် အင်္ဂလိပ်လို့ ဆိုတော့ တရုတ်ထက်စာရင် တော်တော်လေးအဆင်ပြေပါတယ်။
အားလုံးအဆင်ပြေအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်။
                                   download      

Sunday, August 25, 2013

Android version 1.6 မှ 4.2 ထိ Root လုပ်နိုင်မယ် Root Tool

Android ဖုန်းတော်တော်များများကို Root လုပ်ပေးနိုင်ပါတယ်
Android version 1.6 မှ 4.2 ထိ Root လုပ်ပေးနိုင်ပါတယ်လို့ပြောထားပါတယ်
Huawei G610-C00 ကိုလဲ Root လုပ်တာအဆင်ပြေပါတယ် ဒီ Tool မှာတော့ ROM တင်တာတို့
unlock ဖြည်တာတို့ ကအစ အသုံးပြုနိုင်မှာဖြစ်တယ်။ သူငယ်ချင်းများအားလုံးအဆင်ပြေအောင်
ပြန်လည်မျှဝေပေးလိုက်ပါတယ် ။
                                               download   
                                           

Tuesday, August 20, 2013

Facebook မှာ GIF လှုပ်ရှားနေတဲ့ ပုံ တင်နည်း

ဖေ့ဘွတ်ကို Gif ပုံတွေတင်တဲ့နည်းလမ်းလေးကိုပြောပြပေးမှာဖြစ်ပါတယ်။ မသိသေးသူများအတွက် ပြန်လည် မျှဝေလိုက်တာပါ...။သိပြီးသားသူများကတော့ ကျော်ဖတ်သွားပေးပါခင်ဗျာ.....
ပထမဆုံး  ဒီလင့်လေးကိုသွားလိုက်ပါ 


မိမိဖေ့ဘွတ်အကောက် နှင့် Log in ကိုအရင်ဝင်မှသာရမှာဖြစ်ပါတယ်။UPLOAD ANIMATED GIF ဟူသော စာသား(Buttom) လေးကို ကလစ်ပြီး မိမိကွန်ပျူတာထဲရှိ Gif ပုံကိုရွေးပြီး Upload တင်ပေးပါ..

Thursday, August 8, 2013

DX ToolBox Update V3.3.0 (2013-08-08)


Android ဖုန်းနဲ့ Table တွေအတွက် အကောင်းဆုံးလုပ်ဆောင်နိုင်မယ့် DX ToolBox update လေးပါ။
မိမိ phone နဲ့ Table ကိုအမြဲတမ်းပေါ့ပါး နေအောင်လုပ်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။
မိမိဖုန်းဟာ Root လုပ်ထားမယ်ဆိုရင်တော့ ဒီ App လေးကို အသုံးပြုပြီ ကိုယ်မလိုချင်းတဲ့ System App တွေကို
အလွယ်တကူ Uninstall လုပ်နိုင်မှာဖြစ်ပါတယ်။ Flash light , File Manager တို့ ပါဝင်ပြီ APP များကို Move To SD လည်းရွေနိုင်ပါတယ်။
ပြီတော့ မိမိဖုန်းထဲက Application တွေကိုလဲ Update အလွယ်တကူလုပ်ပေးနိုင်မှာဖြစ်ပါတယ်
Process Manager က မလိုအပ်တဲ့ Application တွေ Run နေတာကိုထိန်းချုပ်ပေးပါလိမ့်မယ်။
တခြား လုပ်ဆောင်ချက်တွေကိုလဲ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်
Android ဖုန်းကိုင်သူတိုင်း ဆောင်ထားသင့်တဲ့ Application လေးတစ်ခုပါ။
                        >>>> download <<<<  

Facebook တွင် မဟုတ်တာတင်ရင် မဆဲပါနှင့် Report သာလုပ်လိုက်ပါ

Facebook တို့ Blogger တို့ဟာ ဒီမိုကရေစီနည်းလမ်းကျကျနဲ့ လည်ပတ်နေပါတယ်။ ကျွန်တော်တို့ကို ကြိုက်တာတင်ခွင့်၊ ရေးခွင့်ပေးထားပါတယ်။ ဒါပေမယ့် အများထင်နေကြသလိုမျိုး စည်းမဲ့ကမ်းမဲ့တော့ မဟုတ်ပါ။ လူတစ်ယောက် တင်တဲ့အကြောင်းအရာ၊ ဓာတ်ပုံ စတာတွေဟာ မူပိုင်ခွင့်နဲ့ငြိစွန်းရင်၊ လူမျိုးရေးဘာသာရေးတိုက်ခိုက်မှုဖြစ်ရင်၊ လိင်ပိုင်းဆိုင်ရာ ရိုင်းစိုင်းမှုတွေပါရင်၊ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေဆိုရင် Report လုပ်ပြီး ဖျက်ဖို့တောင်းဆိုနိုင်ခွင့်တွေ ပေးထားပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့အနေနဲ့ အထက်ပါအကြောင်းအရာမျိုးတွေ တစ်စုံတစ်ယောက်က သူ့ Facebook မှာ တင်တဲ့အခါမှာ ၀ိုင်းပြီးတော့ ဆဲနေမယ့် အစား Facebook ဆီ Report ၀ိုင်းတင်ပြီး ဖျက်ပေးဖို့ တောင်းဆိုနိုင်ပါတယ်။ Report တင်တဲ့သူများရင် Facebook က ဖျက်ပေးမှာ အသေအချာပါပဲ။ Facebook ရဲ့ အယူအဆကတော့ ရှင်းပါတယ်။ အများက လက်မခံရင် သူတို့ဘက်က ဖျက်ပေးမယ်ဆိုတာပါပဲ။



ပုံမှာပြထားသလိုမျိုး သူတင်လိုက်တဲ့ Status ရဲ့ ညာဘက်ထောင့်မှာရှိတဲ့ ကြက်ခြေခတ် ခလုတ်လေးကိုနှိပ်ပြီး Report/Mark as Spam ကို ရွေးပေးပါ။ အဲဒီအခါမှာ ပုံ(၂)မှာ ပြထားသလိုမျိုး Thanks for Your Help ဆိုတဲ့ စာတမ်းပေါ်လာပါလိမ့်မယ်။ အဲဒီမှာပါတဲ့ Report ဆိုတဲ့ Link ကို ထပ်နှိပ်ပါ။

Facebook ကို လျှင်မြန်စွာသုံးနိုင်မယ့် Shortcut key များ

Facebook အလွယ်သုံး Short Cut ကီးများ

တကယ်သုံးလို့ရပါတယ်။ ပုံမှာ click ထောက်ပြီး Cap lock ဖွင့် L နှိပ်လိုက် တာ ပုံကို Like လုပ်မယ် မလုပ်မယ် confirm ဖြစ်အောင် နောက် တစ်ခါ ထပ်မေးပါတယ်။ Don't ask me again မှာ အမှန်ခြစ်ထားလိုက် ရင် နောက် ဘယ်ပုံကိုပဲ ဖွင့်ပြီး ကြည့်ကြည့် မောက်စ်နဲ့ ရှာ Like စရာ မလိုပဲ ကီးဘုတ် L ကီးနဲ့ Like နိုင်မှာ ဖြစ်ပါတယ်။

Facebook မှာ Short Cut ကီးများစွာ အသုံးပြုလို့ ရပါတယ်။ သို့ပေမယ့် ဒါကတော့ အများစု အသုံးပြုနေကြတဲ့ key တွေပါ။
အခြားသော Short cut ကီးများကိုလည်း ဆိုင်ရာရာ အသုံးပြုလို့ရပြီး စာဖတ်သူတို့ ကိုယ်တိုင် စမ်းသပ် အသုံးပြုနိုင်ပါတယ်။
Ref: techblog
ရိုးရာလေး

ဖုန်းမလိုပဲ.. Gtalk & Facebook အကောင့်သစ်ဖွင့်နည်း




   မင်္ဂလာပါ ကျနော်ကတော့ Myanmar IT Helper ပါ      ဒီနည်းလေးကတော့..အရင်က.. Technological Villa မှာ.တင်ပေးဘူးပါတယ်..။ ဒါပေမယ့်.. သိပ်မရခဲ့ပါဘူး.။ ခုတော့.. ဘာမှ.စိတ်မပူနဲ့တော့.. ဖုန်းနာပါတ်တောင်းလည်း.ကိစ္စမရှိတော့ပါဘူး.. Virtual phone number လေးသုံးပြီး.. Google နဲ့ Facebook ကို..လှည့်စားလိုက်ကြရအောင်.. ^_^

        ပထမဆုံး..Gmail account အသစ်ဖွင့်နည်းလေး..ပြောလိုက်ကြရအောင်..
ထုံစံအတိုင်း.. အကောင့်သစ်ဖွင့်ချင်ရင် www.gmail.com ကိုသွား.. ညာဘက်က.. Create New Account ကိုနှိပ်လိုက်ပါ..။
Form ဖြည့်ဖို့ကျလာရင်.. ကိုယ်ကြိုက်တဲ့နာမည်နဲ့... password တွေပေးပြီးဖြည့်လိုက်ပါ...။

Friday, August 2, 2013

Networking အကြောင်း (၁)



