Thursday, June 27, 2013

Facebook က သင့်ကို မပြောပြမယ့် အချက် (၁၃) ချက်



၁။ Facebook က သင့်အကြောင်း ဘယ်လောက် သိသလဲ သိချင်ပါသလား။ Home Menu ထဲက Account Settings ကို ဝင်ပြီး Download a copy of your facebook data ဆိုတဲ့ ခလုတ်ကို နှိပ်လိုက်ရင် Facebook က သင့်အကြောင်း ဘယ်လောက် သိသလဲ ဆိုတာ ကြည့်နိုင်မှာပါ။

၂။ သင်ကတော့ သင့်ရဲ့ သတင်းထူးတွေနဲ့ ကိုယ်ရေးကိုယ်တာတွေကို တစ်ကမ္ဘာလုံးကို ပြောချင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ Facebook ကတော့ သင်တင်သမျှ အကြောင်းအရာတွေကို လူအများ ကြည့်နိုင်တဲ့ Public အနေနဲ့ပဲ Setting မှာ ထားပေးမှာပါ။ သင် များများတင်လေ၊ ပိုကြိုက်လေပေါ့။ လူအတော်များများက Privacy Setting ကို ပြောင်းမှာ မဟုတ်ဘူးလို့ စဉ်းစားပြီးပေါ့။

Facebook Account ကို Confirm Code မတောင်းအောင်ဖွင့်နည်း



အခုရက်ပိုင်းအတွင်း Facebook အကောင့်အသစ်ဖွင့်တိုင်း Email Confirmation လုပ်လိုက်တာနဲ့
တစ်ခါတည်း အကောင့်ကာ လော့ကျသွားတာတွေ ကြားနေရပါတယ် ..
ဒါနဲ့ ကျွန်တော်လည်း သာမာန်အတိုင်းပဲ Facebook အကောင့်အသစ်တစ်ခုကို ဖွင့်ကြည့်လိုက်တာ
တကယ်ပဲ Email အတည်ပြုပြီးတဲ့အဆင့်မှာပဲ Fake Name သုံးထားလို့ ဘာညာဆိုပြီး
လော့ကျသွားပါတယ် .. ပြန်ရချင်ရင်တော့ နိုင်ငံခြားက အသိတစ်ယောက်ရဲ့ အကူအညီကိုယူပြီး
သူ့ဖုန်းနံပါတ်ကိုထည့်ပေး FB က Text Message ပို့ပေးခဲ့တဲ့ ကုဒ်ကို ထည့်ပေးနိုင်ရင်တော့ ရကောင်းရနိုင်ပါတယ် ..

CD က သီချင်းတွေ ကို mp 3 ပြောင်းပြီး ဖုန်းတို့ ကွန်ပျုတာတို့မှာ နားထောင်ချင်သူများ အတွက် CD to mp3 converter

CD က သီချင်းတွေ ကို mp 3 ပြောင်းပြီး ဖုန်းတို့ ကွန်ပျုတာတို့ mp 3/4 /5 တို့ မှာ ထည့် ပြီး ပေါ့ပေါ့ပါးပါး နားထောင်ချင်သူများအတွက် CD to mp3 format ပြောင်းပေးတဲ့ ဆော့ဝဲ လေးတင်ပေးလိုက်ပါတယ်။ ဖိုင်ဆုဒ်သေးသေးလေးပေ မဲ့ တခါတခါ မှာ တော်တော် အသုံးဝင်ပါတယ် လိုချင်သူများဒေါင်းသွားနိုင်ပါတယ် လိုင်စင်မလိုတဲ့ freeware လေးပါ

