Monday, January 13, 2014

Laptop ၀ယ်မယ်ဆိုရင် အကြမ်းမျဉ်း သိထားသင့်သော အချက်များ


ကျွန်တော် ဒီအကြောင်းလေးကို ရေးချင်နေတာတော့ ကြာပါပြီ .. ဒါပေမယ့် အကြောင်း အမျိုးမျိုးကြောင့် အရှိန်ယူလိုက် ပျက်သွားလိုက်နဲ့ မရေးဖြစ် ဖြစ်နေတာပါ .. တကယ်တော့ ဒါက ရေးသင့်တဲ့ အကြောင်းအရာလေး တစ်ခုပါပဲ .. အခုနောက်ပိုင်းမှာ ကျွန်တော်တို့ မြန်မာလူမျိုးတွေ တော်တော်များများ ကွန်ပျူတာနဲ့ အကျွမ်းတ၀င် ရှိလာသလို ကွန်ပျူတာကို အသုံးပြုတဲ့ အခါမှာလည်း အိမ်မှာထိုင်ပြီးတော့ တစ်နေရာထဲမှာပဲ အသုံးပြုနိုင်မဲ့ Destop Computer အစား ပေါ့ပေါ့ပါးပါးနဲ့ အသုံးပြုနိုင်သလို သွားလေရာ ယူဆောင် သွားနိုင်တဲ့ Latop Computer တွေကိုသာ ပိုပြီးတော့ အသုံးများလာတာ တွေ့ရပါတယ် .. အဲ့ဒီအတွက် အများစုအသုံးများတဲ့ Laptop Computer တွေဝယ်တော့ မယ်ဆိုရင် မ၀ယ်ခင် သိထားသင့်တဲ့ လေ့လာထားသင့်တဲ့ အချက်လေးတွေကို နားလည်အောင် အကြမ်းမျဉ်း ရေးပေးသွားပါမယ် .. 

ဒီနေရာမှာ အသေးစိတ် မရေးပဲနဲ့ ဘာလို့ အကြမ်းမျဉ်း ရေးပေးရလည်း ဆိုတာကို ရှင်းပြချင်ပါတယ် .. ကွန်ပျူတာနဲ့  အရမ်းကြီး အကျွမ်းတ၀င် မဖြစ်သေးတဲ့ သူတစ်ယောက် အနေနှင့် ကွန်ပျူတာနဲ့ ပါတ်သတ်တဲ့ အကြောင်းအရာ တစ်ခုကို အသေးစိတ်ကျကျ ရှင်းပြနေတဲ့ အခါမှာ သူအနေနှင့် ဖတ်ရတာ တွေများလာရင် ဆိုလိုရင်းကို နားမလည်တော့ပဲ လည်ထွတ်သွားတက် ပါတယ် .. ဒါကြောင့် အများစု နားလည်နိုင်မဲ့ ပုံစံမျိုးနဲ့ ကျွန်တော် ရေးပေးသွားမှာ ဖြစ်ပါတယ် ..ကျွန်တော် ခေါင်းစဉ် နှစ်ခု ထားပြီး ရေးပေးသွားပါမယ် ..

( ၁ ) မ၀ယ်မှီဆန်းစစ်လေ့လာခြင်း
( ၂ ) Latop ၀ယ်ရန်ရွေးချယ်ခြင်း တို့ ဖြစ်ပါတယ် ..