What is a Network?
Network ဆိုတာက ဘာလဲ။ Network ဆိုတာက ကွန်ပျူတာတစ်လုံးနဲ့တစ်လုံးချိတ်ဆက်ထားတဲ့ကွန်ရက်ကို Network လို့ခေါ်တယ်။ Network မှာ LAN (Local Area Network) နဲ့ WAN (Wide Area Network) ဆိုပြီးရှိတယ်။
LANs ဆိုတာဘာလဲ။ ဥပမာပြောရရင် အခန်းတစ်ခန်းတည်းက၊ အိမ်တစ်လုံး၊ အဆောက်အဦးတစ်ခု၊ ကုမ္ပဏီရုံးခန်းတစ်ခုမှာကွန်ပျူတာ ၁၀ လုံးရှိတယ်။ အဲဒီကွန်ပျူတာ ၁၀ လုံးက တစ်လုံးနဲ့တစ်လုံး Network ချိတ်ထားတယ်ဆိုပါစို့။ တစ်ခြား ကွန်ပျူတာနဲ့ဆက်စပ်တဲ့ Devices (Printer, Scanner) တွေနဲ့လည်း Network ချိတ်ဆက်ထားတယ်။ အဲဒါကို Local Area Network (LAN) ချိတ်တယ်လို့ခေါ်တယ်။
အဲဒါဆိုရင် WAN ကရောဘာလဲ။ သူကတော့ အခန်းတစ်ခန်းထဲမှာမဟုတ်တော့ဘူး။ မတူညီတဲ့နေရာဒေသက ကွန်ပျူတာတွေနဲ့ချိတ်ဆက်ထားမယ်။ တစ်မြို့နယ်နဲ့တစ်မြို့နယ်၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံကို ကွန်ပျူတာတစ်လုံးနဲ့တစ်လုံးပဲဖြစ်ဖြစ်၊ LAN ချိတ်ထားတဲ့ကွန်ပျူတာတွေအချင်းချင်းပဲဖြစ်ဖြစ် ချိတ်ဆက်ထားမယ်ဆိုရင် အဲဒါကို WAN (Wide Area Network) လို့ခေါ်တယ်။ Internet ကလည်း WAN ပဲ။

Thursday, August 1, 2013

မြန်မာနိုင်ငံတွင် Voice Mail စတင်အသုံးပြုနိုင်ပြီ


မြန်မာနိုင်ငံတွင် Voice Mail  စတင်အသုံးပြုနိုင်ပြီ
=======================================
MPT ၏ Voice Mail Service အကြောင်း

Voice Mail ဆိုတာကတော့ ဖုန်း Message တွေပို့သလို စာသားနဲ့မဟုတ်ဘဲ
အသံနဲ့ပေးပို့တဲ့သဘောမျိုးပဲဖြစ်ပါတယ်။

GSM/WCDMA တွေမှာအသုံးပြုနိုင် ပြီး ၁၅၀၀ ဖုန်းတွေမှာတော့
အသုံးပြုလို့ ရနိုင်မရနိုင်ကတော့ သေချာမသိပါဘူး။

Wednesday, July 31, 2013

GSM ဖုန်းတွေအတွက် Call Waiting နဲ့ Call Forwarding Service

Android ဖုန်းတော်တော်များများရဲ့ Call Setting ထဲကိုဝင်ကြည့်လိုက်ရင်
Call Waiting ၊ Call Forwarding အစရှိတဲ့ Funcation တွေကိုပါဝင်တာ
တွေ့ရပါလိမ့်မယ်၊ ဒါပေမဲ့ သုံးလို့မရပါဘူး ဘာလို့လဲဆိုတော့ လက်ရှိ
ကျွန်တော်တို့တွေသုံးနေတဲ့ MPT ကဖွင့်ပေးမထားလို့ပါပဲ ၊

ဟိုးအရင်ကတော့ မြန်မာနိုင်ငံမှာ အဲဒီ Service မပေးပါဘူး ၊ အခုကတော့
(ဘယ်တုန်းစရလဲသေချာမသိပါ) ပိုက်ဆံပေးရင်လျောက်လို့ရပါပြီ ၊

Video ကို Wallpaper အဖြစ်အသုံးပြုနည်း

ဓာတ်ပုံတွေကိုပဲသုံးရတာပြင်းစရာကောင်းပါ တခါတလေအပြောင်းအလဲလေးဖြစ်အောင်သုံးကြည့်ရအောင်ပါ VLC Player နဲ့သုံးတာပါ ရှိမယ်လို့ထင်ပါတယ် သူနည်းသူသုံးများတဲ့ Player ပဲကို
၁.VLC Player ကိုဖွင့်လိုက်ပါ
၂.Tools=>Preference ကိုသွားပါ(Ctrl+P နှင့်လည်းသွားနိုင်ပါတယ်)
၃.Directx Video Output ကိုရွေးပါ ကျတော်အောက်မှာပြထားတဲ့ပုံကိုကြည့်ပါ

Thursday, July 25, 2013

RAM ဆိုတာ ဘာလဲ


အခြေခံ သိသင့်တဲ့ ဗဟုသုတလေးပါ။ မေးလာသူ ရှိလို့ မသိသူများ အလွယ်ကူဆုံး နားလည်အောင် ရှင်းပြလိုက်ရ ပါတယ်။

RAM ဆိုတာ ၁၀ တန်းတုန်းက သင်ရတဲ့ စာအတိုင်း ပြောရရင် Read and Write ရတဲ့ Memory လို့လွယ်လွယ်မှတ်ယူနိုင်ပါတယ်။ ရေးလို့လည်းရ၊ ဖတ်လို့လည်းရဆိုတော့ အဲ့ RAM အပြားအချပ်က စာအုပ်တစ်အုပ်များလား လို့ အဲ့တုန်းကတည်းက ကလေးတွေးနဲ့ တွေးဖူး ပါတယ်။ ဒီလိုရှိပါတယ် -


RAM ဆိုတာ

Random Access Memory ပါ။ မြန်မာလို တိုက်ရိုက် ဘာသာ ပြန်တော့ ကျပန်း ဝင်ရောက်နိုင်သော သိမ်းဆည်းသူပေါ့။ သို့ပေမယ့် နည်းပညာ ကျကျ ပြောရင် RAM လို အင်္ဂလိပ်လိုမှတ်တာ အကောင်းဆုံးပါပဲ။ ကျပန်း ဆိုတာ ဒီလိုပါ။ ၁ ကနေ ၁၀ အထိဆီစားရင် ROM က အစဉ်လိုက် ထုတ်ပေးပါတယ်။ ဥပမာ ကွန်ပြူတာ တစ်လုံး Power On လိုက်တဲ့အခါ Command Line ပေါ်လာမယ်။ Windows Version ဘယ်လောက်ဆိုပြီး Screen တက်လာမယ်။ ပြီးတော့ Home Screen အစရှိသဖြင့်တို့က ROM မှာ သိမ်းဆည်းထားတဲ့ Memory ဖြစ်ပြီး အစဉ်လိုက်ကို ထုတ်ပေးပါတယ်။ ဒါကြောင့် ကွန်ပြူတာဖွင့်ဖွင့်ချငး Home Screen အတန်းပေါ်လို့ မရပါဘူး။ ROM မှာကိုက အစဉ်လိုက်သွားလိုက် လုပ်ပေးထားပါတယ်။ ဖျက်လို့မရဘူး လို့အကြမ်းဖျင်း မှတ်သားထား နိုင်ပါတယ်။

သင့် Facebook ကိုယူသုံးသွားတယ်လို့ထင်ရတာကို ဘယ်လို Trace လိုက်မလည်း

အိုခေ…..
          ကျွန်တော်တို့ သင့်ရဲ့ Facebook account ကို တစ်ခြား
တစ်ယောက်က ၀င်သုံးသွားတယ်လို့ သံသယ ရှိနေတယ်ဆိုရင်
ဘယ်လို Trace လိုက်မလည်း။ပြီးတော့ အဲဒီလူရဲ့ တည်နေရာကို
ဘယ်လိုခြေရာခံပြီးတော့ ဘယ်လို သင့်အကောင့်ထဲကနေ လှမ်းပြီး
Sign Out လုပ်မလည်းဆိုတာကိုပြောပါ့မယ်။
ကဲ စမယ်။
အရင်ဆုံး သင့် Facebook Account ကိုဖွင့်လိုက်ပါ။
ပြီးသွာ့းရင် Setting ထဲက Account Setting ထဲကိုဝင်လိုက်ပါ.


