Monday, July 1, 2013

"Facebook Page Creator မှ Social Media Community Manager အဖြစ်သို့ "


Facebook မှာ Page တစ်ခု လုပ်တာဟာ သိပ်တော့ မထူးဆန်းပါဘူး။ မိမိဝါသနာ ပါရာ အကြောင်းအရာများကို ဖန်တီးဖို့  ၊ မျှဝေဖို့  ၊ ရေးသားဖို့  စတာတွေကို အပျော်တမ်းအဖြစ် Facebook အကောင့် ရှိတဲ့ သူတိုင်း လုပ်နိုင်တဲ့ အရာတစ်ခု ဖြစ်ပါတယ်။
ဒီလို အပျော်တမ်းကနေ Professional အလုပ်အကိုင် အခွင့်အလမ်း တစ်ခု အဖြစ် ဖန်တီးလာကြ တာကို တွေ့ မြင်ရလာတော့ ကိုယ်တိုင်လည်း Page များကို ဖန်တီးသူ ၊ မျှဝေသူ ၊ ရေးသားသူ ပီပီ ဒီ Position တစ်ခုကို မကြာခင်မှာ တွင်ကျယ်လာတော့မည့် အခွင့်အလမ်း တစ်ခု အနေနဲ့  လေ့လာတင်ပြချင်ပါတယ်။


"ကျနော်က အစက ၀ါသနာ အရ နိုင်ငံတကာသတင်းတွေ ၊ ဗဟုသုတတွေကို ဘာသာပြန်ရေးသားပြီး တင်ဖြစ်တယ်။ ဒီလိုနဲ့  သုံးလေး လလောက်ကြာလာတော့ ပုံမှန်ဖတ်တဲ့ ပရိသတ်တွေ ရလာတယ်။ ခြောက်လလောက်ကြာတော့ ကျနော် ဒီလို နေရာကို ရောက်လာပါတယ်.."

ဆိုတဲ့ စကားကို မိတ်ဆွေ တစ်ယောက်က ပြောဖူးတာကို မှတ်မိနေပါသေးတယ်။ လက်ရှိ Social Media ပိုင်း မှာ ပို့ စ်များ ရေးသားရင်း Social Media Article Creator ပိုင်း Online Editor ပိုင်းနဲ့ Admin ပိုင်းကို တာဝန်များစွာ ယူထားတဲ့ မိတ်ဆွေ တစ်ယောက်က ဒီလို အခွင့်အလမ်းတွေ များများ ပေါ်ပေါက်လာဖို့  Article နဲ့  advocate လုပ်နေတဲ့ သူတစ်ယောက် ပါ။

---------------------------------------------------------

" Social Media Community Manager "

တလောက ဒီ Position ကို မြန်မာနိုင်ငံက အလုပ်ခေါ်တဲ့ ၀ဘ်ဆိုက် တစ်ခုမှာ တွေ့ လိုက်တယ်။ ဒီလို ရာထူးက ရှားပါတယ်။ ပြီးတော့ အရှေ့ မှာ Social Media ဆိုတာနဲ့ အလုပ်တစ်ခု လို ခေါ်ထားတာ တွေ့ တော့ ဘာတွေ များ လုပ်ရမလဲ ဆိုပြီး စပ်စုကြည့်မိပါတယ်။

ဒီရာထူးကို လက်ရှိတာဝန်ယူထားရတဲ့ မိတ်ဆွေ တစ်ယောက်ကတော့ ဒီအလုပ်နဲ့ ပတ်သတ်ပြီး ပြောပြပါတယ်။

"အဲ့ဒီ ကုမ္မဏီရဲ့  Facebook Page ကို အက်မင်အဖြစ် တာဝန်ယူထားရတယ် ။ ပြီးတော့ Article တင်ပေးရတယ် ။ Update လုပ်ပေးရတယ်။ သူတို့ က Social Media ကို အသုံးချပြီး သူတို့  Product ကို ဖြန့် ချင်တာပါ။ ကြေငြာတယ်ပေါ့။ အဓီက က Social Media နဲ့  ကြေငြာတယ်။ ဖုန်း Application တစ်ခု လုပ်တယ်။ ဖုန်း Apps မှာလည်း Article တင်ရတယ်။ Categories ငါးခုလောက် ကိုင်ရတယ်။"
- Social Media Community Manager @ SQUAR

ဒီ Application က Mobile မှာ သုံးဖို့ အတွက် Social Application လို့ လည်း သိရတယ်။

---------
Social Media ကို အသုံးချပြီး Product တွေကို လူသိအောင် လုပ်တယ် ။ အဓီက က အင်တာနက် အသုံးပြုတဲ့ သူတွေကို Mobile App အတွက် Digital Advertising & Marketing လုပ်တယ်လို့  လည်း ပြောလို့  ရတယ်။
ဒါပေမဲ့ ... တခြားနိုင်ငံမှာ ခန့် တဲ့ Social Media Community Manager က ဘယ်လိုတွေ ဖြစ်မလဲ ၊ ဘာတွေ လုပ်ကြသလဲ.. လေ့လာကြည့်ရအောင်။


Social Media Community Manager For Mashable.com
----------------------------------------------------------------
Social Media မှာ နည်းပညာ အတွက် Article ပိုင်းနဲ့  ပရိသတ်များစွာရထားတဲ့ Mashable က ခေါ်တဲ့ Job Position ရဲ့  JD ကတော့...

