Showing posts with label ဗဟုသုတများ. Show all posts
Showing posts with label ဗဟုသုတများ. Show all posts

Friday, February 7, 2014

Android သုံး ဖုန်း Power စဖွင့်တာနဲ့ အဆင့်ဆင့် ဘယ်လို အလုပ်လုပ်သလဲ


ပထမအဆင့်
Power စဖွင့်တာနဲ့ ROM ထဲမှာရှိတဲ့ Boot ROM Code က စပီးအလုပ်လုပ်ပါတယ်၊ Boot ROM Code လုပ်တဲ့အလုပ်က Bootlaoder ကို RAM ထဲကို ၀န်တင်တယ်၊ RAM ထဲရောက်တဲ့ Bootloader စတင်အလုပ်လုပ်တယ်၊

ဒုတိယ အဆင့်
Bootloader ဆိုတာ Software Program သေးသေးလေးပါ၊ သူ့ထဲမှာ ကုတ်တွေရေးထားတယ်၊ အဲ့ဒီ့ကုတ်တွေက Bootloader လုပ်မယ့် အလုပ်ဖြစ်တဲ့ ညွန်ကြားချက်တွေပါ၊ Bootloader စတင်အလုပ်လုပ်တဲ့ အခါမှာ အဆင့် နှစ်ဆင့် နဲ့ အလုပ်လုပ်ပါတယ်၊ ပထမအဆင့်က Network, Memory တို့လို လိုအပ်သမျှ Program တွေ အားလုံးကို External RAM ထဲကို ၀န်တင်ပါတယ်၊ ဒုတိယ အဆင့်မှာတော့ Kernel စတင် အလုပ်လုပ်ဖို့လိုအပ်တဲ့ Network နဲ့ Memory တို့ကို စတင်စေပါတယ်၊ ဒီဆင့်ကဲဖြစ်စဉ်နှစ်ခုကို ဖြစ်ပေါ်စေတာက init.S ဆိုတဲ့ Stack တွေခွဲခြားတဲ့ဖိုင်ပါ၊ သူက Stacks တွေကို ခွဲထုတ်ပီး BSS Segments တွေကို 0 ကနေစတင်စေတယ်၊ ပီးတော့ main.c ဖိုင်ထဲက _main() funciton ကိုခေါ်တယ်၊ _main() Function က Hardware အစိတ်အပိုင်းတွေဖြစ်တဲ့ Clock,borad,keyboard,console တို့ကို စတင်တယ် အဓိက ဖြစ်တဲ့ Linux Tag ကိုဖန်တီးတယ်၊ Linux Tag က linux kernel image ကို RAM ပေါ်မှာ ၀င်တင်ပီးတော့ စတင်အလုပ်လုပ်စေတယ်၊

Android နှင့်ပက်သက်၍ အနည်းဆုံး သိသင့်သမျှ



Android ကိုစတင်လေ့လာဖို့ကျိုးစားနေသူတွေအနေနဲ့ အများပြောနေကြတဲ့
Bootloader , Firmware, ADB , Stock ROMs, Custom ROMs, OS Kernel,
ClockworkMod, Flashing , Rooting , Baseband စသဖြင့် စာလုံး အထူး
အဆန်းတွေခြည်းတွေ့ရလို့ လေ့လာချင်စိတ်ကုန် သွားတတ်သလို့၊ တစ်လုံး စီနဲ့
သူတို့ရဲ့ သီးသန့် အလုပ်လုပ်ပုံကို အတိအကျ မသိရင် နာမည်သာခေါ်နေပေမယ့်
အနှစ်သာရ မဲ့နေတတ်ပါတယ်၊ တကယ်လေ့လာလိုသူတွေအနေနဲ့ လဲ တစ်ခုစီရဲ့
အဓီပါယ်နဲ့ အသုံးဝင်ပုံ အသေးစိတ်အလုပ်လုပ်ပုံတို့ကို သေချာ သိကိုသိထား
ရပါမယ်၊ ဒီပို့စ်မှာ အထက်က စာလုံးတွေအကြောင်း ရှင်းသွားပေးပါမယ်၊
တကယ်ပညာရှင်အဆင့် တက်လှမ်းချင်သူတွေအတွက် Open Source ဖြစ်တဲ့ Android က
မည်သူမဆို ဒေါင်းယူနိုင်ပီး ကြိုက်သလို ဖြတ်နိုင် ပြင်နိုင် ပါတယ်၊
စိတ်ကြိုက်ပြောင်းနိုင် မိမိနဲ့ အသင့်တော်ဆုံး ဖြစ်တဲ့ System
တစ်ခုဖြစ်သွားတဲ့ အထိ ပြုပြင်ယူလို့ရပါတယ်၊

