Monday, February 4, 2013

iOS 6 ကို Untethered Jailbreak လုပ်နည်း


အားလုံးစောင့်စားနေကြတဲ့ Untethered jailbreak ကတော့ မနေ့ညက ထွက်ပေါ်လာခဲ့ပါပြီ။ ဒီ jailbreak က iOS 6 မှ 6.1 အထိ တင်ထားတဲ့ iPhone/Pad/Pod touch အားလုံးကို Untethered Jailbreak လုပ်နိုင်မှာဖြစ်ပါတယ်။
ကဲ စလိုက် ကြရအောင်။ အရင်ဆုံး evasi0n jailbreak tool ဖိုင်လေးကို ဒေါင်းလိုက်ပါ။ 

ဒေါင်းရန်လင့်  
https://www.box.com/s/e8si6jh6xb9e9pgq0flb
  
<2>    Download လုပ်လို့ရလာတဲ့ ဇစ်ဖိုင်ထဲက evasi0n.exe file ကို run ပါ ။ user access control windows pops up ပေါ်လာရင် yes ခလုတ်ကိုနှိပ်ပါ။
  <3>    မိမိတို့ရဲ့ iPhone/Pad/Pod touch များကို usb ကြိုးဖြင့် ကွန်ပျူတာနဲ့ချိတ်ဆက်ပါ။ 
  <4>    Device ကိုကွန်ပျူတာနဲ့ချိတ်ထားတာကို Evasi0n Software ကသိပြီဆိုရင် Jailbreak   ဆိုတဲ့ခလုတ်လေးက မှိန်နေရာကနေ လင်းလာပါလိမ့်မယ်။ 
  <5>  Jailbreak ပြုလုပ်ဖို့ရန်အတွက် Jailbreak button ကိုနှိပ်ပါ။ ပြီးရင် အချိန်နည်းနည်းစောင့်ပေးပါ။
  <6>  Device မှာ Lock screen ပြန်ပေါ်လာရင် Slide toUnlock your device bar ကို slide လုပ်ပါ။ “Jailbreak” ဆိုတဲ့ နာမည်နဲ့ icon လေးကိုတွေ့ရပါမယ်။ အဲဒီ Jailbreak app icon လေးကိုတစ်ကြိမ်နှိပ်ပါ (တစ်ကြိမ်ပဲနှိပ်ပါ)။ အဲဒီမှာ screen က ခေတ္တ black screen ဖြစ်သွားပြီးပြန်တက်လာရင် ခုနကလိုပဲ Jailbraeak နာမည်နဲ့ icon လေးကိုတစ်ကြိမ်ပဲထပ်နှိပ်ပါ။
  <7>   Evasi0n က jailbreak data တွေကိုဆက်လက်သွင်းပါလိမ့်မယ်။ အဲဒီအချိန်မှာ Devices ကိုတခြားဘာမှမလုပ်ပါနဲ့။
   <8>  Jailbreak process ပြီးပြီဆိုရင် “Done” ဆိုတဲ့ warning ပြပါလိမ့်မယ်။ iPhone/Pad/Pod touch ဟာ reboot ဖြစ်သွားပါမယ်။ reboot နှစ်ခါလောက်ကျပါတယ်။ နည်းနည်းစိတ်ရှည်ပေးပါ။
    <9>   reboot လုပ်ရာကနေ ပြန်တက်လာပြီဆိုရင်တော့ evasi0n logo ကို screen ပေါ်မှာအကြီးကြီးနဲ့တက်လာမှာဖြစ်ပါတယ်။ တစ်ခါပြန်ကျသွားပြီး နောက်တစ်ခါ evasi0m logo ပြန်တက်လာပါမယ်။
               အားလုံးပြီးသွားရင် မိမိရဲ့ Device ထဲမှာ Cydia icon လေးကို မြင်ရပါပြီ။
 
 


Related Posts Plugin for WordPress, Blogger...