Tuesday, February 19, 2013

How To Edit apk with apk manager v5.0.2

တခါတရံ ကိုယ်သုံးနေတဲ့ app လေးက ကိုယ့်စိတ်ကူးထားတဲ့အတိုင်းမလုပ်နိုင်တဲ့အခါ ကိုယ့်စိတ်ကြိုက် ပြင်ဆင်ချင်တဲ့စိတ်ကလေးဖြစ်မိမှာပါ။ ဒီပိုစ့်လေးကိုရေးရတာတော့ အဲဒီ စိတ်တွေကို အနည်းနဲ့အများ ပြေလည်စေဖို့ရယ်၊ ကလိနေရမှ အိပ်ပျော်စားဝင်တဲ့ mobile ချစ်သူတွေအတွက်ရယ် ရည်ရွယ်ပါတယ်ခဗျာ။
ပိုစ့်လေးရဲ့ ဇာတ်လိုက်မင်းသားကတော့ Apk Manager လို့ခေါ်တဲ့ ကွန်ပျူတာ software လေးပဲဖြစ်ပါတယ်။

Java အားရယူရန်
Java ကို computer မှာ install လုပ်ပြီးရင် Adb ဆိုတာကိုလဲ သွင်းဖို့လိုပါတယ်။ Adb သွင်းကြရအောင်။။။Adb ဖိုင်အားရယူရန်
၁။ ကွန်ပျူတာထဲမှာ Folder အသစ်တစ်ခုဆောက်ပြီး Android လို့ နံမည်ပေးပါ။
၂။ ဒေါင်းလုပ်ဆွဲလို့ရလာတဲ့ adb.zip ဖိုင်ကိုဖြည်ပြီး အထဲက ADB ဖိုင်ထဲမှာ ရှိသမျှဖိုင်တွေကို စောစောက အသစ်လုပ်ထားတဲ့ Android ဖိုဒါထဲထည့်ပါ။
၃။ Window key+R ကိုနှိပ်ပြီး Run program ကို ဖွင့်လိုက်ပြီး cmd.exe ကိုရိုက်ပြီး Enter ခေါက်ပါ။
၎။ cmd ပေါ်လာရင် ဒီအောက်က အတိုင်းရိုက်ပေးပါ။
>d:
cd android
adb devices
( d ဆိုတဲ့နေရာမှာ ကိုယ်က Android ဆိုတဲ့ folder ကို C drive ထဲမှာထားရင် C လို့ပြင်ရိုက်ပါ။ ဒါဆိုရပါပြီ။
မှတ်ချက်။    ။ကွန်ပျူတာထဲမှာ အကြောင်းအမျိုးမျိုးကြောင့် Android SDK သွင်းထားပြီးရင် Adb ထပ်သွင်းစရာမလိုတော့ပါဘူး။

အောက်မှာ Apk Manager software ကိုဒေါင်းလုပ်ဆွဲပါ။


Apk Manager v5.0.2 အားရယူရန်

၁။ ဒေါင်းလုပ်ဆွဲလို့ရလာတဲ့ zip ဖိုင်ကိုဖြည်ပါ။
၂။ ဖြည်လို့ရလာတဲ့ Apk Manager ဖိုင်လေးထဲကိုဝင်ပြီး ကိုယ်ပြင်ချင်တဲ့ app ဖိုင်(.apk) ကို ” place-apk-here-for-modding ” လို့ရေးထားတဲ့ ဖိုင်ထဲကိုထည့်ပါ။
၃။ ပြီးရင်တော့ အောက်က Script.bat ဆိုတဲ့ ဖိုင်လေးကို Double click နှိပ်ပြီး run လိုက်ပါ။ အောက်ကပုံအတိုင်း ပေါ်လာမှာပါ။

