ဒါကတော့ PDF Files များဖန်တီး 
ချင်တဲ့သူများအတွက်ပါ..။ ကျနော့်ဆိုဒ်က ပိုစ့်တွေကိုပဲ ဖြစ်ဖြစ်၊ 
တခြားဆိုဒ်တွေက ပိုစ့်တွေကိုပဲဖြစ်ဖြစ်၊ မိမိတို့ ကြိုက်တဲ့ 
အသုံးဝင်တဲ့ပိုစ့်တွေကို ဒီလို PDF ဖိုင်လေးတွေလုပ်ပြီး သိမ်းထားမယ်ဆိုရင် 
မိမိတို့ ဘယ်နေရာပဲရောက်ရောက် အလွယ်တကူပြန်ကြည့်လို့ ရမှာဖြစ်ပါတယ်..။ 
ကျနော့်ဆိုဒ်ကပိုစ့်တွေကို PDF ဖိုင်နဲ့ တင်ပေးဖို့ တောင်းထားတဲ့ 
သူငယ်ချင်းများလည်း ရှိခဲ့ပါတယ်.. အကြောင်းအမျိုးမျိုးကြောင့် ကျနော့်ရဲ့ 
ပိုစ့်တွေကို PDF ဖိုင်လုပ်ပြီး  မတင်ပေးဖြစ်ခဲ့ပါဘူး..။ ဒါကြောင့် 
မိမိတို့ ကိုယ်တိုင် PDF ဖိုင်လေးတွေပြုလုပ်တတ်အောင်လို့.. နောက်ပြီး 
ကျနော့်ဆိုဒ်က လုပ်နည်းကိုင်နည်းနဲ့ ပါတ်သက်တဲ့ ပိုစ့်တွေကို ကျနော် PDF 
ဖိုင်နဲ့ မတင်ပေးနိုင်ခဲ့တဲ့အတွက် မိမိတို့ ကိုယ်တိုင် PDF 
ဖိုင်လေးတွေ ပြုလုပ်ပြီးသိမ်းတတ်အောင်လို့.. ဒီနေ့ PDF ဖိုင်လုပ်နည်း 
ပိုစ့်လေးကို တင်လိုက်ရပါတယ်.. လိုအပ်တဲ့ ဆော့ဝဲလ်ကတော့ PDF Creator နဲ့ 
Microsoft Office Word 2010 ကို မိမိတို့ စက်ထဲမှာ Install 
ဆွဲထည့်ပါ.. ပြီးရင်တော့ Office Word 2010 ကိုဖွင့်ပြီး.. 
လုပ်နည်းကတော့ အောက်ကပုံလေးတွေ အတိုင်းပါပဲ...။
မိမိတို့ ပြုလုပ်မယ့်
 စာတွေ ပုံတွေကို copy / paste နဲ့ ထည့်ပါ..။ မြန်မာစာပေါ်အောင် ရောက်လာတဲ့ 
စာလုံး တွေကို Select ပေး(အောက်ပုံအတိုင်း)ပြီ.. Font နေရာမှာ 
Zawgyi-one ပြောင်းပေးလိုက်ပါ..
အပေါ်ပုံမှာ မြန်မာစာပေါ်လာပါပြီ..။ အောက်ပုံကတော့
 မိမိတို့ ထည့်ချင်တဲ့ပုံတွေကို copy image သို့မဟုတ် copy ကူပြီး paste 
နဲ့ ထည့်ပါ..။ တကယ်လို့ ပုံရောစာရော အားလုံးကို တခါတည်း စလက် ပေးပြီး copy 
ကူးထည့်ရင် တခါတလေမှာ ထည့်လို့ ရပေမယ့်.. တခါတရံမှာတော့ Error 
တက်တတ်ပါတယ်..။ ဒါကြောင့် စာသပ်သပ်၊ ပုံသပ်သပ် လုပ်ပြထားတာပါ..။ 
ဒီနေရာမှာတော့ မိမိတို့ အဆင်ပြေသလိုသာ လုပ်ကြပါ..။
အပေါ်အဆင့်ပြီးရင်တော့ အောက်ကအဆင့်မှာ 
စာမျက်နှာတပ်ပေးထားတာပါ..။ မိမိတို့ လုပ်တဲ့ PDF ဖိုင်ဟာ 
စာမျက်နှာရှိသလောက်ကို ဒီအဆင့်မှာ လုပ်ပေးလိုက်တာနဲ့ သူ့အလိုလို 
နံပါတ်စဉ်တိုင်း တပ်သွားပေးပါလိမ့်မယ်..။ ပိုပြီးသပ်ရပ်သွားတာပေါ့ဗျာ..
