Thursday, December 27, 2012

ကြီးမားနေတဲ့ Screen နဲ့ ထွက်ရှိလာမယ့် HTC စမတ်ဖုန်းသစ် M7



လွန်ခဲ့တဲ့ လအတွင်းမှာ ထွက်ရှိခဲ့တဲ့ HTC Butterfly, DNA တို့ဖြင့် ဈေးကွက်မှာ အောင်မြင်မှု ရရှိနေတဲ့ HTC ဟာ ၎င်းစမတ်ဖုန်းများကဲ့သို့ အလွန်ကြီးမားတဲ့ Screen ပါဝင်တဲ့ မျိုးဆက်သစ် စမတ်ဖုန်းတစ်ခုကို ထပ်မံတင်ပို့ဖို့ စီစဉ်ထုတ်လုပ်နေပါတယ်။ တွေ့ရှိရတဲ့ အင်တာနက် ဓာတ်ပုံများအရ HTC M7 လို့ အမည်ပေးထားတဲ့ ၎င်းဖုန်းဟာ ရုပ်ထွက်ကြည်လင် ပြတ်သားတဲ့ High-res ဖန်ပြင် တပ်ဆင်ထားပြီး Butterfly, DNA တို့ကဲ့သို့ Screen အရွယ်အစား ကြီးမားသော်လည်း ၎င်းဖုန်းများထက်တော့ အနည်းငယ် သေးငယ်ကာ 4.7″ အရွယ်သာ တပ်ဆင်ထားပါတယ်။ 1080p resolution ထောက်ပံ့ပေးနိုင်သလို Pixel Density ကလည်း 468ppi တောင် ရှိတာကြောင့် မြင့်မားတဲ့

ဈေးသက်သာ ၆.၁ လက်မ အရွယ်ဖုန်း Huawei ကထုတ်

လက်ရှိ စမတ်ဖုန်း လောကထဲမှာ ကမ္ဘာ့အကြီးဆုံး ဖြစ်လာမယ့် ဖုန်း ဖြစ်ပါတယ်။ ၅.၅၅ လက်မရှိတဲ့ Samsung Galaxy Note တွေထက်ကော ကြီးပါတယ်။ iPad mini နီးနီးကို ဖြစ်နေပါတယ်။ ကျောက်သင်ပုန်း ကွန်ပြူတာ အနေနဲ့ ထုတ်လုပ်ခြင်းလည်းမဟုတ်ပဲ စမတ်ဖုန်းနဲ့ Tablet ပေါင်းထားတဲ့ Phablet ဖြစ်ပါတယ်။ မျက်နှာပြင် အရွယ်ကြီးတေည့ resolution ကိုလည်း အလေးထား ပြုလုပ်ထားပေး ပါတယ်။ Full HD 1920x1080 display ဖြစ်ပြီး ဖုန်းရဲ့ အမည်ကိုတော့ Ascend Mate လို့ အမည်ပေးထားပါတယ်။ 


အလွယ်ကူဆုံးနည်းလမ်းဖြင့် Android Application ဖန်တီးခြင်း

  • ကျနော် ဒီပို့စ်မှာ Android Application နှင့်ပတ်သက်ပြီး မည်သည့် Coding တွေကိုမှ မသုံးဘဲ၊ သုံးရန်မလိုအပ်သော Application ရေးသားပုံ၊ ရေးသားနည်းကို တင်ပြပေးသွားမှာပါ။ အခုတင်ပြပေးမယ့် နည်းစနစ်ကတော့ Online/ Offline ဖတ်ရှုလို့ ရပါတယ်။
  • ဒီနည်းစနစ်လိုပဲ အခြားသော Android Application ရေးသားနိုင်တဲ့ Link များစွာလည်းရှိပါသေးတယ်။  အခု တင်ပြတဲ့ နည်းစနစ်ကတော့ အလွန်ကို လွယ်ကူရိုးစင်းပြီး ဖန်တီးရတာ ပျော်စရာလည်း ကောင်းလို့ တင်ပြပေးလိုက်တာပါ။
  • တစ်ခုတော့ နားလည်ပေးချင်တာက ဒီပို့စ်က Pro တွေအတွက် ရည်ရွယ်ရေးသားတင်ပြပေးခြင်းမဟုတ်ပါ။ အပျော်တမ်း Android apk များ ဖန်တီးချင်သူ Beginner များအတွက်သာ ရည်ရွယ်ပါတယ် ခင်ဗျာ။ :-) :-) :-)

