Tuesday, June 25, 2013

ကြီးကြီး ကြိုက်သူများအတွက် ၆.၄ လက်မ Sony Xperia Z Ultra မိတ်ဆက်

လက်ရှိ ထွက်နေကြတဲ့ ကျောက်သင်ပုန်း ကွန်ပြူတာများထက် လက်မဝက်ပဲ ငယ်ပါတော့တယ်။ သို့ပေမယ့် ဒါကို Sony က ဖုန်းအဖြစ်ပဲ ထုတ်တာပါ။ Sony Xperia Z Ultra လို့ အမည်ပေး ထားပါတယ်။
၆.၄ လက်မမို့ ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်း (phablet) စာရင်းထဲ ပါဝင်လာမှာပါ။ ဒါတင်ဘယ်ကမလဲ။ သူက  6.5mm ပဲ ထူတော့ ကမ္ဘာ့ အပါးဆုံး စမတ်ဖုန်းလည်း ဖြစ်မယ်လို့ Sony က ပွဲထုတ် တဲ့နေ့မှာ မိတ်ဆက် ပြောကြားပါတယ်။
ကင်မရာ

P6 စမတ်ဖုန်း ဆယ်သန်း ရောင်းချရန် Huawei မျှော်လင့်


Huawei Ascend P6 စမတ်ဖုန်းအသစ်ရဲ့ အချက်အလက်တွေကို မကြာခဏ ထုတ်ဖော် ပြသခဲ့ပြီးနောက် ယခုနှစ်အတွင်း ယူနစ်ဆယ်သန်း တင်ပို့ရောင်းချနိုင်ရန်  ကုမ္ပဏီမှ ပြစ်မှတ် ထားနေပါ တယ်။ Huawei CEO ဖြစ်သူ Yu Chengdong မှ ယခုစမတ်ဖုန်း ဒီဇိုင်းနဲ့ တည်ဆောက်ပုံအား ဂုဏ်ယူလျက်ရှိပါတယ်။ Huawei Ascend P6 ကို ဥရောပ၌ ယူရို ၄၄၉ ဖြင့် ရောင်းချ သွားမှာဖြစ်ပြီး တရုတ်ပြည်တွင်း ဈေးကွက်မှာတော့ ယူရို ၃၂၇ နီးပါးသာ ရှိပါတယ်။
ဒါဟာ စွမ်းအားမြင့် စမတ်ဖုန်း တစ်လုံးအတွက် ယှဉ်ပြိုင်နိုင်စွမ်း မြင့်မားတဲ့ ဈေးနှုန်းပမာဏပဲဖြစ်ပြီး ၎င်းဟာ HTC One, Samsung Galaxy S4 နဲ့ iPhone 5 တို့ဖြင့် ယှဉ်ပြိုင်သွားဖွယ် ရှိပါတယ်။ Huawei ဟာ အလွန်ပါးလွှာတဲ့ စမတ်ဖုန်းအတွက် တရုတ်နိုင်ငံတွင် ဒေါ်လာ ၁၁ သန်း အကုန်အကျခံ အရောင်းမြှင့်တင်နေပြီး ဥရောပမှာတော့ နောက်ထပ်ဒေါ်လာ သန်း ၃၀ ကုန်ကျခံထား ပါတယ်။ Ascend P6 ဟာ အချက်အလက် များအရ ကောင်းမွန်တဲ့ စမတ်ဖုန်းတစ်လုံးဖြစ်ပြီး လှပပေမယ့် ၎င်းရဲ့ 720p Display ဟာ အခြားစမတ်ဖုန်း အမြင့်တွေမှာ ပါဝင်တဲ့ 1080p ရုပ်ထွက်တွေကြားမှာ အောင်မြင်နိုင်မလား ဆိုတာကို စောင့်ကြည့်ရပါမယ်။

