Thursday, August 8, 2013

Facebook ကို လျှင်မြန်စွာသုံးနိုင်မယ့် Shortcut key များ

Facebook အလွယ်သုံး Short Cut ကီးများ

တကယ်သုံးလို့ရပါတယ်။ ပုံမှာ click ထောက်ပြီး Cap lock ဖွင့် L နှိပ်လိုက် တာ ပုံကို Like လုပ်မယ် မလုပ်မယ် confirm ဖြစ်အောင် နောက် တစ်ခါ ထပ်မေးပါတယ်။ Don't ask me again မှာ အမှန်ခြစ်ထားလိုက် ရင် နောက် ဘယ်ပုံကိုပဲ ဖွင့်ပြီး ကြည့်ကြည့် မောက်စ်နဲ့ ရှာ Like စရာ မလိုပဲ ကီးဘုတ် L ကီးနဲ့ Like နိုင်မှာ ဖြစ်ပါတယ်။

Facebook မှာ Short Cut ကီးများစွာ အသုံးပြုလို့ ရပါတယ်။ သို့ပေမယ့် ဒါကတော့ အများစု အသုံးပြုနေကြတဲ့ key တွေပါ။
အခြားသော Short cut ကီးများကိုလည်း ဆိုင်ရာရာ အသုံးပြုလို့ရပြီး စာဖတ်သူတို့ ကိုယ်တိုင် စမ်းသပ် အသုံးပြုနိုင်ပါတယ်။
Ref: techblog
ရိုးရာလေး

ဖုန်းမလိုပဲ.. Gtalk & Facebook အကောင့်သစ်ဖွင့်နည်း




   မင်္ဂလာပါ ကျနော်ကတော့ Myanmar IT Helper ပါ      ဒီနည်းလေးကတော့..အရင်က.. Technological Villa မှာ.တင်ပေးဘူးပါတယ်..။ ဒါပေမယ့်.. သိပ်မရခဲ့ပါဘူး.။ ခုတော့.. ဘာမှ.စိတ်မပူနဲ့တော့.. ဖုန်းနာပါတ်တောင်းလည်း.ကိစ္စမရှိတော့ပါဘူး.. Virtual phone number လေးသုံးပြီး.. Google နဲ့ Facebook ကို..လှည့်စားလိုက်ကြရအောင်.. ^_^

        ပထမဆုံး..Gmail account အသစ်ဖွင့်နည်းလေး..ပြောလိုက်ကြရအောင်..
ထုံစံအတိုင်း.. အကောင့်သစ်ဖွင့်ချင်ရင် www.gmail.com ကိုသွား.. ညာဘက်က.. Create New Account ကိုနှိပ်လိုက်ပါ..။
Form ဖြည့်ဖို့ကျလာရင်.. ကိုယ်ကြိုက်တဲ့နာမည်နဲ့... password တွေပေးပြီးဖြည့်လိုက်ပါ...။

Friday, August 2, 2013

Networking အကြောင်း (၁)



