Thursday, January 17, 2013

Huawei U8818 နဲ့ U8815 တွေကို 4.0.3 မှ 2.3.6 သို့ ပြန်ဆင်းနည်း



ဒီနည်းဟာကျွှန်တော်ကိုယ်တိုင် စမ်းပီသားပါ ၁၀၀% သေချာပါတယ် ဒီပို့ကိုတော့ MMUG မှ အကိုတွေရေးထားတာပါ

အရင်ဆုံးကတော့ Just do your own risk! ပေါ့နော်။ သေချာစဉ်းစားပြီး သေချာမှ လုပ်ပါ။

ထပ်ပြောပါမယ် JUST DO YOUR OWN RISK!

အရင်ဆုံး အောက်ကကောင်လေးကို download လုပ်ပါ။

Download>> https://www.sugarsync.com/pf/D0019460_943_94144123

Download>> http://www.mediafire.com/download.php?p58ufjpsr5t096j

Download>> http://mc.tt/d1BB1qPxMLC

အခု အောက်ပြန်ဆင်းချင်တဲ့ 4.0.3 ဟာ Root Access ရရှိပြီးသား ဖြစ်ရပါမယ်။ မဟုတ်သေးရင်တော့ အရင်ဆုံး Root လုပ်လိုက်ပါ။
 မိမိ နှစ်သက်ရာနဲ့ Root လုပ်နိုင်ပါတယ်။ အခြားသော နောင်တော်ကြီးများ တင်ပြီးသား ဖြစ်သည့်အတွက် ပြန်မရေးပေးတော့ပါဘူး။
အမြစ်မတူးရသေးတဲ့သူများ ကြိုက်ရာ နည်းလမ်းများဖြင့် အမြစ်တူးပါ။

ကဲ…..အမြစ်တူးပြီးသား ဖြစ်ပြီ ဆိုရင်တော့ ..စမယ်ဗျာ။။။။။။ရယ်ဒီ ၀မ်း…တူး….ဟီး ။

ဒေါင်းလို့ ရတဲ့ကောင်လေးကို zip ဖြည်လိုက်ပါ။ အထဲမှာပါတဲ့ toolbox5irom.apk လေးကို ဖုန်းမှာ install လုပ်ပါ။
ပြီးရင် အဲကောင်လေးကို သုံးပြီး IMEI ကို Backup လုပ်ပါ။(This is important!) အကယ်၍ backup လုပ်တာ မအောင်မြင်ဘူးဆိုရင်
သင့်ရဲ့ ဖုန်းဟာ Root Access မရသေးလို့ပဲ ဖြစ်ပါတယ်။

 ဒီနေရာမှာ ကြုံတုံးလေး တစ်ခုလောက်ြေ့ပာပြချင်ပါတယ်။ ကျွန်တော်တို့ Root တယ်။
အမြစ်တူးတယ် ဆိုတာက ရိုးရိုး သာမာန် End User အဆင့်ကနေ Advance User အဖြစ် ပြောင်းလဲ ခံယူလိုက်တာ ဖြစ်ပါတယ်။
အဲဒီလို ယူလိုက်ရင် ဖုန်းမှာ ပါတဲ့ Warranty ပျက်ပါတယ်ခင်ဗျာ။ ဘာလို့လဲဆိုတော့ End User နဲ့ Advance User ရဲ့
အဆင့်ကွားခြားချက်ကြောင့်ပဲ ဖြစ်ပါတယ်။

End User ဆိုတာက သာမာန် အသုံးပြုသူပါ။ သူက နဂိုစက်ရုံထုတ်အတိုင်း အသုံးပြုတာပါ။
ဆိုလိုချင်တာက Android ဖုန်း တစ်လုံးကို သုံးရင် ဖုန်းပြောမယ်။ Builtin ပါတဲ့ App တွေ၊ ဆိုင်က ထည့်ပေးလိုက်တဲ့ ဂိမ်းတွေ ဆော့မယ်။
ကိုယ်ဆော့ချင်တာလေး တွေ့ရင် ဆိုင်မှာ သွားသွင်းမယ် ဆိုတာလောက်ပဲ သိတဲ့၊ သုံးတဲ့ User မျိုးပဲ ဖြစ်ပါတယ်။

