Thursday, December 27, 2012

မြန်မာကျပ်ငွေ သိန်း ၂၀ ကျော်တန် အဖြူရောင် Blackberry Porsche အသစ်



အမေရိကန်ဒေါ်လာ ၂၃၀၀ ဝန်းကျင်လောက် ကုန်ကျမယ့် စမတ်ဖုန်း ဖြစ်ပါ တယ်။ ဈေးက ကြီးတယ်ဆိုတော့ ဘာများထူးခြားသလဲ ဆိုတာကို လေ့ လာကြည့်မိပါတယ်။

အမှန်တော့ ဈေးကြီးရတဲ့ အကြောင်းက ဒီဇိုင်းနဲ့ တံဆိပ်စားလို့ဖြစ်ပါတယ်။ Blackberry ထုတ်ဖုန်း လို့ တပ်အပ်ပြောလို့မရပါဘူး။ Porsche Design Group က Blackberry ဖုန်း နာမည်ကို အခြေခံလို လိုသလို ပုံစံထွင် ထုတ်ထားတဲ့ ဖုန်း ဖြစ်ပါတယ်။ သူတို့အနေနဲ့မှာတော့ တော်တော်လေးကို လှတဲ့ ဒီဇိုင်းဖြစ်ပါတယ်။ Feature ကလည်း ယခုခေတ်အခါအတွက် အနေတော်လောက်ပဲ ဖြစ်ပါတယ်။

ကမ္ဘာ့အပါးဆုံး ဖြစ်လာမည့် iPad 5


i Pad mini နဲ့ i Pad 4 ကို ပြီးခဲ့တဲ့ နိုဝင်ဘာလက တစ်ပြိုင်နက်တည်း ဖြန့်ချိ ခဲ့ပါတယ်။
အခုတော့ နံပါတ် ၅ မြောက် iPad သို့မဟုတ် iPad 5 ထွက်ရှိ မယ်လို့ သတင်းထွက်နေပြန်ပြီ ဖြစ်ပါတယ်။
( ပုံမှာ ပြထားတာ ကတော့ Concept ဒီဇိုင်းမျှသာ ဖြစ်ပါတယ်။ Apple က လုပ်ထားတာ မဟုတ်ပါဘူး။)
သတင်း ကတော့ ဂျပန်နိုင်ငံက ထွက်ရှိလာခြင်း ဖြစ်ပြီး အနောက်နိုင်ငံများ က ဘာသာပြန်တော့ နှစ်မျိုးကွဲသွားရပါတယ်။
မူလ iPad 4 တုန်းက ၉.၄ မီလီမီတာ အထူရှိပြီး ယခု ထွက်မယ့် နံပါတ် ၅ ကို ၇.၂ မီလီမီတာတို့ လည်းကောင်း၊
၂ မီလီမီတာလို့ လည်းကောင်း နှစ်မျိုး အသံထွက် နေပါ တယ်။ Apple ကတော့ ဘာမှ တရားဝင် မကြေညာသေးပါဘူး။
သို့ပေမယ့် Apple အတွင်းလူများဆီက သတင်းလို့ ဆိုပါတယ်။
Superthin လို့ခေါ်တဲ့ တကယ့် အပါးတက အပါးဆုံး ထုတ်လုပ်မှာ ဖြစ်ပါ တယ်။
အဖြစ်နိုင်ဆုံးကတော့ ၇.၄ မီလီမီတာ ဖြစ်ပါတယ်။ Retina ကိုပဲ ပြန်သုံးမလား
အခြား Display resolution ကိုရွေးမလား ဆိုတာလည်း ခန့်မှန်းနေကြဆဲ ဖြစ်ပါတယ်။ သို့ပေမ့ယ် နောက်ထွက်မယ့်
iPad 5 ကတော့ အပါးဆုံး ဖြစ်လာမယ်ဆိုတာတော့ သေချာကြောင်း သိရပါတယ်။

