Monday, July 1, 2013

"Facebook Page Creator မှ Social Media Community Manager အဖြစ်သို့ "


Facebook မှာ Page တစ်ခု လုပ်တာဟာ သိပ်တော့ မထူးဆန်းပါဘူး။ မိမိဝါသနာ ပါရာ အကြောင်းအရာများကို ဖန်တီးဖို့  ၊ မျှဝေဖို့  ၊ ရေးသားဖို့  စတာတွေကို အပျော်တမ်းအဖြစ် Facebook အကောင့် ရှိတဲ့ သူတိုင်း လုပ်နိုင်တဲ့ အရာတစ်ခု ဖြစ်ပါတယ်။
ဒီလို အပျော်တမ်းကနေ Professional အလုပ်အကိုင် အခွင့်အလမ်း တစ်ခု အဖြစ် ဖန်တီးလာကြ တာကို တွေ့ မြင်ရလာတော့ ကိုယ်တိုင်လည်း Page များကို ဖန်တီးသူ ၊ မျှဝေသူ ၊ ရေးသားသူ ပီပီ ဒီ Position တစ်ခုကို မကြာခင်မှာ တွင်ကျယ်လာတော့မည့် အခွင့်အလမ်း တစ်ခု အနေနဲ့  လေ့လာတင်ပြချင်ပါတယ်။

နိုင်ငံတကာ အခမဲ့ အွန်လိုင်းပညာသင်ကြားရေး ဝဘ်ဆိုဒ်များ



တကယ် အခမဲ့ပါ။ မယုံလို့ တစ်ခုလောက်ဝင်ကြည့်လိုက်တာ ဗီဒီယိုဖိုင်ယူမလား၊ PDF လား၊ သင်ခန်းစာ Note ယူမလား အစရှိသဖြင့် စာသင်ခန်းမှာ ဆရာနဲ့ မတွေ့ရပေမယ့် တကယ့် သင်ရသလိုပါပဲ။

သို့ပေမယ့် နိုင်ငံတကာ ဆိုဒ်ဖြစ်တဲ့အတွက် အားလုံးက အင်္ဂလိပ်လိုချည်း ဖြစ်ပါတယ်။ အခြေခံအင်္ဂလိပ်စာ ဖတ်အား၊ ရေးအား၊ မှတ် အားလေးတော့ ရှိမှ အဆင်ပြေမယ် ထင်ပါတယ်။ ခု ပေးမယ့် ဆိုဒ်များက ကမ္ဘ့ာ့ ထိပ်တန်း အွန်လိုင်း အခမဲ့ ပညာသင်ကြားရေး ဝဘ်ဆိုဒ်တွေချည်း ဖြစ်ပါတယ်။

အချို့ ဆို အွန်လိုင်းကနေပဲ သင်၊ အွန်လိုင်းကနေပဲ စာမေးပွဲဖြေလို့ ဒီပလိုမာတွေ တောင် ယူတယ်လို့ ကြားတယ်။ မြန်မာပြည်ကနေ ဆိုရင်တော့ လွယ်အုံးမယ် မထင်ပါဘူး။

ဒီတော့ အိမ်မှာ ကွန်ပြူတာရှိမယ်၊ အင်တာနက်လိုင်းရှိမယ်ဆိုရင် သင်လို့ ရပါ ပြီ။ လိုင်းအရမ်းကောင်းဖို့ မလိုပါဘူး။ သို့ပေမယ့် ဗီဒီယိုကြည့်ပြီးမှ သင်ချင်တယ် ဆိုတော့ နည်းနည်းစောင့်ရမယ့် သဘော ရှိပါတယ်။ သင်ခန်းစာတွေကို ကိုယ်ကြိုက်ရာ ရွေးလို့ရပါတယ်။

Science, engineering, art, economics, law, language များအပြင် အခြားအခြားသော ပညာရပ်ပေါင်း မြောက်များစွာလည်း ပါဝင်ပြီး ကိုယ်ကြိုက်ရာ ရွေးနိုင်ပါတယ်။ တကယ် လေ့လာနိုင်၊ မှတ်ယူနိုင်ရင် တကယ် ရပါတယ်။ ဒါကြောင့် အားလုံး အသုံးပြုလို့ရအောင် အခမဲ့ ပညသင် ကြားပေးတဲ့ ဝဘ်ဆိုဒ် လခ့်များအား မျှဝေ ပေးလိုက် ရပါတယ်။

Style 3 မျိုးနဲ့သုံးနိုင်တဲ့ Windows MA KI Version 1.0 Full Version ( 554 MB )

Windows XP ကိုအခြေခံထားတဲ့ Linux , Windows 8 , Normal windows  သုံးမျိုး Style နဲ့အသုံးပြုနိုင်တဲ့
Windows လေးဖြစ်ပါတယ်ခင်မျာ..အသစ်ထွက်ထွက်ချင်းဘဲတင်ပေးလိုက်ပါတယ်..VCD အခွေပေါ် Burn
ပြီးအသုံးပြုနိုင်ပါပြီ..Windows အလန်းစားများကို စမ်းသပ်အသုံးပြုနေသူများအတွက်တော့ အကြိုက်တွေ့
ကြမှာသေချာပါတယ်..Download ရယူနိုင်ပါပြီ.