( ၁ ) မ၀ယ်မှီဆန်းစစ်လေ့လာခြင်း



နံပါတ် ( ၁ ) အချက်လေးက အားလုံးအတွက် လိုအပ်ပါတယ် .. ဘာကြောင့်လည်း ဆိုတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ လူတန်းစား ပေါင်းစုံရှိပါတယ် .. ချမ်းသာတဲ့သူ ၊ အလယ်အလတ်တန်းစား ၊ ဆင်းရဲတဲ့သူ စသည်ဖြင့် အမျိုးမျိုး ရှိပါတယ် .. ဒါကြောင့် လက်တော့ မ၀ယ်မှီမှာ မိမိကိုယ်ကိုယ် အရင်ဆုံး ဆန်းစစ်ဖို့ လိုအပ်ပါတယ် .. ဈေးကြီးပေးရမှ ဒီပစ္စည်းက ကောင်းမယ် ဆိုတာလည်း မမှန်ပါဘူး .. ဒီပစ္စည်းကတော့ ဘာကြောင့် ဈေးကြီးနေတာ ( ဥပမာ ။  ။ ဒီဇိုင်းပိုင်းမှာ ပိုပြီးတော့ ဆန်းသစ်နေလို့ အဲ့ဒီအတွက် တန်ဖိုး ပိုကြီးနေတာလား ၊ ဒါမှမဟုတ် အထဲမှာ ပါဝင်တဲ့ Hardware ပိုင်းဆိုင်ရာ ဆက်စပ်ပစ္စည်းတွေကပဲ ကောင်းနေလို့ ဈေးကြီးနေတာလား )  ဒါမှမဟုတ် ဘာကြောင့် ဈေးသက်သာနေတာလည်း ( ဥပမာ ။  ။ အထဲမှာဆင်ထားတဲ့ Hardware ဆိုင်ရာ ဆက်စပ် ပစ္စည်းတွေကတော့ ကောင်းနေပြီး ပုံစံက ပုံတုန်းကြီး ဖြစ်နေလို့လား ၊ အထဲမှာ ဆင်ထားတဲ့ Hardware ဆိုင်ရာ ဆက်စပ်ပစ္စည်းတွေက အနိမ့်စားတွေ ဆင်ထားလို့လား ဆိုတာကို ) ကွဲကွဲပြားပြား သိဖို့လိုပါတယ် .. ဒါမှသာ မိမိတို့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ Laptop မျိုးကို သင့်တင့်တဲ့ ဈေးနှုန်းမျိုး ပေးပြီး ၀ယ်နိုင်မှာ ဖြစ်ပါတယ် .. 

အရင်ဆုံး မိမိက Laptop ကိုဘာအတွက် ၀ယ်မှာလည်း ဆိုတာကို ဆန်းစစ်ပါ .. ပိုက်ဆံ ချမ်းသာလို့ ငွေဘယ်လောက် ကုန်ကုန် ဆိုရင်တော့  အခုနောက်ဆုံးပေါ်  Core i7 Latop မျိုးကို ဒီဇိုင်းပုံစံ လန်းလန်းလေးနဲ့ Brand ကောင်းကောင်း လေးနဲ့ ဈေးကြီး ပေးဝယ်လိုက်တာ ပြသနာ မရှိပေမယ့် ကိုယ်ကလည်း လက်ထဲမှာ ငွေကို ချင့်ချိန်နေရတဲ့သူ တကယ်လည်း လိုအပ်နေပါတယ် ဆိုတဲ့ သူမျိုးအတွက် ကျတော့ အရွေးမမှားဖို့ လိုအပ်ပါတယ် .. ဒါမှသာ မိမိတက်နိုင်တဲ့ ငွေကြေးပမာဏနဲ့ ကိုယ့်အတွက် တကယ်အသုံးဝင်တဲ့ Latop မျိုးကို ရွေးချယ် နိုင်မှာ ဖြစ်ပါတယ် .. 

အရင်ဆုံး Latop တစ်လုံး ၀ယ်တော့မယ် ဆိုရင် မိမိတို့က ဘာအတွက် သုံးမှာလည်း ဆိုတာကို စဉ်းစားပါ .. ဖျော်ဖြေမှုသက်သက် အတွက်ပဲ သုံးမှာလား ၊ ရုံးလုပ်ငန်း အတွက် သုံးမှာလား ၊ ကွန်ပျူတာပိုင်းဆိုင်ရာတွေ လေ့လာဖို့အတွက် သုံးမှာလား ၊ မိမိက လက်တော့ ၀ယ်ပြီးရင် ဂိမ်းအကြီးစားတွေ ဆော့ဖို့ အထိ စဉ်းစားထားလား ဆိုတာတွေကို ထည့်ပြီး တွေးဖို့ လိုပါတယ် .. ဒါမှသာ  မိမိလုပ်ချင်တာနဲ့ သင့်တင့် မျှတတဲ့ ပစ္စည်းမျိုးကို ရွေးချယ်နိုင်မှာ ဖြစ်ပါတယ် ..

ဖျော်ဖြေမှု အတွက်ပဲ သုံးချင်တယ် .. မိမိက သက်သက်မှတ်မှတ်ကြီး သုံးစရာတော့  မရှိဘူး အဝေးမှာ ရှိနေတဲ့ သူငယ်ချင်းတွေနဲ့ အင်တာနက်သုံးပြီးတွေ့မယ်  မိသားစုတွေထဲက အဝေးရောက်နေသူ တွေရှိရင်လည်း အင်တာနက်မှာ တွေ့မယ် ပျင်းတဲ့ အခါတွေမှာ ရုပ်ရှင်ကြည့်မယ် သီချင်းနားထောင်မယ် ဆိုတဲ့သူမျိုးကတော့ Hardware ပိုင်းဆက်စပ်ပစ္စည်းတွေ အရမ်းကြီး မမြင့်ရင်တောင် ဒီဇိုင်းလှလှ လေးနဲ့ ဈေးနှုန်းသင့်တင့်တာမျိုးလေးတွေ ဆိုရင် အဆင်ပြေပါတယ် .. 