Tuesday, August 20, 2013

Facebook မှာ GIF လှုပ်ရှားနေတဲ့ ပုံ တင်နည်း

ဖေ့ဘွတ်ကို Gif ပုံတွေတင်တဲ့နည်းလမ်းလေးကိုပြောပြပေးမှာဖြစ်ပါတယ်။ မသိသေးသူများအတွက် ပြန်လည် မျှဝေလိုက်တာပါ...။သိပြီးသားသူများကတော့ ကျော်ဖတ်သွားပေးပါခင်ဗျာ.....
ပထမဆုံး  ဒီလင့်လေးကိုသွားလိုက်ပါ 


မိမိဖေ့ဘွတ်အကောက် နှင့် Log in ကိုအရင်ဝင်မှသာရမှာဖြစ်ပါတယ်။UPLOAD ANIMATED GIF ဟူသော စာသား(Buttom) လေးကို ကလစ်ပြီး မိမိကွန်ပျူတာထဲရှိ Gif ပုံကိုရွေးပြီး Upload တင်ပေးပါ..

Thursday, August 8, 2013

Facebook တွင် မဟုတ်တာတင်ရင် မဆဲပါနှင့် Report သာလုပ်လိုက်ပါ

Facebook တို့ Blogger တို့ဟာ ဒီမိုကရေစီနည်းလမ်းကျကျနဲ့ လည်ပတ်နေပါတယ်။ ကျွန်တော်တို့ကို ကြိုက်တာတင်ခွင့်၊ ရေးခွင့်ပေးထားပါတယ်။ ဒါပေမယ့် အများထင်နေကြသလိုမျိုး စည်းမဲ့ကမ်းမဲ့တော့ မဟုတ်ပါ။ လူတစ်ယောက် တင်တဲ့အကြောင်းအရာ၊ ဓာတ်ပုံ စတာတွေဟာ မူပိုင်ခွင့်နဲ့ငြိစွန်းရင်၊ လူမျိုးရေးဘာသာရေးတိုက်ခိုက်မှုဖြစ်ရင်၊ လိင်ပိုင်းဆိုင်ရာ ရိုင်းစိုင်းမှုတွေပါရင်၊ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေဆိုရင် Report လုပ်ပြီး ဖျက်ဖို့တောင်းဆိုနိုင်ခွင့်တွေ ပေးထားပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့အနေနဲ့ အထက်ပါအကြောင်းအရာမျိုးတွေ တစ်စုံတစ်ယောက်က သူ့ Facebook မှာ တင်တဲ့အခါမှာ ၀ိုင်းပြီးတော့ ဆဲနေမယ့် အစား Facebook ဆီ Report ၀ိုင်းတင်ပြီး ဖျက်ပေးဖို့ တောင်းဆိုနိုင်ပါတယ်။ Report တင်တဲ့သူများရင် Facebook က ဖျက်ပေးမှာ အသေအချာပါပဲ။ Facebook ရဲ့ အယူအဆကတော့ ရှင်းပါတယ်။ အများက လက်မခံရင် သူတို့ဘက်က ဖျက်ပေးမယ်ဆိုတာပါပဲ။



ပုံမှာပြထားသလိုမျိုး သူတင်လိုက်တဲ့ Status ရဲ့ ညာဘက်ထောင့်မှာရှိတဲ့ ကြက်ခြေခတ် ခလုတ်လေးကိုနှိပ်ပြီး Report/Mark as Spam ကို ရွေးပေးပါ။ အဲဒီအခါမှာ ပုံ(၂)မှာ ပြထားသလိုမျိုး Thanks for Your Help ဆိုတဲ့ စာတမ်းပေါ်လာပါလိမ့်မယ်။ အဲဒီမှာပါတဲ့ Report ဆိုတဲ့ Link ကို ထပ်နှိပ်ပါ။