ထိုသို့ဝင်ပြီးသကာလ အောက်ဖော်ပြပါပုံအတိုင်း Security ကိုနှိပ်လိုက်ပါ

Wednesday, July 24, 2013

ဓါတ်ပုံတွေကို Video အဖြစ်သီချင်းလေးတွေနောက်ခံထားပြီး လုပ်ချင်သူတွေအတွက် ဖိုင်ဆိုဒ်လေးပြီး လန်းတဲ့ Video Editor

 
ဗီဒီယိုတွေကို Edit လုပ်ချင်လို့ Power Director တွေလို
2GB လောက်ရှိတာတွေ မဒေါင်းနိုင်ဘူး လိုင်းမကောင်းလို့ပါ ဘယ်ဟာလေး
ကောင်းမလဲဆိုလို့ အကောင်းဆုံးလေးတစ်ခုတင်ပေးလိုက်ပါတယ်
ဖိုင်ဆိုဒ်ကတော့ 60MB တောင်မပြည့်ပါဘူး 
ဓါတ်ပုံတွေကို သီချင်းလေးတွေ နောက်ခံထည့် မိမိချစ်သူကို
အမှတ်တရပေးချင်သူတွေလည်း သုံးနိုင်တယ် ၊ ဒီဖိုင်ဆိုဒ်နဲ့
မယုံနိုင်လောက်အောင် စွမ်းဆောင်ရည်ကောင်းမွန်တာပါ
Video Editor ဆိုကတည်းက စာတန်းထိုးတာ ကားကူးကားဆက် ၊ Effect ?
Transation အစရှိတာတွေ အကုန်ပါပြီးသားဆိုတော့ အားလုံးအတွက်
အသုံးဝင်လိမ့်မယ်ထင်ပါတယ်ခင်ဗျာ။။
နာမည်ကြီးကုမဏီ Wondershare က ထုတ်ထားတာဆိုတော့
တကယ်ကို သုံးရလွယ်အောင် လုပ်ထားတာတွေ့ရပါတယ်
Version လေးကတော့ နောက်ဆုံးထွက်လေး 3.1.3 ပါ

Tuesday, July 23, 2013

“ဖုန်းကိုင်သော သူများအတွက် သိထားသင့်သောအကြောင်းရာလေးများ”


ဖုန်းကိုင်ထားသော ကိုကို ၊ မမ များ သိထားသင့်သော အကြောင်းအရာလေးများ မိုဘိုင်းဖုန်း တစ်လုံး ၏ လျှို့ဝှက်ချက် ငါးခု

လူအများ စုဟာ မိုဘိုင်းဖုန်း တစ်လုံးရဲ့ အသုံးဝင်မှု လျှိုဝှက်တွေကို သိရှိသူတွေ အလွန် နည်းပါးနေ ပါတယ်။ ကိုင်နေတဲ့လူ

အများစုဟာ ဖုန်းတစ်လုံးရဲ့ အသုံးဝင်မှုကို အများအားဖြင့် Camera, Music, Bluetooth, FM, Radio. Alarmနဲ့ Game အစ

ရှိတာ...တွေ လောက်သာ အသုံးပြုနေကြတာများပါတယ်။ဒါကြောင့် ဒီထက်ပိုပြီး အသုံးဝင်မှုနဲ့ လျှို့ချက် အနည်း ငယ်ကို ဖော်

ပြပေးလိုက်ပါတယ်။

Apple ထုတ်ကုန်သစ် သတင်းများ ထွက်ပေါ်လျက်ရှိ


iPadနှင့် iPad Miniတို့ဖြင့် အောင်မြင်မှုများ ရရှိနေသည့်တိုင် Appleအနေဖြင့် Tablet ကွန်ပျူတာ ဈေးကွက်တွင် Screenအရွယ်အစား ကြီးမားသော Tabletတစ်မျိုးဖြင့် နောက်ထပ် ထိုးဖောက်ရန် စီစဉ်နေကြောင်း ကောလာဟလများ ထွက်ပေါ်လာသည်။ Appleသည် ၎င်းတို့၏ လက်ရှိထုတ်ကုန်များတွင် အသုံးပြုထားခြင်း မရှိသည့် အရွယ်အစားနှင့် Touchscreen တစ်မျိုးကို စတင် စမ်းသပ်နေပြီဟု ယုံကြည်ရသည်။ ယင်းနှင့်အတူ (၁၃)လက်မအရွယ် iPad အကြီးစား တစ်ခုကို ထုတ်လုပ်လာဖွယ် ရှိနေကြောင်း ခန့်မှန်းမှုများ ကျယ်ပြန့်လာခြင်း ဖြစ်သည်။



အာရှတိုက်မှ Appleအတွက် Hardware ထုတ်လုပ်ပေးသော ကုမ္ပဏီအချို့ထံမှ ပေါက်ကြားလာသည့် သတင်းအရ Appleသည် မျိုးစပ်နည်းပညာသုံး Screenတစ်ခုအတွက် အရွယ်အစားအသစ် သတ်မှတ် မှာယူရန် အစီအစဉ် ရှိနေကြောင်း သိရသည်။ Appleသည် ၎င်းတို့၏ ထုတ်ကုန်သစ်များနှင့် ပတ်သက်လျှင် တရားဝင် မိတ်မဆက်သေးခင် အလွန်လျှို့ဝှက်တတ်သည့် အစဉ်အလာအတိုင်း ယခုကိစ္စအပေါ် မည်သည့်မှတ်ချက်မျှ မပေးခဲ့ချေ။

အင်တာနက် search engine တွေမှာ professional တစ်ယောက်အဖြစ်ကိုလိုချင်တာကိုအလွယ်တကူရှာကြမယ်

ဒီနေ့ အင်တာနက်မှာကိုလိုချင်တာကို pro တစ်ယောက်လိုရှာကြမယ်ဗျာ။
google ; Yahoo ;lii;Dmz  စသည်ဖြင့် search engine တွေမှာ မိမိလိုချင်တဲ့ အကြောင်းအရာကိုရှာတဲ့ အခါမှာ မိမိအထူးပြုတဲ့ အကြောင်းအရာကိုဖော်ပြပေးနိုင်မှသာ rescult အများကြီးကိုရှောင်ရှားနိုင်ပြီးကိုယ် လိုချင်တဲ့ အကြောင်းအရာကိုမြန်မြန်ဆန်ဆန်ရှာနိုင်မှာပါ။ကဲအောက်မှာကြည့် လိုက်ကျရအောင်ဗျာ

RAR File နဲ့ ZIP File တွေ password မသိတော့ရင် အလွယ်ကူဆုံးဖြည်နည်း


Break/Unlock/Remove WinRAR Password

ဒီနေ့ ကျွန်တော့် စာဖတ်မိတ်ဆွေများထဲက နည်းပညာပိုင်း အားနဲ့တဲ့ ပရိတ်သတ်တွေ အတွက် ရည်ရွယ်ပြီး ဒေါင်းလော့ချထားတဲ့ File တွေမှာ ပတ်ဝတွေနဲ့ ဖြစ်နေတာ မသိတော့ ဖြေမရဖြစ်နေတာ တွေ အတွက် လွယ်ကူရိုးရှင်းတဲ့ rar zip password ဖြေနည်းလေး ပြောပေးလိုက်ပါတယ် ဒီနည်းအတွက် winrar ဆော့ဝဲလ်နဲ့ အင်တာနက် ရှိဖို့တော့လိုပါတယ် winrar ကတော့ စက်တိုင်းနီးပါးရှိပါလိမ့်မယ်

Friday, July 19, 2013

Facebook Video များကို ဆော့ဝဲမလိုပဲ အလွယ်ဒေါင်းနည်း


ကျွန်တော်တို့ အင်တာနက်ကို ပုံမှန်ဒေါင်းသူတွေ အများစုက IDM 
ကိုစက်ထဲမှာ သွင်းထားတဲ့ အတွက် Video ဒေါင်းတာတွေနဲ့ပက်သတ်ရင်
အခတ်အခဲမရှိပါဘူး ဒေါင်းမလားဆိုတာ အလိုလိုပေါ်လာပါတယ်
ဒါပေမယ့် မိမိကိုယ်ပိုင်စက်မဟုတ်ဘဲ အင်တာနက်ဆိုင်မှာသုံးသူတွေ
ကျတော့ လိုင်းမကောင်းရဲ့ကြားထဲ IDM ပါ ထပ်ဒေါင်းရမယ်ဆို အဆင်မပြေဘူး
ဒါကြောင့် ဒီနည်းလေးကို ကျွန်တော်သိသလောက် တင်ပြလိုက်ရတာပါ။
facebook video တွေကို ဒေါင်းနိုင်တဲ့ နည်းလမ်းပေါင်းများစွာရှိပေမယ့်
အခုနည်းလေးကတော့ လက်ရှိအချိန်မှာ အဆင်ပြေနေဆဲမို့ပါ
ကွန်ပျူတာ အခြေခံကိုသေချာမသိသူတွေအတွက်ပါ အဆင်ပြေအောင်
ရေးပေးလိုက်ပါတယ် သယ်ချင်းတို့ရေ။

Software တွေဘယ်လိုသွင်းပြီး ၊ ဘယ်လိုပြန်ထုတ်မလဲ



မိမိကွန်ပျူတာထဲကို software တွေသွင်းတော့မယ် ဆိုရင်တော့ အရင်ဆုံး အပေါ်ပုံမှာ ပြထားတဲ့ Icon ပုံလေးတွေကို အရင်ရှာကြည့်ပါ..။ အဲလိုပုံလေးတွေရဲ့ဘေးမှာ SETUP တို့ Install တို့ဆိုတဲ့ စာသားကိုလည်း ကြည့်ရမှာပါ..။ တွေ့ပြီဆိုရင်တော့ မောက်စ်လက်ညိုးခလုတ်နဲ့ Double Click နှစ်ချက်ပေးလိုက်ပါ.. Yes , No ဘောက်စ်လေးတခု ပေါ်လာရင် Yes ကိုနှိပ်ပါ..။ ပြီးရင်တော့ Next ပေါ်လာတိုင်းနှိပ်ပေးပါ.. accepted license agreement စာသားမျိုးပါရင်တော့ အမှန်ခြစ်ပေးလိုက်ပါ..
 ပြီးရင်တော့ Install ပေါ်လာရင် နှိပ်ပေးလိုက်ပါ.. ဆော့ဝဲလ်တွေ များသောအားဖြင့် ဒီနည်းအတိုင်းပါပဲ.. မတူတာရှိရင်လည်း နဲနဲပါပဲ.. တချို့ဆော့ဝဲလ်တွေက Install ဆွဲရမယ့်နေရာမှာ သူ့တို့ Icon ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ အဲပုံလေးတွေကို Double Click နှိပ်ပေးရပါတယ်.. နမူနာအနေနဲ့ အောက်ကပုံလေး တွေကိုကြည့်ကြည့်ပါ..