နောက်တစ်ချက်ကတော့ ရုံးသုံး စာစီစာရိုက်သုံးမယ် လိုအပ်တဲ့ ဆော့ဝဲလ် တစ်ခုရမ်းထားပြီး အမြဲသုံးနေလို့ ရပါတယ် ဆိုတဲ့ သူမျိုးကျတော့ လည်းအပေါ်နဲ့ အရမ်းကြီးမကွာပါဘူး .. ကိုသုံးမဲ့ ရုံးသုံးလုပ်ငန်းတွေကို အဆင်ပြေပြေနဲ့ လုပ်ဆောင်နိုင်ယုံနဲ့ ရုံးတွေဘာတွေကို ယူသွားမယ် ဆိုရင် လည်းအမြင်တင့် စေမဲ့ ပုံစံမျိုးနဲ့ Hardware ဆက်စပ်ပစ္စည်းတွေက အရမ်းကြီး မမြင့်ရင်တောင် အလယ်အလတ်တန်းစားလောက် ဆိုရင်ကို သူ့အတွက် အဆင်ပြေစေပါလိမ့်မယ် ..
နောက်တစ်ချက် ကွန်ပျူတာပိုင်း ဆိုင်ရာတွေမှာ သုံးချင်ပါတယ်ဆိုတဲ့ သူမျိုးကျတော့ ပုံစံဒီဇိုင်း အရမ်း မကောင်း ရင်တောင် Hardware ပိုင်းဆက်စပ် ပစ္စည်းတွေကိုတော့ အကောင်းဆုံး ဖြစ်တာမျိုးတွေ ကို သုံးသင့်ပါတယ် .. မိမိတို့က ဆော့ဝဲတွေ ရမ်းမယ် စမ်းသပ်ချင်တာ တွေကို စမ်းသပ်မယ် ဖြုတ်မယ် တပ်မယ် ဒေါင်းလော့တွေ ခဏခဏ ချမယ် Upload တွေတင်မယ် ပြီးရင် စက်ကို အမြဲတမ်း ၂၄ နာရီပါတ်လုံး အသုံးပြုဖြစ်နေတဲ့ အခါတွေ ရှိမှာ ဖြစ်တဲ့ အတွက် မိမိတို့ ၀ယ်မဲ့ကောင်က Hardware ပိုင်း ဆက်စပ် ပစ္စည်း မြင့်တာနဲ့ အကြမ်းခံမဲ့ ကောင်မျိုးကို ရွေးချယ်ပြီး ၀ယ်ယူတာ ကပိုပြီး အဆင်ပြေစေပါလိမ့်မယ် .. ဖြစ်နိုင်ရင်တော့ Latop မ၀ယ်ပဲ Destop သာဝယ်ပေါ့ဗျာ .. ကျွန်တော်က Laptop Crazy ဖြစ်တဲ့ သူအတွက် ရွေးချယ်လို့ရအောင် ပြောပြတာပါ .. ဒီလိုလူမျိုး အတွက်တော့ ဒီဇိုင်းပိုင်းထက် Hardware ပိုင်းစပ်ဆက် ပစ္စည်းတွေ ကောင်းမွန်တာမျိုးကို ရွေးချယ်သင့်ပါတယ် ..

နောက်ဆုံးတစ်ချက် ဂိမ်းသမားတွေကတော့ မိမိတို့ဝယ်မဲ့ လက်တော့မျိုးကို Hardware ပိုင်း သင့်တင့်ပြီး Ram , Graphic ပမာဏ များတာ မျိုးကို ရွေးချယ်ပြီး ၀ယ်ယူထားသင့်ပါတယ် .. အခုနောက်ပိုင်းမှာ ဆိုရင် Gamer တွေအတွက် သီးသန့် ထုတ်ပေးထားတဲ့ Laptop Brand မျိုးတွေကို တောင်တွေ့နေရပါပြီ .. 

အပေါ်မှာ ကျွန်တော် နှိုင်းယှဉ်ပြ ထားတာ ကတော့ မိမိတို့အသုံးပြုမဲ့ ပုံစံနဲ့ အတက်နိုင်ဆုံး သင့်လျော်မဲ့ ပုံစံကို ရွေးချယ် နိုင်အောင် ဖော်ပြပေးထားခြင်း ဖြစ်ပါတယ် ..  တကယ်လို့ မိမိက ပိုက်ဆံလည်း တက်နိုင်တယ် ကောင်းကောင်းလည်း လိုချင်တယ် ဆိုရင်တော့ ဒီဇိုင်းပုံစံ လန်းလန်းနဲ့ Hardware ပိုင်းမြင့်တာတွေကိုသာ ၀ယ်သုံးပါ အဆင်ပြေပါတယ် .. ကျွန်တော်က ချင့်ချိန်ဝယ်ယူရမဲ့ သူမျိုးတွေအတွက် နှိုင်းယှဉ်ပြပေးတာ ဖြစ်ပါတယ် .. 

