Monday, December 17, 2012

Google Play ဆိုတာဘာလဲ

Google play store သည် Multimedia content များကို ရောင်းချသည့် Google ၏ online store ဖြစ်သည်။ ဤ store မှ နေ၍ သီချင်း၊ ရုပ်ရှင်၊ ဗီဒီယို၊ ဂိမ်း၊ စာအုပ်နှင့် ဆော့ဖ်ဝဲများကို အခပေး၍ ဝယ်ယူနိုင်သည်။ သို့သော် အခမဲ့ရသည်တို့လည်း ရှိပါသည်။ သို့ရာတွင် Google play store သို့ ဝင်ရန် Google play store application ရှိရန်လိုသည်။ ထို application ကို မိမိ၏ tablet သို့မဟုတ် phone ပေါ်တွင် Install လုပ်ထားရန်လည်း လိုပါသည်။
Google play store ၏ အစသည် Google Market ဖြစ်သည်။ ယခင်က ဝယ်ယူထားသော Android tablet များနှင့် Smart phone များပေါ်တွင် Android market application အဟောင်း ရှိကောင်းရှိနေနိုင်ပါသည်။ Google သည် 2008 ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့တွင် Android market ကို ကြေညာလျက် online digital store လောကသို့ ဝင်ရောက်လာခဲ့သည်။
သို့ရာတွင် Phone နှင့် Tablet သုံးစွဲသူများ စတင် အသုံးပြုနိုင်သည်မှာ ၂၀၀၈ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့တွင်မှ ဖြစ်ပါသည်။ အခပေး ဆော့ဖ်ဝဲရောင်းချခြင်းကိုမူ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင်မှ စတင်နိုင်ခဲ့ပါသည်။ ထိုစဉ်က ဆောဖ့်ဝဲရေးသူ အများစုမှာ အမေရိကန်ပြည်ထောင်စုနှင့် ဂရိတ်ဗြိတိန်မှ ဖြစ်သည်။ သို့သော် ၂၀၁၀ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့မှစ၍ အခြားသောနိုင်ငံ ၂၉ နိုင်ငံမှ ဆော့ဖ်ဝဲရေးသူများအတွက် လမ်းဖွင့်ပေးခဲ့ပါသည်။
၂၀၁၀ ခုနှစ် ဒီဇင်ဘာလထဲသို့ ရောက်သည့်အခါ Google သည် Android market ၌ content filtering စနစ်ကို ထည့်သွင်းခဲ့သည်။ ထို့ပြင် Android market မှ ဝယ်ယူသော Application များကို မကြိုက်လျှင် ၂၄ -၄၈ နာရီအတွင်း ငွေပြန်းအမ်း ယူနိုင်သော စနစ်အစား ၁၅ မိနစ်အတွင်း ငွေပြန်အမ်းယူနိုင်သည့် စနစ်သို့ ပြောင်းလဲခဲ့ပါသည်။

လျှို့ဝှက်စွာ ကြီးထွားခဲ့သော Windows Tablet များ၏ သမိုင်းတစ်စ

Photo
တက်ဘလက်တွေရဲ့ သမိုင်းကို ပြောရမယ်ဆိုရင် ၁၉၈၆ ခုနှစ်ကတည်းက စခဲ့တယ်လို့ ဆိုနိုင်ပါတယ်။  ကွန်ပျူတာ ပညာရှင် အလန်းခေးဟာ ပထမဆုံး တက်ဘလက်ပုံစံကို စဉ်းစားတွေးခေါ် နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အောင်မြင်တဲ့ ထုတ်ကုန်တစ်ခုအဖြစ်တော့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ၂၀၁၀ ပြည့်နှစ်မှာ ထွက်ရှိခဲ့တဲ့ iPad ကတော့ ခေတ်သစ် တက်ဘလက်လောကရဲ့ ဦးဆောင်သူ ဖြစ်ခဲ့ပါတယ်။ မကြာခင် အချိန်မှာ Window 8 တက်ဘလက်တွေကိုလည်း ဈေးကွက်အတွင်းမှာ စိတ်ကြိုက်ဝယ်ယူနိုင်တော့မှာပါ။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က အနာဂတ်ရဲ့ ကွန်ပျူတာလောကမှာ တက်ဘလက်တွေသာ

