Monday, March 18, 2013

iPhone အတွက် မိမိစိတ်ကြိုက် Ringtones လုပ်နည်း

iPhone တွေမှာ ကိုယ်ကြိုက်တဲ့ Ringtones တွေလုပ်မယ်ဆိုရင် အရင်ဆုံး ကိုယ့်စက်ထဲမှာ iTunes 11 or latter ရှိရပါမယ်။ ဒီပို့စ်မှာတော့ iTunes 11 ရှိပြီးပြီလို့ယူဆပါတယ်။ ကဲ Ringtone တွေဘယ်လိုလုပ်မလဲ ဆိုတဲ့နည်းလေးကို စပြီးတော့ လေ့လာလိုက်ရအောင်...
(၁)  iTunes 11လေးကို စပြီးတော့ ဖွင့်ပြီးတော့ iTunes လေးထဲကို ကိုယ် Ringtones လုပ်ချင်တဲ့ သီချင်းလေးကို ထည့်ရပါမယ်။ (ကိုယ်ထည့်ချင်တဲ့သီချင်းက iTunes ထဲမှာ ရှိနေပြီးသားဆို ဒီအဆင့်ကို ကျော်သွားလို့ရပါတယ်။) ဘယ်လိုထည့်ရမလဲဆိုတော့... Files>Add File to library ကိုနှိပ်ပြီး တော့ ကိုယ်ထည့်ချင်တဲ့ သီချင်းလေးကို select ပေးပြီး open နှိပ်ပါ။ ဒါဆိုရင် iTunes ထဲကို ခုနက ထည့်လိုက်တဲ့သီချင်းလေးရောက်သွားပါလိမ့်မယ်။
(၂)  ခုနက ထည့်လိုက်တဲ့သီချင်းလေးပေါ်ကို Right Click နှိပ်ပြီး Get info ဆိုတာလေးကို ရွေးပေးပါ။
 
 (၃)  Info ထဲက Option ဆိုတာလေးကို ရွေးပေးပါ။ အဲ့ဒီမှာ Start Time နဲ့ Stop Time နေရာတွေမှာ ကိုယ့် Ringtones ကို ဘယ်ကနေစမည်ပြီး ဘယ်နေရာမှာဆုံးစေချင်တာလဲဆိုတာကို ထည့်ပေးပါ။ (မှတ်ချက်။  ။ စက္ကန့် ၃၀ ထက်မပိုရ။) ပြီးရင် Ok ကိုနှိပ်ပေးပါ။
(၄)  အဲ့ဒီမှာ ကိုယ့်ရဲ့ iTunes ထဲမှာ ကိုယ်ခုနက လုပ်လိုက်တဲ့ Ringtone လေးပြောင်းသွားပါလိမ့်မယ်။ ဒါပေမယ့်ဖွင့်လို့တော့မရသေးဘူးခင်ဗျ။ အဲ့ဒီကောင်လေးကို Format ပြောင်းပေးရဦးမှာမို့လို့ပါ။ အဲ့ဒီခုနက ကိုယ် create လုပ်ထားတဲ့ Ringtone လေးပေါ်ကို Right Click နှိပ်ပြီး Create AA Version ဆိုတာလေး ကိုရွေးပေးပါ။
ဒီလိုလေးပေါ့နော်။
(၅)   အဲ့ဒီလိုလေး AA Version လေးနှိပ်ပြီးသွားရင် သူ့ရဲ့မူရင်းသီချင်းအောက်လေးနားမှာ ကိုယ် AA Version ပြောင်းထားတဲ့ သီချင်းလေးနောက်ထပ်တစ်ခုပေါ်နေပါလိမ့်မယ်။ အဲ့ဒီသီချင်းလေးကို selectပေး ထားပြီးတော့ File>Show in Explorer (For Windows), File>Show in Finder (For Mac) လေးကိုရွေးပေးပါ။
(၆)  .m4a ဆိုတာလေးကို .m4r ဆိုပြီး ပြောင်းပေးပါ။ (တကယ်လို့ .m4a ဆိုတာလေး မပေါ်ခဲ့ရင် Tools>  Options လေးကို ရွေးပြီး View ထဲက High Extension For Know File Type ဆိုတာလေးကို အမှန်ခြစ်ထားတာ ဖြုတ်ပေးလိုက်ပါ။
(ရ)  .m4r လေးကို ပြောင်းပြီးသွားပြီဆိုရင် ကျွန်တော်တို့ iTunes ထဲက Tones ဆိုတဲ့ထဲလေးမှာ ကိုယ်ပြောင်းထားတဲ့ Ringtone လေးရောက်နေပါလိမ့်မယ်။ (တကယ်လို့ iTunes ထဲမှာ Tones ဆိုတာ မပေါ်ဘူးဆိုရင် ခုနက ကိုယ်ပြောင်းထားတဲ့ သီချင်းလေးကို iTunes ထဲကို drag-drop ဆွဲထည့်လိုက်ပါ။)
   ဒါဆိုရင်တော့ ကျွန်တော်တို့ Ringtones လေးတွေကို ကိုယ့် iPhone လေးထဲမှာ ထည့်ထားလို့ ရပါပြီခင်ဗျား။ ကျွန်တော်ပြောပြသည့် အကြောင်းရာများကို နားမလည်လျှင်ဖြစ်စေ၊ မရှင်းလင်းတာဖြစ်စေ
အောက်မှာ ကွန်မန့်ချန်ထားခဲ့နိုင်ပါသည်။ 

