Sunday, June 30, 2013

Android Version အသစ် Jelly Bean 4.3 တွင်ပါဝင်လာသော features အသစ်များ


Android Version အသစ် Jelly Bean 4.3 က Google က တရားဝင် မထုတ်သေ:ခင်မှာပဲ အရင်တစ်ပါတ်က အပြင်ကို ပေါက်ကြားခဲ့ပါတယ်..
Jelly Bean 4.3 firmware ကို Google Edition Phone အဖြစ်ထုတ်ထားတဲ့ Galaxy S4 မှာတွေ့ရှိရာက ပေါက်ကြားလာတာဖြစ်ပါတယ်...
အဲ့ဒီ့ တရားမဝင် ထွက်ရှိလာတဲ့ firmware ကနေတွေ့ရှိချက်အရ Google က Jelly Bean 4.3 မှာ features အသစ်အနဲငယ်သာ ထပ်ထည့်ထားတာ တွေ့ရတယ်ဗျ...
ကြားရတဲ့ သတင်းတွေအရ Google က Android firmware ရဲ့ next step အဖြစ် Key Lime Pie version ကို October လောက်မှာပဲ ထွက်ရှိဖို့ ကြိုးစားနေတာဆိုတော့.. ဒီ Jelly Bean 4.3 မှာ minor update တွေလောက်ပဲ ထည့်ပေးလိုက်တယ်လို့ထင်တယ်...
ဒါပေမဲ့ Google ရဲ့ minor update တွေဆိုတာ smart phone လောကကြီးအတွက် တော်တော်လေးကို လှုပ်ခက်သွားစေ တဲ့ features တွေပဲဗျ..
ကဲ ဒါဆိုရင် Jelly Bean 4.3 မှာဘာ features တွေ ပါလဲကြည့်ရအောင် ဗျာ...


The Camera
=========

Google က Jelly Bean 4.3 မှာပါတဲ့ camera app ကိုပိုပြီ: powerful ဖြစ်လာအောင် setting ဒီဇိုင်း ကို ပြောင်းထားပါတယ်...
အရင် Jelly Bean 4.2 မှာကတဲက အဲ့ဒီ့ လိုမျိုး setting ပါလာပေမဲ့ Jelly Bean 4.3 မှာ ပိုပြီ:အသုံးပြုရလွယ်အောင် camera app ရဲ့ setting တွေအကုန်လုံးကို semi circle ဒီဇိုင်း ပြုလုပ်ထားပါတယ်...
ဖုန်းကို ကိုင်ထားရင်:နဲ့ပဲ ဖုန်းကိုင်ထားတဲ့လက်နဲ့ camera ရဲ့ setting တွေကို ပြောင်း နိုင်အောင် ဒီဇိုင်းပြင်ထားပါတယ်...
ပြီ:တော့ photo sphere function ကို ပိုကောင်းအောင်လို့ ပြင်ထားပါတယ်... Photo sphere ဆိုတာ Jelly Bean 4.2 မှာကတဲ ကပါတာပါ...
ဒါပေမဲ့ Jelly Bean 4.3 မှာတော့ ပိုပြီ:ချောမွေ့လာပါတယ်.. Nexus သမားတွေကတော့ 4.2 မှာပါတဲ့ photo sphere features ကိုသိကြပါတယ်..
ကျန်တဲ့တခြား ဖုန်းကိုင်တဲ့ သူတွေကတော့ photo sphere ဆိုတာဘာလဲ ဆိုတာနဲနဲ စိမ်:နေအုံးမှာပါ..
Photo sphere ဆိုတာ panorama mode သဘောတရားနဲ့ သွာ:တူပါတယ်.. ဒါပေမဲ့ panorama function က screen တစ်ကွက်ကို အလျားလိုက်ဖြစ်ဖြစ် ဒေါင်လိုက်ဖြစ်ဖြစ် တစ်တန်:ထဲပဲရိုက်လို့ရတာပါ...
photo sphere က တော့ဓာတ်ပုံကို 360 ဒီဂရီ ပတ်ချာလည်ရိုက်ထာ:လို့ ရပြီ: photo sphere နဲ့ ရိုက်ထားပြီ:သားဓာတ်ပုံကို ပြန်ကြည့်တဲ့အခါ 360 ဒီဂရီလုံးကို ပြန်ကြည့်လို့ ရတဲ့ features ပါ...
photo sphere features ကို Android 4.2 မှာစပါလာပြီ: Nexus Phone တွေမှာစသုံးလို့ရလာတာပါ...
Photo sphere လိုမျိုး features တွေက android မှာရော iOS မှာပါ appတွေ အရင်ကရှိဘူးပါတယ် .. photo sphere features နဲ့ အဲ့ဒီ့ app တွေ ကွာခြားချက်က အဲ့ဒီ့ app တွေနဲ့ လုပ်ထားတဲ့ photo မျိုးကို သု့ app နဲ့ပဲ ပြန်ဖွင့်ကြည့်မှရတယ် သူ့ app မရှိရင် ကြည့်လို့မရဘူး...
photo sphere နဲ့ ရိုက်ထားတဲ့ 360 degree photo ကြတော့ ကျွန်နော်တို့က website ပေါ်မှာ တင်ထားပြီကိုယ့်သူငယ်ချင်းတွေကို ဘာapp မှရှိစရာ မလိုပဲ ပြန်ပြီ: ပြလို့ရ တယ် ဆိုတာပါပဲ..
ခုလက်ရှိ normal photo တွေ website မှာ တင်ထားသလို တင်ထားလို့ ရတယ် ဆိုတာပါပဲ..
( အဲ့ဒီ photo sphere အကြောင်းကိုတော့ နောက် post တစ်ခုအနေနဲ့ သတ်သတ်တင်သွားပါအုံးမယ် ..
Nexus မဟုတ်တဲ့ ကျန်တဲ့ phone တွေမှာလဲ အဲ့ဒီ့ photo shpere features ကိုတင် ပြီ: ကိုစမ်းလို့ရပါတယ် )