Facebook ကို လျှင်မြန်စွာသုံးနိုင်မယ့် Shortcut key များ

Facebook အလွယ်သုံး Short Cut ကီးများ

တကယ်သုံးလို့ရပါတယ်။ ပုံမှာ click ထောက်ပြီး Cap lock ဖွင့် L နှိပ်လိုက် တာ ပုံကို Like လုပ်မယ် မလုပ်မယ် confirm ဖြစ်အောင် နောက် တစ်ခါ ထပ်မေးပါတယ်။ Don't ask me again မှာ အမှန်ခြစ်ထားလိုက် ရင် နောက် ဘယ်ပုံကိုပဲ ဖွင့်ပြီး ကြည့်ကြည့် မောက်စ်နဲ့ ရှာ Like စရာ မလိုပဲ ကီးဘုတ် L ကီးနဲ့ Like နိုင်မှာ ဖြစ်ပါတယ်။

Facebook မှာ Short Cut ကီးများစွာ အသုံးပြုလို့ ရပါတယ်။ သို့ပေမယ့် ဒါကတော့ အများစု အသုံးပြုနေကြတဲ့ key တွေပါ။
အခြားသော Short cut ကီးများကိုလည်း ဆိုင်ရာရာ အသုံးပြုလို့ရပြီး စာဖတ်သူတို့ ကိုယ်တိုင် စမ်းသပ် အသုံးပြုနိုင်ပါတယ်။
Ref: techblog
ရိုးရာလေး

Friday, August 2, 2013

Networking အကြောင်း (၁)



What is a Network?
Network ဆိုတာက ဘာလဲ။ Network ဆိုတာက ကွန်ပျူတာတစ်လုံးနဲ့တစ်လုံးချိတ်ဆက်ထားတဲ့ကွန်ရက်ကို Network လို့ခေါ်တယ်။ Network မှာ LAN (Local Area Network) နဲ့ WAN (Wide Area Network) ဆိုပြီးရှိတယ်။
LANs ဆိုတာဘာလဲ။ ဥပမာပြောရရင် အခန်းတစ်ခန်းတည်းက၊ အိမ်တစ်လုံး၊ အဆောက်အဦးတစ်ခု၊ ကုမ္ပဏီရုံးခန်းတစ်ခုမှာကွန်ပျူတာ ၁၀ လုံးရှိတယ်။ အဲဒီကွန်ပျူတာ ၁၀ လုံးက တစ်လုံးနဲ့တစ်လုံး Network ချိတ်ထားတယ်ဆိုပါစို့။ တစ်ခြား ကွန်ပျူတာနဲ့ဆက်စပ်တဲ့ Devices (Printer, Scanner) တွေနဲ့လည်း Network ချိတ်ဆက်ထားတယ်။ အဲဒါကို Local Area Network (LAN) ချိတ်တယ်လို့ခေါ်တယ်။
အဲဒါဆိုရင် WAN ကရောဘာလဲ။ သူကတော့ အခန်းတစ်ခန်းထဲမှာမဟုတ်တော့ဘူး။ မတူညီတဲ့နေရာဒေသက ကွန်ပျူတာတွေနဲ့ချိတ်ဆက်ထားမယ်။ တစ်မြို့နယ်နဲ့တစ်မြို့နယ်၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံကို ကွန်ပျူတာတစ်လုံးနဲ့တစ်လုံးပဲဖြစ်ဖြစ်၊ LAN ချိတ်ထားတဲ့ကွန်ပျူတာတွေအချင်းချင်းပဲဖြစ်ဖြစ် ချိတ်ဆက်ထားမယ်ဆိုရင် အဲဒါကို WAN (Wide Area Network) လို့ခေါ်တယ်။ Internet ကလည်း WAN ပဲ။

Thursday, August 1, 2013

မြန်မာနိုင်ငံတွင် Voice Mail စတင်အသုံးပြုနိုင်ပြီ


မြန်မာနိုင်ငံတွင် Voice Mail  စတင်အသုံးပြုနိုင်ပြီ
=======================================
MPT ၏ Voice Mail Service အကြောင်း

Voice Mail ဆိုတာကတော့ ဖုန်း Message တွေပို့သလို စာသားနဲ့မဟုတ်ဘဲ
အသံနဲ့ပေးပို့တဲ့သဘောမျိုးပဲဖြစ်ပါတယ်။

GSM/WCDMA တွေမှာအသုံးပြုနိုင် ပြီး ၁၅၀၀ ဖုန်းတွေမှာတော့
အသုံးပြုလို့ ရနိုင်မရနိုင်ကတော့ သေချာမသိပါဘူး။

