Tuesday, July 2, 2013

Autorun ဆိုတာဘာလည်း?

Autorun ဆိုတာကတော့ လွယ်လွယ်ပြောရရင်
Program တစ်ခုကို အလိုအလျောက်လုပ်ဆောင်
နိုင်ရန် ရေးထားသော ဖိုင်တစ်ခုဖြစ်ပါတယ်။ဥပမာ
A.exe ဆိုသော Program ကို USB သို့မဟုတ်
CD/DVD တို့မှ ကွန်ပျူတာသို့ချိတ်ဆက်လိုက်
သောအခါ ၄င်း Device များထဲမှ အသက်ဝင်စေ
ချင်သော ဖိုင်များကို အကြမ်းဖျဉ်း
‘Open=A.exe” ဆိုပီး ရေးသည့်အတွက်ကြောင့်
ကွန်ပျူတာမှ Autorun Services ဖွင့်ထားသည့်
အခါ အလိုအလျှောက်လုပ်ဆောင်နိုင်ပါတယ်။
အဲဒီ Autorun ဖိုင်တွေထဲမှာမှ

[autorun]
icon=CZ442.ico
label=z@Rn1
open=A.exe
action=Click ok to run ptach update for windows
shell\open\command=A.exe
[OR]
shell=start shell\start\command=path/A.exe
shell\start=Run Application
shell\read\command=notepad.exe files/readme.txt
shell\read=open readme.txt

စဖြင့် Shell command များဖြင့်တွဲရေးထားတာမျိုးတွေလည်းရှိပါတယ်။
ဒီတော့ ဆိုလိုချင်တာက မည်သည့် Viurs မဆို သူတစ်ဦး
တည်းတစ်ယောက်တည်း (ဗိုင်းရပ်စ) က ဘယ်လိုမှ မလုပ်ဆောင်နိုင်ပါ
ဘူး…သူ့ကို (ဗိုင်းရပ်စ်) အသက်ဝင်ဖို့အတွက် ၄င်းဗိုင်းရပ်စ်ဖိုင်နဲ့၎င်
Autorun File နှစ်ခုကို တစ်တွဲတည်းထားမှ (ကွန်ပျူတာအတွင်း Autoplay
Policy မှာလည်း Autorun Serivces ပွင့်နေရမှာဖြစ်ပါတယ်။) USB/CD-DVD
Devices များမှတဆင့် ကွန်ပျူတာကိုချိတ်ဆက်လိုက်သောအခါမှာအလိုအလျောက်
လုပ်ဆောင်မှာဖြစ်ပါတယ်။
အဆုံးသတ်ဆိုလိုရင်းကိုပြောရသော်……..
ကွန်ပျူတာအသုံးပြုသူတိုင်း မိမိကွန်ပျူတာမှာ Group Policy Editor ထဲမှ
Autorun Services ကိုပိတ်ထားသင့်ပါတယ်။ ဒါမှလည်း သင့်စက်ထဲကို
သင်ကိုယ်တိုင်က ဗိုင်းရပ်ကို Double Click မနှိပ်မချင်း သင့်စက်ထဲသို့
ဗိုင်းရပ်ဝင်နိုင်ဖို့အခြေအနေက ၂၅% နှုန်းလောက်သာရှိပါမယ်။

Credit to Cristiano Zarni

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...