Showing posts with label Mobile သတင်းများ. Show all posts
Showing posts with label Mobile သတင်းများ. Show all posts

Tuesday, July 23, 2013

Apple ထုတ်ကုန်သစ် သတင်းများ ထွက်ပေါ်လျက်ရှိ


iPadနှင့် iPad Miniတို့ဖြင့် အောင်မြင်မှုများ ရရှိနေသည့်တိုင် Appleအနေဖြင့် Tablet ကွန်ပျူတာ ဈေးကွက်တွင် Screenအရွယ်အစား ကြီးမားသော Tabletတစ်မျိုးဖြင့် နောက်ထပ် ထိုးဖောက်ရန် စီစဉ်နေကြောင်း ကောလာဟလများ ထွက်ပေါ်လာသည်။ Appleသည် ၎င်းတို့၏ လက်ရှိထုတ်ကုန်များတွင် အသုံးပြုထားခြင်း မရှိသည့် အရွယ်အစားနှင့် Touchscreen တစ်မျိုးကို စတင် စမ်းသပ်နေပြီဟု ယုံကြည်ရသည်။ ယင်းနှင့်အတူ (၁၃)လက်မအရွယ် iPad အကြီးစား တစ်ခုကို ထုတ်လုပ်လာဖွယ် ရှိနေကြောင်း ခန့်မှန်းမှုများ ကျယ်ပြန့်လာခြင်း ဖြစ်သည်။



အာရှတိုက်မှ Appleအတွက် Hardware ထုတ်လုပ်ပေးသော ကုမ္ပဏီအချို့ထံမှ ပေါက်ကြားလာသည့် သတင်းအရ Appleသည် မျိုးစပ်နည်းပညာသုံး Screenတစ်ခုအတွက် အရွယ်အစားအသစ် သတ်မှတ် မှာယူရန် အစီအစဉ် ရှိနေကြောင်း သိရသည်။ Appleသည် ၎င်းတို့၏ ထုတ်ကုန်သစ်များနှင့် ပတ်သက်လျှင် တရားဝင် မိတ်မဆက်သေးခင် အလွန်လျှို့ဝှက်တတ်သည့် အစဉ်အလာအတိုင်း ယခုကိစ္စအပေါ် မည်သည့်မှတ်ချက်မျှ မပေးခဲ့ချေ။

Wednesday, July 17, 2013

မိုဘိုင်းဖုန်းမှ အင်တာနက် လျှောက်ထားမှု ၁၅၀၀ တန်ဖုန်းများ ပါရန် မသေချာ

သြဂုတ်လ ၁ ရက်နေ့မှ စ၍ တနိုင်ငံလုံးမှ တိုက်ရိုက် လျှောက်ထားနိုင်မည် ဖြစ်သည် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
သြဂုတ်လ ၁ ရက်နေ့မှ စတင်ကာ မိုဘိုင်းဖုန်းမှတဆင့် မိုဘိုင်းအင်တာနက် လျှောက်ရာတွင် ၁၅၀၀ တန် ဆင်းမ်ကတ်သုံး တန်ဖိုးနည်းဖုန်းများ ပါဝင်နိုင်ရေးမှာ မသေချာသေးကြောင်း မြန်မာ့ဆက်သွယ်ရေး မိုဘိုင်းဌာနမှ အင်ဂျင်နီယာမှူး ဦးအောင်ကျော်သက် ထံမှ သိရသည်။
“၁၅၀၀ က GSM (ဂျီအက်စ်အမ်) လိုင်းကိုတော့ ကြိုးစားလုပ်နေတယ်။ ၁၅၀၀ တန် GSM (ဂျီအက်စ်အမ်) က ဒီလလယ်လောက် ဖြန့်မှာဆိုတော့ လကုန် ရ၊ မရက မပြောနိုင်သေးဘူး။ CDMAကတော့ မရနိုင်သေးတာ သေချာတယ်” ဟု ဦးအောင်ကျော်သက်က ဧရာဝတီသို့ ပြောသည်။
ငွေဖြည့်ကတ်သုံး မိုဘိုင်းဖုန်းများမှ မိုဘိုင်းအင်တာနက်လိုင်းကို တနိုင်ငံလုံးတွင် တိုက်ရိုက် လျှောက်ထားခွင့်ပေးမည်ဖြစ်ကြောင်း သိရသည်။