သင့်ကွန်ပျူတာ နှေးကွေးလေးလံနေလားးးးးး

သင့်ကွန်ပျူတာ သုံးရတာ အရမ်းလေးနေမယ် ဆိုရင် သည်နည်းလမ်းလေးက လည်းတဖက်တလမ်းကနေ
အသုံးဝင် ကူညီဆောင်ရွက်ပေးပါလိမ့်မယ်နော်.... အရမ်းလွယ်ကူရိုးရှင်းတာကြောင့် စမ်းသတ်စေခြင်တယ်။
                                                                                    
ပထမဆုံး မိမိကွန်ပျူတာက Run Box  ကိုဖွင်.လိုက်ပါ Win+R ကိုတွဲကလစ်လဲရပါတယ်..
နောက် ကျလာတဲ့  run box  ထဲမှာ   msconfig  လို.ရိုက်ပြီး   enter  (သို့) OKလုပ်လိုက်ပါ..
အဲခါမှာဘဲ  ပုံမှာ ပြထားသလို ဘောက်တစ်ခုကျလာမယ်...


ကော်ပီကို စက်သေနတ်ပစ်သလို ကူးပေးမယ့် Super Copier


ကွန်ပြူတာကို အသုံးပြုနေတဲ့သူငယ်ချင်းတို့တွေဟာ ဖိုင်မျိုးမျိုးကို တစ်နေရာကနေ တစ်နေရာကို ကော်ပီကူးတယ်ဆိုတာ မကြာခဏ ဆောင်ရွက်နေကျ ကိစ္စမျိုးဖြစ်ပါတယ် ..
ဖိုင်ဆိုဒ်သေးရင် သိပ်မသိသာပေမယ့် ဖိုင်ဆိုဒ်ကြီးကြီးကို ကော်ပီကူးတဲ့အခါမှာ အချိန်တော်တော်ပေးရရင် စိတ်ညစ်စရာကောင်းပါတယ် ..

Password Lock ကျနေသော Lumia 920 ကို Hard Reset လုပ်ခြင်း


အကြောင်းကြောင်းကြောင့် Nokia Lumia with Windows Phone 8 မှာ Password ထားမိပြီး

 မေ့သွားလို့ ပြန်လုပ်ယူလို့ မရတော့တဲ့ အခါ Lock ကျသွားတက်ပါတယ်။ Password ကလည်း ဘယ်လိုမှ 

စဉ်းစားလို့မရ၊ Try ရင်း Try ရင်း Lock Time ကလည်း တစ်ဖြည်းဖြည်း နာရီတွေ များလာပြီဆိုရင် Hard 

Reset ချဖို့ လိုအပ်လာပါလိမ့်မယ်။ 

( Lock မကျထားတဲ့ ဖုံးဆိုရင်တော့ Setting ကနေ Reset ကို လွယ်ကူစွာ လုပ်နိုင်ပေမဲ့ 

Locked ဖြစ်နေတဲ့အခါ အဆိုပါနည်းလမ်းကို သုံးလို့မရတဲ့အတွက် Key တွေကို နှိပ်ပြီးေ

အာက်ဖော်ပြပါနည်းလမ်းကို အသုံးပြုဖို့ လိုအပ်လာမှာ ဖြစ်ပါတယ်။ )

Lumia ကို ပြန်အသုံးပြုနိုင်ဖို့ တစ်နည်းအားဖြင့် Format လုပ်ပြီး Factory Reset ချကာ ပြန်လည် 

အသုံးပြုနိုင်ဖို့ အောက်ပါအတိုင်း ဆောင်ရွက်နိုင်ပါတယ်။ 

Thursday, July 18, 2013

Windows ကို Android Phone ကတင်မယ်



သင့် android phone ကနေ windows ကို အင်စတောလုပ်ဖို့ နည်းကို ရေးပေးပါမယ်။ သင့်မှာ Windows Cd/Dvd အခွေ၊ USB stick တွေမရှိရင် ဒီနည်းကအသုံးဝင်ပါတယ်။Windows installer disc ကို သင့် ဖုန်း မှာ ဆောင်သွားသလို ပါပဲ ။အဲဒီလို ဆောင်ထားတဲ့အတွက် သင့်ဖုန်းကနေပဲ ၀င်းဒိုး အင်စတောလုပ်တာတွေ၊ ၀င်းဒိုးကို repair လုပ်တာတွေ၊system restore လုပ်တာတွေ၊၀င်းဒိုးကပြဿနာတွေကို အဖြေရှာတာတွေ၊Boot မတက်တော့တဲ့ ကွန်ပြူတာကဖိုင်တွေကို ပြန်လည်ရှာဖွေ သိမ်းဆည်း တာတွေ ကို ပြုလုပ်နိုင်ပါတယ်။ဒီလို လုပ်ဖို့ အတွက် DriveDroid ဆို တဲ့ android application ကိုသုံးပါမယ်။သင့်ဖုန်းဟာ root လုပ်ထားဖို့ လို ပါတယ်။နောက်ပြီး DriveDroid က android 2.2 နဲ့ သူ့ အထက်မှာ ပဲအလုပ်လုပ်ပါတယ်။

G610-U00 မြန်မာစာ မှန်ပါပြီ


 


credit to >> Nga Luu

ကို Nga Luu ရဲ့ကြိုးပမ်းမှုကို လေးစားပါတယ်ဗျာ :)

လုပ်နည်းကို အဆင်ပြေအောင်စာပြန်စီပေးလိုက်ပါတယ် :)

ဟုတ်ကဲ့...စပြောပါပြီ...ခင်ဗျာ....610 အတွက်ပါ....ဘာမှ..မစမ်းခင်...
ဖန်းဖန်းလေးကို..အရင်...ဒေါင်းထားပါ...တစ်ခုခု..လွဲချော်..သွားခဲ့ရင်...
ပြန်တင်နိုင်အောင်လို့ပါ...။Cwm...တင်ထား.မိသူတွေကတော့..dload နဲ့..ပြန်တင်လို့...အဆင်ပြေမှာ...မဟုတ်လို့...cwm နဲ့...backup လုပ်ထားကြပါ..ခင်ဗျာ...

Wednesday, July 17, 2013

Virus အမျိုးမျိုးသတ်နည်းအကြောင်း

SVCHOST.EXE သတ်နည်း
SVCHOST.EXE က Flash Drive များမှတဆင့် မိမိကွန်ပျူတာဆီသို့အချိန် မရွေးရောက်နိုင်
ပါတယ်..သူတိုက်ခိုက်ခြင်းခံရရင် Signature တွေအနေနဲ့ ဒီလိုပြလေ့ရှိပါတယ်..
ကွန်ပျူတာစဖွင့်လိုက်တာနဲ့..

1. အဲဒီအချိန်က သုံးခဲ့တဲ့ Flash Drive ကိုပြန်တောင်းနေတတ်ပါတယ်..
2. Windows Directory ကိုမခေါ်ပဲနဲ့ တက်လာပါတယ်..

ဒါဆိုရင်တော့ SVCHOST.EXE ရဲ့ တိုက်ခိုက်ခြင်းကိုခံနေရပြီလို့ မှတ်ယူနိုင်ပါတယ်..

Notepad ဖြင့် Keylogger တစ်ခု ရေးသားနည်း ( မြန်မာလို )


ဒီစာအုပ်လေးကတော့ အဓိက G-Talk ကို ဦးတည်ပီး Hack နည်း တစ်ခု အဖြင့် ရေးသားပေးထားတာပါ။
လိုချင်တဲ့သူများ အောက်က လင့်မှာဒေါင်းလော့ ရယူနိုင်ပါပီ။
ကျွန်တော်တို့ နည်းပညာ သမားတွေပာာ ကျွန်တော်တို့  မှတ်သား မိသလောက်တွေကို
တစ်ခြားသူတွေ ထံ မျှ ဝေ ပေးတတ်ကြပါတယ်။ သင်ကော လေ့လာ မှတ်သား မိတာတွေ
ရှိခဲ့ရင် သင့် လက်လှမ်း မှီ သလောက် မိတ်ဆွေ များကို ပြန်လည် မျှဝေပေးပါလို့ 
မေတ္တာ ရပ်ခံ အပ်ပါတယ်။   

PC အတွက် CCleaner Professional Business Edition 4.02.4115 Full version 4.15MB

 
CCleaner သုံးတဲ့ဘော်ဒါတွေအတွက် CCleaner Professional Full version လေး
တင်ပေးလိုက်ပါတယ်။ သူရဲ့အသုံးဝင်ပုံတွေကိုတော့အားလုံးသိပြီးသား
ဖြစ်မှာပါ။ Professional မှာ Feature တွေပိုပြီတော့စုံလင်ပါတယ်။
သူ့မူရင်းဆိုဒ်မှာ 25$ ပေးရတဲ့ဆော့ဝဲပါ။
Software City မှာတော့ Free Download ရယူနိုင်ပါတယ်။

