Showing posts with label နည်းပညာများ. Show all posts
Showing posts with label နည်းပညာများ. Show all posts

Friday, February 7, 2014

Android သုံး ဖုန်း Power စဖွင့်တာနဲ့ အဆင့်ဆင့် ဘယ်လို အလုပ်လုပ်သလဲ


ပထမအဆင့်
Power စဖွင့်တာနဲ့ ROM ထဲမှာရှိတဲ့ Boot ROM Code က စပီးအလုပ်လုပ်ပါတယ်၊ Boot ROM Code လုပ်တဲ့အလုပ်က Bootlaoder ကို RAM ထဲကို ၀န်တင်တယ်၊ RAM ထဲရောက်တဲ့ Bootloader စတင်အလုပ်လုပ်တယ်၊

ဒုတိယ အဆင့်
Bootloader ဆိုတာ Software Program သေးသေးလေးပါ၊ သူ့ထဲမှာ ကုတ်တွေရေးထားတယ်၊ အဲ့ဒီ့ကုတ်တွေက Bootloader လုပ်မယ့် အလုပ်ဖြစ်တဲ့ ညွန်ကြားချက်တွေပါ၊ Bootloader စတင်အလုပ်လုပ်တဲ့ အခါမှာ အဆင့် နှစ်ဆင့် နဲ့ အလုပ်လုပ်ပါတယ်၊ ပထမအဆင့်က Network, Memory တို့လို လိုအပ်သမျှ Program တွေ အားလုံးကို External RAM ထဲကို ၀န်တင်ပါတယ်၊ ဒုတိယ အဆင့်မှာတော့ Kernel စတင် အလုပ်လုပ်ဖို့လိုအပ်တဲ့ Network နဲ့ Memory တို့ကို စတင်စေပါတယ်၊ ဒီဆင့်ကဲဖြစ်စဉ်နှစ်ခုကို ဖြစ်ပေါ်စေတာက init.S ဆိုတဲ့ Stack တွေခွဲခြားတဲ့ဖိုင်ပါ၊ သူက Stacks တွေကို ခွဲထုတ်ပီး BSS Segments တွေကို 0 ကနေစတင်စေတယ်၊ ပီးတော့ main.c ဖိုင်ထဲက _main() funciton ကိုခေါ်တယ်၊ _main() Function က Hardware အစိတ်အပိုင်းတွေဖြစ်တဲ့ Clock,borad,keyboard,console တို့ကို စတင်တယ် အဓိက ဖြစ်တဲ့ Linux Tag ကိုဖန်တီးတယ်၊ Linux Tag က linux kernel image ကို RAM ပေါ်မှာ ၀င်တင်ပီးတော့ စတင်အလုပ်လုပ်စေတယ်၊

Android နှင့်ပက်သက်၍ အနည်းဆုံး သိသင့်သမျှ



Android ကိုစတင်လေ့လာဖို့ကျိုးစားနေသူတွေအနေနဲ့ အများပြောနေကြတဲ့
Bootloader , Firmware, ADB , Stock ROMs, Custom ROMs, OS Kernel,
ClockworkMod, Flashing , Rooting , Baseband စသဖြင့် စာလုံး အထူး
အဆန်းတွေခြည်းတွေ့ရလို့ လေ့လာချင်စိတ်ကုန် သွားတတ်သလို့၊ တစ်လုံး စီနဲ့
သူတို့ရဲ့ သီးသန့် အလုပ်လုပ်ပုံကို အတိအကျ မသိရင် နာမည်သာခေါ်နေပေမယ့်
အနှစ်သာရ မဲ့နေတတ်ပါတယ်၊ တကယ်လေ့လာလိုသူတွေအနေနဲ့ လဲ တစ်ခုစီရဲ့
အဓီပါယ်နဲ့ အသုံးဝင်ပုံ အသေးစိတ်အလုပ်လုပ်ပုံတို့ကို သေချာ သိကိုသိထား
ရပါမယ်၊ ဒီပို့စ်မှာ အထက်က စာလုံးတွေအကြောင်း ရှင်းသွားပေးပါမယ်၊
တကယ်ပညာရှင်အဆင့် တက်လှမ်းချင်သူတွေအတွက် Open Source ဖြစ်တဲ့ Android က
မည်သူမဆို ဒေါင်းယူနိုင်ပီး ကြိုက်သလို ဖြတ်နိုင် ပြင်နိုင် ပါတယ်၊
စိတ်ကြိုက်ပြောင်းနိုင် မိမိနဲ့ အသင့်တော်ဆုံး ဖြစ်တဲ့ System
တစ်ခုဖြစ်သွားတဲ့ အထိ ပြုပြင်ယူလို့ရပါတယ်၊