Friday, July 12, 2013

LG က ကမ္ဘာ့အပါးလွှာဆုံး စမတ်ဖုန်း မျက်နှာပြင်မိတ်ဆက်

Photo: LG က ကမ္ဘာ့အပါးလွှာဆုံး စမတ်ဖုန်း မျက်နှာပြင်မိတ်ဆက်

၂.၂ မီလီမီတာ အထူပဲရှိတံ့ LCD ဖန်သားပြင် ဖြစ်ပါတယ်။ full HD LCD panel ပါ။ အပါးဆုံး၊ အသန်မာဆုံး၊ အကြည်လင်းဆုံး ဆိုတဲ့ ဆောင်ပုဒ် သုံခု ကို အသုံးပြုပြီး ယခုရက်ပိုင်းအတွင်း မိတ်ဆက်ပြသလိုက်တာ ဖြစ်ပါတယ်။

၅.၂ လက်မ အရှည်ရှိပြီး ၂.၂ မီလီမီတာ အထူသာရှိတဲ့ ယင်း ဖန်သားပြင်မှာ HD အရည်အသွေးမြင်ရအောင် ဖန်တီးမှုက လွယ်ကူတဲ့ နည်းပညာတော့ မဟုတ်ပါဘူး။ သို့ပေမယ့် Samsung, Nokia, Apple တို့လည်း အပါးဆုံး စမတ်ဖုန်း၊ flexible စမတ်ဖုန်း နည်းပညာ ဖန်တီးမှုပြုလုပ်တာ အတော်ကြာ နေပါပြီ။

ပွဲဦးထွက်အနေနဲ့ Samsung ကလည်း ယမန်နှစ်ကတည်းက ပါးလွှာပြီး ကွေးလို့ရတဲ့ မျက်နှာပြင်ကို မိတ်ဆက်ပြသခဲ့တာ ဖြစ်ပါတယ်။ ယခုတော့ Samsung Galaxy Note 3 က flexible မျက်နှာပြင်ဖြစ် မလားလို့ တောင် rumor ထွက်နေပါတယ်။ LG က ဖန်တီး လိုက်တဲ့ ယင်းနည်းပညာကိုတော့ နောက်နှစ်အတွင်း လက်တွေ့အသုံး ချ တော့မယ် ဆိုပါတယ်။

နောက်ပိုင်း LG စမတ်ဖုန်းနဲ့ IT Gadgets များ ထုတ်လုပ်မှုမှာ ပါးလွှာပြီး ပျော့ ပြောင်းတဲ့ မျက်နှာသုံး ဖန်သားပြင် နည်းပညာ ကို တွေ့မြင်ရစေမယ်လို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။
.
Ref: cnet
Aung Kham (Guide Magazine)

အေးချမ်းမွန် Copy & Credit To > Guide Magazine < Thank
Re-post By ACM 12-7-2013
၂.၂ မီလီမီတာ အထူပဲရှိတံ့ LCD ဖန်သားပြင် ဖြစ်ပါတယ်။ full HD LCD panel ပါ။ အပါးဆုံး၊ အသန် မာဆုံး၊ အကြည်လင်းဆုံး ဆိုတဲ့ ဆောင်ပုဒ် သုံခုကို အသုံးပြုပြီး ယခုရက်ပိုင်းအတွင်း မိတ်ဆက်ပြသ လိုက်တာ ဖြစ်ပါတယ်။
၅.၂ လက်မ အရှည်ရှိပြီး ၂.၂ မီလီမီတာ အထူသာရှိတဲ့ ယင်း ဖန်သားပြင်မှာ HD အရည်အသွေးမြင် ရအောင် ဖန်တီးမှုက လွယ်ကူတဲ့ နည်းပညာတော့ မဟုတ်ပါဘူး။ သို့ပေမယ့် Samsung, Nokia, Apple တို့လည်း အပါးဆုံး စမတ်ဖုန်း၊ flexible စမတ်ဖုန်း နည်းပညာ ဖန်တီးမှုပြုလုပ်တာ အတော်ကြာ နေပါပြီ။

