Wednesday, January 9, 2013

Sony ရဲ့ အကောင်းဆုံး Smart Phone အသစ်(၂)ခု Xperia Z and ZL

                         
လက်ရှိကျင်းပနေဆဲဖြစ်တဲ့ 2013 CES ပွဲမှာ Sony Mobile ကနေပြီးတော့ Super High End ဖုံးနှစ်လုံးကို ပွဲထုတ်ခဲ့ပါတယ်။

အရင် ထုတ်ခဲ့တဲ့ Xperia ဖုံးတွေဟာ ပြိုင်ဘက်တွေကို မယှဉ်နိုင်ခဲ့မှန်း Sony က ၀န်ခံခဲ့ပြီး အဲ့ဒီ အခြေအနေကို ပြောင်းပြန် လှန်နိုင်ဖို့ CES ပွဲမှာ ကျိုးစားသွားမယ်လို့ အာမခံ ထားတဲ့အတိုင်း အခုကဲ့သို့ ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။

Xperia မျိုးဆက်တွေရဲ့ အကောင်းတကာ့ အကောင်းဆုံးလို့ ဆိုထားတဲ့ Xperia Z နဲ့ ZL တို့ပဲ ဖြစ်ပါတယ်။

CES ပွဲမတိုင်ခင်က Rumor တွေမှာ Xperia Yuga လို့ နာမည်ထွက်ခဲ့တဲ့ Xperia အသစ်ကို Z Series အဖြစ် တရားဝင် မှည့်ခေါ်ခဲ့ပြီ ဖြစ်ပါတယ်။

Specs and Features
Xperia ဖုံးတွေရဲ့ Special Feature ဖြစ်တဲ့ Mobile BRAVIA Engine 2 နဲ့ Display ကို မောင်းနှင်ပြီး 5-inch 1920 x 1080 Full HD Reality Display တပ်ဆင်ပေးထားပါတယ်။ ဒါဟာ အရွယ်အစား အကြီးဆုံး Xperia Phone အနေနဲ့ ရှိနေမှာ ဖြစ်ပါတယ်။

13-megapixel Fast Capture camera တပ်ဆင်ထားပြီး Exmor RS Senor နဲ့ ပုံရိပ်တွေကို ဖန်းယူပေးမှာ ဖြစ်ပါတယ်။ HDR video ရိုက်ကူးနိုင်ပြီး အလင်းအမှောင် ဘယ်လို အခြေအနေမှာ မဆို Photo နဲ့ Movie တွေကို ရိုက်ကူးနိုင်မယ်လို့ ဆိုပါတယ်။

အမှတ်အကောင်းဆုံး ပေးချင်တာကတော့ Dust and water resistant (IP55 & IP57) ပါဝင်တာ ဖြစ်ပါတယ်။ Xperia Z ဟာ ရေဆိုခံ၊ ဖုန်ဒါဏ်ခံနိုင်စွမ်းရှိမှာ ဖြစ်ပြီး အထိအရှခံနိုင်ရည် ရှိတဲ့ durable glass display လဲပါဝင်မှာ ဖြစ်ပါတယ်။ ZL ကတော့ အဲ့ဒီနေရာမှာ Weight လျှော့ထားပါတယ်။

1.5 GHz asynchronous quad-core Snapdragon S4 processor ကိုသုံးထားတာ ဖြစ်တဲ့အတွက် Speed ကတော့ Top စာရင်း ၀င်ပါတယ်။ 2GB RAM ပမာဏကလည်း အကောင်းဆုံး ပြိုင်ဘက်တွေကို ယှဉ်နိုင်ပါတယ်။ microSD support ပါဝင်ခြင်း 4G LTE နဲ့ NFC သုံးလို့ရနိုင်ခြင်းတွေကလည်း ပြိုင်ဘက်တွေနဲ့ ပခုံးခြင်းအတူတူ ပဲ ဖြစ်ပါတယ်။

Xperia Phone တွေမှာ မပါခဲ့သေးတဲ့ Battery STAMINA mode ကို ထည့်သွင်းထားပြီး သာမန်ထက် 4 times ကြာရှည်ခံနိုင်မှာ ဖြစ်ပါတယ်။

Android 4.1 Jelly Bean နဲ့ ဖြစ်ပြီး Android 4.2 ကိုလည်း Upgrade လုပ်နိုင်မှာ ဖြစ်ပါတယ်။

Size က 7.9mm ပဲ ထူမှာဆိုတော့ တော်တော်တော့ပါးပါတယ်။


အထူးတလယ် ဖန်တီးထားချက်ကတော့ home button ကို handset ရဲ့ ဘေးဘက်ကို ပို့ထားတာပဲဖြစ်ပါတယ်။ ဒါက Xperia ဖုံးတွေမှာ ကွဲပြားသွားစေတဲ့ Design ဖြစ်ပါတယ်။

Xperia ZL က အနည်းငယ် အရွယ်အစား သေးပြီး Glass ကို ကိုယ်ထည်မှာ မသုံးဘဲ glass fibre polyamide ကို အသုံးပြုထားပါတယ်။ Design ကြောဘက်မှာ ပါဝင်တဲ့ Camera ကလည်း အလယ်နားမှာ ဖြစ်ပြီး၊ ဖုံးတစ်ခုလုံး အလေးချိန်မှာ ZL ကအနည်းငယ် ပိုလေးပါတယ်။

ယခုကျင်းပနေတဲ့ CES ပွဲအပြီး တပါတ်အတွင်းမှာ Xperia Z တွေကိုဈေးကွက်မှာ ဖြန့်ချိမယ်လို့ ဆိုထားပေမဲ့ March လောက်ဆိုရင် ၀ယ်လို့ရမှာ သေချာပါတယ်။ မြန်မာနိုင်ငံမှာလည်း သင်္ကြန်အပြီးလောက်မှာ ဈေးကွက်ထဲ ရောက်လာမယ်လို့ ထင်ပါတယ်။

Sony ဖုံးတွေထဲမှာ No 1 ကိုမှ ကိုင်ချင်တယ်ဆိုရင်တော့ Xperia Z ကို စောင့်ဖို့ လိုပါမယ်။ အဖြူ၊ အနက်နဲ့ ခရမ်းရောင် (၃)မျိုး ထုတ်လုပ်မှာ ဖြစ်ပါတယ်။

http://youtu.be/KNsX30n0R3s

Ref: Tech Space Journal

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...