Sunday, June 30, 2013

Android Version အသစ် Jelly Bean 4.3 တွင်ပါဝင်လာသော features အသစ်များ


Android Version အသစ် Jelly Bean 4.3 က Google က တရားဝင် မထုတ်သေ:ခင်မှာပဲ အရင်တစ်ပါတ်က အပြင်ကို ပေါက်ကြားခဲ့ပါတယ်..
Jelly Bean 4.3 firmware ကို Google Edition Phone အဖြစ်ထုတ်ထားတဲ့ Galaxy S4 မှာတွေ့ရှိရာက ပေါက်ကြားလာတာဖြစ်ပါတယ်...
အဲ့ဒီ့ တရားမဝင် ထွက်ရှိလာတဲ့ firmware ကနေတွေ့ရှိချက်အရ Google က Jelly Bean 4.3 မှာ features အသစ်အနဲငယ်သာ ထပ်ထည့်ထားတာ တွေ့ရတယ်ဗျ...
ကြားရတဲ့ သတင်းတွေအရ Google က Android firmware ရဲ့ next step အဖြစ် Key Lime Pie version ကို October လောက်မှာပဲ ထွက်ရှိဖို့ ကြိုးစားနေတာဆိုတော့.. ဒီ Jelly Bean 4.3 မှာ minor update တွေလောက်ပဲ ထည့်ပေးလိုက်တယ်လို့ထင်တယ်...
ဒါပေမဲ့ Google ရဲ့ minor update တွေဆိုတာ smart phone လောကကြီးအတွက် တော်တော်လေးကို လှုပ်ခက်သွားစေ တဲ့ features တွေပဲဗျ..
ကဲ ဒါဆိုရင် Jelly Bean 4.3 မှာဘာ features တွေ ပါလဲကြည့်ရအောင် ဗျာ...

အွန်လိုင်းမှာနိုင်ငံတကာ ရုပ်သံလိုင်းတွေကြည့်ချင်တဲ့သူတွေအတွက် SopCast v3.8.3 Portable for Windows XP/7/8


ကွန်ပျူတာကိုအသုံးပြုပြီး နိုင်ငံတကာ ရုပ်သံလိုင်းပေါင်းများစွာကိုကြည့်ရှုနိုင်တဲ့ဆော့ဝဲလေးပါ။ Internet တော့ရှိဖို့လိုတာပေါ့နော်။ Windows XP/7/8 အားလုံးမှာအသုံးပြုနိင်ပါတယ်။ မရဘူးလို့ပြောမှာစိုးလို့ ကိုယ်တိုင်ကြည့်ထားတဲ့ပုံလေးတင်ပေးလိုက်ပါတယ်
သူက အခြားအမျီုးစားတော့ မသိဘူး သူက ကြည့်မယ်ဆိုရင် အရင် Download လုပ်ပါတယ် 50 ရာခိုင်နှုန်းကျော်မှ အလုပ်လုပ်ပါတယ်
လိုင်းတွေတော့ တော်တော်စုံပါတယ် ကျွန်တော်က တရုတ်လိုင်း ဖွင့်ပြထားတာပါ။ Portable  ဆိုတော့ Install လုပ်စရာမလိုဘဲအသုံးပြုနိုင်ပါတယ်။ ဆော့ဝဲကို Memory Card တွေ Memory Stick တွေထဲမှာဆောင်ထားပြီး အသုံးပြုနိုင်ပါတယ်။ SopCast v3.8.3 for Windows XP/7/8 ကိုအောက်က link မှာရယူနိုင်ပါတယ်။

