ကွန်ပျူတာစဖွင့်လိုက်ပြီဆိုတာနဲ့ အဓိက လုပ်ငန်းတာဝန်များကို 
လက်ခံဆောင်ရွက်ပြန်ကြားပေးရတဲ့ အရေးကြီးအစိတ်အပိုင်းတွေထဲမှာ Memory ဟာ 
ထိပ်ဆုံးကဖြစ်ပါတယ်..ကွန်ပျူတာမှာ Software , Games , Firefox ,chrome 
အစရှိသည်တို့ကိုအလွန်အကျွံဖွင့်ခြင်းကြောင့် Memory 
နေရာယူမှုအလွန်တိုးပွားလာပြီး
စက်လေးသွားခြင်း..လုံးဝထိုးရပ်သွားခြင်းမျိုးဖြစ်တတ်ပါတယ်..ဒီလို မျိုးဖြစ်လာပြီဆိုရင်တော့ အခုဖော်ပြပေး
မယ့်ဖြေရှင်းနည်းလေးက များစွာအကူအညီပေးပါလိမ့်မယ်..လွယ်ပါတယ်...ကဲကြည့်လိုက်ရအောင်..
( 1 ) Notepad ကိုဖွင့်လိုက်ပါ
(2) FreeMem=Space(10240000000) <= ပန်းရောင်ပြထားတဲ့ ကုဒ်လေးကို Notepad ထဲသို့ကော်ပီကူး
လိုက်ပါ..မှတ်ချက် .. အခုပြထားတဲ့ ကုဒ်သည် 1GB RAM အတွက်ဖြစ်ပါတယ်.. မိမိ RAM က 2 GB ဆိုရင်
 
1024
 နေရာမှာ 2048 လို့ပြင်ပေးလိုက်ပါ...အကယ်လို့ မိမိရဲ့ RAM က 512 MB 
ဘဲရှိတယ်ဆိုရင် 
1024 နေရာမှာ 512 လို့ထည့်ပေးလိုက်ပါ..ဘာလို့လဲဆိုတော့ 512 MB + 512 MB = 1 GB ( 1024
 MB ) မလို့ပါ အိုကေနော်...
(3) ပြီးတာနဲ့  Save လုပ်ပါမယ်..Save လုပ်တဲ့အခါ freememory.vbs ဆိုပြီး 
အဆင်ပြေတဲ့တစ်နေရာရာမှာ
 
Save လုပ်ပေးလိုက်ပါ..မိမိအသုံးပြုနေစဉ် Memory မနိုင်တော့လို့စက်လေးလာတဲ့အခါတိုင်း..သုံးလက်စ
 
Program များကိုခဏပိတ်ပြီး Save လုပ်ထားတဲ့ဖိုင်လေးကို 
Run ပေးလိုက်ပါ..သိသိသာသာ ပေါ့ပါးသွားတာ 
 
တွေ့ရပါလိမ့်မယ်..အဆင်ပြေကြပါစေခင်မျာ။ 

2GB နှစ်ချောင်းစိုက်ထားရင် ၄၀၉၆ ရိုက်ရမှာလား ဒါမှမဟုတ် ၂၀၄၈ လို့ ရိုက်ရမှာလား...
ReplyDelete