Tuesday, August 20, 2013

Facebook မှာ GIF လှုပ်ရှားနေတဲ့ ပုံ တင်နည်း

ဖေ့ဘွတ်ကို Gif ပုံတွေတင်တဲ့နည်းလမ်းလေးကိုပြောပြပေးမှာဖြစ်ပါတယ်။ မသိသေးသူများအတွက် ပြန်လည် မျှဝေလိုက်တာပါ...။သိပြီးသားသူများကတော့ ကျော်ဖတ်သွားပေးပါခင်ဗျာ.....
ပထမဆုံး  ဒီလင့်လေးကိုသွားလိုက်ပါ 


မိမိဖေ့ဘွတ်အကောက် နှင့် Log in ကိုအရင်ဝင်မှသာရမှာဖြစ်ပါတယ်။UPLOAD ANIMATED GIF ဟူသော စာသား(Buttom) လေးကို ကလစ်ပြီး မိမိကွန်ပျူတာထဲရှိ Gif ပုံကိုရွေးပြီး Upload တင်ပေးပါ..

Thursday, August 8, 2013

Facebook တွင် မဟုတ်တာတင်ရင် မဆဲပါနှင့် Report သာလုပ်လိုက်ပါ

Facebook တို့ Blogger တို့ဟာ ဒီမိုကရေစီနည်းလမ်းကျကျနဲ့ လည်ပတ်နေပါတယ်။ ကျွန်တော်တို့ကို ကြိုက်တာတင်ခွင့်၊ ရေးခွင့်ပေးထားပါတယ်။ ဒါပေမယ့် အများထင်နေကြသလိုမျိုး စည်းမဲ့ကမ်းမဲ့တော့ မဟုတ်ပါ။ လူတစ်ယောက် တင်တဲ့အကြောင်းအရာ၊ ဓာတ်ပုံ စတာတွေဟာ မူပိုင်ခွင့်နဲ့ငြိစွန်းရင်၊ လူမျိုးရေးဘာသာရေးတိုက်ခိုက်မှုဖြစ်ရင်၊ လိင်ပိုင်းဆိုင်ရာ ရိုင်းစိုင်းမှုတွေပါရင်၊ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေဆိုရင် Report လုပ်ပြီး ဖျက်ဖို့တောင်းဆိုနိုင်ခွင့်တွေ ပေးထားပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့အနေနဲ့ အထက်ပါအကြောင်းအရာမျိုးတွေ တစ်စုံတစ်ယောက်က သူ့ Facebook မှာ တင်တဲ့အခါမှာ ၀ိုင်းပြီးတော့ ဆဲနေမယ့် အစား Facebook ဆီ Report ၀ိုင်းတင်ပြီး ဖျက်ပေးဖို့ တောင်းဆိုနိုင်ပါတယ်။ Report တင်တဲ့သူများရင် Facebook က ဖျက်ပေးမှာ အသေအချာပါပဲ။ Facebook ရဲ့ အယူအဆကတော့ ရှင်းပါတယ်။ အများက လက်မခံရင် သူတို့ဘက်က ဖျက်ပေးမယ်ဆိုတာပါပဲ။



ပုံမှာပြထားသလိုမျိုး သူတင်လိုက်တဲ့ Status ရဲ့ ညာဘက်ထောင့်မှာရှိတဲ့ ကြက်ခြေခတ် ခလုတ်လေးကိုနှိပ်ပြီး Report/Mark as Spam ကို ရွေးပေးပါ။ အဲဒီအခါမှာ ပုံ(၂)မှာ ပြထားသလိုမျိုး Thanks for Your Help ဆိုတဲ့ စာတမ်းပေါ်လာပါလိမ့်မယ်။ အဲဒီမှာပါတဲ့ Report ဆိုတဲ့ Link ကို ထပ်နှိပ်ပါ။

Facebook ကို လျှင်မြန်စွာသုံးနိုင်မယ့် Shortcut key များ

Facebook အလွယ်သုံး Short Cut ကီးများ

တကယ်သုံးလို့ရပါတယ်။ ပုံမှာ click ထောက်ပြီး Cap lock ဖွင့် L နှိပ်လိုက် တာ ပုံကို Like လုပ်မယ် မလုပ်မယ် confirm ဖြစ်အောင် နောက် တစ်ခါ ထပ်မေးပါတယ်။ Don't ask me again မှာ အမှန်ခြစ်ထားလိုက် ရင် နောက် ဘယ်ပုံကိုပဲ ဖွင့်ပြီး ကြည့်ကြည့် မောက်စ်နဲ့ ရှာ Like စရာ မလိုပဲ ကီးဘုတ် L ကီးနဲ့ Like နိုင်မှာ ဖြစ်ပါတယ်။