Monday, July 8, 2013

GSMနှင့် WCDMA ဖုန်းများမှတ ဆင့်မြန်မာကျပ်ေ ငွဖြင့်နိုင်ငံခြားသို့ ဖုန်းခေါ်ဆိုနိုင်ပြီ

 
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ မိုဘိုင်းဖုန်း အသုံးပြုသူများအတွက် ပိုမို အဆင်ပြေစေရန် အတွက် ရည်ရွယ်၍ ပြည်တွင်း ဖုန်းများမှ နိုင်ငံခြားသို့ ဖုန်းခေါ်ဆိုခ များကိုမြန်မာကျပ်ငွေများဖြင့် စတင် ခေါ် ဆိုနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ၀န် ဆောင်မှု ပေးထားသည့် GSM နှင့် WCD­MA (3G) ဖုန်းများကို ဇွန်လ ၁ ရက်နေ့ မှ စတင်ကာ မြန်မာကျပ်ငွေဖြင့် စတင် ခေါ်ဆို နိုင်ပြီဖြစ်ပြီး အခြားဖုန်းများဖြစ်သော CDMA 800MHz,CDMA450MHz နှင့် အော်တိုတယ်လီဖုန်းများတွင်အသုံးပြုခွင့်ရ နိုင်ဦးမည်မဟုတ်သေးကြောင်း နှင့် မကြာမီ အချိန်တွင် စတင်ကာ ရရှိတော့မည် ဖြစ်ကြောင်း သိရသည်။

Sunday, June 30, 2013

Smart Pro Journal issue 22 ကိုဒေါင်းနိုင်ပါပြီ..


Smart Pro Journal ကို အပတ်စဉ် ၀ယ်ယူအားပေး ဖတ်ရှုကြသော
စာဖတ်ပရိတ်သတ်များနှင့် အွန်လိုင်းမှ တိုက်ရိုက် ဒေါင်းယူကာ ဖတ်ရှုကြသော
စာဖတ်သူများအားလုံးအတွက် ပြီးခဲ့သည့် အပတ်စဉ်ကထက်

ပိုမိုထူးခြားကောင်းမွန်ပြီး ၊အနှစ်သာရ ပြောင်းလဲခြင်း မရှိသည့် issue 22 ကို

စနေ နေ့တွင် ထုတ်ဝေ ဖြန်ချိလိုက်ပါပြီ။

ထူးထူးခြားခြား အနေဖြင့် ဘယ်အိုင်တီ ၊ မိုဘိုင်းလ် ဂျာနယ်ကမှ
မလုပ်ဘူးသေးသည့် Mobile SMS စနစ်ကို စတင်လိုက်ပါပြီ။ မိုဘိုင်းဖုန်းမှ တစ်ဆင့်

Mobile Knowledge Quiz အဖြေများကို ပေးပို့ရုံဖြင့် ငွေကျပ် ၅၀၀၀ ကျပ်တန်
ငွေဖြည့်ကဒ်များကို ကံစမ်းနိုင်မှာ ဖြစ်ပါသည်။

ထိုအပြင် အခမဲ့ထုတ်ယူနိုင်သော အောင်ဘာလေထီလက်မှတ် ၂ စောင်နှုန်းဖြင့်
တစ်ပတ်အတွက် တစ်ပတ် ၂ စောင်နှုန်း သွားရောက်ကာ အခမဲ့ ထုတ်ယူနိုင်မှာ
ဖြစ်ပါသည်။

