ကျွန်တော် ခုပြောတဲ့နည်းကို iPhone 4s နဲ့လုပ်ထားတာပါ။ 4s ဆိုတော့ Firmware
က 6.1.3 ပဲဆင်းလို့ရ မှာနော်။ iPhone 5 ဆိုရင်တော့ Firmware 6.1.4
ကိုဆင်းရမှာပေါ့နော်။ ကဲ..ကျွန်တော်တို့စကြရအောင်။
အရင်ဆုံး ဒေတာတွေကို Backup လုပ်ထားပေါ့။ ပြီးရင် Downgrade ဆင်းဖို့
Firmware ကို Desktop ပေါ် တင်ထားပါ။ Firmware မရှိရင်
http://www.iclarified.com/entry/index.php?enid=750 ဒေါင်းပါ။
အဆင့် (၁) ဖုန်းကို ကွန်ပျူတာနဲ့ချိတ်ပြီး iTunes ကိုဖွင့်လိုက်ပါ။
အဆင့် (၂) ဖုန်းကို DFU Mode ထဲဝင်ပေးပါ။ (Home button and the
Sleep/Wake button ကိုတစ်ပြိုင်နက်ထဲ ဖိနှိပ်ထားပေးပါ။ ပန်းသီး Logo
ပုံလေးပေါ်လာပြီဆိုလျှင် Home button လေးကို လွှတ် လိုက်ပါ။ ခဏနေကျရင် iTunes
နဲ့ချိတ်ဖို့ပုံလေး ဖုံးပေါ်မှာပေါ်လာပြီဆိုရင် သင့်ရဲ့ဖုန်းက DFU Mode ထဲ
ကိုရောက်သွားပါပြီ။
အဆင့် (၃) တကယ်လို့ DFU Mode ထဲရောက်သွားပြီဆိုရင် Computer Screen ပေါ်မှာ
အောက်မှာဖော် ပြပေးထားထဲ့ ပုံလေးအတိုင်းပေါ်နေပါလိမ့်မယ်။
Ok နှိပ်ပေးပါ။
အဆင့် (၄) Restore iPhone ဆိုတဲ့ စာကြောင်းပေါ်ကို Shift Key ကိုဖိပြီး ကလစ်
နှိပ်ပေးပါ။ ပြီးလျှင် ကိုယ်တင်ချင်သည့်ဖိုင်းဝဲ
(အစစာကြောင်းမှာပြောပြထားသည့် Firmware မျိုးစား)ကိုရွေးပေးပါ။
အဆင့် (၅) ကိုယ်ရွေးချယ်တဲ့ ဖိုင်းဝဲကို တင်မှာလားဆိုတဲ့ (restore လုပ်မှာလား) ဆိုတဲ့ ဘောက်စ်လေး ကျလာခဲ့ရင် Restore ကိုရွေးပေးပါ။
အဆင့် (၆) အားလုံးပြီးသွားပြီဆိုရင် ဒီစာကြောင်းလေး တက်လာပါလိမ့်မယ်။
ဒါဆို သင့်ရဲ့ iPhone လေး Firmware 6.1.3 လေးကို Downgrade ဆင်းတာ အောင်မြင်သွားပါပြီခင်ဗျား။
No comments:
Post a Comment