Apple iOS 7 အသစ်မှာ Android ရဲ့ Features အမြောက်အများကို ကူးယူထားသလား


လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက် ကတည်းကပဲ WWDC 2013 ပြပွဲမှာ Apple ရဲ့ pre-release ထုတ်ခဲ့တဲ့ iPhone အတွက် Operating System ဖြစ်သော iOS 7 ကို စမ်းသပ်ကြည့်မိခဲ့သည်။ သာမန်အားဖြင့် ကြည့်မယ်ဆိုရင်တော့ သူတို့ကြေညာတဲ့အတိုင်း ကျေနပ်စရာလေးတွေ ပေးခဲ့တာမှန်ပေမယ့် တကယ်တမ်း သေချာအရင်းစစ်ကြည့်မယ်ဆိုရင် ဒီလောက်လေးနဲ့ Apple ရဲ့ တကယ် အစစ်အမှန် အသုံးပြုသူတွေကို ကျေနပ်စေလိမ့်မယ်တော့ မထင်မိပါဘူး။ မှန်ပါလိမ့်မယ်။ စာရေးသူပြောသလိုပဲ Apple ဟာ သူ့ရဲ့ ပထမဆုံး Pre-Release ထုတ်ခဲ့တဲ့ ဗားရှင်းအဆင့်ပဲ ရှိနေသေးတာမို့ ပြဿနာမဟုတ်သေးပါဘူး။ ဒါပေမယ့် ကျေနပ်စရာ မကောင်းခဲ့တာကတော့ အမှန်ပါပဲ။
သင်ရော စမ်းသပ်အသုံးပြုပြီးပြီလား

IOS 7 (Beta Version) ကနေ IOS 6 သို့ ဆင်းနည်း

ကျွန်တော် ခုပြောတဲ့နည်းကို iPhone 4s နဲ့လုပ်ထားတာပါ။ 4s ဆိုတော့ Firmware က 6.1.3 ပဲဆင်းလို့ရ မှာနော်။ iPhone 5 ဆိုရင်တော့ Firmware 6.1.4 ကိုဆင်းရမှာပေါ့နော်။ ကဲ..ကျွန်တော်တို့စကြရအောင်။
အရင်ဆုံး ဒေတာတွေကို Backup လုပ်ထားပေါ့။ ပြီးရင် Downgrade ဆင်းဖို့ Firmware ကို Desktop ပေါ် တင်ထားပါ။ Firmware မရှိရင် http://www.iclarified.com/entry/index.php?enid=750 ဒေါင်းပါ။
အဆင့် (၁)   ဖုန်းကို ကွန်ပျူတာနဲ့ချိတ်ပြီး iTunes ကိုဖွင့်လိုက်ပါ။
အဆင့် (၂)   ဖုန်းကို DFU Mode ထဲဝင်ပေးပါ။ (Home button and the Sleep/Wake button ကိုတစ်ပြိုင်နက်ထဲ ဖိနှိပ်ထားပေးပါ။ ပန်းသီး Logo ပုံလေးပေါ်လာပြီဆိုလျှင် Home button လေးကို လွှတ် လိုက်ပါ။ ခဏနေကျရင် iTunes နဲ့ချိတ်ဖို့ပုံလေး ဖုံးပေါ်မှာပေါ်လာပြီဆိုရင် သင့်ရဲ့ဖုန်းက DFU Mode ထဲ ကိုရောက်သွားပါပြီ။
အဆင့် (၃)  တကယ်လို့ DFU Mode ထဲရောက်သွားပြီဆိုရင် Computer Screen ပေါ်မှာ အောက်မှာဖော်     ပြပေးထားထဲ့ ပုံလေးအတိုင်းပေါ်နေပါလိမ့်မယ်။
Ok နှိပ်ပေးပါ။
အဆင့် (၄) Restore iPhone ဆိုတဲ့ စာကြောင်းပေါ်ကို Shift Key ကိုဖိပြီး ကလစ် နှိပ်ပေးပါ။ ပြီးလျှင် ကိုယ်တင်ချင်သည့်ဖိုင်းဝဲ (အစစာကြောင်းမှာပြောပြထားသည့် Firmware မျိုးစား)ကိုရွေးပေးပါ။
 
အဆင့် (၅)  ကိုယ်ရွေးချယ်တဲ့ ဖိုင်းဝဲကို တင်မှာလားဆိုတဲ့ (restore လုပ်မှာလား) ဆိုတဲ့ ဘောက်စ်လေး ကျလာခဲ့ရင် Restore ကိုရွေးပေးပါ။
အဆင့် (၆)  အားလုံးပြီးသွားပြီဆိုရင် ဒီစာကြောင်းလေး တက်လာပါလိမ့်မယ်။
ဒါဆို သင့်ရဲ့ iPhone လေး Firmware 6.1.3 လေးကို Downgrade ဆင်းတာ အောင်မြင်သွားပါပြီခင်ဗျား။