အွန်လိုင်းမှ တိုက်ရိုက်ဒေါင်းလိုသူများအတွက် အောက်ပါ လင့်များတွင်
တင်ပေးထားပါတယ်။ စာဖတ်သူများအတွက် အရည်အသွေးကောင်း ကောင်းနှင့်
ဖတ်ချင်သူများအတွက် Quality ကောင်းကောင်း နှင့် PDF Files နှင့်
ဒေါင်းရာတွင် ဖိုင်ဆိုက်ကြီးလို့ ဒေါင်းမရသူများအတွက် အလွယ်တကူဒေါင်းနိုင်ရန်

အတွက် Normal Quality ဆိုပြီး ၂ မျိုးတင်ပေးထားပါတယ်။

Thursday, June 27, 2013

ငါးနှစ်အတွင်း တစ်နိုင်ငံလုံးမိုဘိုင်းကွန်ယက်များ တည်ထောင်မည်ဟုTelenor မှ ကြေညာ

မေလ ၁၆ ရက်နေ့တွင် ပြုလုပ်ခဲ့သည် Telenor ကုမ္ပဏီမှ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ
ရန်ကုန်၊ ဇွန် ၂၇။
မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး ၀န်ဆောင်မှုလုပ်ငန်းများကို လုပ်ကိုင်ရန် တင်ဒါအောင်မြင်ခဲ့သော ကုမ္ပဏီ တစ်ခုဖြစ်သည့် နော်ဝေနိုင်ငံအခြေစိုက် တယ်လီနော် ဆက်သွယ်ရေးလုပ်ငန်းမှ HSPA နှင့် LTE-ready နည်းပ ညာများ အသုံးပြုကာ ငါးနှစ်အတွင်း တစ်နိုင်ငံလုံး မိုဘိုင်းကွန်ယက်များ တည်ထောင် သွားမည်ဖြစ်ကြောင်း တင်ဒါအောင်မြင်သည့် ဇွန်လ ၂၇ရက်နေ့ ညပိုင်းတွင် ကြေညာချက်တစ်ရပ် ထုတ်ပြန် ခဲ့ကြောင်း သိရသည်။
အဆိုပါ ကြေညာချက်တွင် Telenor မှ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းကို ကမ္ဘာ့အဆင့်မီစေရန် HSPA နှင့် LTE-ready နည်းပညာများ အသုံးပြုကာ ငါးနှစ်အတွင်း တစ်နိုင်ငံလုံး မိုဘိုင်းကွန်ယက်များ တည်ထောင် မည်ဖြစ်ကြောင်း၊ အသံနှင့်ဒေတာ အပါအ၀င် မိုဘိုင်းဆက်သွယ်ရေး ၀န်ဆောင်မှုလုပ်ငန်း များကို ၂၀၁၄ ခုနှစ်တွင် ပြည်သူများထံသို့ စတင်ဖြန့်ဖြူး ရောင်းချသွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

Tuesday, June 25, 2013

ကြီးကြီး ကြိုက်သူများအတွက် ၆.၄ လက်မ Sony Xperia Z Ultra မိတ်ဆက်

လက်ရှိ ထွက်နေကြတဲ့ ကျောက်သင်ပုန်း ကွန်ပြူတာများထက် လက်မဝက်ပဲ ငယ်ပါတော့တယ်။ သို့ပေမယ့် ဒါကို Sony က ဖုန်းအဖြစ်ပဲ ထုတ်တာပါ။ Sony Xperia Z Ultra လို့ အမည်ပေး ထားပါတယ်။
၆.၄ လက်မမို့ ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်း (phablet) စာရင်းထဲ ပါဝင်လာမှာပါ။ ဒါတင်ဘယ်ကမလဲ။ သူက  6.5mm ပဲ ထူတော့ ကမ္ဘာ့ အပါးဆုံး စမတ်ဖုန်းလည်း ဖြစ်မယ်လို့ Sony က ပွဲထုတ် တဲ့နေ့မှာ မိတ်ဆက် ပြောကြားပါတယ်။
ကင်မရာ

