Monday, July 15, 2013

ကော်နက်ရှင် မကောင်းလည်း Youtube ဗီဒီယို ဖြောင့်ဖြောင့် တန်းတန်း ကြည့်နည်း


မယုံလို့ ကိုယ်တိုင် စမ်းသုံးကြည့်လိုက်တာ တကယ်ပဲ မှန်ကန်နေတာ တွေ့ရပါတယ်။
မြန်မာပြည်ကနေ Youtube ဗီဒီယိုကို မထစ်မငေါ့ပဲ ဖြောင့်ဖြောင့်တန်းတန်း ကြည့်ဖို့ဆိုတော လောလော ဆယ်မှာ မလွယ်ကူတဲ့ အနေအထား တစ်ခု ဖြစ်ပါတယ်။ သို့ပေမ့ယ် ဒါကို ဖြေရှင်းပေး မယ့် နည်းလေးလေး တွေ့လိုက်ပါပြီ။ Feather Beta ဆိုတာလေးပါ။ Youtube မှာ ပါတဲ့ Like , Comments, Links နဲ့ ဆိုဒ်ကိုလေးစေတဲ့ အခြားအခြားသော UI နဲ့ Gadgets တွေကို ဖြုတ် ထားပေးမှာ ဖြစ်ပါတယ်။
အောက်ပါ လခ့်ကနေ ဝင်ရပါမယ်။ ပြီးတော့ ပုံမှာပြထားတဲ့ Join "Feather" Beta ဆိုတာလေးကို နှိပ်ယုံပါပဲ။ ပြီးရင် ကိုယ်ကြည့်ချင်တဲ့ Youtube က ဗီဒီယို၊ MTV တွေကို ရှာပြီး ကြည့်လိုက်ရုံပါပဲ။

မိမိတို့ကွန်ပျူတာမှ Drivers များကို ဒီဆော့ဝဲလ်ဖြင့် Backup လုပ်ထားသင့်သည်


ဒါလေးကတော့ Drivers တွေကို Backup လုပ်ထားဖို့ပါပဲ..။ ဘာလို့လဲဆိုတော့ မိမိတို့ကွန်ပျူတာကို ဝင်းဒိုးအသစ်တင်တဲ့ အခါတွေမှာ Drivers တွေပျောက်သွားတတ်ပါတယ်..။ အဲဒီလိုအခါမျိုးတွေမှာ ဒီဆော့ဝဲလ်နဲ့ Backup လုပ်ထားခဲ့ရင် ပျောက်သွားတဲ့ Drivers တွေကို အလွယ်တကူ ပြန်ထည့်လို့ ရမှာဖြစ်ပါတယ်..။ အဲလိုမှ မဟုတ်ပဲ Drivers Backup လုပ်မထားခဲ့ဘူး ဆိုရင်တော့ ပျောက်သွားတဲ့ Drivers တွေကို မိမိတို့ စက်ရဲ့ Model အမျိုးအစားနဲ့ အင်တာနက်မှာ ခေါင်းမူးအောင် လိုက်ရှာပေတော့ ...။ တွေ့တဲ့အခါ ရှိသလို ရှာမတွေ့တဲ့ အခါတွေလည်းရှိပါတယ်..။ အခုနောက်ပိုင်း Model အသစ်တွေဆိုရင်တော့ ရှာရတာလွယ်ပေမယ့် ဟိုးအရင်တုန်းက Model အဟောင်းတွေဆိုရင်တော့ ရှာရခက်မှခက်ပဲ..။ ဒါတွေက ကိုယ်တိုင်ကြုံဖူးမှ Drivers ရှာရတဲ့ ဒုက္ခကို သိကြမှာပါ..။ အဲလိုမျိုး အခက်အခဲတွေ မဖြစ်အောင်လို့ မိမိတို့ရဲ့ စက်ထဲက Drivers တွေကို အခုကတည်းက Backup လုပ်ထားသင့်ပါတယ်..။
Drivers Backup လုပ်တဲ့ ဆော့ဝဲလ်တွေ အများကြီးရှိပေမယ်.. ဒီကောင်လေးကတော့ ကျနော်အမြဲသုံးနေတဲ့ ကောင်လေးပဲ ဖြစ်ပါတယ်..။ ဒီကောင်လေးနဲ့ပဲ ကျနော်ဆိုဒ်မှာတင်ခဲ့တဲ့ Drivers တွေကို Backup လုပ်ခဲ့တာပါ..။ သုံးရတာလည်းလွယ်ပါတယ်..။ အသုံးပြုပုံကတော့ အောက်မှာပုံလေးတွေနဲ့ ဆက်ကြည့်လိုက်ပါဗျာ..။ လိုအပ်တဲ့သူများကတော့ အောက်က အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းယူသွားလိုက်ပါ..။ ဗါးရှင်းအဟောင်းလေးဆိုပေမယ့် သုံးရတာ အရမ်းအဆင်ပြေပါတယ်..။ ဒါကြောင့်ဒါလေးကို ရွေးပြီးတင်ပေးလိုက်တာပါ...။ 1.48 MB ပဲရှိပါတယ်...။