( ၂ ) Latop ၀ယ်ရန်ရွေးချယ်ခြင်း



 ကဲ မိမိကလည်း အပေါ်မှာ ပြောခဲ့တဲ့ အချက်လေးတွေနဲ့ ဆန်းစစ်ပြီးသွားပြီ လက်တော့ ၀ယ်တော့မယ်ဆိုရင် Hardware ပိုင်းဆက်စပ် ပစ္စည်းတွေကို ဘယ်လိုကြည့်ပြီး ရွေးချယ်နိုင်မလည်း Brand ချင်းအတူတူ Processor  Series  ချင်းတူရင်တောင် ဈေးနှုံးချင်း ဘာလို့ ကွာခြား နေတာလည်း ဆိုတဲ့ ခြားနားချက်လေးတွေကို ကြည့်တက်အောင် ရေးပေးသွားပါမယ် ..


နောက်တစ်ချက်ကတော့ Laptop ၀ယ်မယ်ဆိုရင် Graphic ပါတာကို ရွေးဝယ်မလား Ram အနည်းအများကို ကြည့်ပြီး ၀ယ်မလား ဆိုတာကိုတော့ သိထားသင့်ပါတယ် .. ဘာလို့လည်း ဆိုတော့ Laptop မှာ Ram နည်းရင် ထပ်တိုးလို့ ရပေမယ့် Graphic မပါရင်တော့ ထပ်ြ့ပီး အသစ်စိုက်လို့ မရပါဘူး .. ။ ဒါကြောင့် မိမိတို့က မ၀ယ်ခင်ထဲက မိမိတို့ဝယ်မဲ့ Laptop မှာ Graphic ပါသလား မပါဘူးလား ဆိုတာကို လေ့လာသင့်ပါတယ် .. ဟုတ်ပြီ အဲ့ဒီ အချက်တွေကို ဘယ်လို ကြည့်ကြမလည်း  .. အောက်မှာ ဆက်သွားရအောင် ..


ကျွန်တော်တို့ Laptop တွေ ၀ယ်တဲ့ အခါမှာ ဈေးနှုံးကိုလည်း အရမ်းကြည့်လို့မရပါဘူး .. ကိုယ်ရဲ့ လိုအပ်ချက် ပေါ်လိုက်ပြီး ဆန်စစ်ပြီးမှ ၀ယ်သင့်ပါတယ် .. တစ်ချို့ Latop တွေက Design ပိုင်းကို ဦးစားပေး ထားတဲ့ အတွက် ပါဝင်တဲ့ Hardware အမျိုးစားချင်း တူရင်တောင် ဈေး ပိုကြီး နေတက်ပါတယ် .. တစ်ခါ တစ်လေ သတိထားပြီး ကြည့်ပါ .. Brand ချင်းလည်း တူတယ် ကျန်တဲ့ အမျိုးအစားချင်းလည်း တူတယ် .. ဒါပေမယ့် အဖြူရောင်နဲ့ အနက်ရောင် ပုံစံလေး နည်းနည်း ကွာသွားတာနဲ့ ဈေးလည်း ကွာဟ သွားတာမျိုး တွေ့ရပါလိမ့်မယ် ..