Apple နဲ့ Google တို့ရဲ့ ဖန်သားပြင် ရန်စောင်ပွဲ

အရင်က လည်ပင်းဖက် ပေါင်းလာခဲ့သည့် သူငယ်ချင်းကောင်းတွေလေ။ ယခုတော့ ရန်စောင်နေကြပြီ။ တရားရုံးတွေမှာ၊ လူသုံးပစ္စည်း ဈေးကွက်တွေမှာ မီးခိုးမဆုံး၊ မိုးမဆုံး တိုက်ပွဲတွေ ဆင်ကြသည်။ ပြီးခဲ့သော သီတင်းပတ် (၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်) တွင်မတော့ ထိုရန်ဆူးရန်ညှောင့်က ပုံစံတမျိုးတစ်ဖုံ ဖြစ်သွားပြန်သည်။ သူတို့နှစ်ယောက် စမတ်ဖုန်း ဖန်သားပြင်ထက်မှာ ထိပ်တိုက် သွားတွေ့ခြင်းပါတည်း။ ထိုနှစ်ယောက်က Google နှင့် Apple တို့ပင်။ ဗုဒ္ဓဟူးနေ့ (၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်) က Apple ၏ iPhone ဆော့ဖ်ဝဲလ်ဗားရှင်းသစ်ကို ထုတ်ရောင်းလိုက်သည်။ ထိုဗားရှင်းသစ်၌ Apple က အဓိကကျသော အက်ပလီကေးရှင်း နှစ်ခုကို ဖယ်ထုတ်ထားသည်။ နှစ်ခုစလုံးက Google ၏ ထုတ်ကုန် ပစ္စည်းတွေချည်းပင်။ Google ၏ Map နှင့် YouTube တို့ဖြစ်သည်။ ထိုသို့ အက်ပလီကေးရှင်း နှစ်ခုကို ဖယ်ထုတ်လိုက်တာကို ကြည့်လျှင် သူတို့နှစ်ဦး မည်မျှ အပြိုင်ကြမ်းနေပြီကို သိနိုင်၏။ ထို့ပြင် မိုဘိုင်းသုံးစွဲသူတွေ၏ အရေးပါမှုကလည်း ဒီနေရာတွင် သိသာထင်ရှားလွန်းနေသည်။
“သူတို့နှစ်ယောက် ဖုန်းနဲ့ပြိုင်၊ မြေပုံနဲ့ပြိုင်၊ သတင်းနဲ့ပြိုင်၊ ရှာဖွေမှုနဲ့ပြိုင်၊ ပြိုင်ပြီးရင်း ပြိုင်နေကြတယ်” ဟု BCG Partners မှ သုံးသပ်သူ တစ်ဦးက ပြောသည်။ မြေပုံများက မိုဘိုင်းပစ္စည်းများအတွက် အရေးပါလှသည်။ မိုဘိုင်းပစ္စည်းများက တည်နေရာပြ ဝန်ဆောင်မှု လုပ်ငန်းများ အတွက်ရော၊ ကြော်ငြာများ အတွက်ရော အဆင်ပြေသည့် နေရာလေ။ တည်နေရာပြ ဝန်ဆောင်မှု လုပ်ငန်းနှင့် ကြော်ငြာများက ငွေရှာကောင်းသည့် လုပ်ငန်းများဖြစ်သည်။ တကယ်တော့ ဒီနေရာမှာ Google နှင့် Apple တို့နှစ်ယောက်သာ စစ်ခင်းနေသည်ဟု ပြော၍မရ။ Amazon, Nokia, Microsoft, AOL နှင့် Yahoo တို့လည်း ဒီပွဲမှာ ပါနေတာပါပဲ။ “Google လုပ်ထားသလို မိုဘိုင်းဂေဟ စနစ်တစ်ခု

Friday, December 14, 2012

Android ဖုန်းတွေအတွက် Custom ROMs များ ကို ဘာကြောင့်ကျွန်တော်တို့လို အပ် တာလဲ

Android custom ROM တွေရဲ့အခန်းကဏ္ဍ အကြောင်းကို အမြဲတမ်းသိချင်နေခဲ့တာလား ?
market ရဲ့နောက်ကွယ် က သင့်ဖုန်းကို custom upgrade လုပ်ခြင်းအကြောင်း ဆိုတာဘာလဲ?
ဘယ်သူတွေလိုတာလဲ? ဘာအတွက်လိုတာလဲ? စိတ်ချရရဲ့လား?
ဟုတ်ကဲ့။ ကျွန်တော်တို့ အဲ့ဒါတွေကို တစ်ချက်လောက် ကြည့်လိုက်ရအောင်။
ROM ဆိုတာက Read Only Memory ကိုဆိုလိုတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေရာမှာတော့ ROM ဆိုတာက သင့်ဖုန်းရဲ့ ROM Area မှာ ထည့်သွင်းထားတဲ့၊ စိတ်တိုင်းကျပြုပြင်ထားတဲ့ OS Image ကိုဆိုလိုတာဖြစ်ပါတယ်။ Stock ROM ဆိုတာကတော့ ဖုန်းဝယ်လိုက်တဲ့အခါမှာ ဖုန်းနဲ့အတူ ပါလာတဲ့ ဖုန်းရဲ့ OS Version ဖြစ်ပါတယ်။
kernel ဆိုတဲ့စကားလုံး ကတော့ OS ရဲ့ နှလုံးသား လို့ပြောလို့ရပါတယ်။ OS ရဲ့ မရှိမဖြစ်တဲ့ အစိတ်အပိုင်းတခုပေါ့။