Wednesday, July 31, 2013

GSM ဖုန်းတွေအတွက် Call Waiting နဲ့ Call Forwarding Service

Android ဖုန်းတော်တော်များများရဲ့ Call Setting ထဲကိုဝင်ကြည့်လိုက်ရင်
Call Waiting ၊ Call Forwarding အစရှိတဲ့ Funcation တွေကိုပါဝင်တာ
တွေ့ရပါလိမ့်မယ်၊ ဒါပေမဲ့ သုံးလို့မရပါဘူး ဘာလို့လဲဆိုတော့ လက်ရှိ
ကျွန်တော်တို့တွေသုံးနေတဲ့ MPT ကဖွင့်ပေးမထားလို့ပါပဲ ၊

ဟိုးအရင်ကတော့ မြန်မာနိုင်ငံမှာ အဲဒီ Service မပေးပါဘူး ၊ အခုကတော့
(ဘယ်တုန်းစရလဲသေချာမသိပါ) ပိုက်ဆံပေးရင်လျောက်လို့ရပါပြီ ၊

Thursday, July 25, 2013

RAM ဆိုတာ ဘာလဲ


အခြေခံ သိသင့်တဲ့ ဗဟုသုတလေးပါ။ မေးလာသူ ရှိလို့ မသိသူများ အလွယ်ကူဆုံး နားလည်အောင် ရှင်းပြလိုက်ရ ပါတယ်။

RAM ဆိုတာ ၁၀ တန်းတုန်းက သင်ရတဲ့ စာအတိုင်း ပြောရရင် Read and Write ရတဲ့ Memory လို့လွယ်လွယ်မှတ်ယူနိုင်ပါတယ်။ ရေးလို့လည်းရ၊ ဖတ်လို့လည်းရဆိုတော့ အဲ့ RAM အပြားအချပ်က စာအုပ်တစ်အုပ်များလား လို့ အဲ့တုန်းကတည်းက ကလေးတွေးနဲ့ တွေးဖူး ပါတယ်။ ဒီလိုရှိပါတယ် -


RAM ဆိုတာ

Random Access Memory ပါ။ မြန်မာလို တိုက်ရိုက် ဘာသာ ပြန်တော့ ကျပန်း ဝင်ရောက်နိုင်သော သိမ်းဆည်းသူပေါ့။ သို့ပေမယ့် နည်းပညာ ကျကျ ပြောရင် RAM လို အင်္ဂလိပ်လိုမှတ်တာ အကောင်းဆုံးပါပဲ။ ကျပန်း ဆိုတာ ဒီလိုပါ။ ၁ ကနေ ၁၀ အထိဆီစားရင် ROM က အစဉ်လိုက် ထုတ်ပေးပါတယ်။ ဥပမာ ကွန်ပြူတာ တစ်လုံး Power On လိုက်တဲ့အခါ Command Line ပေါ်လာမယ်။ Windows Version ဘယ်လောက်ဆိုပြီး Screen တက်လာမယ်။ ပြီးတော့ Home Screen အစရှိသဖြင့်တို့က ROM မှာ သိမ်းဆည်းထားတဲ့ Memory ဖြစ်ပြီး အစဉ်လိုက်ကို ထုတ်ပေးပါတယ်။ ဒါကြောင့် ကွန်ပြူတာဖွင့်ဖွင့်ချငး Home Screen အတန်းပေါ်လို့ မရပါဘူး။ ROM မှာကိုက အစဉ်လိုက်သွားလိုက် လုပ်ပေးထားပါတယ်။ ဖျက်လို့မရဘူး လို့အကြမ်းဖျင်း မှတ်သားထား နိုင်ပါတယ်။

သင့် Facebook ကိုယူသုံးသွားတယ်လို့ထင်ရတာကို ဘယ်လို Trace လိုက်မလည်း

အိုခေ…..
          ကျွန်တော်တို့ သင့်ရဲ့ Facebook account ကို တစ်ခြား
တစ်ယောက်က ၀င်သုံးသွားတယ်လို့ သံသယ ရှိနေတယ်ဆိုရင်
ဘယ်လို Trace လိုက်မလည်း။ပြီးတော့ အဲဒီလူရဲ့ တည်နေရာကို
ဘယ်လိုခြေရာခံပြီးတော့ ဘယ်လို သင့်အကောင့်ထဲကနေ လှမ်းပြီး
Sign Out လုပ်မလည်းဆိုတာကိုပြောပါ့မယ်။
ကဲ စမယ်။
အရင်ဆုံး သင့် Facebook Account ကိုဖွင့်လိုက်ပါ။
ပြီးသွာ့းရင် Setting ထဲက Account Setting ထဲကိုဝင်လိုက်ပါ.