P6 စမတ်ဖုန်း ဆယ်သန်း ရောင်းချရန် Huawei မျှော်လင့်


Huawei Ascend P6 စမတ်ဖုန်းအသစ်ရဲ့ အချက်အလက်တွေကို မကြာခဏ ထုတ်ဖော် ပြသခဲ့ပြီးနောက် ယခုနှစ်အတွင်း ယူနစ်ဆယ်သန်း တင်ပို့ရောင်းချနိုင်ရန်  ကုမ္ပဏီမှ ပြစ်မှတ် ထားနေပါ တယ်။ Huawei CEO ဖြစ်သူ Yu Chengdong မှ ယခုစမတ်ဖုန်း ဒီဇိုင်းနဲ့ တည်ဆောက်ပုံအား ဂုဏ်ယူလျက်ရှိပါတယ်။ Huawei Ascend P6 ကို ဥရောပ၌ ယူရို ၄၄၉ ဖြင့် ရောင်းချ သွားမှာဖြစ်ပြီး တရုတ်ပြည်တွင်း ဈေးကွက်မှာတော့ ယူရို ၃၂၇ နီးပါးသာ ရှိပါတယ်။
ဒါဟာ စွမ်းအားမြင့် စမတ်ဖုန်း တစ်လုံးအတွက် ယှဉ်ပြိုင်နိုင်စွမ်း မြင့်မားတဲ့ ဈေးနှုန်းပမာဏပဲဖြစ်ပြီး ၎င်းဟာ HTC One, Samsung Galaxy S4 နဲ့ iPhone 5 တို့ဖြင့် ယှဉ်ပြိုင်သွားဖွယ် ရှိပါတယ်။ Huawei ဟာ အလွန်ပါးလွှာတဲ့ စမတ်ဖုန်းအတွက် တရုတ်နိုင်ငံတွင် ဒေါ်လာ ၁၁ သန်း အကုန်အကျခံ အရောင်းမြှင့်တင်နေပြီး ဥရောပမှာတော့ နောက်ထပ်ဒေါ်လာ သန်း ၃၀ ကုန်ကျခံထား ပါတယ်။ Ascend P6 ဟာ အချက်အလက် များအရ ကောင်းမွန်တဲ့ စမတ်ဖုန်းတစ်လုံးဖြစ်ပြီး လှပပေမယ့် ၎င်းရဲ့ 720p Display ဟာ အခြားစမတ်ဖုန်း အမြင့်တွေမှာ ပါဝင်တဲ့ 1080p ရုပ်ထွက်တွေကြားမှာ အောင်မြင်နိုင်မလား ဆိုတာကို စောင့်ကြည့်ရပါမယ်။

Monday, June 24, 2013

ဆက်သွယ်ရေး လိုင်စင် လျှောက်ထားသော ကုမ္ပဏီအချို့ သင်တန်းများ ဖွင့်ရန်ပြင်

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းတွင် ဆက်သွယ်ရေး လိုင်စင် လျှောက်ထားသော ပြည်ပကုမ္ပဏီ အချို့က ဝန်ထမ်း ခန့်ထားရန်နှင့် အရည်အသွေး မြှင့်တင်ရန် ရည်ရွယ်၍ ဆက်သွယ်ရေး သင်တန်း ကျောင်းများ ဖွင့်ရန် ပြင်ဆင် နေကြကြောင်း အဆိုပါ ကုမ္ပဏီများထံမှ သိရသည်။
ပြင်သစ် ဆက်သွယ်ရေး ကုမ္ပဏီ Orange Telecom က ယခုနှစ်အတွင်း ဆက်သွယ်ရေး ပညာရပ်ဆိုင်ရာ အကယ်ဒမီ သင်တန်းကျောင်းနှစ်ခု ဖွင့်ရန် စီစဉ်ထားသည်ဟု Orange Telecom မှ အကြီးတန်း အမှုဆောင် ဒုတိယဥက္ကဋ္ဌ Elie Girard က ပြောကြားသည်။ Technical Academy Sales Academy သင်တန်းကျောင်း နှစ်ကျောင်းကို ၂၀၁၃ ခုနှစ်အတွင်း အကောင် အထည် ဖော်ရန် စီစဉ်ထားပြီး ၂၀၁၄ ခုနှစ်တွင် နည်းပညာ တက္ကသိုလ်များနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ် သွားမည်ဟု ၎င်းကဆိုသည်။
ထို့အပြင် နော်ဝေ အခြေစိုက် ဆက်သွယ်ရေး ကုမ္ပဏီ တယ်လီနော် (Telenor)