အများပြောပြောနေတဲ့ 3G Network နဲ့ 4G Network ဘာကွာသလဲ


3 G က 3rd generation ကို အစွဲပြုပြီး 3G လို ခေါ်တာ ဖြစ်သလို 4G ကလည်း 4rd generation ကို အစွဲပြုပြီး ခေါ်ဆိုတာ ဖြစ်ပါတယ်။ နောက်တခုက သူတို့ နှစ်ခုလုံးက mobile internet တွေ အတွက် တီထွင်လာခဲ့တာပါ။ ဒီနေရာမှာတော့ 4G က 3G ထက် သာသွားတဲ့ အချက်က 4 G မှာ 3G မှာ ရှိတဲ့ Feature တွေကိုရော နောက်ထပ် ပေါင်းထည့် Feature တွေရော ပါဝင်လာတာပါပဲ့ ။ 3G ကို ထပ်ပြီး Develop လုပ်ထားတယ်လို့ ဆိုလို့ ရပါတယ်။

ဒုတိယ အချက်…
ဒီအချက်အနေနဲ့ကတော့ technologies ပါပဲ့။3 G မှာ သုံးထားတဲ့ technologies က widespread ကို အသုံးပြုပေ့မယ် 4G ပေါ်လာချိန်မှာတော့ သူရဲ့ compliant technologies ကို သုံးထားပါတယ်။ သူတို့နှစ်ခုကတော့ မြင်းပြိုင်လိုပါပဲ့။ the horizon technologies လို ဆိုပါတယ်။
တတိယ အချက်..

Google ကနေငွေလွှဲပြောင်းနိုင်ပြီ




Google update လုပ်ပေးလိုက်တဲ့ Gmail တွင် ပိုက်ဆံ လွှဲပြောင်း ပေးပို့ နိုင်သော လုပ်ဆောင်မှု Feature အသစ် တစ်ခုပါရှိလာပြီး သင်၏ Bank account (သို့ ) Google wallet balance မှနေ၍ တိုက်ရိုက် email attach အနေနဲ့  ပေးပို့ နိုင်ပါပြီ။ 

ဖုန်းပြော လွန်းသောကြောင့် ကင်ဆာ တစ်မျိုး တွေ့ရှိ


အမေရိကန် နိုင်ငံမှ Dr. Brian Berry ဟာ Silver Nitro Oxide ကြောင့် ဖြစ်တဲ့ ကင်ဆာ ရောဂါ တစ်မျိုးကို ရှာဖွေ တွေ့ရှိခဲ့ပါတယ်...
သင်ဟာ ဖုန်းငွေဖြည့် ကဒ်ကို ဘယ်တော့မှ လက်သည်းနဲ့ မခြစ်မိပါစေနဲ့..
အဲ့ဒီမှာ အရေပြား ကင်ဆာ ဖြစ်စေတဲ့ Silver Nitro Oxide တွေ ပါပါတယ်လို့ ဆိုပါတယ်... ကျန်းမာ ပျော်ရွှင်စွာ နေထိုင်နိုင်ရေး အတွက်
၁. ဖုန်းပြောတဲ့ အခါ ဘယ်ဘက်နားနဲ့ ပြောပါ
၂. ဆေးတွေကို ရေခဲရေနဲ့ တွဲမသောက်ပါနဲ့
၃. ညနေ ၅ နာရီနောက်ပိုင်း အစာများများ မစားပါနဲ့
၎. မနက်ပိုင်းမှာ ရေများများ သောက်ပြီး ညဘက်မှာ လျော့သောက်ပါ
၅. ည၁၀ နာရီမှ မနက် ၄ နာရီ အတွင်းဟာ အိပ်စက်ဖို့ အကောင်းဆုံး အချိန်ပါ
၆. ဆေးသောက်ပီး သို့မဟုတ် အစာစား ပီးပီးချင်း ရုတ်တရက် လှဲချခြင်းမျိုး ရှောင်ပါ
၇. ဖုန်းရဲ့ ဘက်ထရီ နောက်ဆုံး ကုန်ခါနီး ကျသွားခဲ့ရင် ဖုန်းမဆက် ပါတော့နှင့်
(( radiation အဆ ၁၀၀၀ လောက် ပိုပြင်းထန် ပါတယ်))