Facebook မှာ Short Cut ကီးများစွာ အသုံးပြုလို့ ရပါတယ်။ သို့ပေမယ့် ဒါကတော့ အများစု အသုံးပြုနေကြတဲ့ key တွေပါ။
အခြားသော Short cut ကီးများကိုလည်း ဆိုင်ရာရာ အသုံးပြုလို့ရပြီး စာဖတ်သူတို့ ကိုယ်တိုင် စမ်းသပ် အသုံးပြုနိုင်ပါတယ်။
Ref: techblog
ရိုးရာလေး

ဖုန်းမလိုပဲ.. Gtalk & Facebook အကောင့်သစ်ဖွင့်နည်း




   မင်္ဂလာပါ ကျနော်ကတော့ Myanmar IT Helper ပါ      ဒီနည်းလေးကတော့..အရင်က.. Technological Villa မှာ.တင်ပေးဘူးပါတယ်..။ ဒါပေမယ့်.. သိပ်မရခဲ့ပါဘူး.။ ခုတော့.. ဘာမှ.စိတ်မပူနဲ့တော့.. ဖုန်းနာပါတ်တောင်းလည်း.ကိစ္စမရှိတော့ပါဘူး.. Virtual phone number လေးသုံးပြီး.. Google နဲ့ Facebook ကို..လှည့်စားလိုက်ကြရအောင်.. ^_^

        ပထမဆုံး..Gmail account အသစ်ဖွင့်နည်းလေး..ပြောလိုက်ကြရအောင်..
ထုံစံအတိုင်း.. အကောင့်သစ်ဖွင့်ချင်ရင် www.gmail.com ကိုသွား.. ညာဘက်က.. Create New Account ကိုနှိပ်လိုက်ပါ..။
Form ဖြည့်ဖို့ကျလာရင်.. ကိုယ်ကြိုက်တဲ့နာမည်နဲ့... password တွေပေးပြီးဖြည့်လိုက်ပါ...။

Friday, August 2, 2013

Networking အကြောင်း (၁)



What is a Network?
Network ဆိုတာက ဘာလဲ။ Network ဆိုတာက ကွန်ပျူတာတစ်လုံးနဲ့တစ်လုံးချိတ်ဆက်ထားတဲ့ကွန်ရက်ကို Network လို့ခေါ်တယ်။ Network မှာ LAN (Local Area Network) နဲ့ WAN (Wide Area Network) ဆိုပြီးရှိတယ်။
LANs ဆိုတာဘာလဲ။ ဥပမာပြောရရင် အခန်းတစ်ခန်းတည်းက၊ အိမ်တစ်လုံး၊ အဆောက်အဦးတစ်ခု၊ ကုမ္ပဏီရုံးခန်းတစ်ခုမှာကွန်ပျူတာ ၁၀ လုံးရှိတယ်။ အဲဒီကွန်ပျူတာ ၁၀ လုံးက တစ်လုံးနဲ့တစ်လုံး Network ချိတ်ထားတယ်ဆိုပါစို့။ တစ်ခြား ကွန်ပျူတာနဲ့ဆက်စပ်တဲ့ Devices (Printer, Scanner) တွေနဲ့လည်း Network ချိတ်ဆက်ထားတယ်။ အဲဒါကို Local Area Network (LAN) ချိတ်တယ်လို့ခေါ်တယ်။
အဲဒါဆိုရင် WAN ကရောဘာလဲ။ သူကတော့ အခန်းတစ်ခန်းထဲမှာမဟုတ်တော့ဘူး။ မတူညီတဲ့နေရာဒေသက ကွန်ပျူတာတွေနဲ့ချိတ်ဆက်ထားမယ်။ တစ်မြို့နယ်နဲ့တစ်မြို့နယ်၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံကို ကွန်ပျူတာတစ်လုံးနဲ့တစ်လုံးပဲဖြစ်ဖြစ်၊ LAN ချိတ်ထားတဲ့ကွန်ပျူတာတွေအချင်းချင်းပဲဖြစ်ဖြစ် ချိတ်ဆက်ထားမယ်ဆိုရင် အဲဒါကို WAN (Wide Area Network) လို့ခေါ်တယ်။ Internet ကလည်း WAN ပဲ။

Wednesday, July 31, 2013

GSM ဖုန်းတွေအတွက် Call Waiting နဲ့ Call Forwarding Service

Android ဖုန်းတော်တော်များများရဲ့ Call Setting ထဲကိုဝင်ကြည့်လိုက်ရင်
Call Waiting ၊ Call Forwarding အစရှိတဲ့ Funcation တွေကိုပါဝင်တာ
တွေ့ရပါလိမ့်မယ်၊ ဒါပေမဲ့ သုံးလို့မရပါဘူး ဘာလို့လဲဆိုတော့ လက်ရှိ
ကျွန်တော်တို့တွေသုံးနေတဲ့ MPT ကဖွင့်ပေးမထားလို့ပါပဲ ၊

