ကွန်ပြူတာကို အသုံးပြုနေတဲ့သူငယ်ချင်းတို့တွေဟာ ဖိုင်မျိုးမျိုးကို 
တစ်နေရာကနေ တစ်နေရာကို ကော်ပီကူးတယ်ဆိုတာ မကြာခဏ ဆောင်ရွက်နေကျ 
ကိစ္စမျိုးဖြစ်ပါတယ် ..
ဖိုင်ဆိုဒ်သေးရင် သိပ်မသိသာပေမယ့် ဖိုင်ဆိုဒ်ကြီးကြီးကို 
ကော်ပီကူးတဲ့အခါမှာ အချိန်တော်တော်ပေးရရင် စိတ်ညစ်စရာကောင်းပါတယ် ..
ဒါကြောင့်မို့
 ဖိုင်တွေကို ကော်ပီကူးတဲ့နေရာမှာ အံ့သြစရာကောင်းလောက်အောင် မြန်ဆန်စေတဲ့ 
ဆော့ဝဲလေးတစ်ခုကို သူငယ်ချင်းတို့အတွက် မျှဝေပေးလိုက်ပါတယ် .. 
ကော်ပီကူးတဲ့နေရာမှာတော့ ပုံမှန် နာရီဝက်လောက်ကြာအောင် 
ကူးရတဲ့ဖိုင်တစ်ခုကို 5 မိနစ်အတွင်း အပြီးကူးပေးနိုင်တဲ့ ဆော့ဝဲလေးပါ .. 
လိုချင်တယ်ဆိုရင်တော့ ဒီမှာနှိပ်ပြီး ဒေါင်းလိုက်ပါ ..
ဒေါင်းလို့ရလာတဲ့ဖိုင်ကို
 ဖြည်လိုက်ရင် အထဲမှာပါတဲ့ exe ဖိုင်ကို Run လိုက်ပါ .. install 
လုပ်လို့ပြီးသွားရင် Restart တောင်းပါလိမ့်မယ် .. OK ပေးလိုက်ပါ ..
သူ့ကို
 install လုပ်ပြီးတဲ့အချိန်ကစပြီး ဘယ်ဖိုင်ကို ကော်ပီကူးတာပဲဖြစ်ဖြစ် အဲဒီ 
Program က သူ့အလိုလိုဝင်ပြီး အလုပ်လုပ်သွားပါလိမ့်မယ် .. Key ဖြည့်စရာမလို 
Register လုပ်စရာမလိုတဲ့ Full Version ဆော့ဝဲလေးမို့ သူငယ်ချင်းတို့အတွက် 
အချိန်ပြည့်အထောက်အကူပြုပေးနေမယ် ဆော့ဝဲလေးဖြစ်တယ် .. 
နည်းပညာလေ့လာနေတဲ့ သူငယ်ချင်းအားလုံးကို လေးစားချစ်ခင်လျှက်















ဒေါင်းလို့ မရတော့ဘူးအကို ပြန်တင်ပေးပါလား
ReplyDeleteကျေးဇူးပါအကို