What is a Network?
Network ဆိုတာက ဘာလဲ။ Network ဆိုတာက ကွန်ပျူတာတစ်လုံးနဲ့တစ်လုံးချိတ်ဆက်ထားတဲ့ကွန်ရက်ကို Network လို့ခေါ်တယ်။ Network မှာ LAN (Local Area Network) နဲ့ WAN (Wide Area Network) ဆိုပြီးရှိတယ်။
LANs ဆိုတာဘာလဲ။ ဥပမာပြောရရင် အခန်းတစ်ခန်းတည်းက၊ အိမ်တစ်လုံး၊ အဆောက်အဦးတစ်ခု၊ ကုမ္ပဏီရုံးခန်းတစ်ခုမှာကွန်ပျူတာ ၁၀ လုံးရှိတယ်။ အဲဒီကွန်ပျူတာ ၁၀ လုံးက တစ်လုံးနဲ့တစ်လုံး Network ချိတ်ထားတယ်ဆိုပါစို့။ တစ်ခြား ကွန်ပျူတာနဲ့ဆက်စပ်တဲ့ Devices (Printer, Scanner) တွေနဲ့လည်း Network ချိတ်ဆက်ထားတယ်။ အဲဒါကို Local Area Network (LAN) ချိတ်တယ်လို့ခေါ်တယ်။
အဲဒါဆိုရင် WAN ကရောဘာလဲ။ သူကတော့ အခန်းတစ်ခန်းထဲမှာမဟုတ်တော့ဘူး။ မတူညီတဲ့နေရာဒေသက ကွန်ပျူတာတွေနဲ့ချိတ်ဆက်ထားမယ်။ တစ်မြို့နယ်နဲ့တစ်မြို့နယ်၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံကို ကွန်ပျူတာတစ်လုံးနဲ့တစ်လုံးပဲဖြစ်ဖြစ်၊ LAN ချိတ်ထားတဲ့ကွန်ပျူတာတွေအချင်းချင်းပဲဖြစ်ဖြစ် ချိတ်ဆက်ထားမယ်ဆိုရင် အဲဒါကို WAN (Wide Area Network) လို့ခေါ်တယ်။ Internet ကလည်း WAN ပဲ။

Thursday, August 1, 2013

မြန်မာနိုင်ငံတွင် Voice Mail စတင်အသုံးပြုနိုင်ပြီ


မြန်မာနိုင်ငံတွင် Voice Mail  စတင်အသုံးပြုနိုင်ပြီ
=======================================
MPT ၏ Voice Mail Service အကြောင်း

Voice Mail ဆိုတာကတော့ ဖုန်း Message တွေပို့သလို စာသားနဲ့မဟုတ်ဘဲ
အသံနဲ့ပေးပို့တဲ့သဘောမျိုးပဲဖြစ်ပါတယ်။

GSM/WCDMA တွေမှာအသုံးပြုနိုင် ပြီး ၁၅၀၀ ဖုန်းတွေမှာတော့
အသုံးပြုလို့ ရနိုင်မရနိုင်ကတော့ သေချာမသိပါဘူး။

Wednesday, July 31, 2013

GSM ဖုန်းတွေအတွက် Call Waiting နဲ့ Call Forwarding Service

Android ဖုန်းတော်တော်များများရဲ့ Call Setting ထဲကိုဝင်ကြည့်လိုက်ရင်
Call Waiting ၊ Call Forwarding အစရှိတဲ့ Funcation တွေကိုပါဝင်တာ
တွေ့ရပါလိမ့်မယ်၊ ဒါပေမဲ့ သုံးလို့မရပါဘူး ဘာလို့လဲဆိုတော့ လက်ရှိ
ကျွန်တော်တို့တွေသုံးနေတဲ့ MPT ကဖွင့်ပေးမထားလို့ပါပဲ ၊

ဟိုးအရင်ကတော့ မြန်မာနိုင်ငံမှာ အဲဒီ Service မပေးပါဘူး ၊ အခုကတော့
(ဘယ်တုန်းစရလဲသေချာမသိပါ) ပိုက်ဆံပေးရင်လျောက်လို့ရပါပြီ ၊

Video ကို Wallpaper အဖြစ်အသုံးပြုနည်း

ဓာတ်ပုံတွေကိုပဲသုံးရတာပြင်းစရာကောင်းပါ တခါတလေအပြောင်းအလဲလေးဖြစ်အောင်သုံးကြည့်ရအောင်ပါ VLC Player နဲ့သုံးတာပါ ရှိမယ်လို့ထင်ပါတယ် သူနည်းသူသုံးများတဲ့ Player ပဲကို
၁.VLC Player ကိုဖွင့်လိုက်ပါ
၂.Tools=>Preference ကိုသွားပါ(Ctrl+P နှင့်လည်းသွားနိုင်ပါတယ်)
၃.Directx Video Output ကိုရွေးပါ ကျတော်အောက်မှာပြထားတဲ့ပုံကိုကြည့်ပါ

