တခါတရံ ကိုယ်သုံးနေတဲ့ app လေးက 
ကိုယ့်စိတ်ကူးထားတဲ့အတိုင်းမလုပ်နိုင်တဲ့အခါ ကိုယ့်စိတ်ကြိုက် 
ပြင်ဆင်ချင်တဲ့စိတ်ကလေးဖြစ်မိမှာပါ။ ဒီပိုစ့်လေးကိုရေးရတာတော့ အဲဒီ 
စိတ်တွေကို အနည်းနဲ့အများ ပြေလည်စေဖို့ရယ်၊ ကလိနေရမှ အိပ်ပျော်စားဝင်တဲ့ 
mobile ချစ်သူတွေအတွက်ရယ် ရည်ရွယ်ပါတယ်ခဗျာ။
ပိုစ့်လေးရဲ့ ဇာတ်လိုက်မင်းသားကတော့ Apk Manager လို့ခေါ်တဲ့ ကွန်ပျူတာ software လေးပဲဖြစ်ပါတယ်။
Java အားရယူရန်
Java ကို computer မှာ install လုပ်ပြီးရင် Adb ဆိုတာကိုလဲ သွင်းဖို့လိုပါတယ်။ Adb သွင်းကြရအောင်။။။
Adb ဖိုင်အားရယူရန်
၁။ ကွန်ပျူတာထဲမှာ Folder အသစ်တစ်ခုဆောက်ပြီး 
Android လို့ နံမည်ပေးပါ။
၂။ ဒေါင်းလုပ်ဆွဲလို့ရလာတဲ့ adb.zip ဖိုင်ကိုဖြည်ပြီး အထဲက ADB 
ဖိုင်ထဲမှာ ရှိသမျှဖိုင်တွေကို စောစောက အသစ်လုပ်ထားတဲ့ Android 
ဖိုဒါထဲထည့်ပါ။
၃။ Window key+R ကိုနှိပ်ပြီး Run program ကို ဖွင့်လိုက်ပြီး 
cmd.exe ကိုရိုက်ပြီး Enter ခေါက်ပါ။
၎။ cmd ပေါ်လာရင် ဒီအောက်က အတိုင်းရိုက်ပေးပါ။
>d:
 cd android
 adb devices
( 
d ဆိုတဲ့နေရာမှာ ကိုယ်က Android ဆိုတဲ့ folder ကို 
C drive ထဲမှာထားရင် 
C လို့ပြင်ရိုက်ပါ။ ဒါဆိုရပါပြီ။
မှတ်ချက်။    ။ကွန်ပျူတာထဲမှာ အကြောင်းအမျိုးမျိုးကြောင့် Android SDK သွင်းထားပြီးရင် Adb ထပ်သွင်းစရာမလိုတော့ပါဘူး။
အောက်မှာ Apk Manager software ကိုဒေါင်းလုပ်ဆွဲပါ။