Wednesday, July 3, 2013

Gmail နဲ့ပါတ်သက်ပြီး File တွေကိုသိချင်သူများအတွက်


Usage Graph : Gmail ထဲမှာ ကိုယ်ဘယ်လောက် သုံးစွဲပြီးပြီလဲ ဆိုတာကို ဖော်ပြပေးမယ့် graph ဒီဇိုင်း addons လေးတစ်ခုပါ။Gmail သုံးစွဲသူတိုင်းလိုအပ်မယ်ထင်လို့တင်ပေးလိုက်ပါတယ် ....


Gmail To : Gmail ရဲ့ inbox ထဲမှာ ကိုယ်လိုချင်တဲ့၊ ကိုယ်ကြည့်ချင်တဲ့ webpage link တွေကို ကြည့်ရှုလို့ ရနိုင်စေပါမယ်။

Flip Mail : မုဘိုင်းလ်ဖုန်းပေါ်မှာ တင်ထားတဲ့ Gmail mobile အတွက် အလိုအလျှောက် email forward လုပ်ပေးနိုင်ပါတယ်။

Gmail Loader : Cross Platform Service တခု ဖြစ်ပါတယ်။ gmail ကို လက်ခံတဲ့ mail server တစ်ခု အနေနဲ့ ဆောင်ရွက်ပြီး တခြား email တွေရဲ့ account နဲ့ mail တွေကို Gmail ထဲကို ထည့်သွင်းယူနိုင်ပါတယ်။

၁။ 3.6 MB ရှိတဲ့ zip file ကိုအရင်ဆုံး download ချရပါမယ်။
၂။ zip ဖြည်ပြီးတာနဲ့ သုံးစွဲလို့ ရပါပြီ။
http://www.marklyon.org/gmail/download.html မှာ လေ့လာနိုင်ပါတယ်။

you’ve Got Gmail : တစ်ယောက်ယောက်နဲ့ chatting ပြောနေရင်း Gmail ထဲမှာ message အသစ်ဝင်လာတဲ့ အခါမှာ အကြောင်းကြားပေးတဲ့ ‘plug-in’ တစ်ခုပါ။ ‘Trillian’ လို့ခေါ်တဲ့ IM software အတွက် ရေးသားထားပါတယ်။

Gmail Mobile : Mobile ပေါ်မှာ Gmail account ကို ရယူ သုံးစွဲနိုင်ဖို့ online ပေါ်မှာ ထားရှိပေးထားတဲ့ service တခုဖြစ်ပါတယ်။

Gmail Skins :Gmail Skins ဟာ Better Gmail ပေါ်လာပြီး တဲံ နောက်ပိုင်းမှာ တိမ်မြုပ်သွားတဲ့ add-ons တစ်ခုပါ။ Better Gmail ကိုမကျော် သွားနိုင်ပေမယ့် သူ့မှာလည်း အလွန်ကောင်းမွန်တဲ့ အရည်အချင်းတွေရှိနေပါတယ်။ ဥပမာအားဖြင့် Gmail ထဲက inbox ရဲ့ color ကိုစိတ်တိုင်းကျအရောင်ပြောင်းလဲနိုင်ခြင်း ၊ google ကနေ ပေးအပ်ထားတဲ့ ‘IG modules’ လို့ခေါ်တဲ့ gadget လေးတွေ၊ နာရီ၊ ရာသီဥတု ၊ အားကစားအသင်း စတာတွေကို gmail ထဲမှာ ပေါင်းထဲ့နိုင်တာတွေအပြင်၊ picase album နဲ့ ချိတ်ဆက်ပြီး image တွေကို လိုအပ်သလို organize လုပ်နိုင်တာ တွေဟာ သိပ်ထူးခြားပါတယ်။ ဒါ့အပြင် မလိုချင်တဲ့ lable တွေ ဥပမာ ကိုယ့် Gmail ထဲမှာ ရှိတဲ့ ’sent’ item box, ’spam box’ စတာတွေကို ဖယ်ထုတ်ပစ်ထားလို့ ရသလို user တွေသဘောတွေ့ကြတဲ့ funtionတစ်ခုကတော့ ‘inbox ,chat,sent’ စတဲ့ box တွေကို Gmailကစီစဉ်ပေးထားသလို ‘အပေါ်မှအောက် ‘ ဘယ်ဘက်ခြမ်းမှာထားရှိမှုကို မကြိုက်နှစ် သက်ရင် horizontal ပြန်လည်ပြောင်းလဲနိုင်ြ့ပီး Left to Rtght (ဘယ်ဘက်မှညာဘက်သို့) ဒီဇိုင်းဖွဲ့စည်းခွင့်ရှိတက်တာပဲဖြစ်ပါတယ်။ Better Gmail ထက်လူကြုက်နည်းရတဲ့ အဓိကအချက်ကတော့ ဒီ add-ons ဟာ coding error တချို့ ရှိနေလို့ပဲဖြစ်ပါတယ်။

၁။ http://gmailskins.mozdev.org ဟုရိုတ်ပါ။
၂။ အောက်ဆုံးမှာရှိသော ‘Hete install’ ကို click နှိပ်ပါ။ (သို့မဟုတ်လျှင် ) https://addons.mozilla.org/en-US/firefox/addon/2127 ရိုတ်ပြီး skin add-ons ကို အလျင်အမြန်သွားနိုင်ပါတယ်။
၃။ ကိုယ့် Gmail ကို color ဒီဇိုင်းပြောင်းလဲနိုင်ပါတယ်။ better gmail လို စတိုင်လှလှကလေးတွေ မပါဝင်ပေမယ့် လက်တည့်စမ်းပြီး add-ons တွေ ရေးသားချင်တဲ့ လူငယ်တွေအဖို့တော့ ဒီ Gmail skinz အဆင့်ဟာ အငယ်တန်းပထမ အဆင့်ဖြစ်တာမို့ အသုံးဝင်မှာပါ။

Blogsigs : blog လေးတွေကို ပိုင်ဆိုင်ထားတဲ့ လူတွေအတွက် နေ့စဉ်နေ့တိုင်း ကို update လုပ်လိုက်တဲ့ blog page ရဲ့ link တွေကို တခြားလူတွေကို သိစေ၊ မြင်စေချင်မှာပါပဲ။ အခု blogsigs ဟာ ကိုယ့်ရဲ့ Gmail ထဲမှာရှိတဲ့ signature (ကိုယ်. Gmail ကနေ အထွက်စာတိုင်းအတွက် ပါရှိသွားမယ့် လက်မှတ် ) နေရာမှာ အခုန ကိုယ့်ရဲ့ နောက်ဆုံး blog link စာကြောင်းကို အလိုအလျှောက် ထည့်ပေးထားလို့ ရပါတယ်။

၁။ http://www.blogsigs.com ဟုရိုက်ပါ။
၂။ ယာဘက် panel မှာရှိတဲ့ extension ကို download လုပ်ပါ။
၃။ firefox, outlook ရဲ့ Mac တို့အတွက် ဖြန့်ချိထားပါတယ်။ firefox အတွက် extension ကို download လုပ်မယ်ဆိုရင် Gmail မှာ ပေါင်းထည့် ပေးပါလိမ့်မယ်။

ကျန်တဲ့နည်းပညာများကိုအချိန်အားရင်အားသလိုတင်ပေးသွားပါမယ်ခင်ဗျား အခုတော့ဒီလောက်ပဲတင်ပြပေးထားပါတယ် .......
ref: အောင်ကျော်ခိုင်(ပုသိမ်)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...