Online တွင်အမှန်အကန် ငွေပေးကြမ်းသော PTC Website နှစ်ခု မိတ်ဆက်

အင်တာနက်မှာငွေရှာဖွေနေသော ညီအစ်ကို မောင်နှမများအတွက် အမှန်အကန်ငွေပေးကြမ်းတဲ့ Website အသစ်နှစ်ခု မိတ်ဆက်ပေးလိုက်ပါတယ်...Neobux , Probux ထက်ငွေပေးပိုကြမ်းပါတယ်ခင်မျာ. ငွေရှာနည်းအကြောင်းမသိသေးတဲ့သူများအတွက်ကတော့
ဒီမှာ စာအုပ်ဒေါင်းပြီးဖတ်နိုင်ပါတယ်..အခု ဖော်ပြတဲ့ ၀ဘ်ဆိုဒ်နှစ်ခုမှာတော့ Bot စနစ်မသုံးဘဲ လက်နဲ့ဘဲ
Click ရမှာဖြစ်ပါတယ်..Member ၀င်ပြီးတာနဲ့.. View Ads ကိုနှိပ်ပါ..Click လုပ်ရမယ့်ကြော်ငြာတွေ တွေ့ပါ

Internet Download Manager ဗားရှင်းမှန်သမျှကို Full Version ဖြစ်စေနိုင်တဲ့ Patch ဖိုင်

Internet Download Manager နဲ့  ပတ်သက်ပြီး ခဏခဏ မေးကြလွန်း
လို့ပါ ...  IDM ကလည်း ဗားရှင်းအသစ်တွေ ခဏခဏထွက်နိုင်လွန်းတော့
Crack ဗားရှင်းသုံးနေကြတဲ့ ကျွန်တော်တို့တွေအတွက်
အလုပ် ရှုပ်ပါတယ် ... ဗားရှင်းအသစ်ကို မဒေါင်းပြန်ရင်လည်း
Noti တွေက ခဏခဏတက် .. ဒေါင်းပြီး Install လုပ်လိုက်ပြန်ရင်လည်း Trail ဗားရှင်းပြန်ဖြစ်နဲ့ ..
စိတ်ညစ်စရာပါ ...
ဒီတော့ IDM က ထွက်သမျှ ဗားရှင်းတိုင်းကို Full Version ဖြစ်အောင်
သေချာပေါက် လုပ်ပေးနိုင်တဲ့ Patch ဖိုင်လေးကို မျှဝေပေးချင်ပါတယ်
ဒီ Patch ဖိုင်လေးကို ဒေါင်းယူထားပြီး သိမ်းထားလိုက်ပါ ..

IDM က ထွက်လာသမျှ ဗားရှင်းအသစ်တွေကို ဒေါင်းယူပြီး Install လုပ်
ပြီးတာနဲ့ ဒီ Patch ဖိုင်လေးနဲ့ Full Version ဖြစ်အောင် ပြန်လုပ် ..
ဒါဆိုရင်အဆင်ပြေပါပြီ ...

မိုဘိုင်းဖုန်းမှ အင်တာနက် လျှောက်ထားမှု ၁၅၀၀ တန်ဖုန်းများ ပါရန် မသေချာ

သြဂုတ်လ ၁ ရက်နေ့မှ စ၍ တနိုင်ငံလုံးမှ တိုက်ရိုက် လျှောက်ထားနိုင်မည် ဖြစ်သည် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
သြဂုတ်လ ၁ ရက်နေ့မှ စတင်ကာ မိုဘိုင်းဖုန်းမှတဆင့် မိုဘိုင်းအင်တာနက် လျှောက်ရာတွင် ၁၅၀၀ တန် ဆင်းမ်ကတ်သုံး တန်ဖိုးနည်းဖုန်းများ ပါဝင်နိုင်ရေးမှာ မသေချာသေးကြောင်း မြန်မာ့ဆက်သွယ်ရေး မိုဘိုင်းဌာနမှ အင်ဂျင်နီယာမှူး ဦးအောင်ကျော်သက် ထံမှ သိရသည်။
“၁၅၀၀ က GSM (ဂျီအက်စ်အမ်) လိုင်းကိုတော့ ကြိုးစားလုပ်နေတယ်။ ၁၅၀၀ တန် GSM (ဂျီအက်စ်အမ်) က ဒီလလယ်လောက် ဖြန့်မှာဆိုတော့ လကုန် ရ၊ မရက မပြောနိုင်သေးဘူး။ CDMAကတော့ မရနိုင်သေးတာ သေချာတယ်” ဟု ဦးအောင်ကျော်သက်က ဧရာဝတီသို့ ပြောသည်။
ငွေဖြည့်ကတ်သုံး မိုဘိုင်းဖုန်းများမှ မိုဘိုင်းအင်တာနက်လိုင်းကို တနိုင်ငံလုံးတွင် တိုက်ရိုက် လျှောက်ထားခွင့်ပေးမည်ဖြစ်ကြောင်း သိရသည်။

Surface RT ဈေးလျှော့ပြီဆိုတိုင်း ဝယ်သင့်သလား




မကြာသေးမီကပဲ နိုင်ငံတကာ ဈေးကွက်ထဲမှာ Microsoft က ထုတ်တဲ့ Surface RT တက်ဘလက် တွေကို ဈေးလျှော့ချလိုက်ပြီ ဆိုတဲ့ သတင်းတွေ တက်လာပါတယ်။ Surface RT တက်ဘလက် တစ်လုံးကို 32GB ဆိုရင် ၃၄၉ ဒေါ်လာ နဲ့ 64GB ဆိုရင် ၄၉၉ ဒေါ်လာလို့ သတင်းတွေမှာ ဖတ်လိုက် ရပါတယ်။

မြင်ကွင်း ၁၀ ဒသမ ၆ လက်မ တက်ဘလက် တစ်လုံးကို ၃၄၉ ဒေါ်လာ ဆိုတာကတော့ မက်လောက် စရာပါပဲ။ ဒါပေမဲ့ ဝယ်သင့်သလား လို့ မေးရင်တော့ စဉ်းစားပါလို့ ပြန်ဖြေရလိမ့်မယ်။

လက်ရှိ နောက်ဆုံးထုတ် iPad တက်ဘလက် တစ်လုံးဟာ 16GB မော်ဒယ် ဆိုရင် မြင်ကွင်း ၉ ဒသမ ၇ လက်မကို ၄၉၉ ဒေါ်လာလောက် ပေါက်ပါတယ်။ Google ကထုတ်တဲ့ Nexus 10 ကတော့ 16GB ဆိုရင် ၃၉၉ ဒေါ်လာလောက် ရှိတယ်။ နာမည်ကြီးနေတဲ့ အဲဒီ တက်ဘလက် နှစ်လုံး နဲ့ ယှဉ်ရင်တော့ Surface RT ဈေးက မက်လောက်တဲ့ ဈေးလို့ ပြောနိုင် ပါတယ်။

ဖုန်း ဘက်ထရီနှင့် ပက်သက်၍ ရှောင်ရန်အချက်များ


ဒီတစ်လော သတင်းတွေကြားနေရပါတယ်။ iPhone 5 ကြောင့် ဓာတ်လိုက်သေရတဲ့ လေယာဉ်မယ် သတင်း၊ Samsung Galaxy S3 အိပ်ကပ်ထဲမှာ ပေါက်ကွဲတဲ့သတင်းတို့အပြင် ဖုန်းပေါက်ကွဲမှုနဲ့ ပက်သက်တဲ့ သတင်းများ၊ လူသေမှုသတင်းများ ဖြစ်ပါတယ်။

၂၀၀၉ ခုနှစ်ကစလို့ သိသိသာသာ မြင့်တက်လာတဲ့ သတင်းတွေပါ။ အဖြစ်များတာ ကတော့ တရုတ်ပြည်မှာပါ။ အကြောင်းကတော့ အာမခံချက် နည်းတဲ့ ပစ္စည်းကြောင့်မို့ ဖြစ်ပါတယ်။ ဖုန်းကို အားသွင်းနေ ရင်း ပြော တာကြောင့်ရော၊ အချိန်လွန်သွင်းတာတွေကြောင့်ရော ဖြစ်ပါတယ်။

Apple ကတော့ ပြန်လည်စစ်ဆေးမှုပြုလုပ်နေတယ်လို့ ဆိုပါတယ်။ Apple ပစ္စည်းက ဓာတ်လိုက်တတ်ပါတယ်။ အထူးသဖြင့် Macbook တွေမှာ သိသာပါတယ်။ သံမန်သလင်းပေါ်မှာ ဖိနပ်မစီးဘဲ အားသွင်းထားတဲ့ Macbook ကိုကိုင်ရင် ဓာတ်လိုက်တာ ကိုယ်တွေ့ပါပဲ။ iPhone ကတော့ မသိပါဘူး။

