Saturday, June 22, 2013

4shared ဆိုတာဘာလဲ ?


မသိတဲ့သူတွေအတွက် ကျွန်တော် သိတာလေး ပြန်မျှဝေတာပါ။ 4shared ဆိုတာ online storage ကြီးတစ်ခုပါ။ အဲ့ဒီမှာ အမျိုးမျိုးသော files, softwares, applications, photos စတာတွေကို နိုင်ငံအသီးသီးကနေ လူမျိုးများစွာ တင်ထားကြပါတယ်။ တင်ထားသမျှတွေကို
ပြန်လည်မျှဝေထားရင် အားလုံးကို အလွယ်တကူ ကိုယ့်ဘက်ကနေ download ဆွဲနိုင်ပါတယ်။ ကိုယ်တင်တာကိုလဲ သူများတွေက ပြန်ဆွဲနိုင်ပါတယ်။ ဒီလိုနဲ့ အပြန်အလှန် မျှဝေကြရင်း 4shared online storage ကြီးက စည်ကားလို့နေပါတယ်။ တစ်နည်းပြောရရင် အခမဲ့ မျှဝေတဲ့ online အလှူအိမ်ကြီးပေါ့ဗျာ။

** 4shared Account **

4shared မှာ ကိုယ်လိုချင်တဲ့ အရာများစွာကို ရှာဖွေနိုင်ပါတယ်။ ဥပမာ .. Android app တစ်ခု လိုချင်တယ်ဆိုပါစို့ .. app နာမည်ရိုက်ပြီး ရှာနိုင်တယ်။
ကိုယ်ရှာတာကို သူများတွေက တင်ပေးထားတယ်ဆိုရင် နာမည်နဲ့တကွ ဖော်ပြပေးပါတယ်။ အလွယ်တကူ download ဆွဲလိုက်ရုံပါပဲ။
4shared မှာ download ဆွဲဖို့အတွက် 4shared account တစ်ခုလိုပါတယ်။
account လုပ်ရတာလည်း အင်မတန် လွယ်ပါတယ်။ www.4shared.com ကို သွားပြီး Sign up ကို နှိပ်ကာ email ၊ password (4shared အတွက်) နှင့် user name တစ်ခု ပေးပြီး အလွယ်တကူ ပြုလုပ်နိုင်ပါတယ်။
account ကိုလဲ ချက်ချင်း လုပ်ပေးပါတယ်။ account ရှိသွားပြီဆိုရင်တော့
အားရပါးရသာ ရှာဖွေရေးလုပ်ပေတော့။

** 4shared အသုံးပြုပုံ **

4shared ဟာ အလွန်အသုံးဝင်တဲ့ online storage ကြီးတစ်ခုပါ။
လိုချင်တာ တော်တော်များများကို 4shared မှာ ရှာဖွေရေး လုပ်နိုင်ပါတယ်။
ကျွန်တော်ဆို တစ်ချို့ Pro version app တွေကို 4shared ကနေ ရှာတွေ့ပါတယ်။ app တွေရှာဖွေချင်ရင် ဥပမာ angry bird.apk ဆိုပြီး ရှာနိုင်ပါတယ်။ apk ရှာချင်ရင် .apk ဆိုပြီး ရိုက်ပေးရပါတယ်။ software ရှာချင်ရင် .exe ဆိုပြီး ရှာရပါမယ်။ အကောင်းမွန်ဆုံးကတော့ download တွေကို resume ပြုလုပ်နိုင်တာမို့ အရမ်းအဆင်ပြေပါတယ်။ 4shared မှာ download လုပ်မယ်ဆိုရင်တော့ စက္ကန့်(၂၀) စောင့်ဆိုင်းရပါမယ်။ ဒါက free user ဖြစ်လို့ စောင့်ရတာပါ။ Premium user ဆိုရင်တော့ စောင့်စရာမလိုပါဘူး။ အရင်ဆုံး ကိုယ်လိုချင်တာကိုတွေ့ရင် download ကိုနှိပ်ပါ။ ပြီးရင် Free download ဆိုတာကိုနှိပ်ရင် စက္ကန့်(၂၀)စောင့်ဆိုင်းရမယ်။ ပြီးရင်တော့ download ပြုလုပ်နိုင်ပါတယ်။ စက္ကန့်(၂၀)တည်းစောင့်ခိုင်းတာဖြစ်လို့ အဆင်ပြေပါတယ်။

** 4shared Android app **

4shared က Android အတွက် 4shared app ကို ပြုလုပ်ပေးထားပါတယ်။
4shared app ကို ဖုန်းထဲမှာ ထည့်ထားပြီး မိမိ ရှာချင်တာကို ရှာဖွေနိုင်တယ်။
file တွေကိုလဲ upload ပြုလုပ်နိုင်ပါတယ်။ ဖုန်းကနေပြီး အလွယ်တကူ ရှာဖွေနိုင်တာမို့ 4shared app ကလည်း ဖုန်းထဲမှာ မရှိမဖြစ် ထည့်ထားသင့်တဲ့ app တစ်ခုဖြစ်ပါတယ်။ လိုချင်သူများ အောက်မှာ 4shared app ကို ယူနိုင်ပါတယ်။ ကျွန်တော့်လို app ရှာဖွေရေးသမားများ
အားထားရတဲ့ android application လေးတစ်ခုပါ။

ဒီလောက်ဆိုရင် 4shared ဆိုတာ မသိသေးသူတွေအတွက် သဘောပေါက်လောက်မယ်ထင်ပါတယ်။ ကွန်ပျူတာနဲ့ပဲဖြစ်ဖြစ်၊
ဖုန်းနဲ့ပဲဖြစ်ဖြစ် အလိုရှိရာကို 4shared မှာ ရှာဖွေကြည့်ပါ။ အလိုရှိတိုင်း ရှာတွေ့နိုင်မယ်လို့ မဆိုနိုင်ပေမယ့် .. တော်တော်များများ ရှာဖွေနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အခု တင်ပေးလိုက်တဲ့ 4shared app က Pro version ဖြစ်လို့ ကြေငြာများ မဖော်ပြပဲ download ဆွဲရာမှာ ဘာမှစောင့်စရာမလို တစ်ခါတည်း တန်းဆွဲနိုင်ပါတယ်ဆိုတာ ရေးသားရင်း ကျွန်တော်သိတဲ့ 4shared ဆိုတာကို ပြန်လည် မျှဝေလိုက်ပါတယ်။

download - 4shared Pro for android (3MB)

dropbox -
https://www.dropbox.com/s/s39sd37lq4ux1fr/mr.ad-forshared.pro.apk

copy - https://copy.com/UFf4orp7edoD

ပျော်ရွှင်ပါစေ။


Mr.AD (www.facebook.com/happyandroidworld)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...