အရင်ဆုံး ကျွန်တော်တို့ Laptop ၀ယ်ဖို့အတွက် သူ့မှာ ပါဝင်တဲ့ အမျိုးအစားတွေကို သိဖို့ လိုပါလိမ့်မယ် .. အဲ့ဒီအတွက် ပြည်ပမှာ နေတဲ့ သူတွေပဲ ဖြစ်ဖြစ် မြန်မာပြည်က ဆိုင်တွေမှာ ၀ယ်မဲ့ သူတွေပဲ ဖြစ်ဖြစ် ဆိုင်က ပြထားတဲ့ Laptop နဲ့ ပါတ်သတ်တဲ့ အချက်အလက် တွေကို ဘယ်လို ကြည့်ပြီး ရွေးချယ်နိုင်မလည်း ဆိုတာကို အောက်မှာ ကျွန်တော် အမျိုးအစား တစ်ခုချင်း အလိုက် ရှင်းပြပေးထားပါတယ် ..
Processor
အရင်ဆုံး Processor ကိုကြည့်ပါ ... မိမိဝယ်မဲ့ လက်တော့က Intel လား AMD လား အရင်ဆုံး ခွဲခြားပါ .. ကိုက Intel ထဲကပဲ ၀ယ်ချင်တယ် ဆိုရင် မိမိဝယ်မဲ့ လက်တော့က Core i3 လား Core i 5 လား Core 2 Dual လား Core 2 Quad လား စသည်ဖြင့် ကြည့်ပါ .. ပြီးရင် မိမိတက်နိုင်တဲ့ ဈေးနှုံးနဲ့ Processor အမျိုးအစားကို ရွေးချယ်လိုက်ပါ .. ပိုက်ဆံတက်နိုင် ရင်တော့ နောက်ဆုံး ထွက်တဲ့ Processor အမျိုးအစားကို ရွေးချယ် ၀ယ်ထားတာ ပိုကောင်းပါတယ် ..

Operating system

နောက်တစ်ချက် Laptop Detail ထဲမှာ Operating System ဆိုပြီး ပါပါလိမ့်မယ် .. အဲ့ဒါက ဘာကို ပြတာ 
 
လည်းဆိုတော့ မိမိတို့ ၀ယ်မဲ့ Laptop မှာ အသုံးပြုမဲ့ Windows အမျိုးအစားကို ပြောတာ ဖြစ်ပါတယ် .. 
 
ကျွန်တော် တို့ အနေနဲ့ Laptop ၀ယ်တဲ့ အခါမှာ ပေးရမဲ့ တန်ဖိုးထဲမှာ အဲ့ဒီ Windows အတွက်ပါ 
 
ပါပြီးသား ဖြစ်ပါတယ် .. ကျွန်တော်တို့ Windows ကို ၀ယ်ပြီး သုံးရတာပါ .. Microsoft ® Windows 7 
 
Home Basic စသည် ဖြင့် ဖော်ပြပေးပါလိမ့်မယ် ..
Memory
 Memory ပမာဏ ကိုတော့ Detail ထဲမှာ Mb နဲ့ ဖော် ပြမှာ ဖြစ်ပါတယ် . အဲ့ဒီအတွက် Laptop မှာ Rum 
 
ဘယ်နှစ် Gb ပါတယ် ဆိုတာကို သိဖို့ အတွက် အောက်မှာ ဖော်ပြထားတဲ့ Unit ရေတွက် ပုံလေးကို 
 
သိထားဖို့ လိုပါလိမ့်မယ်...
1 Bits = အငယ်ဆုံး unit
1 Byte= 8 Bits
1 kbyte =1024 Byte
1 Megabyte = 1024 kbyte
1 Gegabyte = 1024 Megabyte
1 Tetrabyte = 1099  Gegabyte  
ဒါမှသာ ကျွန်တော်တို့ အနေနဲ့ 4096 Mb ဆိုရင် 4 Gb ၊ 3072 Mb ဆိုရင် 3 Gb စသည်ဖြင့် 
 
အလွယ်တကူ သိနိုင်မှာ ဖြစ်ပါတယ် ..  ဒါဆိုရင် မိမိတို့ ၀ယ်မဲ့ Laptop မှာ Ram ဘယ်လောက် ပါတယ် 
 
ဆိုတာကို ခွဲခြားနိုင်လိမ့်မယ်လို့ ထင်ပါတယ် .. ဒီနေရာမှာ တစ်ခု သိထားရမှာက Laptop မှာ Ram ကို 
 
ထပ်ပြီး တိုးလို့ ရပါတယ် .. ဥပမာ ။  ။ ကျွန်တော်တို့က Ram 2 Gb ပဲ ပါတဲ့ Laptop ၀ယ်ထားတာ 
 
ဆိုရင် နောက်ထပ် 1Gb , 2 Gb ထပ်တိုးတာတို့ လုပ်နိုင်ပါတယ် ..

Screen
 ဒီမှာက ဘာကို ကြည့်ရမလည်း ဆိုတော့ ကျွန်တော်တို့ ၀ယ်မဲ့ Laptop ရဲ့ Screen အရွယ် အစားကို  


ကြည့်ရမှာ ဖြစ်ပါတယ် .. Screen အရွယ်အစား အကြီး အသေးကို လိုက်ပြီး မိမိရဲ့ Laptop 

အရွယ်အစားကလည်း အကြီး အသေး ကွာသွားပါလိမ့်မယ် .. 14" , 15.6" , 17.3" စသည်ဖြင့် အသီးသီး 

ရှိပါလိမ့်မယ် .. မိမိတို့ စိတ်ကြိုက် ရွေးချယ် နိုင်ပါတယ် ..