Phone ရဲ့ IMEI နံပါတ်သိရုံဖြင့် ၄င်းဖုန်း နှင့် ပက်သက်သည်များကို သိရှိနိုင်မည့် Website တစ်ခု

Phone ရဲ့ IMEI နံပါတ်သိရုံဖြင့် ၄င်းဖုန်း နှင့် ပက်သက်သည်များကို သိရှိနိုင်မည့် Website တစ်ခုကို ဖော်ပြပေးလိုက်ပါတယ်... ဒီမှာကြည့်ပါ

လိပ်စာကတော့ >> http://www.imei.info ဖြစ်ပါတယ်..








1.Dial *#06# to see your device IMEI
2. Enter IMEI to field above
3.Get information about your device Enter IMEI to field above

မိုဘိုင်းဖုန်းနှင့် ပက်သက်၍ လူသိနည်းသော အကြောင်းအရာ အချို့

မိုဘိုင်းဖုန်းနှင့် ပက်သက်၍ လူသိနည်းသော အကြောင်းအရာ အချို့ကို စုစည်း ဖော်ပြလိုက် ရပါတယ်။

၁။ ကမ္ဘာ့ ပထမဆုံး လက်ကိုင် မိုဘိုင်းဖုန်း (ဆယ်လူလာ ဖုန်းအမျိုးအစား)ကို Motorola မှ ၁၉၈၃ ခုနှစ်က ထုတ်လုပ်ပြီး DynaTAC 8000X လို့ အမည် ပေးထ
ားပါတယ်။
၂။ ကမ္ဘာ့ ပထမဆုံး SMS စာပို့ စနစ်ကို ၁၉၉၂ ခုနှစ်မှာ စတင်ခဲ့တာ
ဖြစ်ပါတယ်။
Source: မြ၀တီ ...    MyanmarITGroup


ကြီးမားနေတဲ့ Screen နဲ့ ထွက်ရှိလာမယ့် HTC စမတ်ဖုန်းသစ် M7



လွန်ခဲ့တဲ့ လအတွင်းမှာ ထွက်ရှိခဲ့တဲ့ HTC Butterfly, DNA တို့ဖြင့် ဈေးကွက်မှာ အောင်မြင်မှု ရရှိနေတဲ့ HTC ဟာ ၎င်းစမတ်ဖုန်းများကဲ့သို့ အလွန်ကြီးမားတဲ့ Screen ပါဝင်တဲ့ မျိုးဆက်သစ် စမတ်ဖုန်းတစ်ခုကို ထပ်မံတင်ပို့ဖို့ စီစဉ်ထုတ်လုပ်နေပါတယ်။ တွေ့ရှိရတဲ့ အင်တာနက် ဓာတ်ပုံများအရ HTC M7 လို့ အမည်ပေးထားတဲ့ ၎င်းဖုန်းဟာ ရုပ်ထွက်ကြည်လင် ပြတ်သားတဲ့ High-res ဖန်ပြင် တပ်ဆင်ထားပြီး Butterfly, DNA တို့ကဲ့သို့ Screen အရွယ်အစား ကြီးမားသော်လည်း ၎င်းဖုန်းများထက်တော့ အနည်းငယ် သေးငယ်ကာ 4.7″ အရွယ်သာ တပ်ဆင်ထားပါတယ်။ 1080p resolution ထောက်ပံ့ပေးနိုင်သလို Pixel Density ကလည်း 468ppi တောင် ရှိတာကြောင့် မြင့်မားတဲ့

