Tuesday, June 25, 2013

P6 စမတ်ဖုန်း ဆယ်သန်း ရောင်းချရန် Huawei မျှော်လင့်


Huawei Ascend P6 စမတ်ဖုန်းအသစ်ရဲ့ အချက်အလက်တွေကို မကြာခဏ ထုတ်ဖော် ပြသခဲ့ပြီးနောက် ယခုနှစ်အတွင်း ယူနစ်ဆယ်သန်း တင်ပို့ရောင်းချနိုင်ရန်  ကုမ္ပဏီမှ ပြစ်မှတ် ထားနေပါ တယ်။ Huawei CEO ဖြစ်သူ Yu Chengdong မှ ယခုစမတ်ဖုန်း ဒီဇိုင်းနဲ့ တည်ဆောက်ပုံအား ဂုဏ်ယူလျက်ရှိပါတယ်။ Huawei Ascend P6 ကို ဥရောပ၌ ယူရို ၄၄၉ ဖြင့် ရောင်းချ သွားမှာဖြစ်ပြီး တရုတ်ပြည်တွင်း ဈေးကွက်မှာတော့ ယူရို ၃၂၇ နီးပါးသာ ရှိပါတယ်။
ဒါဟာ စွမ်းအားမြင့် စမတ်ဖုန်း တစ်လုံးအတွက် ယှဉ်ပြိုင်နိုင်စွမ်း မြင့်မားတဲ့ ဈေးနှုန်းပမာဏပဲဖြစ်ပြီး ၎င်းဟာ HTC One, Samsung Galaxy S4 နဲ့ iPhone 5 တို့ဖြင့် ယှဉ်ပြိုင်သွားဖွယ် ရှိပါတယ်။ Huawei ဟာ အလွန်ပါးလွှာတဲ့ စမတ်ဖုန်းအတွက် တရုတ်နိုင်ငံတွင် ဒေါ်လာ ၁၁ သန်း အကုန်အကျခံ အရောင်းမြှင့်တင်နေပြီး ဥရောပမှာတော့ နောက်ထပ်ဒေါ်လာ သန်း ၃၀ ကုန်ကျခံထား ပါတယ်။ Ascend P6 ဟာ အချက်အလက် များအရ ကောင်းမွန်တဲ့ စမတ်ဖုန်းတစ်လုံးဖြစ်ပြီး လှပပေမယ့် ၎င်းရဲ့ 720p Display ဟာ အခြားစမတ်ဖုန်း အမြင့်တွေမှာ ပါဝင်တဲ့ 1080p ရုပ်ထွက်တွေကြားမှာ အောင်မြင်နိုင်မလား ဆိုတာကို စောင့်ကြည့်ရပါမယ်။
Ascend P6 ဟာ Dual-sim အမျိုးအစားဖြစ်ပြီး 3G ထောက်ပံ့ပေးပါတယ်။ အရွယ်အစား 132.7 x 65.5 x 6.2 mm ရှိပြီး 120g သာလေးပါတယ်။ 4.7" အရွယ် Screen က 720 x 1280p resolution ထောက်ပံ့ပေးနိုင်ပြီး 312ppi ရှိတယ်။ Multi Touch ထောက်ပံ့ပေးနိုင်ကာ Emotion UI 1.6 အသုံးပြုပေးထားပါတယ်။ Storage ပမာဏ 8GB သာ ပါဝင်ပေမယ့် Micro SD Card ဖြင့် 32GB အထိ ထပ်မံ တိုးမြင့်နိုင်မှာပါ။ Quad-core 1.5GHz Processor တပ်ဆင်ထားပြီး Huawei K3V2 Chipset အသုံးပြုထားတယ်။ ယခုလအတွင်း ကြေညာခဲ့ပြီး ဇူလိုင်လမှာ စတင်ရောင်းချဖို့ သေချာသလောက် ရှိတဲ့ ဒီဖုန်းဟာ Android 4.2.2 Jelly Bean အသုံးပြုထားမှာပါ။ မန်မိုရီ 2GB RAM ပါဝင်တယ်။
Bluetooth 3.0, NFC, Micro USB 2.0 ချိတ်ဆက်မှုများ ပါဝင်ပါတယ်။ 8MP အဓိက ကင်မရာငယ်က 3264 x 2448p resolution နဲ့ ပုံရိပ်များ ရိုက်ကူး မှတ်တမ်းတင်နိုင်ပါတယ်။ 1080p Video တွေကိုလည်း 30 fps နှုန်းဖြင့် ရိုက်ကူးနိုင်ပြီး အရန်ကင်မရာငယ်က 5MP ဖြစ်ကာ ၎င်းကလည်း 720p resolution နဲ့ ပုံရိပ်တွေ ရိုက်ကူးနိုင်ပါတယ်။ ဘတ္ထရီက 2000 mAh ဖြစ်ပါတယ်။ Ascend P6 ကို တရုတ်ပြည်တွင်းမှာ ယွမ်ငွေ ၂၆၈၈ ဖြင့် ရောင်းချမှာဖြစ်ပြီး ဥရောပဈေးကွက်များကိုတော့ ယူရို ၄၉၉ နှင့် ရောက်ရှိလာမှာပါ။ အမေရိကန်ဈေးကွက် ကိုတော့ မကြေညာသေးပါ ဘူး။ အနက်ရောင် အဖြူရောင်နဲ့ ပန်းရောင် သုံးမျိုးဖြင့် ရရှိနိုင်မှာပါ။
Mobile Guide

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...