Sunday, December 30, 2012

Android live wallpaper များ





 ကျွှန်တော်မှာ ရှိတဲ့ Android live wallpaper များ ကို စုပီ တင်ပေးလိုက်ပါပီ လို့ချင်သူများအောက်မှာ ဒေါင်နိုင်ပါပီ

http://photoupload.org/images/52148628477715892081.jpg










>>download

Android နှင့်ပတ်သတ်တဲ့ Application Game နှင့် Root လုပ်နည်းများကို mr.android6@gmail.com သို့တောင်ဆိုနိုင်ပါတယ်ဗျာ

နေသလိုဖြစ်တဲ့ဘ၀မှာ ဖြစ်သလို့မနေပါနဲ့.......

Onda Table 4.1.1 root လုပ်နည်း

အရင်ကတော့ Onda table တွေကို root လုပ်တာ လွယ်ပါတယ် unlock root နဲ့တင်အဆင်ပြေပါတယ် 
အခုနောက်ထွက်တဲ့ table တွေမှာကြတော့ version ကလဲ 4.1.1 တွေနဲ့လာတာပါ ဒါပေမဲ့ တခြားလုပ်နည်းတွေလဲရှိမှာပါ ကျွှန်တော် စမ်တာတော့ အဆင်ပြေပါတယ် အခုပြောမယ်နည်းကတော့လွယ်ပါတယ်  အရင်ဆုံး လိုအပ်တဲ့ဖိုင်ကို ဒေါင်လုပ်ဆွဲပါ
http://photoupload.org/images/65791349616225834636.png


>> download

memory card ကို အရင်ဆုံး format ချလိုက်ပါ ပြီရင် ဒေါင်လုပ်ဆွဲထာတဲ့ဖိုင်ကို zip ဖြည်လိုက်ပါ
ဖြည့်လိုက်ရင် အထဲမှာဖိုင် ၂ ဖိုင်ရှိပါတယ် root zip ဖိုင်နဲ့ factory_update_param.aml ဆိုတဲ့ဖိုင်ကိုတွေလိမ့်မယ်
 အဲဒီ ၂ ဖိုင်လုံးကို memory card ထဲကိုထည့်ပါ ပီရင် table ကို ပါဝါ ပိတ် ပါ ၁ မိနစ်လောက်ထားလိုက်ပါ
memory card ကို table ထဲထည့်ပီ home ခလုပ်ကို နိပ်ထားပါ မလွတ်ပါနဲ့ power ကို ဆက်နိပ်ပါ power လာပီဆိုတာနဲ့
power ခလုပ်ကို လွတ်ပေးပါ အစိမ်ရောင်နဲ့ android logo ပေါလာပီဆိုရင် home ခလုပ်ကို လွတ်ပေးပါ
အောက်နာမှာ အင်စတော့ဆွဲနေတာကိုတွေရလိမ့်မယ် ပီးသွားရင် auto restart ကျသွာပီပြန်တတ်လာရင်
table မှာ superuser ico လေရောက်နေလိမ့်မယ် Onda table 4.1.1 ကို root ဖောက်တာအောင်မြင်သွားပါပီ။

နေသလိုဖြစ်တဲ့ ဘ၀ မှာ ဖြစ်သလို့မနေပါနဲ့.......

Thursday, December 27, 2012

Samsung Galaxy S3 က ကမ္ဘာ့အကြမ်းခံဖုန်းတစ်လုံး ဖြစ်ကြောင်း သက်သေပြသွား



Samsung Galax S3 ကို iPhone 5 နဲ့ ယှဉ်ပြီး အကြမ်းခံမှုမှာ လိုက်မမှီဘူး လို့ ဝိုင်းဝန်းပြောဆိုခဲ့ကြပါတယ်။ ယခုတော့ ယင်းပြောဆိုချက်ကို ပယ်ဖျက် လို့ Samsung တို့ သက်သေပြလိုက်ပြီ ဖြစ်ပါတယ်။

အပြင်းဆုံး အကြမ်းခံ စမ်းသပ်မှုလို့ခေါ်တဲ့ (Extreme Test) ကို Samsung Galaxy S3 နဲ့ လုပ်ပြသွားပါတယ်။ ပလပ်စတစ် ကိုယ်ထည်နဲ့ ပြုလုပ်ထားပေ မ့ယ် ဘယ်လောက်ထိ အကြမ်းခံတယ်ဆိုတာကို ဗီဒီယိုထဲမှာ မြင်တွေ့ရ မှာ ဖြစ်ပါတယ်။