Advance User  ဆိုတာကတော့ ကိုယ့်ဖုန်းကို ကိုယ်တိုင် Modify လုပ်နိုင်ပါတယ်။
ကိုယ်တိုင် အမျိုးမျိုး စိတ်ကြိုက် ပြုပြင်ပြောင်းလဲ သုံးစွဲနိုင်တဲ့သူမျိုးတွေပေါ့ဗျာ။ ဆိုရရင် ဖုန်းတော်တော်များများက
 မြန်မာစာကို Builtin အနေနဲ့ မပါပါဘူး။ အဲဒါကို မြန်မာစာဖောင့်ထည့်သုံးမယ်။အဲဒီလိုထည့်တဲ့နည်းက အမျိုးမျိုး ရှိပါတယ်။
သူ့မှာ နဂို ပါတဲ့ font ကို Modify လုပ်ထားတဲ့ နာမည်တူမြန်မာfont နဲ့ အစားထိုးတယ်။ ဒါမှမဟုတ် zawgyione ကို သွင်းတယ်။
Font Changer သုံးတယ်။ အမျိုးမျိုးသော နည်းလမ်းတွေ ရှိပါတယ်။ ဘယ်လိုနည်းနဲ့ပဲ ဖြစ်ပါစေ။ သူ့ရဲ့ Original System ကို
ပြောင်းလဲ လိုက်တာပဲ ဖြစ်ပါတယ်။ အဲဒါကြောင့် Advance User ဆိုတာက End User ထက် အဆင့်ပိုမြင့်ပါတယ်။

ဒီလို ဒီလိုတွေကြောင့် Advance User ဆိုတာက ကိုယ်ကိုယ်တိုင် ပြုပြင်ပြောင်းလဲနိုင်တဲ့အဆင့်ရှိသည်အတွက်
Damage Attack တွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် Advance User အဖြစ်ခံယူလိုက်တာနဲ့ တစ်ပြိုင်နက် Warranty က အကျုံးမ၀င်တော့ပါဘူး။


Root လုပ်တာမှာလည်း SuperUser(or) SuperSU app လေး ပေါ်လာတိုင်းလည်း Root Access မရပါဘူး။
အားလုံးမဟုတ်တောင် တစ်ချို့တစ်လေတော့ ကြုံဖူးကြမှာပါ။ အဲဒါဘာကြောင့်လည်းဆိုတော့ SuperUser အလုပ်မလုပ်(မနိုးသေး)လို့ပဲ
 ဖြစ်ပါတယ်။ ဥပမာပေးရရင်..battery အသစ်တစ်လုံး ၀ယ်တယ်ဗျာ။ တစ်ခါတစ်ရံမှာချက်ချင်း အသုံးပြုလို့ မရသေးဘူး။
Shock တိုက် ပေးလိုက်မှ အလုပ်တဲ့ ပုံစံမျိုးပေါ့ဗျာ။ (ဟီး….SuperUser နိုးဖို့တော့ Shock သွားမတိုက်နဲ့နော်) SuperUser နိုးဖို့ဆိုရင်
သူ့ကို version အမြင့် သွင်းပေးလိုက်ပါ။ နိုးလာပါလိမ့်မယ်။

ကဲကဲ…မဆိုင်တာတွေ ထည့်ပြောလိုက်တာ တော်တော်များသွားပြီး ပြန်စမယ်နော်။

Root Access ရပြီးသား ဆိုရင်တော့ toolbox5irom.apk  လေးကို သွင်းလိုက်ပါ။
သူ့ကို သုံးဖို့ Root Access တောင်းပါတယ်။ ။IMEI ကို Backup လုပ်ပါ။ ခဏစောင့်ရပါတယ်။
Complete ပြရင် file manager သုံးပြီး SD Card ထဲမှာ 5irom ဆိုတဲ့ ဖိုဒါလေးကို ရှာလိုက်ပါ။
 ပြီးရင် အဲဒီဖိုဒါလေးကို imeibackup ဆိုတဲ့နာမည်ကိုပြောင်းပေးပါ။(မိမိနှစ်သက်ရာ နာမည်ကို ပြောင်းနိုင်ပါတယ်)။
 နာမည်ပြောင်းပြီးသားကောင်လေးကို Computer မှာလည်း Copy ယူထားပါ။တစ်ခုခု အဆင်မပြေဖြစ်ခဲ့ရင် ယူသုံးလို့ ရအောင်ပါ။
အရေးကြီးပါတယ်။ပြီးရင် ဖြည်ထားတဲ့ဖိုဒါထဲမှာပါတဲ့ 5irom ဆိုတဲ့ ဖိုဒါလေးကို SD Card ထဲကို ကူးထည့်ပါ။ ပြီးရင် (*#06#)ကို နှိပ်ပြီး
 ဖုန်းရဲ့ IMEI ကို ကြည့်ပြီး ရေးမှတ်ထားစေချင်ပါတယ်။နောက်ပိုင်း ပြန်ပြီး Restore လုပ်တဲ့အခါမှာ ပြန်စစ်ကြည့်ဖို့ပါ။
ကဲ…….အပေါ်က အဆင့်တွေကို တစ်ဆင့်ချင်း သေချာ လုပ်ပြီးပြီလား ဆိုတာလေး ပြန်စစ်ပါ။နောက်ပြီး နောက်ဆုတ်ချင်ရင်လည်း ဒီအချိန်မှာ နောက်ဆုတ်လို့ ရပါတယ်။