ထိုသို့ဝင်ပြီးသကာလ အောက်ဖော်ပြပါပုံအတိုင်း Security ကိုနှိပ်လိုက်ပါ

Tuesday, July 23, 2013

“ဖုန်းကိုင်သော သူများအတွက် သိထားသင့်သောအကြောင်းရာလေးများ”


ဖုန်းကိုင်ထားသော ကိုကို ၊ မမ များ သိထားသင့်သော အကြောင်းအရာလေးများ မိုဘိုင်းဖုန်း တစ်လုံး ၏ လျှို့ဝှက်ချက် ငါးခု

လူအများ စုဟာ မိုဘိုင်းဖုန်း တစ်လုံးရဲ့ အသုံးဝင်မှု လျှိုဝှက်တွေကို သိရှိသူတွေ အလွန် နည်းပါးနေ ပါတယ်။ ကိုင်နေတဲ့လူ

အများစုဟာ ဖုန်းတစ်လုံးရဲ့ အသုံးဝင်မှုကို အများအားဖြင့် Camera, Music, Bluetooth, FM, Radio. Alarmနဲ့ Game အစ

ရှိတာ...တွေ လောက်သာ အသုံးပြုနေကြတာများပါတယ်။ဒါကြောင့် ဒီထက်ပိုပြီး အသုံးဝင်မှုနဲ့ လျှို့ချက် အနည်း ငယ်ကို ဖော်

ပြပေးလိုက်ပါတယ်။

အင်တာနက် search engine တွေမှာ professional တစ်ယောက်အဖြစ်ကိုလိုချင်တာကိုအလွယ်တကူရှာကြမယ်

ဒီနေ့ အင်တာနက်မှာကိုလိုချင်တာကို pro တစ်ယောက်လိုရှာကြမယ်ဗျာ။
google ; Yahoo ;lii;Dmz  စသည်ဖြင့် search engine တွေမှာ မိမိလိုချင်တဲ့ အကြောင်းအရာကိုရှာတဲ့ အခါမှာ မိမိအထူးပြုတဲ့ အကြောင်းအရာကိုဖော်ပြပေးနိုင်မှသာ rescult အများကြီးကိုရှောင်ရှားနိုင်ပြီးကိုယ် လိုချင်တဲ့ အကြောင်းအရာကိုမြန်မြန်ဆန်ဆန်ရှာနိုင်မှာပါ။ကဲအောက်မှာကြည့် လိုက်ကျရအောင်ဗျာ

Wednesday, July 17, 2013

Online တွင်အမှန်အကန် ငွေပေးကြမ်းသော PTC Website နှစ်ခု မိတ်ဆက်

အင်တာနက်မှာငွေရှာဖွေနေသော ညီအစ်ကို မောင်နှမများအတွက် အမှန်အကန်ငွေပေးကြမ်းတဲ့ Website အသစ်နှစ်ခု မိတ်ဆက်ပေးလိုက်ပါတယ်...Neobux , Probux ထက်ငွေပေးပိုကြမ်းပါတယ်ခင်မျာ. ငွေရှာနည်းအကြောင်းမသိသေးတဲ့သူများအတွက်ကတော့
ဒီမှာ စာအုပ်ဒေါင်းပြီးဖတ်နိုင်ပါတယ်..အခု ဖော်ပြတဲ့ ၀ဘ်ဆိုဒ်နှစ်ခုမှာတော့ Bot စနစ်မသုံးဘဲ လက်နဲ့ဘဲ
Click ရမှာဖြစ်ပါတယ်..Member ၀င်ပြီးတာနဲ့.. View Ads ကိုနှိပ်ပါ..Click လုပ်ရမယ့်ကြော်ငြာတွေ တွေ့ပါ

Surface RT ဈေးလျှော့ပြီဆိုတိုင်း ဝယ်သင့်သလား




မကြာသေးမီကပဲ နိုင်ငံတကာ ဈေးကွက်ထဲမှာ Microsoft က ထုတ်တဲ့ Surface RT တက်ဘလက် တွေကို ဈေးလျှော့ချလိုက်ပြီ ဆိုတဲ့ သတင်းတွေ တက်လာပါတယ်။ Surface RT တက်ဘလက် တစ်လုံးကို 32GB ဆိုရင် ၃၄၉ ဒေါ်လာ နဲ့ 64GB ဆိုရင် ၄၉၉ ဒေါ်လာလို့ သတင်းတွေမှာ ဖတ်လိုက် ရပါတယ်။