Hard disk

Hard Disk မှာ မိမိတို့ ၀ယ်မဲ့ Laptop မှာပါ ၀င်တဲ့ Hard Disk ရဲ့ 


ပမာဏကို ဖော်ပြပေး ပြီးသား ဖြစ်ပါတယ် .. 320 GB , 500 GB , 640 GB စသည်ဖြင့် အသီးသီး Hard 

Disk ရဲ့ Data တွေကို Store လုပ်ပေးနိုင်တဲ့ ပမာဏကို ဖော်ပြပေးမှာ ဖြစ်ပါတယ် ..


Optical Drive 

ဒီကောင်လေးကတော့ ဘာမှ အရေးမပါသလိုနဲ့ တော်တော် အရေးပါပါတယ် .. မိမိတို့ ၀ယ်မဲ့ Laptop မှာ 


Optical Drive ပါမပါတော့ သေချာ ကြည့်ဖို့ လိုပါတယ် .. ဘာလို့လည်း ဆိုတော့ ကျွန်တော်တို့ အနေနဲ့ 

Optrical Drive မပါတဲ့ Laptop ကို ၀ယ်မိပြီ ဆိုရင် နောက်ပိုင်း Windows အသစ်ပြန် 

တင်ချင်တာပဲ ဖြစ်ဖြစ် Software တွေ Install လုပ်ဖို့ အခွေထည့်ချင်ရင်ပဲ ဖြစ်ဖြစ် အဆင်ပြေမှာ 

မဟုတ်ပါဘူး .. ဒါကြောင့် Optical Drive ပါတာကို ရွေးချယ် ၀ယ်ယူဖို့ တိုက်တွန်းချင်ပါတယ် .. Optical 

Drive ပါတဲ့ Laptop တွေမှာ DVD-Super Multi Double Layer စသည်ဖြင့် ဖော်ပြထားပြီးတော့ Optical 

Drive မပါဘူး ဆိုရင်တော့ no ဆိုပြီး ဖော်ပြနေပါလိမ့်မယ် .. 

 Video Card 


အများစု မသိကြတဲ့ အထဲမှာ ဒီကောင်လေး ပါပါတယ် .. ဆိုင်က ပြတဲ့ Detail ကို ကြည့်ပြီး အများစုက 
 
မိမိဝယ်မဲ့ Laptop မှာ Video Card ပါမပါတောင် မသိကြပါဘူး .. Laptop မှာ Video Card မပါဘူး ဆိုရင် 
 
ကိုယ့်ဘာသာ အသစ် စိုက်လို့ ရမှာ မဟုတ်ပါဘူး .. ဒါကြောင့် ကိုယ်ဝယ်မဲ့ Laptop မှာ Video Card 
 
ပါမပါလည်း သေချာလေး ကြည့်သင့်ပါတယ် .. Video Card က Brand နှစ်မျိုးရှိပါတယ် ..  Nividia နဲ့ ATI 
 
ပါ .. မိမိတို့ ကြိုက်တဲ့ Brand ကို ရွေးချယ် နိုင်ပါတယ် .. တကယ်လို့ Video Card ပါတဲ့ Laptop တွေရဲ့ 
 
Detail ထဲမှာ Nividia Geforce  ® GT 520MX 1024Mb   ၊ ATI ™ Mobility Radeon ™ HD6630 
 
 1024Mb  စသည်ဖြင့် ဖော်ပြပေးပါလိမ့်မယ် .. ဒီနေရာမှာ တစ်ခု သိထား ရမှာက ပါဝင်တဲ့ Graphic 
 
ပမာဏ ကို Gb နဲ့ မဖော်ပြပဲ MB နဲ့ ပဲ ဖော်ပြမှာ ဖြစ်ပါတယ် .. 1 Gb ဆိုရင် 1024 MB ၊ 512 MB 
 
စသည်ဖြင့် ဖော်ပြပေး မှာ ဖြစ်ပါတယ် .. တကယ်လို့ Video Card မပါတဲ့ Laptop တွေမှာ ဆိုရင် Intel ® 
 
HD Graphics 3000 Intel ® GMA HD စသည်ဖြင့် ဖော်ပြပေးမှာ ဖြစ်ပါတယ် .. ဒါဆိုရင် မိမိတို့ ၀ယ်မဲ့ 
 
လက်တော့မှာ Video Card ပါမပါ ရွေးချယ် နိုင်လိမ့်မယ်လို့ ထင်ပါတယ် ..