iPhone ကို Lock ဖုန်းလား/Unlock ဖုန်းလားအလွယ်စစ်ကြည့်မယ်


မိမိတို့ဝယ်လာတဲ့ iPhone/ ၀ယ်မယ့် iPhone ဟာ Lock ဖုန်းဖြစ်နေသလား ဆိုတာကိုသံသယရှိနေသူတွေအတွက်စစ်ဆေးကြည့်နိုင်ဖို့နည်းလမ်းလေးပါ။
ဂျပန်ကနေပါလာတဲ့ဖုန်းတွေ ၊ အမေရိကန် ဖုန်းအများစုဟာ Lock ဖုန်းတွေပါပဲ။ ဒါကြောင့် အဲဒီကဖုန်းတွေဝယ်မယ်ဆိုရင် ဒီနည်းလေးနဲ့အရင်စစ်ဆေးကြည့်ပါ။ အောက်မှာဆက်လက်ဖတ်ရှုကြရအောင်။
- ဖုန်းရဲ့ Setting > General > About ထဲကိုဝင်ပါ။
- About ထဲကိုရောက်ပြီဆိုရင် အောက်ဘက်ကိုအနည်းငယ် Scroll ဆွဲပါ။ IMEI ဆိုတာလေးတွေ့ပါလိမ့်မယ်။ အောက်ပုံမှာပြထားတဲ့အတိုင်းပါ။

Hack ခံလိုက်ရသည့် သင့်၏ Facebook Account အား ဘယ်လိုပြန်ယူမလဲ....

အားလုံး သိကြတဲ့အတိုင်း Facebook ဆိုတဲ့ လူမှုရေးကွန်ယက်ကြီးကို ၁ ဘီလီယံကျော်သော လူအများက စွဲလန်း ခုံမင်စွာ သုံးစွဲနေကြပါတယ်။ အသုံးလိုလို့ သုံးစွဲတာထက် စွဲလန်းမှုဖြင့် သုံးစွဲတာက ပိုများ လာနေ ပါတယ်။ ဖုန်း ၊ တက်ဘလက် ၊ ကွန်ပြူတာ ၊ လက်တော့ပ် စတဲ့ အီလက်ထရောနစ် ပစ္စည်းတွေအားလုံးနဲ့ နေရာတ ကာမှာ မျက်စိနောက်လောက်အောင် Facebook မှ Facebook ပါပဲ။
ကဲဒီလောက်တောင် စွဲလန်းနေရတဲ့ သင့်ရဲ့ Facebook ဟာ ဘယ်လောက်တောင်မှ လုံခြုံပါသလဲ။ သင့် အနေ နဲ့ ကံအကြောင်းမလှလို့ hack ခံလိုက်ရပြီဆိုရင် ဘယ်လိုများ လုပ်ကြမလဲ။ ရုပ်ပိုင်းဆိုင်ရာ မထိ ခိုက်ပေ မယ့် စိတ်ပိုင်းဆိုင်ရာတော့ အတော်လေး ထိခိုက်ရမှာ သေချာပါတယ်။ အထူးသဖြင့် Facebook ဆိုတဲ့ "ဆေး" စွဲနေသူများက ပိုခံရပါလိမ့်မယ်။

မိမိကိုယ်ပိုင် Facebook အကောင့်ကို Hack ခံရခြင်းမှမည်သို့ကာကွယ်မည်နည်း

ကျနော်တို့ဒီရက်ပိုင်းမှာ Virus တွေတော်တော်များများပြန့်နှံနေပြီး အကူးစက်ခံရသူတွေအနေနဲ့ စိတ်ရူပ်စရာကောင်းနေပါတယ်။
ပြီးတော့ နာမည်ကြီး Celebrity တွေရဲ့အကောင့်တွေ Hack ခံနေရတာလည်း တွေ့ရှိနေရပါတယ်။
ဒါကြောင့် ကျနော်တို့မိမိတို့အကောင့်ကို သူများရန်မှကာကွယ်နိုင်၇န် အောက်ပါအချက်အလက်လေးများအတိုင်း
လိုက်နာကြပါရန် ဒီဆောင်းပါးလေးအား တင်ပြလိုက်ပါတယ်ခင်ဗျာ။

(၁) မနှိပ်ခင်စဉ်းစားပါ။
**************
မိမိရဲ့ Chat Box or Wall ပေါ်ဖြစ်စေ လင့်တွေတစ်ခါတစ်လေရောက်လာတတ်ပါတယ်။ တစ်ခါတစ်လေကျတော့လည်း