Tuesday, July 16, 2013

Internet Download Manager 6.17 Build 2 USB Carried | 5.51 MB

Internet Download Manager 6.17 Build 2 Final Version လေးကို USB နဲ့ သယ်ဆောင်ပြီး အလွယ်တကူ ရောက်တဲ့ နေရာမှာ Install လုပ်စရာ မလိုပဲ Download ဆွဲမယ်ကြရအောင်ဗျာ။
ကျွန်တော် က ဒီ ကောင်လေး နဲ့ ပဲ နှစ်ပါးသွားနေတာဗျာ။ :P ဘယ်ရယ်လို့ တော့ မဟုတ်ပါဘူး ???  ပါပဲ ဟိဟိ . ဘယ်လိုလည်း ဆိုတာတော့ သိချင်ရင်တော့ Download ကြည့်ပေါ့ဗျာ။ ဟိဟိ :P Download ဆွဲ ပြီး အဖြေ သိတဲ့ အခါ ကျွန်တော် ကိုတော့ ဆရာကြီးတွေ မအော် နော် ဟိဟိ ကြိုပြောထားတာ တော်ကြာ အထောင်း ခံရမှာ ဆိုလို့ =D
ဒီလိုဗျာ ကျွန်တော် တို့တွေ အိမ်မှာ သုံးလို့ Internet လှိုင်းမကောင်းလို့ အဆင်မပြေတဲ့ အခါကျရင် စိတ်ညစ်ရတယ်ဗျာ။ Download ချင်တာတွေ မ Download ရဘူးလေ MPT ကောင်းကြောင်းတွေပဲ ထိုင်ပြောတာပေါ့ :P ဒီလို လှိုင်းမကောင်းလို့ Download ချင်တာတွေ Download စရာရှိရင် Internet ဆိုင်သွားရတယ်လေ လှိုင်းကောင်းတဲ့ ဆိုင်တွေပေါ့ ဒါပေမဲ့ တချို့ Internet ဆိုင်တွေက Download Manager မရှိဘူး ။ Install လုပ်ပြီးသုံးရတယ်လေ Install ပေးမလုပ်တဲ့ ဆိုင်တွေ လည်းရှိတယ်ဗျ နောက်ပြီး တချို့ ဆိုင်တွေ ဆိုရင် Download Manager စက်အပေါ် တင်လို့တောင်မ ရအောင် Window C / ဖျောက်ထားကြတယ်ဗျ ကျွန်တော် တောင် ဒီ  အကြောင်း မသိခင်တုန်းက ဆို ဆိုင်တစ်ဆိုင်မှာ ကြုံဖူးတယ်ဗျာ။ ပြောတာတောင် ရှည်သွားပြီး အဲ ဒီ တော့ Download Man တွေ ကဲ ဒီလိုလေ လုပ်ကြတာပေါ့ ဟိဟိ =D ကြိုက်တဲ့ အင်တာနက် ဆိုင် သွားထိုင် USB အသုံးပြုခွင့်ရှိရင် ကိစ္စ အပြီး ပျက်ပြီး ဟီး :P

Youtube အသုံးပြုနည်းစာအုပ်



youtube အကြောင်းပြည့်ပြည့်စုံစုံရေးသားထားတဲ့စာအုပ်လေးပါ
ရေးတဲ့သူကတော့ ဦးသောင်းဝင်းဖြစ်ပါတယ်
ကိုဇော်သွင် စန္ဒယားနှင့်ကီးဘုတ် ဆိုတဲ့သူကတင်ထားတာတွေလို့shareပေးလိုက်ပါတယ်
linkတွေကတော့သူ့ရဲ့လင့်တွေကိုဘဲရှဲယ်ပေးလိုက်ပါတယ်
mediafire link-- http://adf.ly/SDbwj
One click download link-- http://adf.ly/SDbee
Box link-- http://adf.ly/SDcHV
Dropbox link-- http://adf.ly/SDcUs
Copy link-- http://adf.ly/SDclQ
4share link-- http://adf.ly/SDdl5

By ရှောင်လုံး
credit to ကိုဇော်သွင် စန္ဒယားနှင့်ကီးဘုတ်

ကွန်ပျူတာဖြင့် “ခြင်” နှိမ်နှင်းနည်း


တကယ်အသုံးဝင်တဲ့ နည်းလမ်း ဖြစ်ပါတယ်။ ခြင်ဆေးခွေ နဲ့၊ ခြေဆေး ရည်ဘူး အနံ့များနဲ့ ခြင်ကို နှိမ်နှင်းတာ ထက်စာရင်အများကြီး အကျိုးရှိတဲ့ နည်းလမ်းဖြစ်ပါတယ်။ ပိုက်ဆံလည်း မကုန်၊ ကျန်းမာရေးလည်း ညီညွတ်စေပါတယ်။ ကွန်ပျူတာနဲ့ Sound box ရှိရင် လုပ်လို့ရတဲ့ နည်းလမ်း ဖြစ်ပါတယ်။

တုန်ခါမှု - Vibration အသံနဲ့ခြင်တွေကို အခန်းတွေကနေ နှင်ထုတ်နိုင်တဲ့နည်းလမ်းဖြစ်ပါတယ်။ ပုဇင်းရင်ကွဲ တစ်ကောင်ရဲ့ အသံ တုန်ခါမှုပမာဏ ရှိတဲ့ Audio file ကိုဖွင့်ပေးလိုက်ရင် ခြင်များ သူ့အလိုအလျောက် ထွက်ပြေး မှာ ဖြစ်ပါတယ်။ဒီတော့ အခန်းတစ်ခန်းလုံး ကြားရလောက်အောင် မြည်မယ့် စပီကာတော့ လိုအပ်ပါတယ်။ နည်းစနစ်ကျကျဆိုရင် အခန်းရဲ့ လေး ဘက်လေးတန်မှာ စပီကာလေးလုံးချပြီး တစ်လုံးနဲ့တစ်လုံး ကြားနိုင်လောက်တဲ့ အနေအထားလို့ဆိုပါတယ်။အမှန်တော့ စပီကာတစ်လုံးတည်းရှိလည်း တစ်ခန်းလုံး ကြားနိုင်လောက်တဲ့အသံထိ မြင့်တင်ပေးရင် ရပါတယ်။ စပီကာပိုရှိလေကောင်းလေပဲ ဖြစ်ပါတယ်။ ဒါကြောင့် အောက်ဖော်ပြပါ အဆင့်အတိုင်းသွားရန် လိုအပ်ပါတယ်။

Android Users Guide နှင့် Android Phone အားလုံးရဲ့Root လုပ်နည်းမျိုးစုံ (မြန်မာဘာသာပြန် Ebook)


http://cache.lifehacker.com/assets/images/17/2011/04/cag_cover2.png

Android အသုံးပြုပုံ နဲ့ Android Phone တွေအားလုံးရဲ့ Root လုပ်နည်းမျိုးစုံ နှင့် Application & Game တွေ
ကို Free Download ယူပုံအားလုံးကို ပုံနဲ့တကွရှင်းပြထားတဲ့စာအုပ်လေးဖြစ်ပါတယ်ဗျာ။ ဒီစာအုပ်ကိုမူရင်း
ရေးသားထားသူကတော့Chateau Man ဖြစ်ပါတယ်ဗျာ။
1. Samsung 
2. Huawei 
3. HTC 
4. Sony
5. LG 
စတဲ့ Brand တွေအားလုံးရဲ့ အမျိုးအစားတစ်ခုချင်းစီအလိုက် Root လုပ်ပုံတွေကို ပုံနဲ့တကွအသေးစိတ်ရှင်း
ပြထားတာဖြစ်ပါတယ်ဗျာ။ Android User တိုင်းတဲ့ Service သမားများ လေ့လာသင့်တဲ့ စာအုပ်လေးတစ်
အုပ်ဖြစ်ပါတယ်ဗျာ။

Gtalk မှာ Theme လှလှလေးပြောင်းသုံးမယ်


Gtalk ကို ကြည့်ရတာ ရိုးအီလာရင်တော့ theme လှလှလေးပြောင်းသုံးပါ။Myanmar mobile user group က ညီငယ် တစ်ယောက်မေးထားတာကို ရှာပေးရင်းဒီဆောင်းပါးကို ရေးပါတယ်။
How to install theme
အောက်မှာပေးထားတဲ့ လင့်ကနေ my theme ဆိုတဲ့ zip ဖိုင်ကို ဒေါင်းပြီး ဖြည်ပါ။ပြီးရင် windows explorer ကိုဖွင့်ပြီး Tools > Folder Options > View ကနေ show hidden files ကို အမှန်ခြစ်ပေးပါ။my theme ဖိုဒါကို ကောက်ပီကူးပြီး  C:\Users\(user name)\AppData\Local\Google\Google Talk\themes\user\chat ဖိုဒါထဲမှာ paste လုပ်ပါ။ chat ဖိုဒါမရှိသေးရင် ပြုလုပ်ပါ။my theme  က theme name ဖြစ်ပြီး my theme ဆိုတဲ့နာမည်အစား သင်ကြိုက်ရာ ပြောင်းနိုင်ပါတယ်။ကျွန်တော်ကတော့ taylor swift ပုံကို သုံးမှာဖြစ်တဲ့အတွက် taylor swift လို့ နာမည်ပေးပါတယ်။ပုံပြောင်းနည်းကို အောက်မှာပြောပါမယ်။ပြီးရင် gtalk ကိုဖွင့်ပြီး setting ထဲက apperance ထဲမှာ အပေါ်က theme name ကိုရွေးပေးပါ။ဒါဆိုရင် chat window မှာ အပေါ်ကပုံမှာလို မြင်တွေ့ နိုင်ပါပြီ။