 
 ဒါကတော့ ကျွန်တော်တို့ လက်တော့ ၀ယ်မယ်ဆိုရင် အဓိကထားပြီး သိထားသင့်တဲ့ ရွေးချယ်နိုင်တဲ့ 

အချက်လက် လေးတွေကို ဖော်ပြပေးထားတာ ဖြစ်ပါတယ် .. ကျန်တဲ့ Wifi , Bluetooth ပါမပါ သူ့မှာပါတဲ့ 

Battery Card က ဘယ်လောက် အသုံးခံလည်း ( 2 hour , 3 hour )  Laptop ရဲ့ အလေးချိန် 

စတာတွေကိုတော့ ကျွန်တော် တစ်ချက် ချင်း ရေးမပေးတော့ပါဘူး .. အပေါ်မှာ ရေးပေးခဲ့တဲ့ 

အချက်တွေကို ကြည့်ပြီး Laptop တစ်လုံး ၀ယ်ဖို့ အတွက် အနည်းနဲ့ အများ အထောက် 

အကူ ပြုနိုင်လိမ့်မယ်လို့ ထင်ပါတယ် .. 
ဒီပို့စ်လေးကို PDF ဖြင့် လိုချင်တယ် ဆိုရင် အောက်မှာ ယူလိုက်ပါ ..
Download  From  Ifile.it  ၊  Download  From  Ziddu  ၊  Download  From  Sharebeast
အားလုံးပဲ အဆင်ပြေကြပါစေ ... ကျေးဇူးတင်ပါတယ် ခင်ဗျာ .

Nay Min Maung.

HUAWEI G610-U20 Firmware

Huawei G610-U20 Firmware ပါ
ဒီ firmware လေးက Huawei official ဆိုက်မှာတောင်မရှိသေးပါဘူး
ကျွှန်တော်ရှာကြည့်တာတော့ ဆိုက်တော်တော်များများမှာမရှိသေးပါဘူး
သူငယ်ချင်းများအားလုံးအဆင်ပြေအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်
password တောင်းလားရင်တော့
                          username  ===    mr.android6
                          password  ===   hv($Y$yOVKTQ

Description


ROM HUAWEI G610-U20 – ROM Android 4.2.1
ROM 1 : Official for G610-U20 "V100R001C96" version: G610-U20 V100R001C96B116
ROM 2 : Official for G610-U20 "V100R001C00" version: G610-U20 V100R001C00B116
Look your version on your mobile before install
Gapps include – No Rooted
Language support: Multilang
Download

ROM 1 - HUAWEI G610-U20 - C96

 
ROM 2 - HUAWEI G610-U20 - C00



iOS 7.x Jailbreak toolv 1.0.4

 
 ios 7 တွေကို jailbreak လုပ်ဖို့ Tool အသစ်လေးပါ အရင် version တွေမှာ
အဖြစ်များတဲ့ Logo မှာရပ်နေတဲ့ error နဲ့ တခြား error
 တော်တော်များများ တွေကိုလဲ ရှင်းထားပေးပါတယ်

Server OS Version Link
box.com Mac OS X 1.0.4 SHA1: 879060a10942011da7ad5697e65122de6e25a3a1
box.com Windows 1.0.4 SHA1: 3ef7cb618288a9ff1220a71a2f887e21779c3a16

Saturday, January 11, 2014

G730မှာ Shwebook ကမြန်မာလိုတွေ မပေါ်ဘူးဆိုသူတွေအတွက်

 

G730မှာ Shwebook ကမြန်မာလိုတွေ မပေါ်ဘူးဆိုသူတွေအတွက်ပါ။
မပေါ်ရတယ့်အကြောင်းက Shwebook.apk ထဲမှာ zawgyi.ttf ပါပြီးသားပါ။ G730 က Graphite Rendering နဲ့ Run တာဖြစ်တယ့်အတွက် zawgyi.ttf နဲ့အလုပ်မလုပ်တော့တာပါ။ Shwebook.apkမှာ မြန်မာစာပေါ်ချင်ရင် zawgyi.ttf ကို Graphite Renderingနဲ့ပြင်ရေးချင်ရေး မရေးချင်ရင် ကျော်စွာသွင် ရဲ့ SmartZawGyi2 နဲ့ပြောင်းထည့်ပေးပါ။ ကျွန်တော်က တော့ ကျော်စွာသွင် ရဲ့ SmartZawGyi2ကို Shwebook.apk ထဲမှာ zawgyi.ttf လို့အမည်ချိန်းပြီးထည့်ပေးလိုက်ပါတယ်။ အဆင်ပြေသွားပါတယ်။ အောက်ကလင့်မှ ဒေါင်းပြီးစမ်းကြည့်ပါ။
http://d-h.st/1kK