ဟိုးအရင်ကတော့ မြန်မာနိုင်ငံမှာ အဲဒီ Service မပေးပါဘူး ၊ အခုကတော့
(ဘယ်တုန်းစရလဲသေချာမသိပါ) ပိုက်ဆံပေးရင်လျောက်လို့ရပါပြီ ၊

Video ကို Wallpaper အဖြစ်အသုံးပြုနည်း

ဓာတ်ပုံတွေကိုပဲသုံးရတာပြင်းစရာကောင်းပါ တခါတလေအပြောင်းအလဲလေးဖြစ်အောင်သုံးကြည့်ရအောင်ပါ VLC Player နဲ့သုံးတာပါ ရှိမယ်လို့ထင်ပါတယ် သူနည်းသူသုံးများတဲ့ Player ပဲကို
၁.VLC Player ကိုဖွင့်လိုက်ပါ
၂.Tools=>Preference ကိုသွားပါ(Ctrl+P နှင့်လည်းသွားနိုင်ပါတယ်)
၃.Directx Video Output ကိုရွေးပါ ကျတော်အောက်မှာပြထားတဲ့ပုံကိုကြည့်ပါ

Thursday, July 25, 2013

RAM ဆိုတာ ဘာလဲ


အခြေခံ သိသင့်တဲ့ ဗဟုသုတလေးပါ။ မေးလာသူ ရှိလို့ မသိသူများ အလွယ်ကူဆုံး နားလည်အောင် ရှင်းပြလိုက်ရ ပါတယ်။

RAM ဆိုတာ ၁၀ တန်းတုန်းက သင်ရတဲ့ စာအတိုင်း ပြောရရင် Read and Write ရတဲ့ Memory လို့လွယ်လွယ်မှတ်ယူနိုင်ပါတယ်။ ရေးလို့လည်းရ၊ ဖတ်လို့လည်းရဆိုတော့ အဲ့ RAM အပြားအချပ်က စာအုပ်တစ်အုပ်များလား လို့ အဲ့တုန်းကတည်းက ကလေးတွေးနဲ့ တွေးဖူး ပါတယ်။ ဒီလိုရှိပါတယ် -


RAM ဆိုတာ

Random Access Memory ပါ။ မြန်မာလို တိုက်ရိုက် ဘာသာ ပြန်တော့ ကျပန်း ဝင်ရောက်နိုင်သော သိမ်းဆည်းသူပေါ့။ သို့ပေမယ့် နည်းပညာ ကျကျ ပြောရင် RAM လို အင်္ဂလိပ်လိုမှတ်တာ အကောင်းဆုံးပါပဲ။ ကျပန်း ဆိုတာ ဒီလိုပါ။ ၁ ကနေ ၁၀ အထိဆီစားရင် ROM က အစဉ်လိုက် ထုတ်ပေးပါတယ်။ ဥပမာ ကွန်ပြူတာ တစ်လုံး Power On လိုက်တဲ့အခါ Command Line ပေါ်လာမယ်။ Windows Version ဘယ်လောက်ဆိုပြီး Screen တက်လာမယ်။ ပြီးတော့ Home Screen အစရှိသဖြင့်တို့က ROM မှာ သိမ်းဆည်းထားတဲ့ Memory ဖြစ်ပြီး အစဉ်လိုက်ကို ထုတ်ပေးပါတယ်။ ဒါကြောင့် ကွန်ပြူတာဖွင့်ဖွင့်ချငး Home Screen အတန်းပေါ်လို့ မရပါဘူး။ ROM မှာကိုက အစဉ်လိုက်သွားလိုက် လုပ်ပေးထားပါတယ်။ ဖျက်လို့မရဘူး လို့အကြမ်းဖျင်း မှတ်သားထား နိုင်ပါတယ်။

Tuesday, July 23, 2013

RAR File နဲ့ ZIP File တွေ password မသိတော့ရင် အလွယ်ကူဆုံးဖြည်နည်း


Break/Unlock/Remove WinRAR Password

ဒီနေ့ ကျွန်တော့် စာဖတ်မိတ်ဆွေများထဲက နည်းပညာပိုင်း အားနဲ့တဲ့ ပရိတ်သတ်တွေ အတွက် ရည်ရွယ်ပြီး ဒေါင်းလော့ချထားတဲ့ File တွေမှာ ပတ်ဝတွေနဲ့ ဖြစ်နေတာ မသိတော့ ဖြေမရဖြစ်နေတာ တွေ အတွက် လွယ်ကူရိုးရှင်းတဲ့ rar zip password ဖြေနည်းလေး ပြောပေးလိုက်ပါတယ် ဒီနည်းအတွက် winrar ဆော့ဝဲလ်နဲ့ အင်တာနက် ရှိဖို့တော့လိုပါတယ် winrar ကတော့ စက်တိုင်းနီးပါးရှိပါလိမ့်မယ်