ဈေးသက်သာ ၆.၁ လက်မ အရွယ်ဖုန်း Huawei ကထုတ်

လက်ရှိ စမတ်ဖုန်း လောကထဲမှာ ကမ္ဘာ့အကြီးဆုံး ဖြစ်လာမယ့် ဖုန်း ဖြစ်ပါတယ်။ ၅.၅၅ လက်မရှိတဲ့ Samsung Galaxy Note တွေထက်ကော ကြီးပါတယ်။ iPad mini နီးနီးကို ဖြစ်နေပါတယ်။ ကျောက်သင်ပုန်း ကွန်ပြူတာ အနေနဲ့ ထုတ်လုပ်ခြင်းလည်းမဟုတ်ပဲ စမတ်ဖုန်းနဲ့ Tablet ပေါင်းထားတဲ့ Phablet ဖြစ်ပါတယ်။ မျက်နှာပြင် အရွယ်ကြီးတေည့ resolution ကိုလည်း အလေးထား ပြုလုပ်ထားပေး ပါတယ်။ Full HD 1920x1080 display ဖြစ်ပြီး ဖုန်းရဲ့ အမည်ကိုတော့ Ascend Mate လို့ အမည်ပေးထားပါတယ်။ 


အလွယ်ကူဆုံးနည်းလမ်းဖြင့် Android Application ဖန်တီးခြင်း

  • ကျနော် ဒီပို့စ်မှာ Android Application နှင့်ပတ်သက်ပြီး မည်သည့် Coding တွေကိုမှ မသုံးဘဲ၊ သုံးရန်မလိုအပ်သော Application ရေးသားပုံ၊ ရေးသားနည်းကို တင်ပြပေးသွားမှာပါ။ အခုတင်ပြပေးမယ့် နည်းစနစ်ကတော့ Online/ Offline ဖတ်ရှုလို့ ရပါတယ်။
  • ဒီနည်းစနစ်လိုပဲ အခြားသော Android Application ရေးသားနိုင်တဲ့ Link များစွာလည်းရှိပါသေးတယ်။  အခု တင်ပြတဲ့ နည်းစနစ်ကတော့ အလွန်ကို လွယ်ကူရိုးစင်းပြီး ဖန်တီးရတာ ပျော်စရာလည်း ကောင်းလို့ တင်ပြပေးလိုက်တာပါ။
  • တစ်ခုတော့ နားလည်ပေးချင်တာက ဒီပို့စ်က Pro တွေအတွက် ရည်ရွယ်ရေးသားတင်ပြပေးခြင်းမဟုတ်ပါ။ အပျော်တမ်း Android apk များ ဖန်တီးချင်သူ Beginner များအတွက်သာ ရည်ရွယ်ပါတယ် ခင်ဗျာ။ :-) :-) :-)

Friday, December 21, 2012

ဖုန်းတစ်လုံးမှာပါတဲ့ RAM နဲ့ ROM ဆိုတာ

RAM နဲ့ ROM စနစ်အကြောင်းကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ မိုဘိုင်းဖုန်း အသုံးပြုသူ တော်တော်များများအနေနဲ့ ဖုန်းတွေရဲ့မှတ်ဉာဏ် Memory စနစ်တွေထဲမှာ RAM နဲ့ ROM ဆိုပြီး စနစ်နှစ်ခုကို ခွဲခြားသတ်မှတ်ထားတာကို မြင်ဖူးသိဖူးကြမှာပါ။

ဒီစနစ်နှစ်ခုထဲက ROM ဆိုတာကတော့ Read Only Memory လို့အဓိပ္ပါယ်ရပါတယ်။ Read Only Memory ကို အတိုကောက်အနေနဲ့ ROM လို့ သတ်မှတ်သုံးစွဲခေါ်ဆိုတာဖြစ်ပြီး ROM စနစ်ဟာ သေးငယ်တဲ့ မှတ်ဉာဏ်စနစ်တစ်မျိုးဖြစ်ပြီး ကွန်ပျူတာတွေနဲ့ မိုဘိုင်းဖုန်း Device တွေအတွက် မရှိမဖြစ် လိုအပ်တဲ့ မှတ်ဉာဏ်အမျိုးအစားတစ်ခု ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒီမှတ်ဉာဏ်စနစ်ဟာ မရှိမဖြစ်လိုအပ်တဲ့ Smart
Related Posts Plugin for WordPress, Blogger...