Sunday, June 30, 2013

Smart Pro Journal issue 22 ကိုဒေါင်းနိုင်ပါပြီ..


Smart Pro Journal ကို အပတ်စဉ် ၀ယ်ယူအားပေး ဖတ်ရှုကြသော
စာဖတ်ပရိတ်သတ်များနှင့် အွန်လိုင်းမှ တိုက်ရိုက် ဒေါင်းယူကာ ဖတ်ရှုကြသော
စာဖတ်သူများအားလုံးအတွက် ပြီးခဲ့သည့် အပတ်စဉ်ကထက်

ပိုမိုထူးခြားကောင်းမွန်ပြီး ၊အနှစ်သာရ ပြောင်းလဲခြင်း မရှိသည့် issue 22 ကို

စနေ နေ့တွင် ထုတ်ဝေ ဖြန်ချိလိုက်ပါပြီ။

ထူးထူးခြားခြား အနေဖြင့် ဘယ်အိုင်တီ ၊ မိုဘိုင်းလ် ဂျာနယ်ကမှ
မလုပ်ဘူးသေးသည့် Mobile SMS စနစ်ကို စတင်လိုက်ပါပြီ။ မိုဘိုင်းဖုန်းမှ တစ်ဆင့်

Mobile Knowledge Quiz အဖြေများကို ပေးပို့ရုံဖြင့် ငွေကျပ် ၅၀၀၀ ကျပ်တန်
ငွေဖြည့်ကဒ်များကို ကံစမ်းနိုင်မှာ ဖြစ်ပါသည်။

ထိုအပြင် အခမဲ့ထုတ်ယူနိုင်သော အောင်ဘာလေထီလက်မှတ် ၂ စောင်နှုန်းဖြင့်
တစ်ပတ်အတွက် တစ်ပတ် ၂ စောင်နှုန်း သွားရောက်ကာ အခမဲ့ ထုတ်ယူနိုင်မှာ
ဖြစ်ပါသည်။

အွန်လိုင်းမှ တိုက်ရိုက်ဒေါင်းလိုသူများအတွက် အောက်ပါ လင့်များတွင်
တင်ပေးထားပါတယ်။ စာဖတ်သူများအတွက် အရည်အသွေးကောင်း ကောင်းနှင့်
ဖတ်ချင်သူများအတွက် Quality ကောင်းကောင်း နှင့် PDF Files နှင့်
ဒေါင်းရာတွင် ဖိုင်ဆိုက်ကြီးလို့ ဒေါင်းမရသူများအတွက် အလွယ်တကူဒေါင်းနိုင်ရန်

အတွက် Normal Quality ဆိုပြီး ၂ မျိုးတင်ပေးထားပါတယ်။

မြန်မာနိုင်ငံမှ GSM/WCDMA များဖြင့် နိုင်ငံခြားသို့ဖုန်းခေါ်နည်းအညွှန်း နှင့် Country Code များ


၂၀၁၃ ဇူလိုင်လ ၁ရက်နေ့မှစ၍ မြန်မာနိုင်ငံမှ GSM/WCDMA အားလုံးမှ နိုင်ငံခြားသို့တိုက်ရိုက်ဖုန်းခေါ်ဆိုနိင်ပြီဖြစ်သောကြောင့် မိမိတို့ခေါ်ဆိုမည့် နိုင်ငံ code များကိုသိရှိထားဖို့လိုအပ်ပါတယ်။ ဒါကြောင့် Myanmar Mobile App Store မှ users များအတွက် ဖုန်းခေါ်နည်းနမူနာနဲ့ သက်ဆိုင်ရာ နိုင်ငံ Code များကိုဖော်ပြပေးလိုက်ပါတယ်။ အောက်မှာပေးထားတဲ့ Country Code ကိုဘယ်လိုအသုံးပြုရမလဲဆိုရင်
+ ကိုရှေ့ကခံပြီး Country Code ကိုထည့်ပါ။ ပြီးမှခေါ်ချင်တဲ့နံပါတ်ကိုရိုက်ပါ။
ဥပမာ- ရုရှားက 21589 ဆိုတဲ့ဖုန်းနံပါတ်ကိုခေါ်မယ်ဆိုရင် ရုရှားနိုင်ငံရဲ့ Country Code  က 79 ဖြစ်တဲ့အတွက်အောက်ပါအတိုင်း ဂဏန်းရိုက်ခေါ်ဆိုရပါမယ်။