Windows Update တွေဖြစ်နေတာကို ပိတ်ရအောင်


ဒါကတော့ Windows Update ပိတ်ချင်သူများအတွက် သွားပိတ်ရမယ့်နေရာလေးတွေကို ပြပေးလိုက်တာပါ..။ ဘာကြောင့် Windows Update လုပ်တာလဲ..။  အခုဒီနည်းက ကွန်ပျူတာ ရောင်းတဲ့ဆိုင်တွေမှာ စက်ဝယ်တဲ့အခါ Original Windows မပါရင်၊ သူတို့ ဘာသာ Windows တင်ပေးတတ်ပါတယ်..။   အဲလိုအခါမျိုးကျရင် Windows Update မတက်အောင် အခုကျနော်ပြတဲ့ နည်းလေးတွေနဲ့ ပိတ်ပေးလိုက်ကြပါတယ်..။ နောက်တခုက Windows တင်တင်ချင်းမှာလဲ Update မတက်အောင် ပိတ်ခဲ့ရတဲ့ နေရာတခုရှိပါတယ်..။
Automatically Windows Update အင်တာနက်လိုင်းဖွင့်တာနဲ့ အော်တိုမက်တစ် Update လုပ်မယ်ဆိုတဲ့ နေရာမှာ အမှန်ခြစ်လေး ဖြုတ်ပေးခဲ့ရမှာ ဖြစ်ပါတယ်..။ သူကတော့ ဝင်းဒိုးတင်တဲ့အချိန်မှာ လုပ်ရတာဖြစ်တဲ့အတွက် ပုံနဲ့ပြပေးဖို့ ခက်ပါတယ်..။ ဒါကြောင့် စာပဲရေးပြပေးလိုက်တာပါ..။ အခုလုပ်ရမယ့် အဆင့်တွေကတော့ အောက်ကပုံလေးတွေအတိုင်းပါပဲ..။

Windows7 တင်ပြီးတဲ့အခါ Driver တွေကို ဘယ်လို Restore ပြန်လုပ်မလဲ



အရင်ဆုံးသိထားရမှာက Window တင်တော့မယ်ဆိုတာနဲ့ လိုအပ်တာက.. Driver Backup လုပ်ထားတဲ့ဖိုင် ဒါမှမဟုတ် မိမိတို့ စက်ရဲ့ မူရင် Driver ခွေ လိုအပ်ပါတယ်..။ Driver ခွေမရှိတော့တဲ့သူများ အတွက် Driver Backup လုပ်လို့ရမယ့် ဆော့ဝဲလ်လေးကို ဟိုးအရင်တုန်းကတည်းက တင်ပေးထားတာရှိပါတယ်.. လိုအပ်တဲ့သူများ ဒီလင့်မှာ ဝင်သွားယူလိုက်ပါ.. Driver Backup လုပ်နည်းကိုပါ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ဝင်းဒိုးမတင်ခင် အရင်ဆုံး Driver Backup လုပ်ထားလိုက်ပါ..။ မူရင်း Driver ခွေရှိတဲ့ သူများအတွက်တော့ Backup လုပ်ဖို့ မလိုအပ်ပါဘူး..။

Software ပေါင်း 4000 ကျော်ရဲ့ Key ကိုတွေရှာပေးနိုင်တဲ့ Product Key Explorer v3.4.2 Portable



https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7MWMX4RKk5dzPkB0MdGuHRh88zZmv94Oi6r2-X8Ihlj8QGxDy6PS4hUGYlpW92FWUyUp6KLd4FfoXOYFeDllD80LaS_fplyTUB6Tak9s4Qp9INqOo_vyFqnX7CdoYo-DIFo86LSH0b0Eg/s320/BungaNajwa.Com-Cover.png



 ကဲဗျာ ခေါင်းစဉ်လေးကိုဖတ်လိုက်တာနဲ့တင်ဘဲ အားလုံးစိတ်ဝင်စားသွားကြမှာပါဗျာ။ ဒီကောင်လေးက File Size သေးသေးလေးနဲ့ အတော်လေးအသုံးဝင်တဲ့အတွက် တွေ့တုန်းလေးတော့ ဒေါင်းယူထားစေချင်ပါ တယ်ဗျာ။ ပြီးတော့လည်း ကျွန်တော်တင်ပေးထားတာ Portable Version ဆိုတော့ Double Click နဲ့တင်ဘဲပွဲ သိမ်းပါတယ်ဗျာ။ ဒီကောင်လေးက ကွန်ပြူတာမှာ Install လုပ်ထားတဲ့ Software တွေရဲ့ Product Key ကိုရှာ မှာဖြစ်ပါတယ်။ အဲဒါကြောင့် မိမိလိုချင်တဲ့ Key အတွက် သက်ဆိုင်ရာ Software ကိုတော့ Install လုပ်ထားဖို့ လိုအပ်ပါတယ်ဗျာ။ ပြီးတော့ Key ရှာဖွေနေစဉ်မှာလည်း Internet Connection တော့ရှိထားဖို့လိုအပ်ပါတယ်။

Monday, July 15, 2013

မျိုးစုံလှတဲ့ ဗေဒင် ဆော့ဖ်ဝဲများ for Android apk



** Step-1.ပေးထားသော လင့် ကိုနှိပ်လိုက်ပါ
** Step-2."5sec". လောက်စောင့်ပေးပါ။
** Step-3." > Skip Addပေါ်လာလိမ့်မည် နှိပ်လိုက်ပါ။
** Step-4.Download Link ကျလာပါလိမ့်မယ်။
** အဆင်ပြေပါစေဗျာ။

phone bill မကုန်အောင် အင်တာနက် free သုံးမယ်

ဒီနည်းလေးးကတော့  ဆိုက်တဆိုက်ကနေတွေ့လို့ ကျနော်ပြန်ရှယ်ပေးလိုက်တာပါ...။အသုံးဝင်မယ်လို့ လည်း ထင်ပါတယ်..။ကျနော်ကိုယ်တိုင်က အင်တာနက်ကို free သုံးနေတာဆိုတော့ သူငယ်ချင်းများ ကိုလည်း ရစေချင်ပါတယ်.....။ဒီနည်းလေးကိုရေးသားတဲ့ ကိုနေလင်းဖြိုး ကိုလည်း အထူးပဲ ကျေးဇူးတင်ပါ တယ်ဗျာ...။ဖုန်းနဲ့ ကွန်ပြူတာ ကို ချိတ်ပြီးသုံးတဲ့ သူတွေ အတွက် တကယ်ကောင်းတဲ့ နည်းလေးပဲဗျာ..။

 ကဲ အားလုံးပဲ ဒီတစ်ခါတော့ Facebook ထဲကကျွန်တော်ဘော်ဒါတစ်ယောက်ဆီကနေ ပိုက်ဆံမကုန်တဲ့ အင်တာနက်ဖုန်းသုံးနည်းကို ဖော်ပြလိုက်ပါတယ်။ သိထားရမှာက နည်းလမ်းတွေကိုရှာဖွေရတာဟာ အိပ်ရေးပျက်ခံ၊ အပင်ပန်းခံပြီးရှာရတာမို့ တစ်ခုခုဖြစ်ခဲ့ရင် အပြစ်မဆိုကြဖို့ ကြိုတင်ပြီး သတိပေးချင်ပါတယ်။ ဒီပို့စ်မှာ မူရင်းပို့စ်ပိုင်ရှင် ကိုယ်တိုင်စမ်းသပ်ဖော်ပြထားတဲ့နည်း၊ သူအသုံးပြုခဲ့တဲ့ Device တွေနဲ့ဆိုရင်တော့ အဆင်ပြေမှာပါ။ အခြား Device တွေကိုလည်း ကျွန်တော်အနေနဲ့ မစမ်းသပ်နိုင်လို့ နားလည်ပေးစေချင်ပါတယ်။ အောက်ကပို့စ်တွေဟာ မူရင်းပို့စ်ပိုင်ရှင်ရဲ့ စာသားအတိုင်းပဲဖြစ်ပါတယ်။ စာလုံးပေါင်းသတ်ပုံတွေကို ပြင်ဆင်ပေးတာက လွဲလို့ပေါ့။ :D

ကော်နက်ရှင် မကောင်းလည်း Youtube ဗီဒီယို ဖြောင့်ဖြောင့် တန်းတန်း ကြည့်နည်း


မယုံလို့ ကိုယ်တိုင် စမ်းသုံးကြည့်လိုက်တာ တကယ်ပဲ မှန်ကန်နေတာ တွေ့ရပါတယ်။
မြန်မာပြည်ကနေ Youtube ဗီဒီယိုကို မထစ်မငေါ့ပဲ ဖြောင့်ဖြောင့်တန်းတန်း ကြည့်ဖို့ဆိုတော လောလော ဆယ်မှာ မလွယ်ကူတဲ့ အနေအထား တစ်ခု ဖြစ်ပါတယ်။ သို့ပေမ့ယ် ဒါကို ဖြေရှင်းပေး မယ့် နည်းလေးလေး တွေ့လိုက်ပါပြီ။ Feather Beta ဆိုတာလေးပါ။ Youtube မှာ ပါတဲ့ Like , Comments, Links နဲ့ ဆိုဒ်ကိုလေးစေတဲ့ အခြားအခြားသော UI နဲ့ Gadgets တွေကို ဖြုတ် ထားပေးမှာ ဖြစ်ပါတယ်။
အောက်ပါ လခ့်ကနေ ဝင်ရပါမယ်။ ပြီးတော့ ပုံမှာပြထားတဲ့ Join "Feather" Beta ဆိုတာလေးကို နှိပ်ယုံပါပဲ။ ပြီးရင် ကိုယ်ကြည့်ချင်တဲ့ Youtube က ဗီဒီယို၊ MTV တွေကို ရှာပြီး ကြည့်လိုက်ရုံပါပဲ။