Friday, December 21, 2012

ဖုန်းတစ်လုံးမှာပါတဲ့ RAM နဲ့ ROM ဆိုတာ

RAM နဲ့ ROM စနစ်အကြောင်းကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ မိုဘိုင်းဖုန်း အသုံးပြုသူ တော်တော်များများအနေနဲ့ ဖုန်းတွေရဲ့မှတ်ဉာဏ် Memory စနစ်တွေထဲမှာ RAM နဲ့ ROM ဆိုပြီး စနစ်နှစ်ခုကို ခွဲခြားသတ်မှတ်ထားတာကို မြင်ဖူးသိဖူးကြမှာပါ။

ဒီစနစ်နှစ်ခုထဲက ROM ဆိုတာကတော့ Read Only Memory လို့အဓိပ္ပါယ်ရပါတယ်။ Read Only Memory ကို အတိုကောက်အနေနဲ့ ROM လို့ သတ်မှတ်သုံးစွဲခေါ်ဆိုတာဖြစ်ပြီး ROM စနစ်ဟာ သေးငယ်တဲ့ မှတ်ဉာဏ်စနစ်တစ်မျိုးဖြစ်ပြီး ကွန်ပျူတာတွေနဲ့ မိုဘိုင်းဖုန်း Device တွေအတွက် မရှိမဖြစ် လိုအပ်တဲ့ မှတ်ဉာဏ်အမျိုးအစားတစ်ခု ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒီမှတ်ဉာဏ်စနစ်ဟာ မရှိမဖြစ်လိုအပ်တဲ့ Smart

Tuesday, December 18, 2012

Android Root နဲ့ပါတ်သက်သောအခေါ်အဝေါ်များ

 Android နဲ့ပါတ်သက်တဲ့ Root လုပ်ရာမှာခေါ်တဲ့ အခေါ်အဝေါ်တစ်ခုချင်းစီကိုဖော်ပြပေးမှာဖြစ်ပါတယ်။ ဒီအခေါ်အဝေါ်တွေဟာ Android Device တွေကို Root လုပ်ရာမှာအများဆုံးတွေ့ရတဲ့အပြင် Android လောက မှာအများဆုံးသုံးကြပါတယ်။
ဒါပေမယ့် ဒီခေါ်အဝေါ်တွေကို သာမန်Android Device တွေကိုအသုံးပြုတဲ့ လူတစ်ယောက်ကသိနိုင်ဖို့ခတ်ခဲပါတယ်။  ဒါကြောင့်အခု လိုတစ်စုတစ်စည်းထဲဖော်ပြလိုက်ခြင်းဖြစ်ပါတယ်။ အလွန်အကျိုးရှိမယ်လို့လဲထင်ပါတယ်ခင်ဗျာ ..။



1. ADB

ADB လို့ခေါ်တဲ့ Android Debug Bride (သို့) Android Debug Mode ဟာဆိုရင် ကျွန်တော်တို့အသုံးပြုနေတဲ့ computer ကနေတစ်ဆင့် ကျွန်တော်တို့ရဲ့ Android Device တွေကို ချိတ်ဆက်ပေးတဲ့ command line tool တစ်ခုဖြစ်ပါတယ်။ ADB ဟာ Android SDK (Software Development Kit) ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပြီး root လုပ်ရာမှာအသုံးပြုတဲ့ tool တစ်ခုဖြစ်ပါတယ်။ ADB ကိုသုံးတဲ့အခါ Android Commands တွေကိုထည့်သွင်းရမှာဖြစ်ပြီး အစောပိုင်း Android Device တွေကို Root လုပ်ချင်တဲ့အခါ commands တွေကတစ်ဆင့်ပြုလုပ်ရပါတယ်။