မြင်ကွင်း ၁၀ ဒသမ ၆ လက်မ တက်ဘလက် တစ်လုံးကို ၃၄၉ ဒေါ်လာ ဆိုတာကတော့ မက်လောက် စရာပါပဲ။ ဒါပေမဲ့ ဝယ်သင့်သလား လို့ မေးရင်တော့ စဉ်းစားပါလို့ ပြန်ဖြေရလိမ့်မယ်။

လက်ရှိ နောက်ဆုံးထုတ် iPad တက်ဘလက် တစ်လုံးဟာ 16GB မော်ဒယ် ဆိုရင် မြင်ကွင်း ၉ ဒသမ ၇ လက်မကို ၄၉၉ ဒေါ်လာလောက် ပေါက်ပါတယ်။ Google ကထုတ်တဲ့ Nexus 10 ကတော့ 16GB ဆိုရင် ၃၉၉ ဒေါ်လာလောက် ရှိတယ်။ နာမည်ကြီးနေတဲ့ အဲဒီ တက်ဘလက် နှစ်လုံး နဲ့ ယှဉ်ရင်တော့ Surface RT ဈေးက မက်လောက်တဲ့ ဈေးလို့ ပြောနိုင် ပါတယ်။

ဖုန်း ဘက်ထရီနှင့် ပက်သက်၍ ရှောင်ရန်အချက်များ


ဒီတစ်လော သတင်းတွေကြားနေရပါတယ်။ iPhone 5 ကြောင့် ဓာတ်လိုက်သေရတဲ့ လေယာဉ်မယ် သတင်း၊ Samsung Galaxy S3 အိပ်ကပ်ထဲမှာ ပေါက်ကွဲတဲ့သတင်းတို့အပြင် ဖုန်းပေါက်ကွဲမှုနဲ့ ပက်သက်တဲ့ သတင်းများ၊ လူသေမှုသတင်းများ ဖြစ်ပါတယ်။

၂၀၀၉ ခုနှစ်ကစလို့ သိသိသာသာ မြင့်တက်လာတဲ့ သတင်းတွေပါ။ အဖြစ်များတာ ကတော့ တရုတ်ပြည်မှာပါ။ အကြောင်းကတော့ အာမခံချက် နည်းတဲ့ ပစ္စည်းကြောင့်မို့ ဖြစ်ပါတယ်။ ဖုန်းကို အားသွင်းနေ ရင်း ပြော တာကြောင့်ရော၊ အချိန်လွန်သွင်းတာတွေကြောင့်ရော ဖြစ်ပါတယ်။

Apple ကတော့ ပြန်လည်စစ်ဆေးမှုပြုလုပ်နေတယ်လို့ ဆိုပါတယ်။ Apple ပစ္စည်းက ဓာတ်လိုက်တတ်ပါတယ်။ အထူးသဖြင့် Macbook တွေမှာ သိသာပါတယ်။ သံမန်သလင်းပေါ်မှာ ဖိနပ်မစီးဘဲ အားသွင်းထားတဲ့ Macbook ကိုကိုင်ရင် ဓာတ်လိုက်တာ ကိုယ်တွေ့ပါပဲ။ iPhone ကတော့ မသိပါဘူး။

Saturday, July 13, 2013

မိုဘိုင်း ဆင်းမ်ကဒ်အကြောင်း သိကောင်းစရာ



SIM Card ဆိုတာ subscriber identity module သို့မဟုတ် subscriber identification module လို အရှည်ခေါ်ပါတယ်။ မြန်မာလို တိတိကျကျကြီး ဘာသာပြန်ရရင် လစဉ်/ နှစ်စဉ်ကြေး ပေးသွင်းသူ၏ အထင်အရှားလက္ခဏာ များအား သိမ်းဆည်းထားရာ အစိတ်အပိုင်းတစ်ခု လို့ အဓိပ္ပါယ် ရပါတယ်။