Gmail Account တစ်ခုတည်းနဲ့  Facebook Account တွေ အများကြီးဖွင့်ကြမယ်

http://rack.3.mshcdn.com/media/ZgkyMDEyLzEyLzA0L2VhL2ZhY2Vib29rdGVzLjdNQy5qcGcKcAl0aHVtYgk5NTB4NTM0IwplCWpwZw/53c85f27/4d1/facebook-testing-new-timeline-format-with-single-column-of-posts-updated--8395815038.jpg
တကယ်တော့ အားလုံးသိထားကြတာ gmail account တစ်ခုကို facebook account တစ်ခုပဲ ဖွင့်လို့ ရတယ် လို့ ပဲ သိထားကြတယ်။

တဂယ်လဲ facebook က mail တစ်ခုကို account တစ်ခုပဲ ပေးဖွင့်တယ်။

ဒါပေမယ့် ကျနော့်မှာ mail account တစ်ခုတည်းနဲ့  facebook account တွေ အများကြီးဖွင့်လို့ ရတဲ့နည်းရှိတယ်။

အရင်ဆုံး အသုံးပြုမယ့် mail က ဥပမာအနေနဲ့  kochartape@gmail.com ပဲဆိုပါစို့ ။

www.facebook.com ကို သွားပြီးတော့ sign up လုပ်ပါ။

အဲ့လို sign up လုပ်တဲ့နေရာမှာ name တို့  Date of Birth စသည်ဖြင့် အားလုံးကို ပုံမှန်အတိုင်းပဲဖြည့်လိုက်ပါ။

Windows Phone တွင် Font ထည့်သွင်းပုံ


 WindowsPhone အသုံးပြုတဲ့သူတွေအတွက် WindowsPhoneမှာFont တွေထည့်သွင်းချင်တဲ့အခါမိမိ

ဘာသာထည့်သွင်းနိုင်ဖို့အတွက်ဘယ်လိုထည့်သွင်းရမယ်ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။
WindowsPhone မှာသင်ထည့်သွင်းချင်တဲ့ Font ကိုထည့်သွင်းဖို့အတွက်ဆိုရင်အဆင့်ငါးဆင့်ပဲရှိမှာဖြစ်

ပါတယ်။သင်ထည့်သွင်းချင်တဲ့ Font ကို WindowsPhoneOS မှာထည့်သွင်းဖို့အတွက်ကွန်ပျူတာရှိဖို့တော့

လိုအပ်မှာဖြစ်ပါတယ်။သင်ထည့်သွင်းချင်တဲ့ ဖောင့်တွေကိုတော့ Handset နဲ့ကွန်ပျူတာချိတ်ဆက်ပြီး

ထည့်သွင်းရမှာဖြစ်တဲ့အတွက်ထည့်သွင်းဖို့ဆိုရင်အလွယ်တကူရှင်းလင်းစွာနဲ့ထည့်သွင်းအသုံးပြုနိုင်