Wednesday, July 17, 2013

Online တွင်အမှန်အကန် ငွေပေးကြမ်းသော PTC Website နှစ်ခု မိတ်ဆက်

အင်တာနက်မှာငွေရှာဖွေနေသော ညီအစ်ကို မောင်နှမများအတွက် အမှန်အကန်ငွေပေးကြမ်းတဲ့ Website အသစ်နှစ်ခု မိတ်ဆက်ပေးလိုက်ပါတယ်...Neobux , Probux ထက်ငွေပေးပိုကြမ်းပါတယ်ခင်မျာ. ငွေရှာနည်းအကြောင်းမသိသေးတဲ့သူများအတွက်ကတော့
ဒီမှာ စာအုပ်ဒေါင်းပြီးဖတ်နိုင်ပါတယ်..အခု ဖော်ပြတဲ့ ၀ဘ်ဆိုဒ်နှစ်ခုမှာတော့ Bot စနစ်မသုံးဘဲ လက်နဲ့ဘဲ
Click ရမှာဖြစ်ပါတယ်..Member ၀င်ပြီးတာနဲ့.. View Ads ကိုနှိပ်ပါ..Click လုပ်ရမယ့်ကြော်ငြာတွေ တွေ့ပါ

ဖုန်း ဘက်ထရီနှင့် ပက်သက်၍ ရှောင်ရန်အချက်များ


ဒီတစ်လော သတင်းတွေကြားနေရပါတယ်။ iPhone 5 ကြောင့် ဓာတ်လိုက်သေရတဲ့ လေယာဉ်မယ် သတင်း၊ Samsung Galaxy S3 အိပ်ကပ်ထဲမှာ ပေါက်ကွဲတဲ့သတင်းတို့အပြင် ဖုန်းပေါက်ကွဲမှုနဲ့ ပက်သက်တဲ့ သတင်းများ၊ လူသေမှုသတင်းများ ဖြစ်ပါတယ်။

၂၀၀၉ ခုနှစ်ကစလို့ သိသိသာသာ မြင့်တက်လာတဲ့ သတင်းတွေပါ။ အဖြစ်များတာ ကတော့ တရုတ်ပြည်မှာပါ။ အကြောင်းကတော့ အာမခံချက် နည်းတဲ့ ပစ္စည်းကြောင့်မို့ ဖြစ်ပါတယ်။ ဖုန်းကို အားသွင်းနေ ရင်း ပြော တာကြောင့်ရော၊ အချိန်လွန်သွင်းတာတွေကြောင့်ရော ဖြစ်ပါတယ်။

Apple ကတော့ ပြန်လည်စစ်ဆေးမှုပြုလုပ်နေတယ်လို့ ဆိုပါတယ်။ Apple ပစ္စည်းက ဓာတ်လိုက်တတ်ပါတယ်။ အထူးသဖြင့် Macbook တွေမှာ သိသာပါတယ်။ သံမန်သလင်းပေါ်မှာ ဖိနပ်မစီးဘဲ အားသွင်းထားတဲ့ Macbook ကိုကိုင်ရင် ဓာတ်လိုက်တာ ကိုယ်တွေ့ပါပဲ။ iPhone ကတော့ မသိပါဘူး။

Tuesday, July 16, 2013

ကွန်ပျူတာဖြင့် “ခြင်” နှိမ်နှင်းနည်း


တကယ်အသုံးဝင်တဲ့ နည်းလမ်း ဖြစ်ပါတယ်။ ခြင်ဆေးခွေ နဲ့၊ ခြေဆေး ရည်ဘူး အနံ့များနဲ့ ခြင်ကို နှိမ်နှင်းတာ ထက်စာရင်အများကြီး အကျိုးရှိတဲ့ နည်းလမ်းဖြစ်ပါတယ်။ ပိုက်ဆံလည်း မကုန်၊ ကျန်းမာရေးလည်း ညီညွတ်စေပါတယ်။ ကွန်ပျူတာနဲ့ Sound box ရှိရင် လုပ်လို့ရတဲ့ နည်းလမ်း ဖြစ်ပါတယ်။