ကွန်ပြူတာ တစ်နေကုန် အသုံးပြုသူများ လိုက်နာရန်

 
ကွန်ပြူတာ တစ်နေကုန် အသုံးပြုသူများ အနေနဲ့ ဘယ်လိုမှန်ကန်တဲ့ နည်းလမ်းနဲ့ ထိုင်ရမယ်၊ ကြည့်ရမယ်၊ အသုံးပြုရမယ်ဆိုတာ ပုံမှာ ပြသထား ပါတယ်။

-မိနစ် ၂၀ ကြာတိုင်း ပေ ၂၀ အကွာအဝေးရှိသော အခြားတစ်နေတရာသို့ စက္ကန့် ၂၀ ကြည့်ရှုပါ။

- ထိုင်ခုံ၊ မော်နီတာ၊ မီးအလင်းအမှောင်အားလုံးကို မိမိနဲ့ အဆင်ပြေဆုံးဖြစ် မယ့် အနေအထားတစ်ခုကို ချိန်ထားရပါမယ်။

- ကွန်ပြူတာ မျက်နှာမှ စာများ ဖတ်လို့ လွယ်ကူဖို့အတွက် မျက်နှာပြင်ကို enlarge ပြုလုပ် (ချဲ့ ) ထားတာ အကောင်းဆုံး ဖြစ်ပါတယ်။

အင်တာနက် ဆိုင်မှာ သုံးရင် ကိုယ့်ပက်စ်ဝေါ့အတွက်လုံခြုံအောင်


ကျွန်တော်အခုပြောပြမဲ့အကြောင်းအရာကတော့ အင်တာနက်ဆိုင်မှာသုံးတဲ့သူများအတွက်ပါ။ အရေးကြီးလားမကြီးဘူးလားတော့မသိဘူးဗျ။
ကျွန်တော်တို့ Gtalk သုံးပြီး sign out တဲ့အခါ username မှာ ကျွန်တော်တို့အသုံးပြုခဲ့တဲ့နာမည်တွေကိုကျန်ခဲ့မှာဆိုးလို့ လျှောက်ရိုက်ပြီးထွက်တတ်ကြပါတယ်။
ကျွန်တော်တစ်နေ့က registery ထဲဝင်ကလိရင်းနဲ့တွေ့သွားတာပါ။ အဲလို as ပေးပြီးပိတ်ခဲ့လဲ registery မှာ Gtalk ကိုဘယ် user တွေသုံးခဲ့လဲဆိုတာပြန်ကြည့်လို့ရတယ်ဗျ။

မြန်မာတို့ရဲ့အလန်းတကာ့အလန်းဆုံး Shweyoe Dictionary Version 3.0 ( 10 MB )

4
မြန်မာတွေ ထွင်ထားသမျှ Dictionary တွေထဲမှာ နံပတ် ( 1) အလန်းဆုံး ဖြစ်မယ့် Dictionary လို့ကျနော်
ထင်ပါတယ်.. အင်္ဂလိပ် ၊ ရှရှား ၊ ထိုင်း ၊ ကိုရီးယား ၊ ဂျပန် ဘာသာစကားငါးမျိုးကနေ မြန်မာဘာသာလို့
ပြောင်းလဲနိုင်ပါတယ်..မိမိသိချင်တဲ့စာလုံးကို အသံထွက်လည်းပြောပြပေးနိုင်ပါတယ်.. ဖွဲ့စည်းမှုအသွင်အ
အပြင်လည်း သေသပ်မှုရှိပြီး အခြား Dictionary များထက် အားသာတဲ့အချက်တွေကတော့ ဒီအဘိဓာန်
ထဲမှာမပါတဲ့ စကားလုံးများ ဘာသာပြန်များကို ထပ်မံပေါင်းထည့်ပြီး မှတ်သားထားနိုင်သလို.. အင်တာနက်
နဲ့ချိတ်ဆက်ထားမယ်ဆိုရင် မိမိရှာလိုတဲ့ စကားလုံးဟာ ဒီအဘိဓာန်ထဲမှာမပါသော်လည်း နာမည်ကြီး
စွယ်စုံကျမ်းဗဟုသုတ Website ကြီးများဖြစ်တဲ့ Wikipedia နဲ့ Wikitionary တို့လို စွယ်စုံဝဘ်ဆိုဒ်များ
Related Posts Plugin for WordPress, Blogger...