မှာဖြစ်ပါတယ်။ WindowsPhone ထဲကို Font ထည့်သွင်းဖို့အတွက်ရိုးရှင်းတဲ့အချက်ငါးချက်ပဲရှိပါတယ်။

အချက်တွေကိုအောက်ပါအဆင့်အတိုင်းလုပ်ဆောင်ပေးပါကအလွယ်တကူနဲ့ထည့်သွင်းနိုင်မှာဖြစ်ပါတယ်။

 ၁။သင့်ရဲ့ WindowsPhoneOSအ သုံးပြုထားတဲ့ Handset ကိုကွန်ပျူတာနှင့်ချိတ်ဆက်ပြီး ActiveSync ကို

ဖွင့်ပေးလိုက်ပါ။

Sunday, July 14, 2013

Facebook ကနေ Email တွေပို့တာ ရပ်တန့်စေချင်ရင်

ကမ္ဘာတစ်ဝန်းလုံးက အသုံးပြုနေကြတဲ့ Social Network တစ်ခုဖြစ်တဲ့ Facebook ကတော့ တကယ်လည်း အကြိုက်တွေ့စရာကောင်းပါတယ် ....။ သူငယ်ချင်း မိတ်ဆွေတွေကို ဆက်သွယ်ရလွယ်ကူသလို သတင်းစုံ သိရပြီး ကိုယ်သိတာလေးတွေကို အလွယ်တကူ ပြန်မျှဝေနိုင်တယ် ....။ ဓါတ်ပုံတွေကို Image Hosting ကြားခံသုံးစရာမလိုဘဲ တိုက်ရိုက်တင်နိုင်တာက အားသာချက်ဖြစ် နေသလို သူ့မှာပါတဲ့ Comment စံနစ် ကလည်း နှစ်ခြိုက်စရာ ကောင်းလှပါတယ် .....။ ပြောမယ်ဆိုရင်တော့ အများကြီးပါဘဲ ....။ ခက်နေတာက Facebook အကောင့်ဖွင့်တုန်းက သုံးခဲ့တဲ့ ကိုယ့်ရဲ့ Gmail ထဲမှာ တစ်နေ့တစ်နေ့ email ပေါင်းများစွာ ရောက်ရှိလာတဲ့ ကိစ္စပါ ....။ ဒါကလည်း တကယ်တော့ ကျွန်တော်တို့ အသုံးပြုသူတွေ ဘက်ကနေပြီးတော့ ပြုပြင်ပေးထားလို့ ရပါတယ် ...။ ကျွန်တော် ဘယ်လိုပြုပြင်ရမယ်ဆိုတာလေး ရေးပေးပါမယ်။ (တကယ်တော့ ရေးပေးထားတဲ့ နေရာတွေ အများကြီးရှိ သလို သိပြီး၊ တတ်ပြီး သူတွေလည်း အများကြီး ဖြစ်မှာပါ ...။) မသိသေး၊ မတတ်သေးတဲ့ သူ တစ်ဦးတစ် ယောက်ကများ ကျွန်တော့် Blog ထဲက ဒီ Post လေးကို မျက်စိလည်ပြီး ရောက်လာ ဖတ်ရှုခဲ့မိမယ် ဆိုရင် ..... ဒီ Post လေးကို ရေးတင်လိုက်ရတဲ့ အတွက် ပေးလိုက်ရတဲ့ အချိန် (30) မိနစ်အတွက် ကျွန်တော် နှမျောမိမှာ မဟုတ်ပါဘူး ....။ ကဲ ... ဒီလိုလေး လုပ်လိုက်ရအောင် ....