Bluetooth Low Energy
==============

ဒါ ကတော့တော်တော်လေ:ကို အသုံးဝင်တဲ့ features လေးပေါ့ဗျာ.. ဒီ features အကြောင်း ကောလဟလ ထွက်နေတာကတော့ ကြာပါပြီ...
ကျွန်နော်တို့ ဖုန်းတွေကို bluetooth function သုံးတဲ့ အခါမှာ battery စားတာကို သတိထာ:မိသလားဗျ.. တစ်ခါတစ်လေ bluetooth function ကို သုံးပြီ: ပြန်ပိတ်ဖို့ မေ့သွားရင်
ဖုန်းက ခဏလေးနဲ့ အားကုန်သွားရော.. အဲ့ဒီ့ လိုမဖြစ်အောင် ခု Google က အားသိပ်မကုန်ပဲနဲ့ bluetooth ကို သုံးလို့ရတဲ့ နည်းကိုထွင်လိုက်ပါတယ်...
အဲ့ဒါက Bluetooth Low Energy ဆိုတဲ့နည်းပညာပါပဲ... ဒီနည်းပညာက ဒဏ္ဍာရီ လိုပဲကြားနေရတာကြာပါပြီ... ခုတော့ Google ကတကယ်လက်တွေ့ အကောင်အထည်ဖော် ပြီး Android 4.3 မှာထည့်ပေးလိုက်ပါတယ်..
သင်ဟာ Bluetooth Headset သုံးတဲ့ သူဆိုရင် ဒီနည်းပညာကို ကျေးဇူးတင်နေမိမှာပါ.. phone battery ကိုခဏ ခဏအားသွင်းနေစရာ မလိုတော့ဘူးပေါ့..
ဒါလက်ငင်းအသုံးဝင်တဲ့ အချက်တစ်ခုကို ပြောပြတာပါ... ဒီ ထက်မက အသုံးဝင်မဲ့ features တစ်ခုပါပဲ..