သာမန် ၁၀၀ ဂရမ်လောက် လူလက်နဲ့ ဖိတဲ့ Buttom ကို ၁၀၀၀ ဂရမ် Pressure နဲ့ အကြိမ် ၂ထောင် ဖိပြပါတယ်။ ပြောင်းဖူးကြိတ်စက်တည်း ထည့်ပြပါတယ်။ ရေစက်ကြောင်း သန်းနဲ့ချီပြီး Screen ပေါ်ကျစေပါတယ်။ မိုးပေါက်များအောက် ထားပြပါတယ်။ Connection ဘယ်လောက်ခံတယ် ဆိုတာကို ပြသပါတယ်။ ဘယ်လောက် ကွေးဆန့်နိုင်မှု ဒဏ်အား ခံနိုင်တယ် ဆိုတာကို ပြသပါတယ်။ ဖိအား ဘယ်လောက်ပေးပေ မယ့် ကွေးမသွားပဲ သူ့နဂိုအတိုင်း ရှိတယ်ဆိုတာကို ပြသပါတယ်။ အပေါ်ကနေ ပစ်ချပြပါတယ်။ Samsung Galaxy S3 တစ်လုံးတည်းနဲ့တင် မဟုတ်ပဲ အလုံးပေါင်းများစွာနဲ့ သက်သေပြထားတဲ့ Samsung ရဲ့  ဗီဒီယို ကို အံ့သြသွားကြပါတယ်။

ဒါကြောင့် iPhone 5 ကိုကျော်လွန်ပြီး ကမ္ဘာ့ရောင်းအားအကောင်းဆုံး စမတ်ဖုန်းအဖြစ် စံချိန် တင်နိုင်ခဲ့ခြင်းဟာ အကြောင်းမဲ့ မဟုတ်ဘူး ဆိုတာကို အောက်ပါ ဗီဒီယိုနဲ့ သက်သေပြသွားခဲ့ကြောင်း သိရပါတယ်။
--
http://youtu.be/dc9c5YFyovU

Aung Kham (TSJ team)

မြန်မာကျပ်ငွေ သိန်း ၂၀ ကျော်တန် အဖြူရောင် Blackberry Porsche အသစ်



အမေရိကန်ဒေါ်လာ ၂၃၀၀ ဝန်းကျင်လောက် ကုန်ကျမယ့် စမတ်ဖုန်း ဖြစ်ပါ တယ်။ ဈေးက ကြီးတယ်ဆိုတော့ ဘာများထူးခြားသလဲ ဆိုတာကို လေ့ လာကြည့်မိပါတယ်။

အမှန်တော့ ဈေးကြီးရတဲ့ အကြောင်းက ဒီဇိုင်းနဲ့ တံဆိပ်စားလို့ဖြစ်ပါတယ်။ Blackberry ထုတ်ဖုန်း လို့ တပ်အပ်ပြောလို့မရပါဘူး။ Porsche Design Group က Blackberry ဖုန်း နာမည်ကို အခြေခံလို လိုသလို ပုံစံထွင် ထုတ်ထားတဲ့ ဖုန်း ဖြစ်ပါတယ်။ သူတို့အနေနဲ့မှာတော့ တော်တော်လေးကို လှတဲ့ ဒီဇိုင်းဖြစ်ပါတယ်။ Feature ကလည်း ယခုခေတ်အခါအတွက် အနေတော်လောက်ပဲ ဖြစ်ပါတယ်။

ကမ္ဘာ့အပါးဆုံး ဖြစ်လာမည့် iPad 5


i Pad mini နဲ့ i Pad 4 ကို ပြီးခဲ့တဲ့ နိုဝင်ဘာလက တစ်ပြိုင်နက်တည်း ဖြန့်ချိ ခဲ့ပါတယ်။
အခုတော့ နံပါတ် ၅ မြောက် iPad သို့မဟုတ် iPad 5 ထွက်ရှိ မယ်လို့ သတင်းထွက်နေပြန်ပြီ ဖြစ်ပါတယ်။
( ပုံမှာ ပြထားတာ ကတော့ Concept ဒီဇိုင်းမျှသာ ဖြစ်ပါတယ်။ Apple က လုပ်ထားတာ မဟုတ်ပါဘူး။)
သတင်း ကတော့ ဂျပန်နိုင်ငံက ထွက်ရှိလာခြင်း ဖြစ်ပြီး အနောက်နိုင်ငံများ က ဘာသာပြန်တော့ နှစ်မျိုးကွဲသွားရပါတယ်။
မူလ iPad 4 တုန်းက ၉.၄ မီလီမီတာ အထူရှိပြီး ယခု ထွက်မယ့် နံပါတ် ၅ ကို ၇.၂ မီလီမီတာတို့ လည်းကောင်း၊
၂ မီလီမီတာလို့ လည်းကောင်း နှစ်မျိုး အသံထွက် နေပါ တယ်။ Apple ကတော့ ဘာမှ တရားဝင် မကြေညာသေးပါဘူး။
သို့ပေမယ့် Apple အတွင်းလူများဆီက သတင်းလို့ ဆိုပါတယ်။
Superthin လို့ခေါ်တဲ့ တကယ့် အပါးတက အပါးဆုံး ထုတ်လုပ်မှာ ဖြစ်ပါ တယ်။
အဖြစ်နိုင်ဆုံးကတော့ ၇.၄ မီလီမီတာ ဖြစ်ပါတယ်။ Retina ကိုပဲ ပြန်သုံးမလား
အခြား Display resolution ကိုရွေးမလား ဆိုတာလည်း ခန့်မှန်းနေကြဆဲ ဖြစ်ပါတယ်။ သို့ပေမ့ယ် နောက်ထွက်မယ့်
iPad 5 ကတော့ အပါးဆုံး ဖြစ်လာမယ်ဆိုတာတော့ သေချာကြောင်း သိရပါတယ်။

