Thursday, April 4, 2013

Sony Xperia TX V4.0.4 CWM Recovery & Root

 
ပထမဆုံး Sony Xperia တွေရဲ့ထုံးစံအတိုင်း Booltloader ကို အရင်ဆုံး Unlock လုပ်ရပါမယ်။
Bootloader Unlock လုပ်နည်းကိုတော့ ဒီမှာ ကြည့်လိုက်ပါ။ 
ကဲ အခု လိုတာလေးတွေကို ဒေါင်းရအောင်။
(၁) fastboot.rar
(၂) Root.zip

Sony Xperia TX CWM Recovery တင်နည်း

ဒေါင်းလို့ရလာတဲ့ fastboot.rar ဖိုင်ကို မိမိတို့ကွန်ပျူတာမှာ အရင်ဆုံးဖြည်ချလိုက်ပါ။
fastboot folder ရလာပါလိမ့်မယ်။ ပြီးရင် fastboot floder ထဲကိုဝင်လိုက်ပါ။
folder ထဲက လွတ်နေတဲ့နေရာမှာ Computer Keyboard က Shift Key + Mouse ရဲ့ Righ Click ကို တစ်ချက်နှိပ်ပါ။
ကျလာတဲ့ ဇယားထဲက Open window command here ဆိုတဲ့ စာသားကိုရွေးလိုက်ပါ။ cmd box ကျလာပါလိမ့်မည်။
cmd box မှာ fastboot flash boot gregkernelV2.elf ဆိုတဲ့စာသားကိုရိုက်ပြီး Enter ခေါက်ပါ။
Waiting for Device ဆိုတဲ့စာသားပေါ်လာပါမည်။
ပြီးလျှင် မိမိတို့ရဲ့ Phone မှာ Setting > Developer options >  USB debugging ကို အမှန်ခြစ်ပေးပါ။
Setting > Security > Unknown sources ကို အမှန်ခြစ်ပေးပါ။
ဖုန်းကို Power ပိတ်လိုက်ပါ။ ပိုပြီးသေချာအောင် ဘက်ထရီကို (၁၀)စက္ကန့်လောက်ဆွဲဖြုတ်ထားလိုက်ပါ။
ဘက်ထရီပြန်တပ်ပါ။ ဖုန်းနဲ့ကွန်ပျူတာကို USB ကြိုးသုံးပြီး fastboot mode ဝင်ပါမယ်။
fastboot mode ဝင်ပုံဝင်နည်းကတော့ ဖုန်းကို ပါဝါပိတ်လျက်သား Volume Up Key ကို နှိပ်ပြီး USB ကြိုးကိုချိတ်ပါ။ (မီးပြာလေးမလင်းမချင်း နှိပ်ထားပါ)
မိမိတို့ရဲ့ဖုန်းမှာ မီးပြာလေးလင်းလာရင်တော့ fastboot mode ထဲ ရောက်သွားပါပြီ။ စက္ကန့်ပိုင်းလောက်ပဲကြာပြီး ဖုန်းမှာ CWM သွင်းပြီး ဖြစ်သွားပါလိမ့်မည်။

Sony Xperia TX Root ဖောက်နည်း

ဒေါင်းလို့ရလာတဲ့ Root.zip ဖိုင်ကို Micro SD Card ထဲ ဖြစ်ဖြစ် Phone Internal Stroage ထဲကိုဖြစ်ဖြစ် Copy ကူးထည့်ပါ။
ပြီးလျှင် မိမိတို့ဖုန်းကို Power ပိတ်လိုက်ပါ။ CWM Recovery Mode ထဲကို ဝင်ပါမည်။
ပါဝါခလုတ်ကိုနှိပ်ပြီး ဖုန်းမှာ Vibrate တုန်လာလျှင် ပါဝါခလုတ်နှိပ်ထားတာကိုလွှတ်ပြီး Volume Up Key ကိုနှိပ်ပါ။
ဖုန်းမှာမီးပြာလေးလင်းလာပြီဆိုရင်တော့ Volume Up Key နှိပ်ထားတာကို လွှတ်လိုက်လို့ရပါပြီ။
ဒါဆိုရင်တော့ ဖုန်းရဲ့ CWM Recovery ထဲကို ရောက်သွားပါပြီ။
install zip from sd card ဆိုတဲ့ စာသားကို တစ်ချက်နှိပ်ပါ။
ပြီးလျှင် မိမိတို့ Copy ကူးထားတဲ့ Root.zip ဖိုင်ကိုရွေးပေးပြီး install လုပ်ပေးလိုက်ပါ။
Complete ဖြစ်သွားလျှင်တော့ reboot system now ကိုရွေးပေးလိုက်ပါ။
ဖုန်းပါဝါပြန်တက်လာလျှင် Super User Icon လေးတွေ့ပြီး root access ရသွားပါပြီ။
Credit - MPX

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...