












ဒီ rom ရဲ့ကောင်းတာလေးကတော့ Theme ပါ။ Theme တွေအများအပြားရှိပါတယ်။ Theme ကဘာတွေ effect ဖြစ်လဲဆိုရင်
- Lockscreen – Unlock Design
 - Homescreen Design
 - Notification Panel Style
 - Status Bar Style
 - Dialer keypad and Call log style
 - SMS style
 - Boot Animation
 - Boot Audio
 
- Official ICS build no. က .587 နဲ့ဆုံးတာ ဖြစ်ရပါမယ်။ .587 က Arc S အတွက် Sony ကထုတ်တဲ့ နောက်ဆုံး Firmware update ဖြစ်ပါတယ်။
 - Unlock Bootloader ဖြစ်နေရပါမယ်။
 
မစခင် ရေးထားတဲ့ အဆင့်လေးတွေအတိုင်းသေချာလုပ်စေချင်တယ်….. zip folder ကို sd card ထဲထည့် recovery ကနေ install လုပ်ရုံမဟုတ်ပါဘူး….အဲဒီအတိုင်းလုပ်ရင် Sony logo မှာတင် looping ဖြစ်နေတတ်ပါတယ်
တကယ်စလိုက်ကြရအောင်…..:)
အောက်ကဖိုင်နှစ်ဖိုင်ကို ဒေါင်းလုပ်ဆွဲပါ။
- miuiandroid_LT18i-2.8.24.zip
 - Fastboot.zip
 - အဆင့် ၁ မှာ ။ ၁ မှာဒေါင်းလုပ်ဆွဲလို့ရလာတဲ့ Rom zip ဖိုင် ကို ဖုန်း sd card ထဲ ထည့်လိုက်ပါ။ (ဘယ် folder အောက်ထဲမှာမှ မထည့်ပါနဲ့)
 - ဖုန်းကို power ပိတ်ပါ။
 - Power ပိတ်ပြီးရင် Menu key ကိုဖိထားပြီး Power ပြန်ဖွင့်လိုက်ပါ။ LED မီးအပြာလေး လင်းနေပါလိမ့်မယ်။
 - အဆင့် ၂ မှာဒေါင်းထားတဲ့ ဖိုင်ကို zip ဖြည်ပြီး Fastboot folder ထဲဝင်လိုက်ပါ။ (တခြားအရင်က ဒေါင်းထားတဲ့ Fastboot ဖိုဒါနဲ့မလုပ်ပါနဲ့၊ အခုတင်ထားတဲ့ fastboot ဖိုဒါထဲမှာ boot.img ဆိုတဲ့ ဖိုင်လေးထပ်ပေါင်းထားလို့ပါ။)
 - Fastboot folder ထဲရောက်ရင် ဘယ်ဖိုင်ကိုမှ click မထောက်ပဲ လွတ်နေတဲ့နေရာမှာ Shift key+Right Click နှိပ်ပြီး Open Command Window Here ကိုရွေးပေးပါ။
 - 
Command window ပေါ်လာရင် ဒီအတိုင်းလေးရိုက်ပေးပါ။ fastboot flash boot boot.img - အပေါ်ကအတိုင်းရိုက်ပြီးသွားလို့ enter ခေါက်လိုက်ရင် စက္ကန့်အနည်းငယ်လောက်စာတန်းလေးတွေ တက်လာပြီးရင် Finish သွားမှာပါ။
 - Finish ဖြစ်သွားရင် အဲဒီ command window ကိုပိတ်ပြီး ဖုန်းကို USB ကြိုးဖြုတ်လိုက်ပါ။
 - ဖုန်းကို 
Power ပြန်ဖွင့်လိုက်ပါ။ Power ဖွင့်နေတဲ့အချိန်၊ Sony logo ပေါ်နေတဲ့အချိန်
 Back key ကိုနှိပ်လိုက် လွှတ်လိုက် လုပ်ပေးပါ။ CWM Recovery mode 
ထဲရောက်သွားမှာပါ။ (Recovery mode>>> volume 
key—အပေါ်အောက်ဆင်းရန်၊ Home key—- ရွေးချယ်ရန်)
 - Recovery ထဲရောက်ရင် Backup & Restore ထဲကိုဝင်ပြီး Backup လုပ်ခြင်းအားဖြင့် original rom ကိုပြန်တင်ချင်တဲ့အခါ တင်လို့ရမှာပါ။
 - Backup လုပ်ပြီးပြီဆိုရင် back key နဲ့နောက်ပြန်သွားပြီး Factory Reset ကိုရွေးပေးပါ။ နောက်တစ်မျက်နှာမှာ Yes ဆိုတာကို ထပ်ရွေးပေးပြီး Factory reset ချလိုက်ပါ။
 - ပြီးရင်တော့ ပထမpage ကိုပဲပြန်သွားပြီး Install zip from sd card ကိုရွေးပေးပါ။ ဒါဆိုရင် sd card ထဲမှာကိုယ်ထည့်ထားတဲ့ ဖိုဒါတွေကိုတွေ့မှာဖြစ်ပြီး အဲဒီထဲကမှ အဆင့် ၃ မှာထည့်ခဲ့တဲ့ miuiandroid_LT18i-2.8.24.zip ကိုရွေးပေးလိုက်ပြီး Yes ကိုပါဆက်ရွေးပေးပါ။
 - Rom Install လုပ်နေမှာဖြစ်ပါတယ်။ အချိန်အနည်းငယ်ပေးလိုက်ပါ။ ပြီးသွားရင် back key နဲ့နောက်ပြန်သွားပြီး မူလ page ရောက်ရင် Reboot System Now ကို ရွေးပေးပြီး reboot လုပ်ပါ။
 - Reboot ကိုရွေးပြီးတာနဲ့တပြိုင်နက် ဘာခလုတ်မှ ဆက်မနှိပ်တော့ဘဲစောင့်နေလိုက်ပါ။ Sony logo ပေါ်မယ်၊ MIUI logo အဝါလေးပေါ်မယ်။ Rom အသစ်ကိုတင်နေမှာ ဖြစ်တဲ့အတွက် စိတ်ရှည်လက်ရှည်နဲ့စောင့်ပေးပါ။ နောက်ဆုံးမှာ Lockscreen လေးပေါ်လာပြီဆိုရင်တော့ အားလုံးပြီးဆုံးသွားပါပြီ။
 - တက်လာပြီဆိုရင်တော့
 root ဖွင့်ပေးရမှာပါ။ Screen ပေါ်က icon တွေထဲမှာ Security ဆိုတဲ့ folder 
လေးကိုသွား LBE Guard app ကိုဖွင့်ပြီး root permission 
ကိုဖွင့်ပေးလိုက်ပါ။ ဒါဆိုရင် root လိုတဲ့ app တွေသုံးလို့ရသွားမှာပါ။
 - စိတ်ကြိုက်ကလိလို့ ရသွားပီနော်။
 
Credit:http://forum.xda-developers.com/showthread.php?t=1565194
:http://www.theandroidsoul.com/official-miui-4-for-xperia-arc-s-is-now-available-for-download-and-flashing/
(source:myanmarmobileapp )














0 comments:
Post a Comment