Thursday, July 25, 2013

RAM ဆိုတာ ဘာလဲ


အခြေခံ သိသင့်တဲ့ ဗဟုသုတလေးပါ။ မေးလာသူ ရှိလို့ မသိသူများ အလွယ်ကူဆုံး နားလည်အောင် ရှင်းပြလိုက်ရ ပါတယ်။

RAM ဆိုတာ ၁၀ တန်းတုန်းက သင်ရတဲ့ စာအတိုင်း ပြောရရင် Read and Write ရတဲ့ Memory လို့လွယ်လွယ်မှတ်ယူနိုင်ပါတယ်။ ရေးလို့လည်းရ၊ ဖတ်လို့လည်းရဆိုတော့ အဲ့ RAM အပြားအချပ်က စာအုပ်တစ်အုပ်များလား လို့ အဲ့တုန်းကတည်းက ကလေးတွေးနဲ့ တွေးဖူး ပါတယ်။ ဒီလိုရှိပါတယ် -


RAM ဆိုတာ

Random Access Memory ပါ။ မြန်မာလို တိုက်ရိုက် ဘာသာ ပြန်တော့ ကျပန်း ဝင်ရောက်နိုင်သော သိမ်းဆည်းသူပေါ့။ သို့ပေမယ့် နည်းပညာ ကျကျ ပြောရင် RAM လို အင်္ဂလိပ်လိုမှတ်တာ အကောင်းဆုံးပါပဲ။ ကျပန်း ဆိုတာ ဒီလိုပါ။ ၁ ကနေ ၁၀ အထိဆီစားရင် ROM က အစဉ်လိုက် ထုတ်ပေးပါတယ်။ ဥပမာ ကွန်ပြူတာ တစ်လုံး Power On လိုက်တဲ့အခါ Command Line ပေါ်လာမယ်။ Windows Version ဘယ်လောက်ဆိုပြီး Screen တက်လာမယ်။ ပြီးတော့ Home Screen အစရှိသဖြင့်တို့က ROM မှာ သိမ်းဆည်းထားတဲ့ Memory ဖြစ်ပြီး အစဉ်လိုက်ကို ထုတ်ပေးပါတယ်။ ဒါကြောင့် ကွန်ပြူတာဖွင့်ဖွင့်ချငး Home Screen အတန်းပေါ်လို့ မရပါဘူး။ ROM မှာကိုက အစဉ်လိုက်သွားလိုက် လုပ်ပေးထားပါတယ်။ ဖျက်လို့မရဘူး လို့အကြမ်းဖျင်း မှတ်သားထား နိုင်ပါတယ်။

သင့် Facebook ကိုယူသုံးသွားတယ်လို့ထင်ရတာကို ဘယ်လို Trace လိုက်မလည်း

အိုခေ…..
          ကျွန်တော်တို့ သင့်ရဲ့ Facebook account ကို တစ်ခြား
တစ်ယောက်က ၀င်သုံးသွားတယ်လို့ သံသယ ရှိနေတယ်ဆိုရင်
ဘယ်လို Trace လိုက်မလည်း။ပြီးတော့ အဲဒီလူရဲ့ တည်နေရာကို
ဘယ်လိုခြေရာခံပြီးတော့ ဘယ်လို သင့်အကောင့်ထဲကနေ လှမ်းပြီး
Sign Out လုပ်မလည်းဆိုတာကိုပြောပါ့မယ်။
ကဲ စမယ်။
အရင်ဆုံး သင့် Facebook Account ကိုဖွင့်လိုက်ပါ။
ပြီးသွာ့းရင် Setting ထဲက Account Setting ထဲကိုဝင်လိုက်ပါ.


ထိုသို့ဝင်ပြီးသကာလ အောက်ဖော်ပြပါပုံအတိုင်း Security ကိုနှိပ်လိုက်ပါ
Related Posts Plugin for WordPress, Blogger...