Monday, December 17, 2012

Google Play ဆိုတာဘာလဲ

Google play store သည် Multimedia content များကို ရောင်းချသည့် Google ၏ online store ဖြစ်သည်။ ဤ store မှ နေ၍ သီချင်း၊ ရုပ်ရှင်၊ ဗီဒီယို၊ ဂိမ်း၊ စာအုပ်နှင့် ဆော့ဖ်ဝဲများကို အခပေး၍ ဝယ်ယူနိုင်သည်။ သို့သော် အခမဲ့ရသည်တို့လည်း ရှိပါသည်။ သို့ရာတွင် Google play store သို့ ဝင်ရန် Google play store application ရှိရန်လိုသည်။ ထို application ကို မိမိ၏ tablet သို့မဟုတ် phone ပေါ်တွင် Install လုပ်ထားရန်လည်း လိုပါသည်။
Google play store ၏ အစသည် Google Market ဖြစ်သည်။ ယခင်က ဝယ်ယူထားသော Android tablet များနှင့် Smart phone များပေါ်တွင် Android market application အဟောင်း ရှိကောင်းရှိနေနိုင်ပါသည်။ Google သည် 2008 ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့တွင် Android market ကို ကြေညာလျက် online digital store လောကသို့ ဝင်ရောက်လာခဲ့သည်။
သို့ရာတွင် Phone နှင့် Tablet သုံးစွဲသူများ စတင် အသုံးပြုနိုင်သည်မှာ ၂၀၀၈ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့တွင်မှ ဖြစ်ပါသည်။ အခပေး ဆော့ဖ်ဝဲရောင်းချခြင်းကိုမူ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင်မှ စတင်နိုင်ခဲ့ပါသည်။ ထိုစဉ်က ဆောဖ့်ဝဲရေးသူ အများစုမှာ အမေရိကန်ပြည်ထောင်စုနှင့် ဂရိတ်ဗြိတိန်မှ ဖြစ်သည်။ သို့သော် ၂၀၁၀ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့မှစ၍ အခြားသောနိုင်ငံ ၂၉ နိုင်ငံမှ ဆော့ဖ်ဝဲရေးသူများအတွက် လမ်းဖွင့်ပေးခဲ့ပါသည်။
၂၀၁၀ ခုနှစ် ဒီဇင်ဘာလထဲသို့ ရောက်သည့်အခါ Google သည် Android market ၌ content filtering စနစ်ကို ထည့်သွင်းခဲ့သည်။ ထို့ပြင် Android market မှ ဝယ်ယူသော Application များကို မကြိုက်လျှင် ၂၄ -၄၈ နာရီအတွင်း ငွေပြန်းအမ်း ယူနိုင်သော စနစ်အစား ၁၅ မိနစ်အတွင်း ငွေပြန်အမ်းယူနိုင်သည့် စနစ်သို့ ပြောင်းလဲခဲ့ပါသည်။

လျှို့ဝှက်စွာ ကြီးထွားခဲ့သော Windows Tablet များ၏ သမိုင်းတစ်စ

Photo
တက်ဘလက်တွေရဲ့ သမိုင်းကို ပြောရမယ်ဆိုရင် ၁၉၈၆ ခုနှစ်ကတည်းက စခဲ့တယ်လို့ ဆိုနိုင်ပါတယ်။  ကွန်ပျူတာ ပညာရှင် အလန်းခေးဟာ ပထမဆုံး တက်ဘလက်ပုံစံကို စဉ်းစားတွေးခေါ် နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အောင်မြင်တဲ့ ထုတ်ကုန်တစ်ခုအဖြစ်တော့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ၂၀၁၀ ပြည့်နှစ်မှာ ထွက်ရှိခဲ့တဲ့ iPad ကတော့ ခေတ်သစ် တက်ဘလက်လောကရဲ့ ဦးဆောင်သူ ဖြစ်ခဲ့ပါတယ်။ မကြာခင် အချိန်မှာ Window 8 တက်ဘလက်တွေကိုလည်း ဈေးကွက်အတွင်းမှာ စိတ်ကြိုက်ဝယ်ယူနိုင်တော့မှာပါ။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က အနာဂတ်ရဲ့ ကွန်ပျူတာလောကမှာ တက်ဘလက်တွေသာ