မြန်မာနိုင်ငံအနှံ့ တယ်လီကွန်းကွန်ရက် လွှမ်းခြုံနိုင်ရေး ကမ္ဘာ့ အကျွမ်းကျင်ဆုံး ပညာရှင်များနှင့် တိုင်ပင် ဆောင်ရွက်မည် ဟုဆို

မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအား တယ်လီကွန်းကွန်ရက် (Telecom Network) လွှမ်းခြုံနိုင်ရေးအတွက် ကမ္ဘာ့ အကျွမ်းကျင်ဆုံး ပညာရှင်များနှင့် တိုင်ပင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း  ရတနာပုံတယ်လီပို့ ကုမ္ပဏီ လီမိတက်၏ အမှုဆောင်အရာရှိချုပ် ဦးတင်ဝင်းက ပြောသည်။
မြန်မာနိုင်ငံသားအများ ပိုင်ဆိုင်သော တယ်လီကွန်း အော်ပရေတာ လုပ်ငန်းကိစ္စအား ရှင်းလင်း ပြောကြားရာတွင် အထက်ပါ အချက်ကို ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ ရတနာပုံတယ်လီပို့ အား တယ်လီကွန်း အော်ပရေတာအဖြစ် တိုးချဲ့ လုပ်ကိုင်သွား မည်ဖြစ်ပြီး မကြာမီ ဝင်ရောက်လာမည့် နိုင်ငံခြား တယ်လီကွန်း အော်ပရေတာများအား ယှဉ်ပြိုင်ပြီး လုပ်ကိုင် ဆောင်ရွက် နိုင်စေ ရန်အတွက် ရည်မှန်းချက် ထားရှိခဲ့သည်ဟု ဆိုသည်။

စတိုင်အလန်းနဲ့စမတ်ဖုန်းနာရီ Emopulse’s Smile SmartWatch



             စမတ်နာရီတွေခေတ်စားလာပေမယ့် ဒီဇိုင်းပုံစံအားဖြင့် စွဲမက်ဖွယ်နာရီတွေကတော့ရှားပါးလွန်း
လှပါတယ်။ သူ့ထက်ငါ အပြိုင်အဆိုင်ထုတ်နေတဲ့ စမတ်နာရီတွေထဲမှာ ယခုနောက်ဆုံး ထွက်ရှိခဲ့တဲ့
Emopulse ရဲ့ Smile Watch လေးကတော့ တော်တော်လေးကို စွဲမက်ဖွယ်ကောင်းလှပါတယ်။

            လက်ကောက်ဝတ်မှာ အလှတန်ဆာဆင်ဖို့ လက်ဝတ်ရတနာတွေရယ်၊ တန်ဖိုးကြီးနာရီတွေရယ်
နဲ့ စမတ်ဖုန်းတွေ အားလုံးကို ဒီစမတ်ဖုန်းနာရီလေးက တစ်စုတစ်စည်းတည်းဖြစ်အောင်လုပ်ပေးထားသည့်
အလား တင်စားနိုင်ပါတယ်။ လူတကာငေးမောကြည့်ရှုကြလိမ့်မယ်ဆိုတာကတော့အသေအချာပါပဲ။