- လိုက်လျောညီထွေ စွာ နေထိုင်တက်သူ ၊ တက်ကြွတဲ့ Community Manager ဖြစ်ရမှာ ဖြစ်ပြီး digital သုံး Community ကို ပြန်ကြား မောင်းနှင် နိုင်ရပါမယ်။

- Social Media ကို အသုံးချပြီး ဆက်ဆံရာမှာ ကျွမ်းဝင်တဲ့ Manager တစ်ယောက် အဖြစ်နဲ့ Brand Awareness နဲ့  Social Engagement တွေကို
ဖွံ့ ဖြိုးလာဖို့ ဦးဆောင်ရပါမယ်။

- Brand, content marketing, mobile, SEO စတာတွေကို အကျွမ်းတ၀င် နားလည်မှု ရှိပြီး အသုံးပြုတဲ့ သူတွေကို မိမိတို့  Product အသုံးပြုမှုမှာ ပိုမိုများပြားလာဖို့  digital marketing မှာ professional ဆန်ဆန် လုပ်ကိုင်နိုင်ရပါမယ်။

- မိမိတာဝန်ယူထားတဲ့ အပိုင်းမှာ နည်းပညာပိုင်း နားလည်မှု ရှိပြီး ရှေ့ ဆက် လုပ်ဆောင်ရမဲ့ Plan အတွက် တွေးခေါ်စဉ်းစားနိုင်စွမ်း ၊ Project တစ်ခုကို အစအဆုံး ပြည့်စုံအောင် ဖန်တီးနိုင်စွမ်း ရှိရပါမယ်။

* တာဝန်များ

-Social Media တင်မက Traditional Media ပိုင်းကိုလည်း နားလည်ပြီး stakeholder ပူးပေါင်း ပါဝင်သူများနဲ့  ညှိနှိုင်းတက်ရပါမယ်။ ကုမ္မဏီရဲ့  Product နဲ့ ဝန်ဆောင်မှုကို Social နဲ့  Traditional Media ပေါင်းကာ ထိထိရောက်ရောက် မြင့်တင်ပေးနိုင်ရပါမယ်။

-တစ်နေ့ တာ လုပ်ဆောင်ချက်များကို Manage လုပ်ပေးရပါမယ်။ ဒါတွေကတော့ အွန်လိုင်းမှ ဖြန့် ဝေခြင်း ၊ ပို့ စ် ရေးသားခြင်း ၊ မန်ဘာများနဲ့  Community ဖြစ်အောင် ဖန်တီးပေးခြင်း ၊ ပရိုမိုရှင်း စသဖြင့် မိမိ တက်နိုင်တဲ့ Social နဲ့  Traditional Media ကို အသုံးချကာ ဖန်တီးရပါမယ်။

-Social Networking အတွက် Manage လုပ်ရမှာ ဖြစ်ပြီး Facebook , Twitter နဲ့ တခြား အွန်လိုင်း Community များကို ချိတ်ဆက်ခြင်း ၊ Product အတွက် Blog မှာ သက်ဆိုင်ရာ အကြောင်းအရာများ တင်ခြင်း ၊ Application များမှာ လိုအပ်တဲ့ Content များကို တင်ပေးရပါမယ်။

-ကုမ္မဏီ ရဲ့  product ကို Social Media မှာ Space တစ်ခု အဖြစ် ဖန်တီးပြီး လှုံဆော်ခြင်း ၊ Product အတွက် အမေးအဖြေများကို အသုံးပြုသူများနဲ့  Operator လုပ်ရပါမယ်။

-Blogger အကြောင်းနားလည်ပြီး အသုံးပြုတက်ရမယ်။ Active brand ambassador အဖြစ် နက်ဝေါ့မှာ ကုမ္နဏီ ၀န်ဆောင်မှုများကို ဖြန့် ဝေနိုင်ရပါမယ်။

-social media programs များအသုံးချပြီး သက်ရောက်မှုများကို analyze လုပ်ခြင်း ၊ ထို သက်ရောက်မှုရဲ့  ထိရောက်တဲ့ အချက်များကို Report ရေးသားခြင်း များ ပြုလုပ်ရပါမယ်။

