ဒါလေးကတော့
Drivers တွေကို Backup လုပ်ထားဖို့ပါပဲ..။ ဘာလို့လဲဆိုတော့
မိမိတို့ကွန်ပျူတာကို ဝင်းဒိုးအသစ်တင်တဲ့ အခါတွေမှာ Drivers
တွေပျောက်သွားတတ်ပါတယ်..။ အဲဒီလိုအခါမျိုးတွေမှာ ဒီဆော့ဝဲလ်နဲ့ Backup
လုပ်ထားခဲ့ရင် ပျောက်သွားတဲ့ Drivers တွေကို အလွယ်တကူ ပြန်ထည့်လို့
ရမှာဖြစ်ပါတယ်..။ အဲလိုမှ မဟုတ်ပဲ Drivers Backup လုပ်မထားခဲ့ဘူး
ဆိုရင်တော့ ပျောက်သွားတဲ့ Drivers တွေကို မိမိတို့ စက်ရဲ့ Model
အမျိုးအစားနဲ့ အင်တာနက်မှာ ခေါင်းမူးအောင် လိုက်ရှာပေတော့ ...။ တွေ့တဲ့အခါ
ရှိသလို ရှာမတွေ့တဲ့ အခါတွေလည်းရှိပါတယ်..။ အခုနောက်ပိုင်း Model
အသစ်တွေဆိုရင်တော့ ရှာရတာလွယ်ပေမယ့် ဟိုးအရင်တုန်းက Model
အဟောင်းတွေဆိုရင်တော့ ရှာရခက်မှခက်ပဲ..။ ဒါတွေက ကိုယ်တိုင်ကြုံဖူးမှ
Drivers ရှာရတဲ့ ဒုက္ခကို သိကြမှာပါ..။ အဲလိုမျိုး အခက်အခဲတွေ
မဖြစ်အောင်လို့ မိမိတို့ရဲ့ စက်ထဲက Drivers တွေကို အခုကတည်းက Backup
လုပ်ထားသင့်ပါတယ်..။
Drivers
Backup လုပ်တဲ့ ဆော့ဝဲလ်တွေ အများကြီးရှိပေမယ်.. ဒီကောင်လေးကတော့
ကျနော်အမြဲသုံးနေတဲ့ ကောင်လေးပဲ ဖြစ်ပါတယ်..။ ဒီကောင်လေးနဲ့ပဲ
ကျနော်ဆိုဒ်မှာတင်ခဲ့တဲ့ Drivers တွေကို Backup လုပ်ခဲ့တာပါ..။
သုံးရတာလည်းလွယ်ပါတယ်..။ အသုံးပြုပုံကတော့ အောက်မှာပုံလေးတွေနဲ့
ဆက်ကြည့်လိုက်ပါဗျာ..။ လိုအပ်တဲ့သူများကတော့ အောက်က အဆင်ပြေတဲ့ လင့်ကနေသာ
ဒေါင်းယူသွားလိုက်ပါ..။ ဗါးရှင်းအဟောင်းလေးဆိုပေမယ့် သုံးရတာ
အရမ်းအဆင်ပြေပါတယ်..။ ဒါကြောင့်ဒါလေးကို ရွေးပြီးတင်ပေးလိုက်တာပါ...။ 1.48
MB ပဲရှိပါတယ်...။