ZTE U973 Root လုပ်နည်းလေးပါ

 
ZTE U973 Root လုပ်နည်းလေးပါ ဒီဖုန်းလေးနဲ့ ကျွှန်တော်တိုင်တော်တော်ပတ်ခဲ့ပါတယ်
Root Tool တွေလဲတော်တော်စုံခဲ့ပါတယ် အဆင်မပြေပါဘူး
အခုတော့ အဆင်ပြေသွားပါပြီ
Root လုပ်နည်းလေးကလွယ်ပါတယ် Recovery သွင်းပြီ Root လုပ်ရမှာပါ
Recovery သွင်းဖို့ အတွက် .pic ဖိုင်းလေးကျွှန်တော်လုပ်ထားပါတယ်။
Recovery သွင်းဖို့အတွက်တော့ ကျွှန်တော်မပြောတော့ဘူးနော်
မသိသေးဘူးဆိုရင်တော့ ဒီလင့်မှာ လေ့လာနိုင်ပါတယ်    

SM3 မိုဘိုင်းဖုန်းသုံးလမ်းညွန် Mobile Dierctory apk

မိုဘိုင်းဖုန်းများတွင် လွယ်ကူစွာ ထည့်သွင်းအသုံးပြုနိုင်မည့် sm³ မိုဘိုင်းဖုန်းသုံးလမ်းညွှန်ကို မြန်မာ/အင်္ဂလိပ်နှစ်ဘာသာဖြင့် ၂၀၀၉ ခုနှစ်မှ စတင်ကာ သုံးစွဲသူများအတွက် အခမဲ့ ဖြန့်ချိပေးလျက်ရှိပါသည်။
      မိုဘိုင်းဖုန်းသုံးစွဲသူများအတွက် နေ့စဉ်လုပ်ငန်းဆောင်တာ များ လွယ်ကူချောမောစွာ ဆက်သွယ်ပြောဆိုနိုင်ရန် ရည်ရွယ်၍ ဖုန်းဖြင့် စုံစမ်းမေးမြန်းခြင်း၊ ကြိုတင် Booking /Reservation တင်ခြင်းများ၊ ဖုန်းဖြင့် အမှာစာ မှာကြားခြင်းနှင့် အိမ်အရောက် ၀န်ဆောင်မှုများ ခေါ်ယူခြင်း

Unlock Root Pro 4.1 ကို Full Version ရပါပြီ..

မိတ်ဆွေများခင်ဗျာ.. Root Tool လောကမှာ နာမည်ကြီးတဲ့ Unlock Root Pro ရဲ့ Version 3.41 ကို Full Version ရလာပါတယ်.. မနေ့ကကျော်ခွပြီး မနည်းဒေါင်းရတယ်ခင်ဗျ.. ဒီ Root Tool ကို ကျွန်တော် ခုထိ မစမ်းရသေးပါဘူး.. Full Version ဖြစ်၊ မဖြစ်ပဲ စမ်းရပါသေးတယ်.. ဟိုတစ်ခါတင်ပေးခဲ့တဲ့ 3.36 တုန်းက သိပ်အဆင်မပြေခဲ့တော့ စေတနာကို နားမလည်သူတစ်ချို့ရဲ့ တုန့်ပြန်မှုက ပြင်းထန်တဲ့အတွက် ခု ဒီဗားရှင်းကို တင်ပေးရမှာ နည်းနည်း စိုးရွံ့မိတာ အမှန်ပါ.. ဒါပေမယ့် အသုံးပြုလို့ရရပါစေမယ်လို့ အာမ မခံဘဲ တင်ပေးလိုက်ပါတော့မယ်.. အသုံးပြုလို့ရရင်လည်း မိတ်ဆွေများ အဆင်ပြေတာပေါ့ဗျာ.. အသုံးပြုလို့မရခဲ့ရင်လည်း ကျွန်တော့်ကို အပြစ်စကား ဆိုချင်ဆိုနိုင်ပါတယ်.. ကျွန်တော်ကတော့ စေတနာ အရင်းခံနဲ့တင်ပေးလိုက်တယ်ဆိုတာ မိတ်ဆွေများ နားလည်ပေးစေလိုပါတယ်..
Full Version ဖြစ်အောင်လုပ်နည်းကတော့ ရှင်းပါတယ်. အရင်တစ်ခါလို Crack , Patch မလိုတော့ပါဘူး.. Internet ဖွင့်ထားပြီး ကျွန်တော်ပေးထားတဲ့ ကီးကို ထည့်ပေးလိုက်ရုံပါပဲ..
Related Posts Plugin for WordPress, Blogger...