တုန်ခါမှု - Vibration အသံနဲ့ခြင်တွေကို အခန်းတွေကနေ နှင်ထုတ်နိုင်တဲ့နည်းလမ်းဖြစ်ပါတယ်။ ပုဇင်းရင်ကွဲ တစ်ကောင်ရဲ့ အသံ တုန်ခါမှုပမာဏ ရှိတဲ့ Audio file ကိုဖွင့်ပေးလိုက်ရင် ခြင်များ သူ့အလိုအလျောက် ထွက်ပြေး မှာ ဖြစ်ပါတယ်။ဒီတော့ အခန်းတစ်ခန်းလုံး ကြားရလောက်အောင် မြည်မယ့် စပီကာတော့ လိုအပ်ပါတယ်။ နည်းစနစ်ကျကျဆိုရင် အခန်းရဲ့ လေး ဘက်လေးတန်မှာ စပီကာလေးလုံးချပြီး တစ်လုံးနဲ့တစ်လုံး ကြားနိုင်လောက်တဲ့ အနေအထားလို့ဆိုပါတယ်။အမှန်တော့ စပီကာတစ်လုံးတည်းရှိလည်း တစ်ခန်းလုံး ကြားနိုင်လောက်တဲ့အသံထိ မြင့်တင်ပေးရင် ရပါတယ်။ စပီကာပိုရှိလေကောင်းလေပဲ ဖြစ်ပါတယ်။ ဒါကြောင့် အောက်ဖော်ပြပါ အဆင့်အတိုင်းသွားရန် လိုအပ်ပါတယ်။

Windows Update တွေဖြစ်နေတာကို ပိတ်ရအောင်


ဒါကတော့ Windows Update ပိတ်ချင်သူများအတွက် သွားပိတ်ရမယ့်နေရာလေးတွေကို ပြပေးလိုက်တာပါ..။ ဘာကြောင့် Windows Update လုပ်တာလဲ..။  အခုဒီနည်းက ကွန်ပျူတာ ရောင်းတဲ့ဆိုင်တွေမှာ စက်ဝယ်တဲ့အခါ Original Windows မပါရင်၊ သူတို့ ဘာသာ Windows တင်ပေးတတ်ပါတယ်..။   အဲလိုအခါမျိုးကျရင် Windows Update မတက်အောင် အခုကျနော်ပြတဲ့ နည်းလေးတွေနဲ့ ပိတ်ပေးလိုက်ကြပါတယ်..။ နောက်တခုက Windows တင်တင်ချင်းမှာလဲ Update မတက်အောင် ပိတ်ခဲ့ရတဲ့ နေရာတခုရှိပါတယ်..။
Automatically Windows Update အင်တာနက်လိုင်းဖွင့်တာနဲ့ အော်တိုမက်တစ် Update လုပ်မယ်ဆိုတဲ့ နေရာမှာ အမှန်ခြစ်လေး ဖြုတ်ပေးခဲ့ရမှာ ဖြစ်ပါတယ်..။ သူကတော့ ဝင်းဒိုးတင်တဲ့အချိန်မှာ လုပ်ရတာဖြစ်တဲ့အတွက် ပုံနဲ့ပြပေးဖို့ ခက်ပါတယ်..။ ဒါကြောင့် စာပဲရေးပြပေးလိုက်တာပါ..။ အခုလုပ်ရမယ့် အဆင့်တွေကတော့ အောက်ကပုံလေးတွေအတိုင်းပါပဲ..။

Thursday, July 11, 2013

သပ်ရပ်လှပတဲ့ PDF Files များဖန်တီးခြင်း


ဒါကတော့ PDF Files များဖန်တီး ချင်တဲ့သူများအတွက်ပါ..။ ကျနော့်ဆိုဒ်က ပိုစ့်တွေကိုပဲ ဖြစ်ဖြစ်၊ တခြားဆိုဒ်တွေက ပိုစ့်တွေကိုပဲဖြစ်ဖြစ်၊ မိမိတို့ ကြိုက်တဲ့ အသုံးဝင်တဲ့ပိုစ့်တွေကို ဒီလို PDF ဖိုင်လေးတွေလုပ်ပြီး သိမ်းထားမယ်ဆိုရင် မိမိတို့ ဘယ်နေရာပဲရောက်ရောက် အလွယ်တကူပြန်ကြည့်လို့ ရမှာဖြစ်ပါတယ်..။ ကျနော့်ဆိုဒ်ကပိုစ့်တွေကို PDF ဖိုင်နဲ့ တင်ပေးဖို့ တောင်းထားတဲ့ သူငယ်ချင်းများလည်း ရှိခဲ့ပါတယ်.. အကြောင်းအမျိုးမျိုးကြောင့် ကျနော့်ရဲ့ ပိုစ့်တွေကို PDF ဖိုင်လုပ်ပြီး  မတင်ပေးဖြစ်ခဲ့ပါဘူး..။ ဒါကြောင့် မိမိတို့ ကိုယ်တိုင် PDF ဖိုင်လေးတွေပြုလုပ်တတ်အောင်လို့.. နောက်ပြီး ကျနော့်ဆိုဒ်က လုပ်နည်းကိုင်နည်းနဲ့ ပါတ်သက်တဲ့ ပိုစ့်တွေကို ကျနော် PDF ဖိုင်နဲ့ မတင်ပေးနိုင်ခဲ့တဲ့အတွက် မိမိတို့ ကိုယ်တိုင် PDF ဖိုင်လေးတွေ ပြုလုပ်ပြီးသိမ်းတတ်အောင်လို့.. ဒီနေ့ PDF ဖိုင်လုပ်နည်း ပိုစ့်လေးကို တင်လိုက်ရပါတယ်.. လိုအပ်တဲ့ ဆော့ဝဲလ်ကတော့ PDF Creator နဲ့ Microsoft Office Word 2010 ကို မိမိတို့ စက်ထဲမှာ Install ဆွဲထည့်ပါ.. ပြီးရင်တော့ Office Word 2010 ကိုဖွင့်ပြီး.. လုပ်နည်းကတော့ အောက်ကပုံလေးတွေ အတိုင်းပါပဲ...။

