မိမိကွန်ပျူတာထဲကို software တွေသွင်းတော့မယ် ဆိုရင်တော့ အရင်ဆုံး အပေါ်ပုံမှာ ပြထားတဲ့ Icon ပုံလေးတွေကို အရင်ရှာကြည့်ပါ..။ အဲလိုပုံလေးတွေရဲ့ဘေးမှာ SETUP တို့ Install တို့ဆိုတဲ့ စာသားကိုလည်း ကြည့်ရမှာပါ..။ တွေ့ပြီဆိုရင်တော့ မောက်စ်လက်ညိုးခလုတ်နဲ့ Double Click နှစ်ချက်ပေးလိုက်ပါ.. Yes , No ဘောက်စ်လေးတခု ပေါ်လာရင် Yes ကိုနှိပ်ပါ..။ ပြီးရင်တော့ Next ပေါ်လာတိုင်းနှိပ်ပေးပါ.. accepted license agreement စာသားမျိုးပါရင်တော့ အမှန်ခြစ်ပေးလိုက်ပါ..
ပြီးရင်တော့ Install ပေါ်လာရင် နှိပ်ပေးလိုက်ပါ.. ဆော့ဝဲလ်တွေ များသောအားဖြင့် ဒီနည်းအတိုင်းပါပဲ.. မတူတာရှိရင်လည်း နဲနဲပါပဲ.. တချို့ဆော့ဝဲလ်တွေက Install ဆွဲရမယ့်နေရာမှာ သူ့တို့ Icon ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ အဲပုံလေးတွေကို Double Click နှိပ်ပေးရပါတယ်.. နမူနာအနေနဲ့ အောက်ကပုံလေး တွေကိုကြည့်ကြည့်ပါ..
Finish ကိုနှိပ်ပေးလိုက်ရင်တော့ .. 
မိမိစက်ထဲကို ဆော့ဝဲလ်ရောက်သွားပါပြီ.. ဒါပေမယ့် တချို့ဆော့ဝဲလ် တွေက 
စက်ကို Restart ချပေးရပါတယ်.. အဲဒါမှ သုံးလို့ရပါတယ်.. ။ 
ဆော့ဝဲလ်တွေပြန်ထုတ်နည်းကိုတော့ အောက်က ပုံလေးတွေကိုကြည့်ပြီး 
လိုက်လုပ်ကြည့်လိုက်ပါဗျာ.. အရင်ဆုံး Control Panel ကိုသွားပါ..။ Programs 
and Features ဆိုတဲ့စာသားကို လိုက်ရှာပါ..။ Windows XP မှာတော့ Add or 
Remove လို့ ပါပါတယ်..။
တချို့ဆော့ဝဲလ်တွေက Reboot Now 
တို့ Restart Now တို့ပေါ်တတ်ပါတယ်..။ မိမိလုပ်စရာတွေ ရှိနေသေးရင်တော့ No 
ကိုနှိပ်ပြီး နောက်မှ စက်ပိတ်ရင်လည်း ရပါတယ်..။ Reboot တို့ Restart 
တို့နှိပ်လိုက်မိရင်တော့ စက်ပိတ်ပြီး ပြန်ပွင့်လာပါလိမ့်မယ်..။ 
ပုံလေးတွေနဲ့ အဆင်ပြေပါစေဗျာ...။
လွင်မင်းဗိုလ်ရေးသားထားတာလေးပါ 










No comments:
Post a Comment