Wednesday, February 27, 2013

အလာကားဆိုတာ

သူငယ်ချင်း အချင်းချင်း အလကားလုပ်ပေးကျ၇တာများပါတယ်။ အဲ့မှာပေါ့ဗျာ.. android အတွက်ပါ။ ခင်လို့မင်လို့ ပြောတယ်...။
 anti virus ဆို မတင်နဲ့မလိုဘူး.... ကိုယ်ကမတင်နဲ့ပြောတယ်...။ ဒီကောင်မရှိလို့ပြောတာဆိုပီး တခု ၂၀၀၀နဲ့ ဆိုင်တွေမှာသွားတင်တယ်။
 Go Launcher မတင်နဲ့ ထထလင်းတယ်ပြောတယ်။ ကိုယ့်မပြောရဲတော့ ရတဲ့ဆိုင်သွား ပိုက်ဆံပေးတင်တယ်။
 Live wallpaper လှလှလေးတင်ပေးပြောတယ်။ မင်းအဲ့စကရင်ကြီးကြည့်ပီး ဖီးလ်ခံမလို့လား လကားဘက်ထွီကုန် စက်လေး လို့ပြောတယ်။ မရပြန်ဘူး။
 screen lock and off ဘာညာသာရကာ မတင်နဲ့သူလဲ တခါတခါ ထထလင်းတယ်ပြောတယ်။ ပါလာတဲ့ lock ခလုပ်သေအောင် နှိပ် တနေ့ မင်းဘယ်နှကြိမ်နှိပ်မှာတုန်းပြောတယ် မရဘူး။ ထိုနည်း၎င်းပဲ။
 Y လောက်၊ u8650 u8660 လောက်ကို jelly bean တို့ ics တို့ တင်ချင်တယ်။ ကျုပ်အတွက် ဘာခက်သလဲ ရအောင် ရှာတင်ပေးမှာပေါ့။ သူငယ်ချင်း မတင်ပါနဲ့... အဲ့တာတွေက official တွေမဟုတ်ဘူး custom rom လို့ခေါ်တယ်...။ bugs တွေ ပါရင် မင်းမရှင်းတတ်လောက်ဘူး။ နှံပြည်စုတ်ကို အမြောက်နဲ့ မချိန်ချင်စမ်းပါနဲ့ ပြောတယ် မရဘူး။ ၁သောင်းလောက်အကုန်ခံပီး သွားတင်တယ်။ခန နေ တော့ အဖေကယ်ပါ အမေကယ်ပါနဲ့ ကိုယ့်ဆီပြန်ရောက်လာတယ် wifi မရဘူး။ bluetooth on လိုက်တာနဲ့ စက်ကဟန်းသွားတယ်။ ပြန်ချပေးပါတဲ့။
 ကိုယ်ကလိုအပ်သလောက်ပဲ ထဲ့ပေးတယ် အကောင်းဆုံးတွေထဲက တမျိုးတခုဆီပေါ့။ အာသာမပြေဘူး။ အမျိုးအစားတူတွေကို တမျိုး သုံးလေးခု ပိုက်ဆံအကုန်ခံပီး သွားသွားတင်တယ်။
 ကွယ်ရာကျပြောသေးတယ်။ ဒီကောင်က လက်တည့်စမ်းနေတာ ပိုက်ဆံမယူဘူးလေ ကြည့်ပါလား။ ဟိုကမှ တကယ်တတ်တာ ငါ root ပြန်လုပ်တာ၁သောင်းခွဲတောင် ပေးရတယ်။ ဘာညာနဲ့ပြန်ပြောတယ်။ ပိုက်ဆံများများတောင်းမှ ကောင်းတယ်ထင်တာကိုး။ လကားဆိုတာ လူတိုင်းအတွက်တော့ မဟုတ်ဘူးဗျ။
 ခက်တော့လည်းခက်သားလားကျုပ်ကိုက လျာရှည်တာ သူ့စက်သူ့ဖုန်း သူတင်ချင်တာတင်မှာပေါ့... ဆရာသွားသွားလုပ်တာကိုက ကိုယ့်အမှား။ကျနော့်နိုတီဘားဆို ဘာမှမရှိပဲ အရှင်းပဲထားတယ်။ ယုတ်စွအဆုံး battery icon တောင် ဖျောက်ထားပီး battery bar ဆိုတာ အပေါ်ဆုံးမှာတင်ထားတယ်။
https://www.facebook.com/groups/MyanmarMobileUsers/doc/511950152162690/

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...