Wednesday, July 3, 2013

Software တွေကို Full Version ဖြစ်အောင် Patch ချိုးနည်း

(Hot MP3 Downloader 3.3.4.2 ) အားလုံးသိကြမယ်ထင်ပါတယ် ... အင်တာနက်ထဲက MP3 သီချင်းတွေကို လွယ်ကူစွာ ရှာဖွေ  ဒေါင်းယူပေးတဲ့ Software လေးပါ...။ အရင်ကတင်ပေးထားတာ ဒေါင်းမရတော့ဘူးပြောလာလို့ နောက်ဆုံး Full Version ကို ပြန်တင်ပေးလိုက်ပါတယ်...။

Full Version ဘယ်လိုလုပ်ရမလဲ မေးနေတာနဲ့ မသိသေးတဲ့ သူငယ်ချင်းများလည်း ဗဟုသုတရအောင် Patch အသုံးပြုပြီး Full  Version ဖြစ်အောင် (အမြဲတမ်း အသုံးပြုလို့ရအောင်)  ပြုလုပ်နည်းကို Video လေးနဲ့တင်ပေးလိုက်ပါတယ်...။

Gmail ကိုမိမိကြိုက်နှစ်သက်ရာ ဒီဇိုင်းလေးပြောင်းမယ်


Gmail ဒီဇိုင်းပြောင်းနည်လေးကို သိပြီးတဲ့သူများလည်းရှိသလို ... မသိသေးတဲ့သူများလည်းရှိတဲ့အတွက် ဖော်ပြလိုက်ပါတယ်။ လွယ်ပါတယ်... ဘာဆော့ဝဲလ်မှမလိုပါဘူး ...အောက်မှပုံလေးနဲ့ပြထားပါတယ် ......

အဆင့် ဆင့်ပဲရှိပါတယ် !!!
 1. မိမိ Gmail ကိုဖွင့်ပါ။

Gmail နဲ့ပါတ်သက်ပြီး File တွေကိုသိချင်သူများအတွက်


Usage Graph : Gmail ထဲမှာ ကိုယ်ဘယ်လောက် သုံးစွဲပြီးပြီလဲ ဆိုတာကို ဖော်ပြပေးမယ့် graph ဒီဇိုင်း addons လေးတစ်ခုပါ။Gmail သုံးစွဲသူတိုင်းလိုအပ်မယ်ထင်လို့တင်ပေးလိုက်ပါတယ် ....


Gmail To : Gmail ရဲ့ inbox ထဲမှာ ကိုယ်လိုချင်တဲ့၊ ကိုယ်ကြည့်ချင်တဲ့ webpage link တွေကို ကြည့်ရှုလို့ ရနိုင်စေပါမယ်။

Flip Mail : မုဘိုင်းလ်ဖုန်းပေါ်မှာ တင်ထားတဲ့ Gmail mobile အတွက် အလိုအလျှောက် email forward လုပ်ပေးနိုင်ပါတယ်။

Google မှာ အသံနဲ့အမိန့်ပေးပြီးရှာမယ်


ဒီနည်းလမ်းကိုတော့ မိတ်ဆွေ တော်တော်များများသိပြီးကြလိမ့်မယ်ထင်ပါတယ်.. ဒါပေမယ့် မသိသေးသူတွေအတွက်မျှဝေလိုက်တာပါ.. Computer နဲ့ အင်တာနက်သုံးနေရင်း Google မှာ ရှာစရာလိုလာတဲ့အခါ အသံနဲ့ အမိန့်ပေးစေခိုင်းနိုင်ပါတယ်.. သူက Oweb Voice Input လို့ခေါ်တဲ့ Extension လေးတစ်ခုဖြစ်ပြီး Google Chrome Browser နဲ့သုံးရတာဖြစ်ပါတယ်..

ဘာသာအမျိုးမျိုးနဲ့ ရေးထားတဲ့ Website တွေကို Eng language ပြောင်းနည်း(မြန်မာဘာသာမပါ)


ခေါင်းစဉ်တပ်ထားတာတော့မိုက်တယ်ဟေ့ မြန်မာဘာသာမပါတဲ့
ကျွန်တော်ဒီအကြောင်းလေးကို ရေးချင်တာကြာပီ ခဏခဏမေးမေးကြတော့
လင့်လေးပဲ ပြန်ပြန်ညွှန်းချင်တယ် အဲဒါကြောင့် ဒီပို့စ်လေးကိုရေးလိုက်တာပါ
အလွယ်လေးပါ ကျွန်တော်တို့တွေ အများစုက Eng ကိုပဲ ဖတ်တတ်ကြတယ်
တရုတ် ၊ ကုလား အခြားဆိုဒ်တွေကိုလည်းကျွန်တော်တို့ယူစရာတွေ
ရှိနေပြန်ရော အဲဒီအခါမျိုးကျတော့ သွားပါပီ မဖတ်တတ်တော့ဘူးလို့
လက်မှိုင်မချလိုက်ပါနဲ့  လုပ်လို့ရတဲ့နည်းလမ်းတွေရပါတယ်
အချို့ဆိုဒ်တွေကျတော့ Translate button လေးတစ်ခါတည်း ထည့်ပေးထားတတ်ပါတယ်
ဥပမာ blogspot ဆိုဒ်မျိုးတွေဆိုရင် ဒါကို အလွယ်လေးလုပ်လို့ရပါတယ်
ဒါပေမယ့် အချို့ဆိုဒ်တွေကျတော့ မလုပ်ထားဘူး ဒီလိုဆို Eng language
ကိုဘယ်လို ပြောင်းဖတ်ကြမလဲ? ကဲစလိုက်ကြမယ်ဘော်ဒါတို့ 
ကျွန်တော်တို့အတွက် ဘာလိုအပ်လဲ Chrome Browser တစ်ခုပဲလိုအပ်ပါတယ်
အများစုက Mozilla Firefox ကို သုံးကြတယ် ဒါပေမယ့် translate လုပ်ဖို့ Add-on တွေကို
သုံးကြရတယ် သိကြတဲ့ အတိုင်း Hacking တွေကို အခုနောက်ပိုင်း Add-on
တွေနဲ့ပဲအလုပ်လုပ်လာကြတော့ မသုံးချင်ကြတော့ဘူး ။။
ဒါကြောင့် Goolge က Translate လုပ်ပေးမယ့် Chrome ကိုသုံးလိုက်ကြတာ
အကောင်းဆုံးပေါ့ Chrome ကလည်း version ထွက်တာ သိပ်မြန်သကိုး
အခုစာရေးနေချိန် 29.0.1521.3 Dev တောင်ထွက်နေပြီ ဒါပေမယ့် version
13 လောက်ထိတောင် အလုပ်လုပ်ပါတယ် ကျွန်တော်အကြံပေးချင်တာက
Stable ဖြစ်တဲ့ version တစ်ခုကိုသုံးပါ beta တွေ မသုံးပါနဲ့ အခုတော့
27 လေးကို သုံးကြပေါ့ မရှိသေးရင် ဒီမှာ သွားဒေါင်းလိုက်ပါ
ညာဘက်က download this version 32.07 MB ဆိုတာကိုနှိပ်ပေးလိုက်တာနဲ့
Automatically ဒေါင်းမှာပါ ဒေါင်းမရသူများ ပြောထားခဲ့ပါနော်