Royal Mobile

Font Browser - BETA ( Android APP )

 
Font Browser - BETA ( Android APP )
-----------------------------------------
မြန်မာစာ မပေါ်သေးတဲ့ဖုန်းတွေမှာ မြန်မာ font တွေ မထည့်ခင် ဖုန်းမှာ ဘယ် font နဲ့ အဆင်ပြေ မပြေကို system ထဲထိသွင်းစရာမလို (restart) ဆင်းစရာမလိုပဲ
ယခု ဆော့ဖ်ဝဲထဲမှာ အရင်ဆုံး preview အနေနဲ့ရော နောက် font ကို စိတ်တိုင်းကျ font size ပြောင်းပြီးတော့ လည်း စမ်းသပ်နိုင်အောင် ပြုလုပ်ပေးထားပါတယ်။

အသုံးပြုနည်းမှာ -- ဖုန်းတွင် မြန်မာ font သွင်းမထားရ၊ မိမိ စမ်းသပ်ချင်သော font ဖိုင် .ttf ကို /sdcard/nso ဆိုတဲ့ folder ထဲမှာ ထည့်ထားပေးရုံပါ။

Font tester ဆိုတဲ့ function လေးက Font developer တွေအတွက်လည်း အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်ဗျာ။

BETA ဗားရှင်းသာ ဖြစ်သည့်အတွက် bug နှင့် အကြံပြုချင်သူများအတွက် 

https://facebook.com/mgkboy (0r) heroxp91191@gmail.com သို့ ကျေးဇူးပြုပြီး ပို့ပေးစေလိုပါတယ်။

Huawei Y511 အတွက် မြန်မာစာ100% မှန်စေဖို့အတွက်


Huawei Y511 အတွက် မြန်မာစာ 100% မှန်ပါပြီ အရင်ကတော့ မြန်မာစာအဆင်ပြေပေမယ့်
တချို့ application တွေမှာ မြန်မာလို မပေါ်ပါဘူး အခုတော့ 100% မှန်ပါပြီ ကျွှန်တော်နားရှိတာတော့ကြာပါပြီ
ကျွှန်တော် ဘလော့မရေးဖြစ်တာကြာပြီမို့လို့ မတင်ဖြစ်ခဲ့တာပါ အခုတော့ ကျွှန်တော်
ဘလော့လေး ကို ပြန်လဲရေးဖို့ စိတ်ကူရင်နဲ့  သူငယ်ချင်းများအားလုံးလဲအဆင်ပြေအောင်
ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ဒီ software ကိုရေးတဲ့သူကိုတော့ မမှတ်မိတော့ပါဘူး
ရေးတဲ့သူကိုလဲ Credit ပေးပါတယ်
Y511 Myanmar Font download

Android Phone and Table များအတွက် မြန်မာဖောင့် မှန်စေဖို့

Android Phone နှင့် Table များအတွက် မြန်မာဖောင့် 100% မှန်ဖို့အတွက် Smat Zawgyi Pro
Android Phone တွေမှာ စာလုံးတွေ ရှေ့နောက်လွဲနေတာတို့ ထပ်နေတာတို့ ကို အလွဲတကူ
ဖြေရှင်းနိုင်မှာဖြစ်ပါတယ် လိုချင်သူများအတွက် အောက်ကလင့်မှာဒေါင်းနိုင်ပါတယ်.
>>>>download<<<<
Developer by : Ko Kyaw Swar Thwin

Saturday, September 21, 2013

Fifa 14 for Android v1.2.8


Android အတွက် Fifa 14 ထွက်ရှိလို့ပါပြီ ဖိုင်ဆိုက်ကတော့ 1gb ကျော်ရှိပါတယ် ရုပ်ထွက်ကလဲ တော်တော်လေးကောင်းလာပါတယ်
အရင် version တွေနဲ့ မတူ အောင် ပြောင်းလဲထားပါတယ် အခုပေးတဲ့လင့်က Gpk ဆိုတော့ ဖုန်းတော်တော်များများနဲ့လဲအဆင်ပြေပါတယ်
ဖုန်းကနေ ဒေါင်းပြီ ဆော့ချင်တယ်ဆိုရင်တော့ ဒီ APK လေးကို ဒေါင်းပီ ဖုန်း မှာ install လုပ်ပီ ဒေါင်းနိုင်ပါတယ်
computer နဲ့ဆိုရင်တော့ ဒီ Software လေးကို computer မှာ အရင် install လုပ်ထားရမှာပါ။

FIFA 14 by EA SPORTS™ Download
Related Posts Plugin for WordPress, Blogger...