Always on Wi-Fi
==============

ဒီ features ကလဲ phone user တွေအတွက် တော်တော်လေးကို အသုံးဝင်မဲ့ features ပါပဲ...
ဘယ်လိုမျိုးလဲ ဆိုတော့ ကျွန်နော်တို့ တွေရဲ့ phone ကို အမြဲတမ်း wifi ဖွင့်ထားလို့ ရမဲ့ features ပါပဲ,,
ကျွန်နော်တို့ တွေ wifi မိတဲ့ နေရာမှာဖုန်းကို အဲ့ဒီ့ wifi နဲ့ ချိတ်ပြီ:သုံးကြပါတယ်... အဲ့ဒီ့ နေရာကနေ ပြန်ထွက်လာရင်တော့ ကိုယ့်ဖုန်းရဲ့ wifi setting ကို ပြန်ပြီ:ပိတ်ကြရပါတယ်..
သတိမေ့ပြီ: မပိတ်မိခဲ့ရင် ဖုန်းက wifi connection ကို searching လုပ်နေတော့ ဖုံး battery ကိုအားတော်တော်ကုန်စေပါတယ်...
ကျွန်နော်ဆို wifi ကို ပြန်ပိတ်ဖို့ မေ့မေ့သွားလို့ battery ကုန်သွားတာခဏခဏပဲ .. ..
အဲ့ဒီ့ လိုမဖြစ်အောင်လို့ Google က ခု Android 4.3 မှာ Always on Wi-Fi ဆိုတဲ့ features ကိုထည့်ထားပေးပါတယ်...
အဲ့ဒီ့ features ကဘယ်လို အလုပ်လုပ်လဲ ဆိုရင် ကျွန်နော် wifi connection မိပြီ: သုံးတက်တဲ့ နေရာတွေကို က မှတ်ထားပေးပါတယ်...
အဲ့ဒီ မှတ်ထားတဲ့ နေရာတွေ ရောက် မှ phone ကို wifi နဲ့ auto ပြန်ချိတ်ပေးပါတယ်... ကျန်တဲ့ wifi မမိတဲ့နေရာမှာဆို wifi searching လုပ်မနေတော့ပါဘူး,,
ဥပမာ ကျွန်နော် က အိမ် မှာဆို phone ကို wifi နဲ့သုံးပါတယ်.. office မှာလဲ wifiနဲ့ပဲ သုံးပါတယ်..
အဲ အပြင်ထွက်လိုက်ပြီ ဆိုတာနဲ့ wifi မမိတော့ဘူး ဆိုရင် အဲ့ဒီ့ features က phone ကို wifi searching ဆက်မလုပ်ပဲ ရပ်သွားစေပါတယ်....
ရုံးကို ပြန်ရောက်မှဖြစ်ဖြစ် အိမ်ကို ပြန်ရောက်မှဖြစ်ဖြစ် သူက wifi ကို Auto ပြန်ချိတ်ပေးလိုက်ပါတယ်...
ဘယ်လောက်မိုက်သလဲဗျာ... wifi setting ကို ON လိုက် Off လိုက် လုပ်ရတဲ့ ဝဋ် ကျွတ်သွားတာပေါ့ဗျာ..
Wifi ကိုပိတ်ဖို့ မေ့သွားလို့ battery ကုန်သွားတယ် ဆိုတဲ့ ပြသနာလဲ မရှိတော့ဘူးပေါ့ဗျာ...
Wifi မမိတော့ရင် wifi searching ကို မလုပ်တော့ battery စားတယ်ဆိုတာလဲ မရှိတော့ဘူးပေါ့ဗျာ ..


ဒါတွေက တော့ Jelly Bean 4.3 မှာ အနဲငယ် ထပ်တိုးလာတဲ့ features တွေပဲဗျ...
နောက် Android Jelly Bean firmware မှာ အဓိက font အနေနဲ့ အသုံးပြုတဲ့ Roboto font ကိုလဲ ပိုပြီ:လှအောင် ပြင်ထားတယ် လို့ကြားတယ်ဗျ ...
Touch performance ကလဲ Project Butter ရဲ့ကျေးဇူးကြောင့် 4.2 version ထက်ပိုပြီ:ချောမွေ့လာတယ်လို့ ဆိုပါတယ် ..
ဒီ Jelly Bean 4.3 မှာ ကြီးကြီ:မားမားပြောင်းလဲချက်တော့ သိပ်မရှိပါဘူး...
အဓိက ဖြစ်တဲ့ Key Lime Pie 5.0 ကြမှပဲ ကြီးကြီးမားမားပြောင်းလဲချက်တွေ ပါမယ်လို့ မျော်လင့်ရတာပဲဗျ.... တော်ကြာ ကြီးကြီးမားမား ပြောင်:လဲချက်ဆိုပြီ:
Google က ရောင်စုံ Candy လေးတွေလုပ်လိုက်မှာ ကိုလဲကြောက်သဗျာ့ ... just kidding
ref : AndroidAuthority.com

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...