Phone ရဲ့ IMEI နံပါတ်သိရုံဖြင့် ၄င်းဖုန်း နှင့် ပက်သက်သည်များကို သိရှိနိုင်မည့် Website တစ်ခု

Phone ရဲ့ IMEI နံပါတ်သိရုံဖြင့် ၄င်းဖုန်း နှင့် ပက်သက်သည်များကို သိရှိနိုင်မည့် Website တစ်ခုကို ဖော်ပြပေးလိုက်ပါတယ်... ဒီမှာကြည့်ပါ

လိပ်စာကတော့ >> http://www.imei.info ဖြစ်ပါတယ်..








1.Dial *#06# to see your device IMEI
2. Enter IMEI to field above
3.Get information about your device Enter IMEI to field above

မိုဘိုင်းဖုန်းနှင့် ပက်သက်၍ လူသိနည်းသော အကြောင်းအရာ အချို့

မိုဘိုင်းဖုန်းနှင့် ပက်သက်၍ လူသိနည်းသော အကြောင်းအရာ အချို့ကို စုစည်း ဖော်ပြလိုက် ရပါတယ်။

၁။ ကမ္ဘာ့ ပထမဆုံး လက်ကိုင် မိုဘိုင်းဖုန်း (ဆယ်လူလာ ဖုန်းအမျိုးအစား)ကို Motorola မှ ၁၉၈၃ ခုနှစ်က ထုတ်လုပ်ပြီး DynaTAC 8000X လို့ အမည် ပေးထ
ားပါတယ်။
၂။ ကမ္ဘာ့ ပထမဆုံး SMS စာပို့ စနစ်ကို ၁၉၉၂ ခုနှစ်မှာ စတင်ခဲ့တာ
ဖြစ်ပါတယ်။
Source: မြ၀တီ ...    MyanmarITGroup


ကြီးမားနေတဲ့ Screen နဲ့ ထွက်ရှိလာမယ့် HTC စမတ်ဖုန်းသစ် M7



လွန်ခဲ့တဲ့ လအတွင်းမှာ ထွက်ရှိခဲ့တဲ့ HTC Butterfly, DNA တို့ဖြင့် ဈေးကွက်မှာ အောင်မြင်မှု ရရှိနေတဲ့ HTC ဟာ ၎င်းစမတ်ဖုန်းများကဲ့သို့ အလွန်ကြီးမားတဲ့ Screen ပါဝင်တဲ့ မျိုးဆက်သစ် စမတ်ဖုန်းတစ်ခုကို ထပ်မံတင်ပို့ဖို့ စီစဉ်ထုတ်လုပ်နေပါတယ်။ တွေ့ရှိရတဲ့ အင်တာနက် ဓာတ်ပုံများအရ HTC M7 လို့ အမည်ပေးထားတဲ့ ၎င်းဖုန်းဟာ ရုပ်ထွက်ကြည်လင် ပြတ်သားတဲ့ High-res ဖန်ပြင် တပ်ဆင်ထားပြီး Butterfly, DNA တို့ကဲ့သို့ Screen အရွယ်အစား ကြီးမားသော်လည်း ၎င်းဖုန်းများထက်တော့ အနည်းငယ် သေးငယ်ကာ 4.7″ အရွယ်သာ တပ်ဆင်ထားပါတယ်။ 1080p resolution ထောက်ပံ့ပေးနိုင်သလို Pixel Density ကလည်း 468ppi တောင် ရှိတာကြောင့် မြင့်မားတဲ့