တစ်ခါတစ်လေကျရင် တိတိကျကျကြီး ဘာသာပြန်လိုက်တာထက် အင်္ဂလိပ်လို မှတ်သားတာ အကောင်းဆုံးပါပဲ။ သူက Portable Memory Chip လိုမျိုးပါပဲ။ ကြိုးမဲ့ ဆက်သွယ်ရေး နည်းပညာအတွက် အထောက်အပံ့ ပေးတဲ့ သတ္တုနဲ့ ပြုလုပ်ထားတဲ့အတွက် စကားပြောလိုလို့ ရမယ်၊ စကား အသံ အဖြစ်သို့ ပြောင်းလဲပေးမယ့် Transmitter, Receiver ပါရှိ တယ်လီဖုန်းနဲ့ တွဲဆက်အသုံးပြုလိုက်တဲ့အခါ မိုဘိုင်းဖုန်း ဆိုပြီး ဖြစ်လာပါတယ်။

ပါဝင်တဲ့အစိတ်အပိုင်းများက ပုံမှာ ပြထားတဲ့အတိုင်းပါပဲ။ SIM card မှာ မှတ်ဥာဏ်သိမ်းဆည်းနိုင်တဲ့ ပမာဏလည်း အသင့်တင့် ရှိပါတယ်။ ယင်းကလည်း ထုတ်လုပ်သူအပေါ်မှာ မူတည်ပါတယ်။ ကျနော် တို့ မြန်မာပြည်က SIM Card မှာဆိုရင် Phone Address ဘယ်နှစ်ခု ထည့်သွင်း သိမ်းဆည်းနိုင်တယ်ဆိုပြီး သူ့အကန့်အသတ်နဲ့ သူရှိပါတယ်။

Thursday, July 11, 2013

သပ်ရပ်လှပတဲ့ PDF Files များဖန်တီးခြင်း


ဒါကတော့ PDF Files များဖန်တီး ချင်တဲ့သူများအတွက်ပါ..။ ကျနော့်ဆိုဒ်က ပိုစ့်တွေကိုပဲ ဖြစ်ဖြစ်၊ တခြားဆိုဒ်တွေက ပိုစ့်တွေကိုပဲဖြစ်ဖြစ်၊ မိမိတို့ ကြိုက်တဲ့ အသုံးဝင်တဲ့ပိုစ့်တွေကို ဒီလို PDF ဖိုင်လေးတွေလုပ်ပြီး သိမ်းထားမယ်ဆိုရင် မိမိတို့ ဘယ်နေရာပဲရောက်ရောက် အလွယ်တကူပြန်ကြည့်လို့ ရမှာဖြစ်ပါတယ်..။ ကျနော့်ဆိုဒ်ကပိုစ့်တွေကို PDF ဖိုင်နဲ့ တင်ပေးဖို့ တောင်းထားတဲ့ သူငယ်ချင်းများလည်း ရှိခဲ့ပါတယ်.. အကြောင်းအမျိုးမျိုးကြောင့် ကျနော့်ရဲ့ ပိုစ့်တွေကို PDF ဖိုင်လုပ်ပြီး  မတင်ပေးဖြစ်ခဲ့ပါဘူး..။ ဒါကြောင့် မိမိတို့ ကိုယ်တိုင် PDF ဖိုင်လေးတွေပြုလုပ်တတ်အောင်လို့.. နောက်ပြီး ကျနော့်ဆိုဒ်က လုပ်နည်းကိုင်နည်းနဲ့ ပါတ်သက်တဲ့ ပိုစ့်တွေကို ကျနော် PDF ဖိုင်နဲ့ မတင်ပေးနိုင်ခဲ့တဲ့အတွက် မိမိတို့ ကိုယ်တိုင် PDF ဖိုင်လေးတွေ ပြုလုပ်ပြီးသိမ်းတတ်အောင်လို့.. ဒီနေ့ PDF ဖိုင်လုပ်နည်း ပိုစ့်လေးကို တင်လိုက်ရပါတယ်.. လိုအပ်တဲ့ ဆော့ဝဲလ်ကတော့ PDF Creator နဲ့ Microsoft Office Word 2010 ကို မိမိတို့ စက်ထဲမှာ Install ဆွဲထည့်ပါ.. ပြီးရင်တော့ Office Word 2010 ကိုဖွင့်ပြီး.. လုပ်နည်းကတော့ အောက်ကပုံလေးတွေ အတိုင်းပါပဲ...။

Computer Memory ကို Software မသုံးဘဲနဲ့ ဘယ်လိုပေါ့အောင်လုပ်မလဲ ?