မြ၀တီရုပ်မြင်သံကြား Channel အား ကွန်ပျူတာမှကြည့်ရှုနည်း

ကွန်ပျူတာကနေ မြ၀တီရုပ်မြင်သံကြား Channel ကိုကြည့်ရှုနိုင်မယ့် နည်းဖြစ်ပါတယ်။ အင်တာနက်ကွန်နက်ရှင်ရှိဖို့ပဲလိုပါတယ်။ တစ်ကမ္ဘာလုံးကနေ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ လုပ်နည်းကိုအောက်မှာဆက်လက်ဖတ်ရှုပါ။

အရင်ဆုံးလိုအပ်တဲ့ ဆော့ဝဲဖြစ်တဲ့ VLC Player ကိုအောက်က link မှာရယူလိုက်ပါ။


www.videolan.org/vlc/download-windows.html‎

Download လုပ်ပြီးလျှင် VLC Player အားကွန်ပျူတာမှာ install လုပ်ထားပါ။

မြဝတီ Live ကြည့်ရှု့ရန်အတွက် VLC Player တွင် အောက်ပါအတိုင်း ပြင်ဆင်ပြီး ကြည့်ရှု့နိုင်မည်ဖြစ်သည်။

အဆင့်(၁)
VLC Player ၏ Menu Bar မှ Tools > Preferences အတွင်းသို့ ဝင်ရောက်ပါ။
Prefence Windows ပေါ်လာသောအခါ ဘယ်ဘက် Pannel အတွင်းတွင် ရှိ အနီဖြင့် ပြထားသော Input & Codes ကို ကလစ်ပြုလုပ်ကာ ညာဘက် Pannel အတွင်းရှိ အနီဖြင့်ပြထားသော HTTP Proxy URL နေရာတွင် ဖုန်းလိုင်းဖြင့် အသုံးပြုခြင်းကြောင့် ဖုန်းလိုင်း Internet သည် no prxy ဖြစ်သည်။ ထို့ကြောင့် ယခင်ရှိနေသော Proxy လိပ်စာကို ဖျက်ပစ်ရမည် ဖြစ်သည်။

ထိုသို့ ဖျက်ပြီးပါက Save ပြုလုပ်ပေးရမည် ဖြစ်ပါသည်။

အဆင့် (၂)
အောက်တွင် ပြထားသည့်အတိုင်း VLC Player Menu Bar မှ Media Menu ကို ကလစ်ပြုလုပ်ကာ ပေါ်လာသော Drop Drown Menu မှ Open Network Stream ကို ကလစ်ပြုပါ။


 အဆင့် (၃)
ပေါ်လာသော Open Media Windows မှ Please enter a network URL: နေရာတွင် ပုံတွင်ပြထားသည့်အတိုင်း http://www.myawaddy.net.mm/mwdlive ကို ထည့်သွင်းကာ Play ပြုလုပ်ပါ။



ထို့နောက် မြဝတီ တိုက်ရိုက် (MWD Live) ကို ကြည့်ရှု့ နိုင်မည်ဖြစ်ပါသည်။




From: Myanmar Update Channel

Shuame update v 1.2.1


Shuame update v 1.2.1 လေးပါ
ထွက်တာတော့ 25/6/2013 ရက်နေ့ကထွက်ထားတာပါ ဒီနေ့မှတွေ့လို့
ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ဒီ Tool လေးကလဲ Android Phone
တော်တော်များများကို Root လုပ်ပေးနိုင်ပါတယ်။ Root လုပ်ပေးနိုင်ရုံမကပဲ
ROM တင်တာတို့ pattern lock ဖြည်းတာတို့ recovery mode ၀င်တာတို့ 
တခြား Function တော်တော်များများ ကိုလဲအသုံပြုနိုင်ပါတယ်
V1.2.1 update လေးမှာတော့ Google appမပါတဲ့ဖုန်းတွေအတွက်
Google app ပါ ထည့်သွင်းလို့ရတဲ့ Function ပါလာပါတယ်နော်.
လိုချင်သူများဒေါင်းနိုင်ပါပြီနော်
Related Posts Plugin for WordPress, Blogger...