မိမိတို့ကွန်ပျူတာမှ Drivers များကို ဒီဆော့ဝဲလ်ဖြင့် Backup လုပ်ထားသင့်သည်


ဒါလေးကတော့ Drivers တွေကို Backup လုပ်ထားဖို့ပါပဲ..။ ဘာလို့လဲဆိုတော့ မိမိတို့ကွန်ပျူတာကို ဝင်းဒိုးအသစ်တင်တဲ့ အခါတွေမှာ Drivers တွေပျောက်သွားတတ်ပါတယ်..။ အဲဒီလိုအခါမျိုးတွေမှာ ဒီဆော့ဝဲလ်နဲ့ Backup လုပ်ထားခဲ့ရင် ပျောက်သွားတဲ့ Drivers တွေကို အလွယ်တကူ ပြန်ထည့်လို့ ရမှာဖြစ်ပါတယ်..။ အဲလိုမှ မဟုတ်ပဲ Drivers Backup လုပ်မထားခဲ့ဘူး ဆိုရင်တော့ ပျောက်သွားတဲ့ Drivers တွေကို မိမိတို့ စက်ရဲ့ Model အမျိုးအစားနဲ့ အင်တာနက်မှာ ခေါင်းမူးအောင် လိုက်ရှာပေတော့ ...။ တွေ့တဲ့အခါ ရှိသလို ရှာမတွေ့တဲ့ အခါတွေလည်းရှိပါတယ်..။ အခုနောက်ပိုင်း Model အသစ်တွေဆိုရင်တော့ ရှာရတာလွယ်ပေမယ့် ဟိုးအရင်တုန်းက Model အဟောင်းတွေဆိုရင်တော့ ရှာရခက်မှခက်ပဲ..။ ဒါတွေက ကိုယ်တိုင်ကြုံဖူးမှ Drivers ရှာရတဲ့ ဒုက္ခကို သိကြမှာပါ..။ အဲလိုမျိုး အခက်အခဲတွေ မဖြစ်အောင်လို့ မိမိတို့ရဲ့ စက်ထဲက Drivers တွေကို အခုကတည်းက Backup လုပ်ထားသင့်ပါတယ်..။
Drivers Backup လုပ်တဲ့ ဆော့ဝဲလ်တွေ အများကြီးရှိပေမယ်.. ဒီကောင်လေးကတော့ ကျနော်အမြဲသုံးနေတဲ့ ကောင်လေးပဲ ဖြစ်ပါတယ်..။ ဒီကောင်လေးနဲ့ပဲ ကျနော်ဆိုဒ်မှာတင်ခဲ့တဲ့ Drivers တွေကို Backup လုပ်ခဲ့တာပါ..။ သုံးရတာလည်းလွယ်ပါတယ်..။ အသုံးပြုပုံကတော့ အောက်မှာပုံလေးတွေနဲ့ ဆက်ကြည့်လိုက်ပါဗျာ..။ လိုအပ်တဲ့သူများကတော့ အောက်က အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းယူသွားလိုက်ပါ..။ ဗါးရှင်းအဟောင်းလေးဆိုပေမယ့် သုံးရတာ အရမ်းအဆင်ပြေပါတယ်..။ ဒါကြောင့်ဒါလေးကို ရွေးပြီးတင်ပေးလိုက်တာပါ...။ 1.48 MB ပဲရှိပါတယ်...။

Gmail Account တစ်ခုတည်းနဲ့  Facebook Account တွေ အများကြီးဖွင့်ကြမယ်

http://rack.3.mshcdn.com/media/ZgkyMDEyLzEyLzA0L2VhL2ZhY2Vib29rdGVzLjdNQy5qcGcKcAl0aHVtYgk5NTB4NTM0IwplCWpwZw/53c85f27/4d1/facebook-testing-new-timeline-format-with-single-column-of-posts-updated--8395815038.jpg
တကယ်တော့ အားလုံးသိထားကြတာ gmail account တစ်ခုကို facebook account တစ်ခုပဲ ဖွင့်လို့ ရတယ် လို့ ပဲ သိထားကြတယ်။

တဂယ်လဲ facebook က mail တစ်ခုကို account တစ်ခုပဲ ပေးဖွင့်တယ်။

ဒါပေမယ့် ကျနော့်မှာ mail account တစ်ခုတည်းနဲ့  facebook account တွေ အများကြီးဖွင့်လို့ ရတဲ့နည်းရှိတယ်။

အရင်ဆုံး အသုံးပြုမယ့် mail က ဥပမာအနေနဲ့  kochartape@gmail.com ပဲဆိုပါစို့ ။

www.facebook.com ကို သွားပြီးတော့ sign up လုပ်ပါ။

အဲ့လို sign up လုပ်တဲ့နေရာမှာ name တို့  Date of Birth စသည်ဖြင့် အားလုံးကို ပုံမှန်အတိုင်းပဲဖြည့်လိုက်ပါ။

Windows Phone တွင် Font ထည့်သွင်းပုံ


 WindowsPhone အသုံးပြုတဲ့သူတွေအတွက် WindowsPhoneမှာFont တွေထည့်သွင်းချင်တဲ့အခါမိမိ

ဘာသာထည့်သွင်းနိုင်ဖို့အတွက်ဘယ်လိုထည့်သွင်းရမယ်ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။
WindowsPhone မှာသင်ထည့်သွင်းချင်တဲ့ Font ကိုထည့်သွင်းဖို့အတွက်ဆိုရင်အဆင့်ငါးဆင့်ပဲရှိမှာဖြစ်

ပါတယ်။သင်ထည့်သွင်းချင်တဲ့ Font ကို WindowsPhoneOS မှာထည့်သွင်းဖို့အတွက်ကွန်ပျူတာရှိဖို့တော့

လိုအပ်မှာဖြစ်ပါတယ်။သင်ထည့်သွင်းချင်တဲ့ ဖောင့်တွေကိုတော့ Handset နဲ့ကွန်ပျူတာချိတ်ဆက်ပြီး

ထည့်သွင်းရမှာဖြစ်တဲ့အတွက်ထည့်သွင်းဖို့ဆိုရင်အလွယ်တကူရှင်းလင်းစွာနဲ့ထည့်သွင်းအသုံးပြုနိုင်

မှာဖြစ်ပါတယ်။ WindowsPhone ထဲကို Font ထည့်သွင်းဖို့အတွက်ရိုးရှင်းတဲ့အချက်ငါးချက်ပဲရှိပါတယ်။

အချက်တွေကိုအောက်ပါအဆင့်အတိုင်းလုပ်ဆောင်ပေးပါကအလွယ်တကူနဲ့ထည့်သွင်းနိုင်မှာဖြစ်ပါတယ်။

 ၁။သင့်ရဲ့ WindowsPhoneOSအ သုံးပြုထားတဲ့ Handset ကိုကွန်ပျူတာနှင့်ချိတ်ဆက်ပြီး ActiveSync ကို

ဖွင့်ပေးလိုက်ပါ။

Sunday, July 14, 2013

Facebook ကနေ Email တွေပို့တာ ရပ်တန့်စေချင်ရင်

ကမ္ဘာတစ်ဝန်းလုံးက အသုံးပြုနေကြတဲ့ Social Network တစ်ခုဖြစ်တဲ့ Facebook ကတော့ တကယ်လည်း အကြိုက်တွေ့စရာကောင်းပါတယ် ....။ သူငယ်ချင်း မိတ်ဆွေတွေကို ဆက်သွယ်ရလွယ်ကူသလို သတင်းစုံ သိရပြီး ကိုယ်သိတာလေးတွေကို အလွယ်တကူ ပြန်မျှဝေနိုင်တယ် ....။ ဓါတ်ပုံတွေကို Image Hosting ကြားခံသုံးစရာမလိုဘဲ တိုက်ရိုက်တင်နိုင်တာက အားသာချက်ဖြစ် နေသလို သူ့မှာပါတဲ့ Comment စံနစ် ကလည်း နှစ်ခြိုက်စရာ ကောင်းလှပါတယ် .....။ ပြောမယ်ဆိုရင်တော့ အများကြီးပါဘဲ ....။ ခက်နေတာက Facebook အကောင့်ဖွင့်တုန်းက သုံးခဲ့တဲ့ ကိုယ့်ရဲ့ Gmail ထဲမှာ တစ်နေ့တစ်နေ့ email ပေါင်းများစွာ ရောက်ရှိလာတဲ့ ကိစ္စပါ ....။ ဒါကလည်း တကယ်တော့ ကျွန်တော်တို့ အသုံးပြုသူတွေ ဘက်ကနေပြီးတော့ ပြုပြင်ပေးထားလို့ ရပါတယ် ...။ ကျွန်တော် ဘယ်လိုပြုပြင်ရမယ်ဆိုတာလေး ရေးပေးပါမယ်။ (တကယ်တော့ ရေးပေးထားတဲ့ နေရာတွေ အများကြီးရှိ သလို သိပြီး၊ တတ်ပြီး သူတွေလည်း အများကြီး ဖြစ်မှာပါ ...။) မသိသေး၊ မတတ်သေးတဲ့ သူ တစ်ဦးတစ် ယောက်ကများ ကျွန်တော့် Blog ထဲက ဒီ Post လေးကို မျက်စိလည်ပြီး ရောက်လာ ဖတ်ရှုခဲ့မိမယ် ဆိုရင် ..... ဒီ Post လေးကို ရေးတင်လိုက်ရတဲ့ အတွက် ပေးလိုက်ရတဲ့ အချိန် (30) မိနစ်အတွက် ကျွန်တော် နှမျောမိမှာ မဟုတ်ပါဘူး ....။ ကဲ ... ဒီလိုလေး လုပ်လိုက်ရအောင် ....
Related Posts Plugin for WordPress, Blogger...