၎။ အပေါ်ကပုံအတိုင်းပေါ်လာပြီဆိုရင်တော့  apk ဖိုင်ကို extract လုပ်ဖို့အတွက် option no. 1 ကိုရွေးပါ။ (ရွေးတာက 1 ကိုနှိပ်ပြီး Enter ခေါက်ရုံပါပဲ)
၅။ စာတန်းတွေ လျှောက်ပေါ်ပြီးရင်တော့ Please make your decision ဆိုတဲ့ ပထမနေရာဆီပြန်ရောက်သွားပါပြီ။ ဒါဆိုရင် အဲဒီ run နေတဲ့ software ကိုခဏထားပြီး စောစောက Apk Manager ဖိုင်ဆီကို ပြန်သွားပါ။ projects ဆိုတဲ့ folder ရှိပါတယ်။ အဲဒီထဲကိုဝင်လိုက်ပါ။
၆။ ကိုယ်ပြင်ချင်တဲ့ apk ဖိုင်ကို folder လိုက်ကလေး တွေ့ရမှာပါ။
၇။ အဲဒီ folder ကို အပြင်ပဲ ကူးထုတ်ပြီးမှပဲ ပြင်ပြင် အဲဒီနေရာမှာပဲ ပြင်ပြင် ပြင်ချင်သလိုပြင်ပါ။
၈။ ပြင်ပြီးသွားပြီဆိုရင်တော့ စောစောက ဘေးခဏဖယ်ထားတဲ့ software ဆီပြန်သွားပါ။
၉။ option no. 3 ကိုရွေးပါ။
၁၀။ option no. 3 ကိုရွေးပြီးသွားရင် နောက်ထပ်ရွေးစရာနှစ်ခုပေါ်လာမှာပါ။ တကယ်လို့ကိုယ်ပြင်တဲ့ app က system app ဆိုရင် 1 ကိုရွေးပါ။ ပုံမှန် app ပဲဆိုရင်တော့ 2 ကိုရွေးပါ။
၁၁။ ပြီးသွားရင် ပထမ screen ဖြစ်တဲ့နေရာကို ပြန်ရောက်သွားပြီး Please make your decision ဆိုရင် option no. 4 ကိုရွေးပါ။
၁၂။ ပြီးသွားလို့ Please make your decision ပြန်ပေါ်လာပြီဆိုရင်တော့ အဲဒီ software ကိုပိတ်လိုက်လို့ရပါပြီ။
၁၃။ ပထမဆုံး အဆင့် ၂ မှာထည့်လုပ်ခဲ့တဲ့ ” place-apk-here-for-modding “  ဖိုင်ကိုပြန်သွားရင် ကိုယ်ပြင်တဲ့ app ရဲ့ ရှေ့မှာ sign ဆိုတဲ့ နံမည်နဲ့ app တစ်ခုရောက်နေပါမယ်။ အဲဒါက ကိုယ်စိတ်ကြိုက်ပြင်လိုက်တဲ့ app ပါပဲ။ ဖုန်းမှာ Install လုပ်လို့ရပါပြီ။
သတိပြုစရာများ
  • ပြင်ထားတဲ့ app ကိုဖုန်းထဲမှာ install မလုပ်ခင် ဖုန်းထဲမှာ အရင်ထည့်ထားတဲ့ အလားတူ app ကို အရင် Uninstall လုပ်ဖို့လိုပါမယ်။ ပြီးမှ ပြင်ထားတာကို install လုပ်ပါ။
  • System app ကိုပြင်တယ်ဆိုရင်တော့ အဆင့် ၁၀ မှာ option 1 ကိုရွေးပြီးရင် နောက်ထပ် အဆင့်တွေလုပ်စရာမလိုတော့ပဲ အဆင့် ၁၃ ဆီတန်းသွားလို့ရပါပြီ။ အဲဒီအခါကျရင်တော့ ” place-apk-here-for-modding ” ဖိုဒါထဲမှာ ကိုယ်ပြင်တဲ့app အပြင် Unsign ဆိုတဲ့နံမည်ရှေ့က ခံထားတဲ့ app ကိုတွေ့ပါမယ်။ အဲဒါကို root explorer app သုံးပြီး system file>app ဖိုဒါထဲမှာ copy & replace လုပ်၊ permission ကို rw-r–r– လို့ပေးပြီး ဖုန်းကို reboot လုပ်လိုက်ရင် ရပါပြီ။ root explorer နဲ့မြန်မာfont သွင်းတဲ့အတိုင်းပါပဲ။
  • ဓာတ်ပုံတွေ icon တွေကို အစားထိုးတဲ့နေရာမှာ သူ့နဂိုမူရင်း အရွယ်အစားအတိုင်းဖြစ်ဖို့ပါ။ သူ့နဂိုက သေးသေးလေး ကိုယ်ထည့်ချင်တဲ့ ပုံကြီးက အကြီးကြီးဆို ဒီအတိုင်းမထည့်လိုက်ပါနဲ့။ Photoshop နဲ့ဖြစ်ဖြစ် သူ့နဂို အရွယ်အစားအတိုင်းရအောင် ချုံ့ပြီးထည့်ဖို့ပါ။
အားလုံးပဲ စိတ်ကြိုက် app လေးတွေကို ပြင်ဆင်ရင် မိမိဖုန်းကို အလှဆင်ကြရအောင် :-)
Ref : Myanmar mobile app

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...