Internet Cafe ဆိုင်များအတွက် NetCafe 5.5 Full


Internet Cafe ဆိုင်များအတွက် NetCafe 5.5 Full Version ရလာလို့တင်ပေးလိုက်ပါတယ်.. အင်တာနက်ဆိုင်များအတွက် အသုံးအတည့်ဆုံးနဲ့ အသုံးအပြုဆုံး Software ဖြစ်ပါတယ်.. ဒီ Software မှာ ထိန်းချုပ်ရမယ့် ကွန်ပျူတာ အလုံးအရေကို အကန့်အသတ်မထားပါဘူး.. User တွေရဲ့ ကွန်ပျူတာတွေကိုလည်း Admin ကနေလှမ်းပြီး Shutdown လုပ်နိုင်တဲ့အတွက် User တွေအသုံးပြုတဲ့ Computer ဆီကို တကူးတကသွားပြီး Shutdown လုပ်ပေးနေစရာမလိုတဲ့အတွက် Power Saver  နောက်ပြီး ကျသင့်ငွေ တွက်ချက်ရာမှာနဲ့ အသုံးပြုသူရဲ့ Used Time ကိုတွက်ချက်ရာမှာ တိကျသေချာတဲ့အတွက် Customer တွေကို စိတ်ကျေနပ်မှုအပြည့်ရရှိစေမှာဖြစ်ပြီး ကိုယ့်ရဲ့ရပိုင်ခွင့်ကိုလည်း တိကျသေချာစေမှာဖြစ်ပါတယ်..

Android Version အသစ် Jelly Bean 4.3 တွင်ပါဝင်လာသော features အသစ်များ


Android Version အသစ် Jelly Bean 4.3 က Google က တရားဝင် မထုတ်သေ:ခင်မှာပဲ အရင်တစ်ပါတ်က အပြင်ကို ပေါက်ကြားခဲ့ပါတယ်..
Jelly Bean 4.3 firmware ကို Google Edition Phone အဖြစ်ထုတ်ထားတဲ့ Galaxy S4 မှာတွေ့ရှိရာက ပေါက်ကြားလာတာဖြစ်ပါတယ်...
အဲ့ဒီ့ တရားမဝင် ထွက်ရှိလာတဲ့ firmware ကနေတွေ့ရှိချက်အရ Google က Jelly Bean 4.3 မှာ features အသစ်အနဲငယ်သာ ထပ်ထည့်ထားတာ တွေ့ရတယ်ဗျ...
ကြားရတဲ့ သတင်းတွေအရ Google က Android firmware ရဲ့ next step အဖြစ် Key Lime Pie version ကို October လောက်မှာပဲ ထွက်ရှိဖို့ ကြိုးစားနေတာဆိုတော့.. ဒီ Jelly Bean 4.3 မှာ minor update တွေလောက်ပဲ ထည့်ပေးလိုက်တယ်လို့ထင်တယ်...
ဒါပေမဲ့ Google ရဲ့ minor update တွေဆိုတာ smart phone လောကကြီးအတွက် တော်တော်လေးကို လှုပ်ခက်သွားစေ တဲ့ features တွေပဲဗျ..
ကဲ ဒါဆိုရင် Jelly Bean 4.3 မှာဘာ features တွေ ပါလဲကြည့်ရအောင် ဗျာ...

အွန်လိုင်းမှာနိုင်ငံတကာ ရုပ်သံလိုင်းတွေကြည့်ချင်တဲ့သူတွေအတွက် SopCast v3.8.3 Portable for Windows XP/7/8


ကွန်ပျူတာကိုအသုံးပြုပြီး နိုင်ငံတကာ ရုပ်သံလိုင်းပေါင်းများစွာကိုကြည့်ရှုနိုင်တဲ့ဆော့ဝဲလေးပါ။ Internet တော့ရှိဖို့လိုတာပေါ့နော်။ Windows XP/7/8 အားလုံးမှာအသုံးပြုနိင်ပါတယ်။ မရဘူးလို့ပြောမှာစိုးလို့ ကိုယ်တိုင်ကြည့်ထားတဲ့ပုံလေးတင်ပေးလိုက်ပါတယ်
သူက အခြားအမျီုးစားတော့ မသိဘူး သူက ကြည့်မယ်ဆိုရင် အရင် Download လုပ်ပါတယ် 50 ရာခိုင်နှုန်းကျော်မှ အလုပ်လုပ်ပါတယ်
လိုင်းတွေတော့ တော်တော်စုံပါတယ် ကျွန်တော်က တရုတ်လိုင်း ဖွင့်ပြထားတာပါ။ Portable  ဆိုတော့ Install လုပ်စရာမလိုဘဲအသုံးပြုနိုင်ပါတယ်။ ဆော့ဝဲကို Memory Card တွေ Memory Stick တွေထဲမှာဆောင်ထားပြီး အသုံးပြုနိုင်ပါတယ်။ SopCast v3.8.3 for Windows XP/7/8 ကိုအောက်က link မှာရယူနိုင်ပါတယ်။
Related Posts Plugin for WordPress, Blogger...