နောက်တဆင့်ကတော့ မိမိတို့ 
ကူးထည့်လိုက်တဲ့ စာတွေပုံတွေရဲ့အောက်မှာ ရေစာရေးရေးထင်အောင် လုပ်တာပါ..။ 
ဒီနေရာမှာ မိမိတို့ ရေးချင်တဲ့ စာသား နာမည် တခုခုကို ရေးနိုင်ပါတယ်..။ 
အဲလိုရေးဖို့ အတွက် အောက်ကပုံအတိုင်း နံပါတ် 6 နေရာကိုကလစ်ပေးပါ..
ပြီးရင်တော့ အောက်ကဘောက်စ်လေး 
ထွက်လာပါလိမ့်မယ်.. အဲထဲမှာ နဲနဲပြောင်းပေးရပါမယ်..။ ABC အတိုင်း 
လိုက်ပြောင်းပေးပါ..။ Zawgyi-one ကိုပြောင်းပေမယ့်.. 
စာရေးရင်တော့ လေးထောင့်ကွက် လေးတွေပဲ မြင်ရမှာပါ.. 
D နေရာမှာတော့ ရေစာပေါ်မယ့် အရောင်ကို ရွေးပေးလိုက်ပါ..။ ဒီပုံမှာတော့ 
အနီရောင်ကို ရွေးလိုက်ပါတယ်..
Apply, 
ok ပေးပြီးရင်တော့ အောက်ကပုံအတိုင်း 
စာလုံးတွေရဲ့အောက်မှာ ရေစာ ပေါ်လာပါပြီ..။ ဒီနေရာမှာ တခုတောင်းဆိုချင်တာက 
မိမိတို့ လုပ်တဲ့ PDF ဖိုင်တွေကို မိမိတို့ ကြိုက်တဲ့နာမည် ပေးလို့ရပါတယ်..
 ဒါပေမယ့် ပိုစ့်ရေးသားသူ(Posted by;........) နေရာမှာတော့ 
အဲဒီပိုစ့်ကို ရေးတဲ့လူရဲ့ နာမည်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံ ပါတယ်...။ 
ဘာလို့လဲဆိုတော့ ပိုစ့်တခုဖြစ်ဖို့ အတွက် အချိန်တွေအများကြီး ပေးရပါတယ်.. 
အဲဒီပိုစ့်ရေးသားသူရဲ့ ပညာ၊ စေတနာ တွေကို လေးစားတဲ့အနေနဲ့ Posted 
by; နေရာမှာ အဲဒီပိုစ့်ရေးသူရဲ့ နာမည်ကို ထည့်ရေးပေးပါလို့ 
ထပ်ဆင့် တောင်းဆိုပါရစေဗျာ..
အောက်ကပုံကတော့ PDF ဖိုင်လုပ်ပါပြီ..။ File ကနေစပြီး နံပါတ်စဉ်တိုင်း နှိပ်သွားလိုက်ပါ..
အောက်ပုံ A နေရာမှာတော့ မိမိတို့ သိမ်းတဲ့ဖိုင်ကို နာမည်ပေးလိုက်ပါ.. ပြီးရင်တော့ Save ကိုဆက်နှိပ်ပါ..
အပေါ်ပုံအတိုင်း ပေါ်လာပြီဆိုရင်တော့ 
ရှာရလွယ်အောင် Desktop နဲ့ Save ကိုနှိပ်ပေးလိုက်ယုံပါပဲ.. 
ခဏစောင့်ပေးပါ..။ အောက်ပုံအတိုင်း ပေါ်လာပါလိမ့်မယ်..
အပေါ်ပုံလေးပျောက်သွားရင်တော့ မိမိတို့ သိမ်းလိုက်တဲ့ ဖိုင်လေးဟာ Desktop မှာပေါ်လာပါပြီ.. Desktop မှာ အောက်ပုံအတိုင်း မြင်နေရပါပြီ..
Desktop မှာပေါ်လာတဲ့ PDF ဖိုင်လေးကို 
၂ချက်တောက် ဖွင့်လိုက်ရင်တော့ မိမိတို့ စက်ထဲမှာရှိတဲ့ PDF Reader လေးနဲ့ 
ပွင့်လာပါလိမ့်မယ်.. ကျနော်စက်မှာ Foxit Reader ကို Install 
ဆွဲထည့်ထားတာ ဖြစ်တဲ့အတွက် ဒီကောင်လေးနဲ့ အောက်ကပုံအတိုင်း ပွင့်လာပါပြီ..
အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေဗျာ..
မူရင်း ... လွင်မင်းဗိုလ်မှ  
No comments:
Post a Comment