Dead USB Flashing Symbian Os (Symbian Firmware တင်နည်း)

 
Dead USB Flashing Symbian Os (Symbian Firmware တင်နည်း)
Dead USB Flashing Symbian Os က Symbian Os တွေအတွက် Flashing လုပ်တာပါ။
ကျွန်တော် Flashing မလုပ်ခင် Flashing အကြောင်းအရင်ဆုံး ပြောပြပါမယ်။
Flashing ဆိုတာက တကယ်တမ်းကျတော့ Phone တစ်ခုလုံးကို အသစ်ပြန်လုပ်လိုက်တဲသဘောပါ
Computer နဲ.နှိုင်းစရာက Windows Os ကို Format ရိုက်ပြီး Windows Os ပြန်တင်တဲသဘောပါ
ဥပမာ ကိုယ်အရင် Windows 7 ကို Format ရိုက်ပြီး Windows 8 တင်တဲသဘောပါ။
အခုက Symbian^3 ဖြစ်ဖြစ် anna ဖြစ်ဖြစ် Format ရိုက်ပြီး Symbian Belle ကိုတင်ပြတာပါ။
ဒီလောက်ဆိုရင် Symbian ရဲ. Flashing ကိုနားလည်လောက်ပြီထင်ပါတယ်။
Flashing လုပ်ရင် အရင်ဆုံးသတိထားရမှာက Phone ကို Backup လုပ်ဖို.ပဲ
Memory Card ထဲကို Backup ဖိုင်.ထည်.ရပါမယ်။

Saturday, March 16, 2013

ဖိုက်တင်ချတာ ၀ါသနာပါသူတွေအတွက် Real Boxing™ v 1.0

拇指玩 真实拳击 Tegra版 Real Boxing™安卓手机游戏高清截图.
ဖိုက်တင်ချရတာ ၀ါသနာပါသူတွေအတွက်ပါ
ရုပ်ထွက်ကလဲ အလန်းဇယာပဲနော်
လိုချင်တယ်ဆိုရင်တော့ အောက်မှာဒေါင်နိုင်ပါတယ်နော်

