Friday, February 8, 2013

CISCO iOS device တွေမှာ ပါဝင်တဲ့ အရာတွေ အကြောင်းလေး ပြောရအောင်


https://fbcdn-sphotos-a-a.akamaihd.net/hphotos-ak-prn1/549437_154081514748943_355416142_n.jpg

(၁). ROM ထဲမှာ cisco device တွေကို start လုပ်ဖို့ အရေးကြီးတဲ့ bootstrap နဲ့ POST နဲ့ ROM monitor ပရိုဂရမ်တွေ ပါဝင်ပြီး တမျိုးအားဖြင့် အားလုံးပေါင်း mini-IOS လို့ ခေါ်ဆိုနိုင်ပါတယ်။
Bootstrap(Program)
bootstrap ကတော့ cisco device တွေရဲ့ ROM ထဲက Microcode မှာ သိမ်းဆည်းလေ့ရှိပါတယ်။ Router ကို Boot လုပ်ဖို့နဲ့ iOS ကို Loading ဆွဲတင်ပေးမယ့် Program လေး တစ်ခုဖြစ်ပါတယ်။
POST(Program)
ဒီ program ကလဲ ROM ထဲက Microcode ထဲမှာပါပဲ။ POST ကတော့ ကွန်ပြူတာတုန်းက BIOS ရဲ့ POST အလုပ်လုပ်ပုံလိုပဲ iOS device တွေရဲ့ Hardware တွေကို စစ်ဆေးပေးပြီး interface(ports) တွေကိုလဲ ရှိ/မရှိ စစ်ဆေးပေးပါတယ်။
ROM Monitor
Rom monitor က ဘာနဲ့ တူသလဲဆိုတော့ CMOS နဲ့ ခပ်ဆင်ဆင်ပါ။ သူက Testing နဲ့ troubleshooting အတွတ်ပါ။ ဒီကောင်လေးက အရေးကြီးတဲ့အတွတ် မှတ်သားထားစေချင်ပါတယ်။
Mini iOS
ဒီကောင်က ဘာနဲ့တူသလဲဆိုတော့ ကျွန်တော်တို့ windows OS မှာ ဆိုရင် NTLDR နဲ့ တူပြီး RX_Boot လို့လဲ ခေါ်ဆိုကြပါတယ်။ သူက iOS ကို Flash Memory ဆီသို့ load လုပ်ဖို့ရန်ဖြစ်ပါတယ်။

Related Posts Plugin for WordPress, Blogger...