ဈေးသက်သာ ၆.၁ လက်မ အရွယ်ဖုန်း Huawei ကထုတ်

လက်ရှိ စမတ်ဖုန်း လောကထဲမှာ ကမ္ဘာ့အကြီးဆုံး ဖြစ်လာမယ့် ဖုန်း ဖြစ်ပါတယ်။ ၅.၅၅ လက်မရှိတဲ့ Samsung Galaxy Note တွေထက်ကော ကြီးပါတယ်။ iPad mini နီးနီးကို ဖြစ်နေပါတယ်။ ကျောက်သင်ပုန်း ကွန်ပြူတာ အနေနဲ့ ထုတ်လုပ်ခြင်းလည်းမဟုတ်ပဲ စမတ်ဖုန်းနဲ့ Tablet ပေါင်းထားတဲ့ Phablet ဖြစ်ပါတယ်။ မျက်နှာပြင် အရွယ်ကြီးတေည့ resolution ကိုလည်း အလေးထား ပြုလုပ်ထားပေး ပါတယ်။ Full HD 1920x1080 display ဖြစ်ပြီး ဖုန်းရဲ့ အမည်ကိုတော့ Ascend Mate လို့ အမည်ပေးထားပါတယ်။ 


အလွယ်ကူဆုံးနည်းလမ်းဖြင့် Android Application ဖန်တီးခြင်း

  • ကျနော် ဒီပို့စ်မှာ Android Application နှင့်ပတ်သက်ပြီး မည်သည့် Coding တွေကိုမှ မသုံးဘဲ၊ သုံးရန်မလိုအပ်သော Application ရေးသားပုံ၊ ရေးသားနည်းကို တင်ပြပေးသွားမှာပါ။ အခုတင်ပြပေးမယ့် နည်းစနစ်ကတော့ Online/ Offline ဖတ်ရှုလို့ ရပါတယ်။
  • ဒီနည်းစနစ်လိုပဲ အခြားသော Android Application ရေးသားနိုင်တဲ့ Link များစွာလည်းရှိပါသေးတယ်။  အခု တင်ပြတဲ့ နည်းစနစ်ကတော့ အလွန်ကို လွယ်ကူရိုးစင်းပြီး ဖန်တီးရတာ ပျော်စရာလည်း ကောင်းလို့ တင်ပြပေးလိုက်တာပါ။
  • တစ်ခုတော့ နားလည်ပေးချင်တာက ဒီပို့စ်က Pro တွေအတွက် ရည်ရွယ်ရေးသားတင်ပြပေးခြင်းမဟုတ်ပါ။ အပျော်တမ်း Android apk များ ဖန်တီးချင်သူ Beginner များအတွက်သာ ရည်ရွယ်ပါတယ် ခင်ဗျာ။ :-) :-) :-)

Friday, December 21, 2012

ဖုန်းတစ်လုံးမှာပါတဲ့ RAM နဲ့ ROM ဆိုတာ

RAM နဲ့ ROM စနစ်အကြောင်းကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ မိုဘိုင်းဖုန်း အသုံးပြုသူ တော်တော်များများအနေနဲ့ ဖုန်းတွေရဲ့မှတ်ဉာဏ် Memory စနစ်တွေထဲမှာ RAM နဲ့ ROM ဆိုပြီး စနစ်နှစ်ခုကို ခွဲခြားသတ်မှတ်ထားတာကို မြင်ဖူးသိဖူးကြမှာပါ။

ဒီစနစ်နှစ်ခုထဲက ROM ဆိုတာကတော့ Read Only Memory လို့အဓိပ္ပါယ်ရပါတယ်။ Read Only Memory ကို အတိုကောက်အနေနဲ့ ROM လို့ သတ်မှတ်သုံးစွဲခေါ်ဆိုတာဖြစ်ပြီး ROM စနစ်ဟာ သေးငယ်တဲ့ မှတ်ဉာဏ်စနစ်တစ်မျိုးဖြစ်ပြီး ကွန်ပျူတာတွေနဲ့ မိုဘိုင်းဖုန်း Device တွေအတွက် မရှိမဖြစ် လိုအပ်တဲ့ မှတ်ဉာဏ်အမျိုးအစားတစ်ခု ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒီမှတ်ဉာဏ်စနစ်ဟာ မရှိမဖြစ်လိုအပ်တဲ့ Smart

Tuesday, December 18, 2012

Android Root နဲ့ပါတ်သက်သောအခေါ်အဝေါ်များ

 Android နဲ့ပါတ်သက်တဲ့ Root လုပ်ရာမှာခေါ်တဲ့ အခေါ်အဝေါ်တစ်ခုချင်းစီကိုဖော်ပြပေးမှာဖြစ်ပါတယ်။ ဒီအခေါ်အဝေါ်တွေဟာ Android Device တွေကို Root လုပ်ရာမှာအများဆုံးတွေ့ရတဲ့အပြင် Android လောက မှာအများဆုံးသုံးကြပါတယ်။
ဒါပေမယ့် ဒီခေါ်အဝေါ်တွေကို သာမန်Android Device တွေကိုအသုံးပြုတဲ့ လူတစ်ယောက်ကသိနိုင်ဖို့ခတ်ခဲပါတယ်။  ဒါကြောင့်အခု လိုတစ်စုတစ်စည်းထဲဖော်ပြလိုက်ခြင်းဖြစ်ပါတယ်။ အလွန်အကျိုးရှိမယ်လို့လဲထင်ပါတယ်ခင်ဗျာ ..။



