Monday, May 6, 2013

1500တန် CDMA 800Mhz ဆင်းကဒ် စတင် အသုံးပြုနည်း


ကျွန်တော့်ဆီကိုတော့ အခုမှ ဒီဖုန်းကလာအပ်လို့ အခုမှပဲ တင်ပေးလိုက်တာပါ။ ကျွန်တော်တို့တစ်တွေ 1500 တန် cdma ဖုန်းတွေသုံး မယ်ဆိုရင်တော့ အရင်ဆုံး  ကဒ်ချိုးပြီး 800Mh ဟန်းဆက်အတွင်းထည့်လိုက်ပါ။ ပြီးရင် လိုင်းပေါ်လာအောင် စောင့်ပါ။ လိုင်းတက်လာပြီဆိုလျှင် မိမိနီးစပ်ရာ ဖုန်းတစ်လုံးကို ခေါ်လိုက်ပါ။ လိုင်းမဝင်သော တီတီတီ အသံကြားလျှင် ပြန်ချလိုက်ပါ။ နောက်တစ်ကြိမ် ပြန်ခေါ်ပါ။ ပြီးလျှင် ပြန်ချထားလိုက်ပြီး ခေတ္တစောင့်လိုက်ပါ။
003456 မှ အောက်ပါအတိုင်း Message ပေးပို့ပါလိမ့်မည်။

Dear 959330—–, You have been Activated. Your balance is (credit)300.00and will be expired at 2013-05-09 00:00:00.

ထို message ဝင်လာလျှင် စတင် အသုံးပြုနိုင်ပါပြီ။
ဖုန်းအတွင်း ပါဝင်သော ၃၀၀ကျပ်မကုန်မီ ၅၀၀၀တန် ငွေဖြည့်ကဒ်ကို ထည့်သွင်း ပေးရမည် ဖြစ်ပါသည်။

ငွေဖြည့်ရန် code မှာ
*124*ခဲခြစ်နံပတ် ၁၈လုံး#
ဖြစ်သည်။ ငွေလက်ကျန် မေးရန်မှာ *123 ဖြစ်သည်။
သတင်းကောင်းတစ်ခုကတော့ 1500 cdma 800MH တွေက အင်တာနက်လျှောက်ထားလို့ရနိုင်ပါပြီဆိုတဲ့အကြောင်းလေးပါ ခင်ဗျား။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...