Computer Memory ကို Software မသုံးဘဲနဲ့ ဘယ်လိုပေါ့အောင်လုပ်မလဲ ?

ကွန်ပျူတာစဖွင့်လိုက်ပြီဆိုတာနဲ့ အဓိက လုပ်ငန်းတာဝန်များကို လက်ခံဆောင်ရွက်ပြန်ကြားပေးရတဲ့ အရေးကြီးအစိတ်အပိုင်းတွေထဲမှာ Memory ဟာ ထိပ်ဆုံးကဖြစ်ပါတယ်..ကွန်ပျူတာမှာ Software , Games , Firefox ,chrome အစရှိသည်တို့ကိုအလွန်အကျွံဖွင့်ခြင်းကြောင့် Memory နေရာယူမှုအလွန်တိုးပွားလာပြီး
စက်လေးသွားခြင်း..လုံးဝထိုးရပ်သွားခြင်းမျိုးဖြစ်တတ်ပါတယ်..ဒီလို မျိုးဖြစ်လာပြီဆိုရင်တော့ အခုဖော်ပြပေး
မယ့်ဖြေရှင်းနည်းလေးက များစွာအကူအညီပေးပါလိမ့်မယ်..လွယ်ပါတယ်...ကဲကြည့်လိုက်ရအောင်..

( 1 ) Notepad ကိုဖွင့်လိုက်ပါ

Wednesday, July 10, 2013

ကွန်ပျူတာထိုးရပ်သွားစေနိုင်တဲ့အကြောင်းရင်းများ


ကွန်ပျူတာထိုးရပ်သွားစေနိုင်တဲ့အကြောင်းရင်းများ အနက်ပြသနာတစ်ခုက memory ပါသူ့  ပြဿနာကလည်း Blue death screen တက်လာပြီး Fatal Exception Error ဖြစ်စေနိုင်တဲ့အကြောင်းရင်းတစ်ခုပါပဲ။ ဒီmemoryကြောင့်ဖြစ်တဲ့ ပြဿနာကလည်း အတော်များများကြုံတွေ့ရလေ့ရှိပါတယ်။fatal error ဆိုတာက Hardware နဲ့ပါတ်သတ်ပြီး ပြဿနာကြီးကြီးမားမားတစ်ခုရှိနေပြီဆိုတာကိုညွှန်ပြခြင်းပါပဲ။

တစ်ခါတလေမှာ….လုံးဝသုံးမရတော့ဘဲ အသစ်တစ်ခုအစားထိုးရတော့မယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။

ဒါပေမယ့် memory ကြောင့်ဖြစ်တဲ့ Fatal error ဆိုရင်တော့ chips အချင်းချင်း တွဲဖက်မညီတဲ့အခါမျိုးမှာလည်းဖြစ်တတ်ပါတယ်။ဥပမာ - 70ns Ram နဲ့ 60ns Ram နှစ်ချောင်းကိုတွဲစိုက်ထားမယ်ဆိုရင်ပိုနှေးတဲ့ 60ns နဲ့ပဲ ကွန်ပျူတာက အလုပ်လုပ်မှာပါပဲ။အဲဒါကိုမှmemory
ကို overworked ဖြစ်စေတဲ့ Program မျိုးကိုဖွင့်လိုက်တဲ့အခါမှာ၊Memory များများသုံးတဲ့ software တွေကိုသုံးလိုက်တဲ့အခါမျိုးမှာကွန်ပျူတာက….Crash ဖြစ်သွားတော့တာပါပဲ။သူမှာက 70ns Ram လည်းရှိနေတော့ အဲဒီအမြန်နှုန်းနဲ့သုံးဖို့ကြိုးစားပါလေရော။ဒါပေမယ့် 60ns Ram ကမလိုက်နိုင်တဲ့အခါ…ထိုးရပ်သွားတော့တာပေါ့။