1. ADB

ADB လို့ခေါ်တဲ့ Android Debug Bride (သို့) Android Debug Mode ဟာဆိုရင် ကျွန်တော်တို့အသုံးပြုနေတဲ့ computer ကနေတစ်ဆင့် ကျွန်တော်တို့ရဲ့ Android Device တွေကို ချိတ်ဆက်ပေးတဲ့ command line tool တစ်ခုဖြစ်ပါတယ်။ ADB ဟာ Android SDK (Software Development Kit) ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပြီး root လုပ်ရာမှာအသုံးပြုတဲ့ tool တစ်ခုဖြစ်ပါတယ်။ ADB ကိုသုံးတဲ့အခါ Android Commands တွေကိုထည့်သွင်းရမှာဖြစ်ပြီး အစောပိုင်း Android Device တွေကို Root လုပ်ချင်တဲ့အခါ commands တွေကတစ်ဆင့်ပြုလုပ်ရပါတယ်။

Monday, December 17, 2012

Google Play ဆိုတာဘာလဲ

Google play store သည် Multimedia content များကို ရောင်းချသည့် Google ၏ online store ဖြစ်သည်။ ဤ store မှ နေ၍ သီချင်း၊ ရုပ်ရှင်၊ ဗီဒီယို၊ ဂိမ်း၊ စာအုပ်နှင့် ဆော့ဖ်ဝဲများကို အခပေး၍ ဝယ်ယူနိုင်သည်။ သို့သော် အခမဲ့ရသည်တို့လည်း ရှိပါသည်။ သို့ရာတွင် Google play store သို့ ဝင်ရန် Google play store application ရှိရန်လိုသည်။ ထို application ကို မိမိ၏ tablet သို့မဟုတ် phone ပေါ်တွင် Install လုပ်ထားရန်လည်း လိုပါသည်။
Google play store ၏ အစသည် Google Market ဖြစ်သည်။ ယခင်က ဝယ်ယူထားသော Android tablet များနှင့် Smart phone များပေါ်တွင် Android market application အဟောင်း ရှိကောင်းရှိနေနိုင်ပါသည်။ Google သည် 2008 ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့တွင် Android market ကို ကြေညာလျက် online digital store လောကသို့ ဝင်ရောက်လာခဲ့သည်။
သို့ရာတွင် Phone နှင့် Tablet သုံးစွဲသူများ စတင် အသုံးပြုနိုင်သည်မှာ ၂၀၀၈ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့တွင်မှ ဖြစ်ပါသည်။ အခပေး ဆော့ဖ်ဝဲရောင်းချခြင်းကိုမူ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင်မှ စတင်နိုင်ခဲ့ပါသည်။ ထိုစဉ်က ဆောဖ့်ဝဲရေးသူ အများစုမှာ အမေရိကန်ပြည်ထောင်စုနှင့် ဂရိတ်ဗြိတိန်မှ ဖြစ်သည်။ သို့သော် ၂၀၁၀ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့မှစ၍ အခြားသောနိုင်ငံ ၂၉ နိုင်ငံမှ ဆော့ဖ်ဝဲရေးသူများအတွက် လမ်းဖွင့်ပေးခဲ့ပါသည်။
၂၀၁၀ ခုနှစ် ဒီဇင်ဘာလထဲသို့ ရောက်သည့်အခါ Google သည် Android market ၌ content filtering စနစ်ကို ထည့်သွင်းခဲ့သည်။ ထို့ပြင် Android market မှ ဝယ်ယူသော Application များကို မကြိုက်လျှင် ၂၄ -၄၈ နာရီအတွင်း ငွေပြန်းအမ်း ယူနိုင်သော စနစ်အစား ၁၅ မိနစ်အတွင်း ငွေပြန်အမ်းယူနိုင်သည့် စနစ်သို့ ပြောင်းလဲခဲ့ပါသည်။

လျှို့ဝှက်စွာ ကြီးထွားခဲ့သော Windows Tablet များ၏ သမိုင်းတစ်စ

Photo
တက်ဘလက်တွေရဲ့ သမိုင်းကို ပြောရမယ်ဆိုရင် ၁၉၈၆ ခုနှစ်ကတည်းက စခဲ့တယ်လို့ ဆိုနိုင်ပါတယ်။  ကွန်ပျူတာ ပညာရှင် အလန်းခေးဟာ ပထမဆုံး တက်ဘလက်ပုံစံကို စဉ်းစားတွေးခေါ် နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အောင်မြင်တဲ့ ထုတ်ကုန်တစ်ခုအဖြစ်တော့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ၂၀၁၀ ပြည့်နှစ်မှာ ထွက်ရှိခဲ့တဲ့ iPad ကတော့ ခေတ်သစ် တက်ဘလက်လောကရဲ့ ဦးဆောင်သူ ဖြစ်ခဲ့ပါတယ်။ မကြာခင် အချိန်မှာ Window 8 တက်ဘလက်တွေကိုလည်း ဈေးကွက်အတွင်းမှာ စိတ်ကြိုက်ဝယ်ယူနိုင်တော့မှာပါ။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က အနာဂတ်ရဲ့ ကွန်ပျူတာလောကမှာ တက်ဘလက်တွေသာ