ပုံမှန်မဟုတ်တဲ့လင့်တစ်ခုလို့ကို့စိတ်ထဲကထင်နေရင် ဘယ်တော့မှ စူးစမ်းချင်စိတ်နဲ့ မနှိပ်လိုက်ပါနဲ့။ အဲဒီလိုလင့်တွေဟာများသော
အားဖြင့် Virus တွေဖြစ်နေတတ်ပါတယ်။ အဲဒီ Virus တွေဟာ ကို့နာမည်တွေနဲ့ သူငယ်ချင်းတွေ Wall ပေါ်မှာ Post တွေအလိုအလျောက်သွားတင်တတ်ပါတယ်။ စသည်ဖြင့် အန္တရာယ်ပေးနိုင်ပါတယ်။ ဒါကြောင့် မည်သည့်လင့်မဆို မနှိပ်ခင်စဉ်းစားပါခင်ဗျာ။

သင့်ဓါတ်ပုံကို ကာတွန်းပုံအဖြစ်အလွယ်တကူပြောင်းမယ်

 
သင့်ရဲ့ဓါတ်ပုံတွေကို ကာတွန်းပုံလေးတွေအဖြစ်ပြောင်းပေးမယ့်
ဆော့ဝဲလေးပါ ကွန်ပျူတာဆော့ဝဲနော်
effect ပေါင်း ၅၀ ကျော်ပါဝင်ပြီး အလွယ်တကူ ကာတွန်းပုံ
ပြောင်းချင်သူတွေအတွက် အသုံးဝင်ပါတယ် ရုပ်ပြောင်လေးတွေ
ဖန်တီးကြပါအုံးဘော်ဒါတို့ရေ
 

Image Cartoonizer 3.4.0

Version : 3.4.0
File Size:14MB
အောင်ကျော်ခိုင် (ပုသိမ်)

ငါးနှစ်အတွင်း တစ်နိုင်ငံလုံးမိုဘိုင်းကွန်ယက်များ တည်ထောင်မည်ဟုTelenor မှ ကြေညာ

မေလ ၁၆ ရက်နေ့တွင် ပြုလုပ်ခဲ့သည် Telenor ကုမ္ပဏီမှ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ
ရန်ကုန်၊ ဇွန် ၂၇။
မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး ၀န်ဆောင်မှုလုပ်ငန်းများကို လုပ်ကိုင်ရန် တင်ဒါအောင်မြင်ခဲ့သော ကုမ္ပဏီ တစ်ခုဖြစ်သည့် နော်ဝေနိုင်ငံအခြေစိုက် တယ်လီနော် ဆက်သွယ်ရေးလုပ်ငန်းမှ HSPA နှင့် LTE-ready နည်းပ ညာများ အသုံးပြုကာ ငါးနှစ်အတွင်း တစ်နိုင်ငံလုံး မိုဘိုင်းကွန်ယက်များ တည်ထောင် သွားမည်ဖြစ်ကြောင်း တင်ဒါအောင်မြင်သည့် ဇွန်လ ၂၇ရက်နေ့ ညပိုင်းတွင် ကြေညာချက်တစ်ရပ် ထုတ်ပြန် ခဲ့ကြောင်း သိရသည်။
အဆိုပါ ကြေညာချက်တွင် Telenor မှ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းကို ကမ္ဘာ့အဆင့်မီစေရန် HSPA နှင့် LTE-ready နည်းပညာများ အသုံးပြုကာ ငါးနှစ်အတွင်း တစ်နိုင်ငံလုံး မိုဘိုင်းကွန်ယက်များ တည်ထောင် မည်ဖြစ်ကြောင်း၊ အသံနှင့်ဒေတာ အပါအ၀င် မိုဘိုင်းဆက်သွယ်ရေး ၀န်ဆောင်မှုလုပ်ငန်း များကို ၂၀၁၄ ခုနှစ်တွင် ပြည်သူများထံသို့ စတင်ဖြန့်ဖြူး ရောင်းချသွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။
Related Posts Plugin for WordPress, Blogger...