Custom ROMs

Android Device တစ်ခုကို အကောင်းဆုံးထိန်းသိမ်းစောင့်ရှောက်နည်း(၁၀)နည်း


Google ရဲ့ Product တစ်ခုဖြစ်တဲ့ Android အသုံးပြု Device တွေဟာလက်ရှိအချိန်မှာ အရေအတွက်အားဖြင့် အလွန်များပြားတဲ့ အနေအထားတစ်ရပ်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ Androide အသုံးပြု Phone နဲ့ Tablet တွေဟာ လူအများစုရဲ့ နေ့စဉ်ထိတွေ့မှုများတဲ့ အရာဝတ္ထုတွေဖြစ်လာသလို၊ မကြာတော့မယ့်အချိန်အတွင်းမှာ Essential ဆိုတဲ့အနေအထား တစ်ခုထိကိုရောက်ရှိလာမှာဖြစ်ပါတယ်။ Android Device တွေကို အကောင်းမွန်ဆုံးကိုင်တွက် အသုံးပြုနိုင်ဖို့အတွက် Android Device တွေကို အကောင်းဆုံးထိန်းသိမ်းစောင့်ရှောက်နည်း (၁၀)နည်းကို ဖော်ပြပေးလိုက်ပါတယ်။

(၁). အသုံးမပြုတဲ့ Application Process တွေကို Stop ပြုလုပ်ပါ။

Android ရဲ့ သဘောတရားအရ Application နဲ့ Game တို့ကို အသုံးပြုပြီးတဲ့အချိန်မှာ Stop ပြုလုပ်ပေးဖို့ လိုအပ်ပါလိမ့်မယ်။ Exit ပြုလုပ်ပြီးချိန်မှာတောင် Background Process အနေနဲ့ လုပ်ဆောင်မှုတွေရှိနေနိုင်တဲ့အတွက် Task Killer လိုမျိုး Application အသုံးပြုပြီး Process Kill ပြုလုပ်သင့်ပါတယ်။

(၂). Call Log များကိုရှင်းလင်းပေးပါ။

Tuesday, December 11, 2012

Android Game ကြီးကြီ တွေကို data ဖိုင်မလို့ပဲဆွဲမယ်


အခုပြောမယ်နည်းလမ်းကတော့ Android Game ကြီးကြီးတွေကို data ဖိုင်းနဲ့ တခါတည်းပါပြီသာပါ အရင်ဆုံး ဒီကောင်းလေကို ဒေါင်လုပ်ဆွဲလိုက်ပါ
>>>download
ဆွဲပီရင် computer ပေါမှာ အင်စတော့ ဆွဲလိုက်ပါ

ပြီရင် အဲဒီဆိုက်မှာ သွားမယ် http://www.muzhiwan.com/
အစကတောပုံတွေနဲ့ ပြမလို့ပါ photoshop မတတ်တော့ မပြတော့ဘူးနော် အခုတော့ ဒီတိုင်ပဲပြောလိုက်တော့မယ်နော်  ပီ ရင် ကိုယ်ကြိုက်တဲ့ Game ကိုရှာတွေပီဆိုရင် အဲဒီ Gameပေါ်ကို နိပ်လိုက်ပါ computer နဲ့ဆွဲမယ်သူတွေက်တော့ ကိုဆွဲမယ်ဂိမ်းကိုနိပ်လိုက်ပါ နိပ်လိုက်ရင် အောက်နာမှာ ဘောက်လေနဲ့ သုံးခုတွေလိမ့်မယ် အဲဒီထဲက ထောင့်က computer ပုံလေးနဲ့ဟာကို နိပ်လိုက်ပါ အဲဒါဆိုရင် ဘောက်လေကျလာလိမ့်မယ် အဲဒီထဲမှာရွေးပေးရမှာဗျ ကို ဆော့မယ့် ဖုန်းနဲ့ ဖုန်းမော်တယ် နံပါတ်ကို ရွေးပီဆွဲရမှာပါ
 phone နဲ့ဆွဲမယ်သူတွေအတွက်က
 >>> download 

 ဖုန်းမှာအင်စတော့ဆွဲပီရင် ဒေါင်လို့ရပါပီ အားလုံးပဲအဆင်ပြေပါစေဗျာ
အဆင်မပြေတာရှိရင် mr.android6@gmail.com သို့ မေးမြန်နိုင်ပါတယ်
Related Posts Plugin for WordPress, Blogger...