Apple နဲ့ Google တို့ရဲ့ ဖန်သားပြင် ရန်စောင်ပွဲ

အရင်က လည်ပင်းဖက် ပေါင်းလာခဲ့သည့် သူငယ်ချင်းကောင်းတွေလေ။ ယခုတော့ ရန်စောင်နေကြပြီ။ တရားရုံးတွေမှာ၊ လူသုံးပစ္စည်း ဈေးကွက်တွေမှာ မီးခိုးမဆုံး၊ မိုးမဆုံး တိုက်ပွဲတွေ ဆင်ကြသည်။ ပြီးခဲ့သော သီတင်းပတ် (၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်) တွင်မတော့ ထိုရန်ဆူးရန်ညှောင့်က ပုံစံတမျိုးတစ်ဖုံ ဖြစ်သွားပြန်သည်။ သူတို့နှစ်ယောက် စမတ်ဖုန်း ဖန်သားပြင်ထက်မှာ ထိပ်တိုက် သွားတွေ့ခြင်းပါတည်း။ ထိုနှစ်ယောက်က Google နှင့် Apple တို့ပင်။ ဗုဒ္ဓဟူးနေ့ (၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်) က Apple ၏ iPhone ဆော့ဖ်ဝဲလ်ဗားရှင်းသစ်ကို ထုတ်ရောင်းလိုက်သည်။ ထိုဗားရှင်းသစ်၌ Apple က အဓိကကျသော အက်ပလီကေးရှင်း နှစ်ခုကို ဖယ်ထုတ်ထားသည်။ နှစ်ခုစလုံးက Google ၏ ထုတ်ကုန် ပစ္စည်းတွေချည်းပင်။ Google ၏ Map နှင့် YouTube တို့ဖြစ်သည်။ ထိုသို့ အက်ပလီကေးရှင်း နှစ်ခုကို ဖယ်ထုတ်လိုက်တာကို ကြည့်လျှင် သူတို့နှစ်ဦး မည်မျှ အပြိုင်ကြမ်းနေပြီကို သိနိုင်၏။ ထို့ပြင် မိုဘိုင်းသုံးစွဲသူတွေ၏ အရေးပါမှုကလည်း ဒီနေရာတွင် သိသာထင်ရှားလွန်းနေသည်။
“သူတို့နှစ်ယောက် ဖုန်းနဲ့ပြိုင်၊ မြေပုံနဲ့ပြိုင်၊ သတင်းနဲ့ပြိုင်၊ ရှာဖွေမှုနဲ့ပြိုင်၊ ပြိုင်ပြီးရင်း ပြိုင်နေကြတယ်” ဟု BCG Partners မှ သုံးသပ်သူ တစ်ဦးက ပြောသည်။ မြေပုံများက မိုဘိုင်းပစ္စည်းများအတွက် အရေးပါလှသည်။ မိုဘိုင်းပစ္စည်းများက တည်နေရာပြ ဝန်ဆောင်မှု လုပ်ငန်းများ အတွက်ရော၊ ကြော်ငြာများ အတွက်ရော အဆင်ပြေသည့် နေရာလေ။ တည်နေရာပြ ဝန်ဆောင်မှု လုပ်ငန်းနှင့် ကြော်ငြာများက ငွေရှာကောင်းသည့် လုပ်ငန်းများဖြစ်သည်။ တကယ်တော့ ဒီနေရာမှာ Google နှင့် Apple တို့နှစ်ယောက်သာ စစ်ခင်းနေသည်ဟု ပြော၍မရ။ Amazon, Nokia, Microsoft, AOL နှင့် Yahoo တို့လည်း ဒီပွဲမှာ ပါနေတာပါပဲ။ “Google လုပ်ထားသလို မိုဘိုင်းဂေဟ စနစ်တစ်ခု