ကဲ..ဆက်မယ်နော်။

သွင်းထားတဲ့ Toolbox5irom ကို ဖွင့်ပြီး IMEI Restore လုပ်လိုက်ပါ။

Complete ဖြစ်သွားပြီလို့ ပြတာနဲ့ ဖုန်းကို Restart ချပေးလိုက်ပါ။ပြီးရင် IMEI ကို တစ်ချက်ပြန်စစ်ပါ။

0 ဒါမှမဟုတ် စောနက မှတ်ထားခဲ့တဲ့ သင်ရဲ့ ကိုယ်ပိုင် IMEI မဟုတ်တော့တာ တွေ့ရပါလိမ့်မယ်။

ဖုန်းခေါ်ကြည့်ရင်တော့ SIM Cardကို သိမှာ မဟုတ်ပါဘူးနော်။System Busy နဲ့ပဲ တွေ့နေမှာပါ…..ဟိဟ။ိ

ကဲပြီးရင်တော့ 2.3.6 Official Firmware ကို ဒေါင်းထားပါ။

ဒီနေရာမှာ တစ်ခုပြောချင်တာက build no. နောက်ဆုံးက Bxxx နဲ့ ဆုံးတဲ့ကောင်ကိုပဲ သုံးစေချင်ပါတယ်။

အခြား SPxxx နဲ့ဆုံးတဲ့ကောင်တွေက စက်တိုင်းနဲ့ အဆင်မပြေတတ်လို့ပါ။ ပြီးရင် ထုံးစံအတိုင်းပေါ့နော်။

Firmware ဒေါင်းပြီးမှတော့ ဘာလုပ်ရမလဲ မေးမနေပါနဲ့။ Firmware တင်လိုက်ပါ။

တင်ပုံတင်နည်းကတော့ ထုံးစံအတိုင်း dload ဖိုဒါလေးထဲမှာ UPDATE.APP ဟုတ်ရဲ့လား စစ်။

ဟုတ်တယ်ဆိုရင် dload ဖိုဒါလေးကို SD Card ထဲကိုထည့်။ ဖုန်းကို ပါဝါပိတ်။ဘက်ထရီကို ၁၀စက္ကန့်လောက် ဖြုတ်ထား။

ပြီးရင် ပြန်တပ်။ (Vol Down +Vol Up+Power) သုံးခုလုံးကို တစ်ပြိုင်တည်း ဖိနှိပ်။ဒါမှ မဟုတ် ဖုန်းကို ပါဝါဖွင့်ထား။

Setting>Storage>Software Upgrade ဆိုတာကနေ တင်ပါ။ Step 1 Unpacking ဆိုတာကနေ စပြီး သူ့ဘာသာ လုပ်သွားမယ်။

Auto Restart ကျသွားပြီး ပြန်တက်လာတာနဲ့ Firmware တင်တာ ပြီးပြီပေါ့နော်။

Root လုပ်ပါ။ Root Access ရတာနဲ့ Toolbox5irom.apk လေးကို install လုပ်ပါ။

စောနလေးက imeibackup လို့ နာမည်ပြောင်းထားတဲ့ ကောင်လေးကို 5irom ဆိုပြီး မူလ နာမည်ကို ပြန်ပြောင်းပေးပါ။

ပြီးရင် Toolbox5irom ကိုဖွင့်။ IMEI Restore လုပ်လိုက်ပါ။ Complete ပြတာနဲ့ Restart ချပေးပါနော်။(လုံးဝမမေ့ပါနဲ့)။

ပြန်တက်လာရင် (*#06#) နဲ့ IMEI ကို ပြန်စစ်လိုက်ပါ။

နဂိုမူလ ကိုယ့်ရဲ့ ကိုယ်ပိုင် IMEI ဖြစ်သွားပြီ ဆိုရင်တော့ Downgrade ဆင်းတာ အောင်မြင်သွားပါပြီ။ version လေးကို လည်း ကြည့်ကြည့်ပါအုံး 2.3.6 ဟုတ်မှ ဟုတ်ရဲ့လားလို့ Razz
ဖုန်းပြန်ခေါ်လို့လည်းရပါပြီနော်။
အားလုံးပဲအဆင်ပြေပါစေဗျာ အဆင်မပြေတာရှိခဲ့ရင်လဲ cbox မှာအော်ခဲလိုက်နော်.....
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။WE LOVE SHARING။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

2 comments:

  1. အရမ်းအန္တရာယ်များပါတယ် ကျွန်တော် သူငယ်ချင်းစမ်းဘူးတယ် တစ်လုံးလစ်သွားတယ် ... MMUG ကလေ ... အခုပို့တောင် သူရေးတာလားသိဘူး ... ဦးသူရိန်လေ

    ReplyDelete
  2. ရတာတော့သေးချာပါတယ် ကျွှန်တော်ကိုယ်တိုင်စမ်းသပ်ထားတာပါ အခုမှစလုပ်ဖူတာဆိုရင်တော့ မလုပ်သင့်ပါဘူး အကို

    ReplyDelete

Related Posts Plugin for WordPress, Blogger...