မြ၀တီ

Myanmar Unicode - Myanmar 3 လက်ကွက် ကျင့်လိုသူများအတွက် Whizzo Typing Tutor


Myanmar Unicode - Myanmar 3 လက်ကွက် ကျင့်လိုသူများအတွက် Whizzo Typing Tutor ကို တင်ပေးလိုက်ပါတယ်.. အရင်က Myanmar Unicode - Myanmar 1, Myanmar 2 နဲ့ Myanmar 3 တွေကို အစိုးရဌာနတွေမှာသာ အသုံးပြုခဲ့ပါတယ်.. Google ဥက္ကဋ္ဌ မြန်မာနိုင်ငံကို လာပြီးတဲ့နောက် Google က မြန်မာ Unicode ကို အသုံးပြုလာခဲ့ပါတယ်. အစိုးရဌာနတွေရဲ့ Web Page တွေအားလုံးမှာလည်း Myanmar 3 Unicode ကိုပဲသုံးပါတယ်.. နောက် အစိုးရဌာနတွေရဲ့ ရုံးသုံးစာတွေအားလုံးကို Myanmar 3 ပဲ အသုံးပြုနေတာဖြစ်တဲ့အတွက် DTP သမားတွေ၊ စာစီစာရိုက်လုပ်ငန်းနဲ့ စီးပွားရေးလုပ်နေသူတွေ၊ အစိုးရဝန်ထမ်းတွေ ဟာ Myanmar 3 ကို မရိုက်တတ်လို့မရတော့လောက်အောင် အရေးပါလာပါတယ်.. ဒါကြောင့် Myanmar 3 Unicode ရဲ့ ကီးဘုတ်ကို လေ့ကျင့်လို့ရအောင် Whizzo က ထုတ်လုပ်တဲ့ Whizzo Typing Tutor ကို တင်ပေးလိုက်ပါတယ်ခင်ဗျာ...

အဆင်ပြေပါစေ..

မောင်ပေါက်

Laptop အကြောင်းသိကောင်းစရာတချို့

 
Laptop တွေအတွက် အကြောက်ဆုံး အရာကတော့ အပူချိန် မြင့်မားမှုပါပဲ။

- အပူချိန်မြင့်မားလာလျှင် ဘယ် electronic device တွေမှ ခံနိုင်မှု
မရှိပါဘူး။
တချို့  သော Laptop တွေဟာ အထူနဲ့ ထုပ်လုပ်ပြီး တချို့  Laptop တွေကို ပါးလွှာအောင်
ထုတ်လုပ်ကြပါတယ်။

အပူပိုင်းနိုင်ငံ အသုံးပြုမှုနဲ့ အအေးပိုင်းနိုင်ငံတွေ အသုံးပြုမှုဆိုပြီး ကွဲပြားခြားနားမှုတွေ
ရှိပါတယ်။ အထူပဲဖြစ်ဖြစ်၊ အပါးပဲဖြစ်ဖြစ်၊ အပူချိန်ညှိမှုကိုတော့ အားလုံး
လုပ်ထားပြီးသား ဖြစ်ပါတယ်။

Saturday, June 29, 2013

Samsung Galaxy Ace Plaus GT-S7500 official firmware တင်ပြီ Root လုပ်ရအောင်


Samsung Galaxy Ace Plaus GT-S7500 official firmware တင်ပြီ Root လုပ်နည်းလေးကို
ဖော်ပြပေးလိုက်ပါတယ် အရင်ဆုံးလိုအပ်တဲ့ဖိုင်လေးတွေကိုဒေါင်းထားလိုက်ပါ။
Samsung Driver မရှိသေးရင်တော့ဒီမှာဒေါင်းပါ >>download
Computer မှာ driver မရှိသေးရင် အရင် run ထားပါ ၊၊ run ပီရင် computer ကို restart
ချပေးပါ။ လိုအပ်တဲ့ firmware ဖိုင်တွေကို ဒေါင်းပါ။
firmware ဖိုင်းကိုတော့ download ဆွဲရတာလွယ်ကူအောင်လို့ MMUG ကဖိုင်ကို ပြန်တင်ပေး
ထားပါတယ် အဆင်ပြေမဲ့ လင့်ကနေ firmware ဖိုင်ကိုဒေါင်းပါ။
Related Posts Plugin for WordPress, Blogger...