Friday, December 14, 2012

Android ဖုန်းတွေအတွက် Custom ROMs များ ကို ဘာကြောင့်ကျွန်တော်တို့လို အပ် တာလဲ

Android custom ROM တွေရဲ့အခန်းကဏ္ဍ အကြောင်းကို အမြဲတမ်းသိချင်နေခဲ့တာလား ?
market ရဲ့နောက်ကွယ် က သင့်ဖုန်းကို custom upgrade လုပ်ခြင်းအကြောင်း ဆိုတာဘာလဲ?
ဘယ်သူတွေလိုတာလဲ? ဘာအတွက်လိုတာလဲ? စိတ်ချရရဲ့လား?
ဟုတ်ကဲ့။ ကျွန်တော်တို့ အဲ့ဒါတွေကို တစ်ချက်လောက် ကြည့်လိုက်ရအောင်။
ROM ဆိုတာက Read Only Memory ကိုဆိုလိုတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေရာမှာတော့ ROM ဆိုတာက သင့်ဖုန်းရဲ့ ROM Area မှာ ထည့်သွင်းထားတဲ့၊ စိတ်တိုင်းကျပြုပြင်ထားတဲ့ OS Image ကိုဆိုလိုတာဖြစ်ပါတယ်။ Stock ROM ဆိုတာကတော့ ဖုန်းဝယ်လိုက်တဲ့အခါမှာ ဖုန်းနဲ့အတူ ပါလာတဲ့ ဖုန်းရဲ့ OS Version ဖြစ်ပါတယ်။
kernel ဆိုတဲ့စကားလုံး ကတော့ OS ရဲ့ နှလုံးသား လို့ပြောလို့ရပါတယ်။ OS ရဲ့ မရှိမဖြစ်တဲ့ အစိတ်အပိုင်းတခုပေါ့။

Custom ROMs

Android Device တစ်ခုကို အကောင်းဆုံးထိန်းသိမ်းစောင့်ရှောက်နည်း(၁၀)နည်း


Google ရဲ့ Product တစ်ခုဖြစ်တဲ့ Android အသုံးပြု Device တွေဟာလက်ရှိအချိန်မှာ အရေအတွက်အားဖြင့် အလွန်များပြားတဲ့ အနေအထားတစ်ရပ်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ Androide အသုံးပြု Phone နဲ့ Tablet တွေဟာ လူအများစုရဲ့ နေ့စဉ်ထိတွေ့မှုများတဲ့ အရာဝတ္ထုတွေဖြစ်လာသလို၊ မကြာတော့မယ့်အချိန်အတွင်းမှာ Essential ဆိုတဲ့အနေအထား တစ်ခုထိကိုရောက်ရှိလာမှာဖြစ်ပါတယ်။ Android Device တွေကို အကောင်းမွန်ဆုံးကိုင်တွက် အသုံးပြုနိုင်ဖို့အတွက် Android Device တွေကို အကောင်းဆုံးထိန်းသိမ်းစောင့်ရှောက်နည်း (၁၀)နည်းကို ဖော်ပြပေးလိုက်ပါတယ်။

(၁). အသုံးမပြုတဲ့ Application Process တွေကို Stop ပြုလုပ်ပါ။

Android ရဲ့ သဘောတရားအရ Application နဲ့ Game တို့ကို အသုံးပြုပြီးတဲ့အချိန်မှာ Stop ပြုလုပ်ပေးဖို့ လိုအပ်ပါလိမ့်မယ်။ Exit ပြုလုပ်ပြီးချိန်မှာတောင် Background Process အနေနဲ့ လုပ်ဆောင်မှုတွေရှိနေနိုင်တဲ့အတွက် Task Killer လိုမျိုး Application အသုံးပြုပြီး Process Kill ပြုလုပ်သင့်ပါတယ်။

(၂). Call Log များကိုရှင်းလင်းပေးပါ။

Tuesday, December 11, 2012

Android Game ကြီးကြီ တွေကို data ဖိုင်မလို့ပဲဆွဲမယ်


အခုပြောမယ်နည်းလမ်းကတော့ Android Game ကြီးကြီးတွေကို data ဖိုင်းနဲ့ တခါတည်းပါပြီသာပါ အရင်ဆုံး ဒီကောင်းလေကို ဒေါင်လုပ်ဆွဲလိုက်ပါ
>>>download
ဆွဲပီရင် computer ပေါမှာ အင်စတော့ ဆွဲလိုက်ပါ

ပြီရင် အဲဒီဆိုက်မှာ သွားမယ် http://www.muzhiwan.com/
အစကတောပုံတွေနဲ့ ပြမလို့ပါ photoshop မတတ်တော့ မပြတော့ဘူးနော် အခုတော့ ဒီတိုင်ပဲပြောလိုက်တော့မယ်နော်  ပီ ရင် ကိုယ်ကြိုက်တဲ့ Game ကိုရှာတွေပီဆိုရင် အဲဒီ Gameပေါ်ကို နိပ်လိုက်ပါ computer နဲ့ဆွဲမယ်သူတွေက်တော့ ကိုဆွဲမယ်ဂိမ်းကိုနိပ်လိုက်ပါ နိပ်လိုက်ရင် အောက်နာမှာ ဘောက်လေနဲ့ သုံးခုတွေလိမ့်မယ် အဲဒီထဲက ထောင့်က computer ပုံလေးနဲ့ဟာကို နိပ်လိုက်ပါ အဲဒါဆိုရင် ဘောက်လေကျလာလိမ့်မယ် အဲဒီထဲမှာရွေးပေးရမှာဗျ ကို ဆော့မယ့် ဖုန်းနဲ့ ဖုန်းမော်တယ် နံပါတ်ကို ရွေးပီဆွဲရမှာပါ
 phone နဲ့ဆွဲမယ်သူတွေအတွက်က
 >>> download 

