မေလ ၁၆ ရက်နေ့တွင် ပြုလုပ်ခဲ့သည် Telenor ကုမ္ပဏီမှ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ
ရန်ကုန်၊ ဇွန် ၂၇။
မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး ၀န်ဆောင်မှုလုပ်ငန်းများကို လုပ်ကိုင်ရန်
တင်ဒါအောင်မြင်ခဲ့သော ကုမ္ပဏီ တစ်ခုဖြစ်သည့် နော်ဝေနိုင်ငံအခြေစိုက်
တယ်လီနော် ဆက်သွယ်ရေးလုပ်ငန်းမှ HSPA နှင့် LTE-ready နည်းပ ညာများ
အသုံးပြုကာ ငါးနှစ်အတွင်း တစ်နိုင်ငံလုံး မိုဘိုင်းကွန်ယက်များ တည်ထောင်
သွားမည်ဖြစ်ကြောင်း တင်ဒါအောင်မြင်သည့် ဇွန်လ ၂၇ရက်နေ့ ညပိုင်းတွင်
ကြေညာချက်တစ်ရပ် ထုတ်ပြန် ခဲ့ကြောင်း သိရသည်။
အဆိုပါ ကြေညာချက်တွင် Telenor မှ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းကို
ကမ္ဘာ့အဆင့်မီစေရန် HSPA နှင့် LTE-ready နည်းပညာများ အသုံးပြုကာ
ငါးနှစ်အတွင်း တစ်နိုင်ငံလုံး မိုဘိုင်းကွန်ယက်များ တည်ထောင်
မည်ဖြစ်ကြောင်း၊ အသံနှင့်ဒေတာ အပါအ၀င် မိုဘိုင်းဆက်သွယ်ရေး
ဝန်ဆောင်မှုလုပ်ငန်း များကို ၂၀၁၄ ခုနှစ်တွင် ပြည်သူများထံသို့
စတင်ဖြန့်ဖြူး ရောင်းချသွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။