ကွန်ပျူတာစဖွင့်လိုက်ပြီဆိုတာနဲ့ အဓိက လုပ်ငန်းတာဝန်များကို လက်ခံဆောင်ရွက်ပြန်ကြားပေးရတဲ့ အရေးကြီးအစိတ်အပိုင်းတွေထဲမှာ Memory ဟာ ထိပ်ဆုံးကဖြစ်ပါတယ်..ကွန်ပျူတာမှာ Software , Games , Firefox ,chrome အစရှိသည်တို့ကိုအလွန်အကျွံဖွင့်ခြင်းကြောင့် Memory နေရာယူမှုအလွန်တိုးပွားလာပြီး
စက်လေးသွားခြင်း..လုံးဝထိုးရပ်သွားခြင်းမျိုးဖြစ်တတ်ပါတယ်..ဒီလို မျိုးဖြစ်လာပြီဆိုရင်တော့ အခုဖော်ပြပေး
မယ့်ဖြေရှင်းနည်းလေးက များစွာအကူအညီပေးပါလိမ့်မယ်..လွယ်ပါတယ်...ကဲကြည့်လိုက်ရအောင်..

( 1 ) Notepad ကိုဖွင့်လိုက်ပါ

Wednesday, July 10, 2013

Network ကနေ အခြား စက်ဟန်းအောင်လုပ်နည်း

  
အခုပြောပေးတဲ့ နည်းပညာကတော့ နည်းပညာတစ်ခုပဲ မှတ်ယူလေ့လာပါ ပေါက်ပေါက်ရှာရှာတော့ သူများသွားမလုပ်ပါနဲ့ ကိုယ်ချင်းစာပါ လို့ပဲပြောချင်ပါတယ်
 ကဲ စလိုက်ရအောင်
ပထမဆုံး
Window + R နဲ့ Run ကို အရင်ခေါ်လိုက်ပါ နောက် cmd လို့ ရိုက်လိုက်ရင် command box ကျလာလိမ့်မယ် အဲဒီမှာ ping xxx.xxx.xxx.xxx -t -l 65500 လို့ရိုက်ထည့်လိုက်ပါ xxx ဆိုတာကတော့ဥပမာ ပေးထားတာ ကိုယ်ပြုလုပ်ချင်တဲ့ စက်ရဲ့ IP Address ကို အဲနေရာမှာ ထည့်ရပါမယ် အဲဒီလိုping ကြည့်ပြီးရင်ဟိုဖက်က Window Firewall ခံမထားဘူးဆိုရင် Replay ပြန်လာလိမ့်မယ် ဒီcommand box ကို မပိတ်ဘဲနဲ့ ဖွင့်ထားလိုက်ပါ ၁၀မိနစ်ခန့်လောက်ကြာရင်မိမိ ပြုလုပ်ထားတဲ့ တခြား စက် က ဟန်းရင်ဟန်း မဟန်းရင် ဘာမှ လုပ်လို့မရတော့လောက်အောင် လေးလံသွားတာ တွေ့ရလိမ့်မယ် ကိုယ့်စက်နှစ်လုံးနဲ့ စမ်းနော် စမ်းချင် သူများတော့ သွားမစမ်းနဲ့ ကောင်မလေး ငိုနေတာ မြင်လား
ref: အောင်ကျော်ခိုင် (ပုသိမ်)

Windows အတက်မှာ မိမိ မတက် စေချင်တဲ့ Program တွေကိုပိတ်နည်း


 
ကျွန်တော်အခုတလော အများစု ခဏခဏ အဆင်မပြေ ဖြစ်နေတဲ့ နည်းလမ်းလေး တစ်ခုကို ရေးပေးပါမယ် .. ကျွန်တော်တို့ Windows စတက်တက်ချင်းမှာ Program တွေ အများကြီး တက်မလာစေချင်တဲ့သူတွေ ၊ Windows အတက်မှာ မိမိ မလိုအပ်တဲ့ Application တွေ တက်မလာအောင် ဖြုတ်ထားချင်တဲ့ သူတွေ ၊ မိမိတို့က Application တွေကို Uninstall လုပ်လိုက်ပေမယ့် လည်း Windows စတက်တက်ချင်းမှာ အဲ့ဒီဖြုတ်ပြီး သား Application က တက်တက်လာတာတွေကို ကြုံတွေ့နေရတဲ့ သူတွေအတွက် ဖြေရှင်းလို့ ရမဲ့ နည်းလမ်းလေးကို ရေးပေးသွားမှာ ဖြစ်ပါတယ် ..နည်းလမ်းလေးကတော့ လွယ်ပါတယ်
Related Posts Plugin for WordPress, Blogger...