 ဖုန်းမှာအင်စတော့ဆွဲပီရင် ဒေါင်လို့ရပါပီ အားလုံးပဲအဆင်ပြေပါစေဗျာ
အဆင်မပြေတာရှိရင် mr.android6@gmail.com သို့ မေးမြန်နိုင်ပါတယ်

Monday, December 10, 2012

Sunday, December 9, 2012

Thursday, December 6, 2012

Wednesday, December 5, 2012

မြန်မာ သတင်း ၀က်ဆိုဒ် များ


မြန်မာ အင်တာနက် ကြည့်တဲ့ ပရိတ်သတ်တွေ အတွက် အဆင်ပြေစေရန် မြန်မာ ၀က်ဆိုဒ် လေး တွေ ကို စုစည်း ပေးထားတာဖြစ် ပါတယ်။ ကိုယ်ကြည့်ချင်တဲ့ web site ကို Address bar မှာ ရိုက်စရာ မလိုပါဘူး။ ကိုယ်ကြည်ချင်တဲ့web site ပေါ်မှာ ကလစ်လေး နှစ်လိုက်ရုံပါပဲ။

1. www.planet.com.mm (သတင်းလေးတွေစုံတယ်နော်)
2.www.people.com.mm (မဂ္ဂဇင်း စာအုပ်လေးနော်)
3.www.khitluneg.org.mm (ရွှေဈေး၊ဒေါ်လာဈေးတွေနဲ့ သတင်းစုံတွေ)
4.www.alpha.com.mm (ZawGyi Font လေးတွေယူရအောင်)
5.www.flashband.net (သီချင်းနဲ့ MTV လေးတွေနားထောင်မယ်)
6.www.myanmarmp3.net (သီချင်းတွေ ဒေါင်းမယ်၊နားထောင်မယ်)
7.www.myanmar-music.com(သီချင်းလေးတွေပါပဲ)
8.www.freemyanmarvcd.com(vcd လေးတွေကြည့်မယ်)
9.www.khayanpyareinmat.com(vcd လေးတွေကြည့်မယ်)

Android OS ဆိုတာဘာလဲ (What is Android ?)


Android အကြောင်းကိုရှင်းပြဖို့အတွက်ဆိုရင် Apple ရဲ့ iPhone အကြောင်းကိုပါထည့်သွင်းပြောရပါလိမ့်မယ်။ 2007 ခုနှစ်နောက်ပိုင်းကစပြီး

Apple ရဲ့ iPhone ဟာ ကမ္ဘာမှာ ထိပ်တန်း နာမည်ကြီးဖုန်းတစ်လုံးဖြစ်လာခဲ့ပါတယ်။ iPhone ရဲ့ ဖုန်းတွင်းစနစ်အနေနဲ့ Apple ကုမ္ပဏီရဲ့

ကိုယ်ပိုင် Mobile Device တွေအတွက် Operating System ဖြစ်တဲ့ iOS ကိုအသုံးပြုထားပါတယ်။ ခြုံငုံပြောရရင်တော့အဲဒီကတည်းက

Internet ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Google ဟာ iOS ကိုယှဉ်ပြိုင်နိုင်မယ့် Operating System တစ်ခုကို ထုတ်လုပ်ဖို့ကြိုးစားပါတော့တယ်။

2007 ခုနှစ်မှာ Google ဟာ Android Operating System ကိုစတင်မိတ်ဆက်ခဲ့ပါတယ်။

Android OS ဟာ Linus Kernel ကိုအခြေခံထားပြီး Java platform ဖြင့်ရေးသားထားခြင်းဖြစ်ပါတယ်။ Android OS တွေရဲ့ သမိုင်းမှာ

HTC ဖုန်းတွေဟာလည်း မပါမဖြစ်ပါပဲ။ Android OS ကိုစတင်ထည့်သွင်းအသုံးပြုခဲ့တဲ့တဲ့ Android OS နဲ့စတင်ပူးပေါင်းခဲ့တဲ့ မိုဘိုင်းဖုန်းကုမ္ပဏီဟာ

Sunday, December 2, 2012

Related Posts Plugin for WordPress, Blogger...