Apple နဲ့ Google တို့ရဲ့ ဖန်သားပြင် ရန်စောင်ပွဲ

အရင်က လည်ပင်းဖက် ပေါင်းလာခဲ့သည့် သူငယ်ချင်းကောင်းတွေလေ။ ယခုတော့ ရန်စောင်နေကြပြီ။ တရားရုံးတွေမှာ၊ လူသုံးပစ္စည်း ဈေးကွက်တွေမှာ မီးခိုးမဆုံး၊ မိုးမဆုံး တိုက်ပွဲတွေ ဆင်ကြသည်။ ပြီးခဲ့သော သီတင်းပတ် (၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်) တွင်မတော့ ထိုရန်ဆူးရန်ညှောင့်က ပုံစံတမျိုးတစ်ဖုံ ဖြစ်သွားပြန်သည်။ သူတို့နှစ်ယောက် စမတ်ဖုန်း ဖန်သားပြင်ထက်မှာ ထိပ်တိုက် သွားတွေ့ခြင်းပါတည်း။ ထိုနှစ်ယောက်က Google နှင့် Apple တို့ပင်။ ဗုဒ္ဓဟူးနေ့ (၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်) က Apple ၏ iPhone ဆော့ဖ်ဝဲလ်ဗားရှင်းသစ်ကို ထုတ်ရောင်းလိုက်သည်။ ထိုဗားရှင်းသစ်၌ Apple က အဓိကကျသော အက်ပလီကေးရှင်း နှစ်ခုကို ဖယ်ထုတ်ထားသည်။ နှစ်ခုစလုံးက Google ၏ ထုတ်ကုန် ပစ္စည်းတွေချည်းပင်။ Google ၏ Map နှင့် YouTube တို့ဖြစ်သည်။ ထိုသို့ အက်ပလီကေးရှင်း နှစ်ခုကို ဖယ်ထုတ်လိုက်တာကို ကြည့်လျှင် သူတို့နှစ်ဦး မည်မျှ အပြိုင်ကြမ်းနေပြီကို သိနိုင်၏။ ထို့ပြင် မိုဘိုင်းသုံးစွဲသူတွေ၏ အရေးပါမှုကလည်း ဒီနေရာတွင် သိသာထင်ရှားလွန်းနေသည်။
“သူတို့နှစ်ယောက် ဖုန်းနဲ့ပြိုင်၊ မြေပုံနဲ့ပြိုင်၊ သတင်းနဲ့ပြိုင်၊ ရှာဖွေမှုနဲ့ပြိုင်၊ ပြိုင်ပြီးရင်း ပြိုင်နေကြတယ်” ဟု BCG Partners မှ သုံးသပ်သူ တစ်ဦးက ပြောသည်။ မြေပုံများက မိုဘိုင်းပစ္စည်းများအတွက် အရေးပါလှသည်။ မိုဘိုင်းပစ္စည်းများက တည်နေရာပြ ဝန်ဆောင်မှု လုပ်ငန်းများ အတွက်ရော၊ ကြော်ငြာများ အတွက်ရော အဆင်ပြေသည့် နေရာလေ။ တည်နေရာပြ ဝန်ဆောင်မှု လုပ်ငန်းနှင့် ကြော်ငြာများက ငွေရှာကောင်းသည့် လုပ်ငန်းများဖြစ်သည်။ တကယ်တော့ ဒီနေရာမှာ Google နှင့် Apple တို့နှစ်ယောက်သာ စစ်ခင်းနေသည်ဟု ပြော၍မရ။ Amazon, Nokia, Microsoft, AOL နှင့် Yahoo တို့လည်း ဒီပွဲမှာ ပါနေတာပါပဲ။ “Google လုပ်ထားသလို မိုဘိုင်းဂေဟ စနစ်တစ်ခု
Related Posts Plugin for WordPress, Blogger...