-မိမိ အသုံးပြုထားတဲ့ social/traditional media များကို လေ့လာစောင့်ကြည့်ခြင်း ၊ marketing နဲ့  အသုံးအနှုန်း များကို တည်ဖြတ်ခြင်း တို့  ဆောင်ရွက်ရပါမယ်။

-social/traditional media tools များ အသုံးချခြင်းရဲ့  တိုးတက်မှုများနဲ့  App သုံးစွဲမှု များကို စောင့်ကြည့်လေ့လာခြင်း များပြုလုပ်ရပါမယ်။

ထိုရာထူးအတွက် လိုအပ်ချက်များ
--------------------------------------

-Strong project management နဲ့ organization skills ရှိရပါမယ်။

-မိမိ အသုံးပြုတဲ့ Social Media များရဲ့  အခြေအနေကို တိုင်တာနိုင်တဲ့ social listening tools တွေကို အသုံးပြုနိုင်ရပါမယ်။ (ဥပမာ ၊ Crimson Hexagon, Radian 6 )

-ပို့ စ် ရေးသားခြင်းများကို လေ့လာတဲ့ CoTweet, Vitrue, Buddy Media စတဲ့ Platform. Analytic လုပ်ဖို့ အတွက် Webtrends, Omniture စတာတွေ ကို သုံးစွဲနိုင်ရပါမယ်။

-Social Media Platform များရဲ့ သဘော သဘာဝ ၊ အသုံးဝင်ပုံများ ၊ ဗဟုသုတ နဲ့  အားနည်းချက် အားသာချက်များကို သိရှိရမှာ ဖြစ်ပြီး ၊ Product အတွက် ဘယ်လို သက်ရောက်မှု ရှိနိုင်မလဲ ဆိုတာကို မှန်းဆ တွေးတော နိုင်ရပါမယ်။

-ထိရောက်တဲ့ အရေးအသား ၊ ထိရောက်တဲ့ သတင်းအချက်အလက် ဆက်သွယ်နိုင်စွမ်း ၊ ဖန်တီးနိုင်မှု ၊ ဌာန်ကရိုဏ်ကျကျ ရေးသားမှု ၊ ထိန်းသိမ်း ရေးသားမှု စတာတွေကို ပြုလုပ်နိုင်ရပါမယ်။

-SEO ရဲ့ အရေးပါပုံ ၊ အသုံးချပုံ နည်းလမ်းကို သိရှိရပါမယ်။

-Public relations, Marketing, Community Management စတဲ့ အတွေ့ အကြုံ ကောင်းများ ရှိထားရပါမယ်။

တခြား ကျွမ်းကျင်မှု များ
++++++++++++++

Curious, pragmatic, business oriented, people person
Strong passion for social media marketing
Superb communication, presentation and deck creation skills
Proven ability to develop and maintain strong relationships with colleagues, internal/external
clients and vendors.
Ability to work rapidly, in a structured fashion, meet deadlines under pressure and the ability to
prioritize and multi-task
High work standards and business ethics
Flexible and motivated to help others
Self-starter with strong organization skills
Ability to lead, manage or participate in cross-functional teams

-----------------------------------------------
ဒါတွေက Mashable က ခေါ်တဲ့ Job Opportunity ဖြစ်ပါတယ်။ အရင်က ဒီလို အလုပ်ဆိုတာ မရှိသလို .. Social Media အားကောင်းလာတဲ့ အချိန်မှာ အသစ်အသစ်သော အခွင့်အလမ်းတွေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ ဒီလို လမ်းစဉ်ကို ရဲရဲဝံ့ဝံ လျှောက်လှမ်း နေသူများလည်း ရှိလာပါပြီ။

အလုပ်တစ်ခုကို Professional ကျကျ လုပ်ဖို့  စဉ်းစားထားတယ် ဆိုရင်တော့ မိမိ အရည်အချင်းကို ဖော်ပြနိုင်အောင် သက်ဆိုင်တဲ့ Skills များအတွက် အဘက်ဘက်မှ လေ့လာထားသင့်တယ်လို့  ထင်ပါတယ်။

အပျော်တမ်း တစ်ခုမှ စလို့  Professional တန်း ဖြစ်လာနိုင်ပါတယ်။ မိမိ တာဝန်ယူရမဲ့ အပိုင်းတွေကို ဖန်တီးမှု အားကောင်းပါစေ ။ သေချာပေါက် အောင်မြင်မှု ရရှိနိုင်ပါလိမ့်မယ်။ စိတ်ဓာတ်တော့ လိုပါတယ် ။ လမ်းမသိရင် မေးဖို့ လည်း လိုပါတယ်။ လမ်းတွေ့ ရင် လျှောက်ဖို့ လည်း လိုပါသေးတယ်။
အခွင့်အလမ်း ကောင်းများနဲ့  မြန်မာနိုင်ငံသားများ များစွာ ရရှိနိုင်ဖို့  ဆန္ဒပြုရင်း..။


-----
Freddy ( Stuff Myanmar )

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...