ကျွန်တော်တို့တွေ ရှေ့မှာ Jailbreak လုပ်နည်းနဲ့ မြန်မာစာဖောင့်ထည့်နည်းလေးကို ပြောပြပေးပြီးသွားပြီ။ အခုထပ်ပြီးပြောပြပေး မှာကတော့ ကိုယ့်စက်ထဲကို ဂိမ်းတွေထည့်ပြီး အဲ့ဒီဂိမ်းတွေကို ဆော့လို့ရအောင်လုပ်တဲ့နည်းကို ပြောပြပေး သွားမှာပါ။ အဲ့ဒါကိုတော့ Cracked လုပ်တယ်လို့ခေါ်ပါတယ်။ အဲ့ဒါကြောင့်အခုရေးမယ့်အပိုင်းကို Cracked Application တွေသွင်းနည်းလို့ ခေါ်ပါတယ်။ ကဲ.. စလိုက်ကြရအောင်...
Step(1) Cydia ထဲဝင်ပါ။
Step(2) ပြီးလျှင် Manage>>Sourcesထဲဝင်ပါ။
Step(3) Edit>>Add ကိုနှိပ်ပြီး အောက်ကစာကြောင်းလေးကို ရေးပေးပါ။
http://cydia.myrepospace.com/mmas-deb
ပြီးရင် Add Source ကိုနှိပ်ပေးပါ။
Step(4) Add ခဲ့တဲ့Sources ထဲပြန်ဝင်ပြီး AppSync for iOS 6 ထဲဝင် Install>>Confirm လုပ်ပေးလိုက်ရုံပါ။Restart တခါကျပြီးသွားရင် မိမိရဲ့ iPhone/Pad ကပုံမှန်အတိုင်းပြန်တက်လာပါမယ်။ ဒါဆိုရင် cracked app တွေ မိမိတို့ရဲ့ ဖုန်းထဲကို စသွင်းလို့ရပြီဖြစ်ပါတယ်။
အားလုံးပဲ အဆင်ပြေပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။အဆင်မပြေပါက comment ထားခဲ့ပါ။