Smart Journal


Smart Pro Journal ကို အပတ်စဉ် ၀ယ်ယူအားပေး ဖတ်ရှုကြသော
စာဖတ်ပရိတ်သတ်များနှင့် အွန်လိုင်းမှ တိုက်ရိုက် ဒေါင်းယူကာ ဖတ်ရှုကြသော
စာဖတ်သူများအားလုံးအတွက် ပြီးခဲ့သည့် အပတ်စဉ်ကထက်

ပိုမိုထူးခြားကောင်းမွန်သော ၊အနှစ်သာရ ပြောင်းလဲခြင်း မရှိသည့် issue 21 ကို

စနေ နေ့တွင် ထုတ်ဝေ ဖြန်ချိလိုက်ပါပြီ။

ယခုတစ်ပတ် ထူးထူးခြားခြား အနေဖြင့် ဘယ်အိုင်တီ ၊ မိုဘိုင်းလ် ဂျာနယ်ကမှ

မလုပ်ဘူးသေးသည့် Mobile SMS စနစ်ကို စတင်လိုက်ပါပြီ။ မိုဘိုင်းဖုန်းမှ တစ်ဆင့်

Mobile Knowledge Quiz အဖြေများကို ပေးပို့ရုံဖြင့် ငွေကျပ် ၅၀၀၀ ကျပ်တန်

ငွေဖြည့်ကဒ်များကို ကံစမ်းနိုင်မှာ ဖြစ်ပါသည်။

Friday, June 21, 2013

မြန်မာနိုင်ငံ၏ အင်တာနက် Speed ကို ကမ္ဘာကျော် Intel ကုမ္ပဏီမှ ဝေဖန်ပြောကြားသွားခဲ့

 
ကမ္ဘာ့အကြီးဆုံး နည်းပညာ ကုမ္ပဏီကြီးထဲတွင် တစ်ခုအပါအဝင်ဖြစ်သည့် Intel ကုမ္ပဏီသည် အာရှတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်သွားမည် ဖြစ်ပြီး ၎င်းတို့ ရင်းနှီးမြှုပ်နှံမည့် အာရှ၏ နိုင်ငံများထဲတွင် မြန်မာနိုင်ငံ မပါဝင်ကြောင်း နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သည့် ကမ္ဘာ့စီးပွားရေးဖိုရမ် (World Economic Forum (WEF)) တွင် ပြောကြားခဲ့သည်။ Intel ရဲ့ ဥက္ကဋ္ဌတစ်ဦးဖြစ်သူ Mr.Aruind Sodhamim က “ကျွန်တော်တို့ရဲ့ အာရှိတိုက်တွင် အရဲစွန့်ပြီး လုပ်ဆောင်တဲ့ စီးပွားရေးစနစ်မှာ မြန်မာနိုင်ငံ မပါဝင်ပါဘူး” ဟု ပြောကြားခဲ့သည်။ Intel ရဲ့ အမေရိကန်ဒေါ်လာ ၁၆ မီလီယံ ရင်းနှီးမြှုပ်နှံခြင်းတို့ကို အိန္ဒိယနှင့် စင်္ကာပူနိုင်ငံများတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်းကို ကမ္ဘာ့စီးပွားရေး ဖိုရမ်တွင် ပြောကြားသွားခဲ့သည်။ Mr.Aruind Sodhamim က ဆက်လက်၍ “မြန်မာနိုင်ငံ၏ လုပ်ကိုင်ခွင့် ဥပဒေတွေက တိုးတက်မှုမရှိသေးတဲ့အပြင် ရင်းနှီးမြှုပ်နှံသူတွေ လိုအပ်လျက်ရှိနေပါတယ်။ အဲဒါတွေ စတင်ပြောင်းလဲလာပါက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ဖို့ ကတိပေးပါတယ်” ဟု ထပ်မံပြောကြားခဲ့သည်။
Related Posts Plugin for WordPress, Blogger...