Tuesday, July 9, 2013

မိမိကွန်ပျူတာ Hangs ရခြင်းအကြောင်း (၁၀)ချက်


ကျွန်တော်တို့ ကွန်ပျူတာ ကိုသုံးနေရင် Hangs တာမျိုး Crashes ဖြစ်တာ မျိုး ကြုံဖူးကြမှာပါ။ ဘာကြောင့်ဖြစ်တာလဲဆိုရင် ကျွန်တော်တို့ မိမိတို့ စက် မှာ မလိုအပ်တဲ့ process တွေ အလုပ်လုပ်နေလို့ ဖြစ်ပါတယ် အဲဒီလို မဖြစ် ရအောင် ဖြေရှင်းနည်း (၁၀) ချက်ရှိတယ်။

1. မိမိတို့ computer မှာ ctrl+alt+ delete key (တစ်ချို့စက်တွေမှာ ctrl+shift+Esc ) နိုပ်ပြီ Task manager ကိုခေါ်လိုက်ပါ။ ပြီရင် processes ထဲမှာ ကို အသုံးမလိုတဲ့ software တွေကို End Process လိုက်လုပ်ပါ။
 

2. နောက်တစ်ခုက virtual memory တိုးပေးတာဖြစ်ပါတယ်။ ကျွန်တော်တို့ program တွေ အများကြီး run ထားတဲ့အခါ virtual memory မလုံလောက် တဲ့အတွက် စက် Hangs တာမျိုးတွေ ဖြစ်တက်ပါတယ်။ 


3. နောက်တစ်ခုကတော့ ကျွန်တော်တို့ Browser တွေရဲ့ History တွေကို ဖျက်ထုတ်တာဖြစ်ပါတယ်။ ccleaner software နဲ့ ဖြေရှင်းက အတော် ကောင်းတယ်။ software မသုံးချင်တဲ့ သူငယ်ချင်းများအတွက် Internet explorer မှာ Tools ဆိုတာ တွေ့ကြမှာပါ။ အဲဒီမှာ internet option ထဲက General မှာ clear History ကို click လိုက်ပြီ ok ပေးလိုက်တာပါ။ Firefox မှာလဲ ကျွန်တော်တို့ option ထဲက privacy ထဲမှာ private ထဲက setting မှာ ကျွန်တော်တို့ clear ပေးလိုက်ပါ။ Browser History တွေကို ပြောတာနော်။
 

Friday, July 5, 2013

ဟက်ကာ OS သို့မဟုတ် BackTrack OS



အိုင်တီ လောကသားတို့ တော်တော်များများ သိကြပါတယ်။ သို့သော် သာမန် အင်တာနက် အသုံးပြုနေတဲ့ သူများ ဗဟုသုတ အနေနဲ့ သိထားရအောင်ပါ။

သူ့ကို Security Testing OS လို့လည်း ခေါ်ပါတယ်။ လုံခြုံရေး လေ့ လာ စောင့်ကြည့်ပေးတဲ့ ကွန်ပြူတာ Operating System လို့ ဆိုလိုပါတယ်။ အဓိကကတော့ အင်တာနက် ကွန်ရက်က အားနည်းချက် များကို ရှာဖွေဖို့ အဓိက သုံးတဲ့ OS ပါ။ Networking သမားတို့ ပိုသုံးကြပါတယ်။ ဆိုင်ဘာ လုံခြုံရေးလိုင်း လေ့လာလိုက်စားနေသူများ အတွက် မရှိမဖြစ် OS လည်း ဖြစ်ပါတယ်။ သူက Unix-like OS ကို အခြေခံပြီး ရေးထားတဲ့ Open Source OS ပါ။  ၂၀၁၂ခုနှစ် သြဂုတ် ၁၃ က နောက်ဆုံးဗားရှင်း ထွက်ရှိထားပါတယ်။ သူ့ကို BackTrack 5 R3 လို့ အမည်ပေးပါတယ်။

OS တစ်ခုလုံးမှာ Network အားနည်းချက်၊ ချို့ ယွင်းချက် ရှာဖွေပေးမယ် Tool တွေ၊ ကွန်ပြူတာ လုံခြုံရေးစနစ်တစ်ခုလုံးကို Penetration test လုပ်ပေးမယ့် ဆော့ဖ်ဝဲ (Tool) တွေ စုံစုံလင်လင်ပါရှိပါတယ်။

အသေးစိတ်ကို BackTrack ရဲ့  အောက်ပါ Official Website မှာ ဝင်ရောက် လေ့လာနိုင်ပါတယ်။

http://www.backtrack-linux.org/

ref:TechSpace Web Blog

Related Posts Plugin for WordPress, Blogger...