Thursday, March 14, 2013

SIM Card အကြောင်း သိကောင်းစရာ

 
 SIM ဆိုတာ မိုဘိုင်းဖုန်းတွေနဲ့ ကွန်ပျူတာတွေလိုမျိုး စက်ပစ္စည်းတွေမှာ Subscriber တွေအသုံးပြုနိုင်ဖို့ ID အလိုက် တိုက်ဆိုင်စစ်ဆေးတဲ့ သက်ဆိုင်ရာ key တွေနဲ့ International Mobile Subscriber Identity (IMSI) တို့ကို လုံခြုံစွာထိန်းသိမ်းထားနိုင်တဲ့ Integrated Circuit တစ်ခုပဲဖြစ်ပါတယ်။ Subscriber Identity Module ( Subscriber Identification Module) ရဲ့အတိုကောက်ပါ။ လွယ်လွယ်ကူကူသယ်ဆောင်နိုင်တဲ့ memory chip အမျိုးအစား ဖြစ်ပြီး GSM (Global System for Mobile Communications) network မှာသုံးတဲ့ cell phone တွေမှာ အသုံးများပါတယ်။

CDMA 450 Phone တွေကို Software ရေးဖို့ QPST Tool


ကျွှန်တော်သိတာလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ် အားလုံးပဲအဆင်ပြေအောင်လို့ပါ
ဒီတစ်ခါတော့ CDMA 450 ဖုန်းတွေတော်တော်များများကို Software ပြန်ထုပ်ပြီ ပြန်ရေးတဲ့ နည်းလေး
ကိုဖော်ပြပေးလိုက်ပါတယ် ဒီနည်းကတော့ ကျွှန်တော် သုံးတာတော့ ကြာပါပြီ CDMA 450 ဖုန်း
အားလုံးနည်းပါကို ရပါတယ်။ တခြား CDMA 800 တို့ GSM ဖုန်းတွေတော့ မစမ်းရသေးပါဘူး
အရင်ဆုံးလိုအပ်တဲ့ ဖိုင်တွေကိုအရင်ဒေါင်ထားပါ ။

Tuesday, March 12, 2013

Huawei T8951 Root လုပ်နည်း

 
Huawei T8951 Root လုပ်နည်း လေးပါ မသိသေးတဲ့ သူငယ်ချင်းများအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်
Root လုပ်ဖို့အတွက်လို့အပ်တာလေးတွေကိုအရင်ဒေါင်ထားလိုက်ပါ.။

Monday, March 11, 2013

Huawei S8600 ကို Recovery သွင်းပြီ Root လုပ်နည်း


Huawei S8600 ကို Recovery သွင်းပြီ Root လုပ်နည်း လေးပါ
ကျွှန်တော်လဲ ဒီရက်ပိုင်က အလုပ် က မအားတာနဲ့ ပို့ ကိုမတင်ဖြစ်ဘူးဖြစ်နေတယ်ဗျာ
ဒီနေ့တော့ Huawei S8600 လေးတစ်လုံး ရှိတာနဲ့ စမ်းလိုက်တာတော်တော်ရွာလည်ပီမှ ပဲရသွားတယ်
အားလုံးပဲ ကျွှန်တော်လို ရွာမလည်အောင်လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
ပထမကတော့ ဒီနည်းနဲ့ လုပ်ကြည့်သေးတယ် ဘယ်လို့မှအဆင်မပြေဘူး။

[Hide] 1, the dial pad * # * # 2846579 # * # * to enter the test menu, go to "Project menu" and enter "set back" into the "USB Port Configuration", select "production mode", then restart the phone.
2, after rebooting, the dial pad * # * # 2846579 # * # * to enter the test menu, go to "Project menu" and enter "set back" into the "LOG setting", LOG switch to select "LOG open", LOG level set "VERBOSE"
3, installed on your computer ADB interface driver (the driver is actually installed when the phone has been fitted with a), cell phone USB debugging turned on, connected to the computer.
4, the S8600 root tool. Zip unzip, run runme.bat.
Follow the prompts to "any key" to run, run after the phone automatically restart, complete look at the software list is not more than a SuperUser, ha ha, get success!
(If you do not succeed, you can re-try, see the following feedback from users)
5 out finished, repeat steps 1 "USB port configuration" restore to "Normal mode"
[/ Hide]

Related Posts Plugin for WordPress, Blogger...