Wednesday, July 10, 2013

Windows အတက်မှာ မိမိ မတက် စေချင်တဲ့ Program တွေကိုပိတ်နည်း


 
ကျွန်တော်အခုတလော အများစု ခဏခဏ အဆင်မပြေ ဖြစ်နေတဲ့ နည်းလမ်းလေး တစ်ခုကို ရေးပေးပါမယ် .. ကျွန်တော်တို့ Windows စတက်တက်ချင်းမှာ Program တွေ အများကြီး တက်မလာစေချင်တဲ့သူတွေ ၊ Windows အတက်မှာ မိမိ မလိုအပ်တဲ့ Application တွေ တက်မလာအောင် ဖြုတ်ထားချင်တဲ့ သူတွေ ၊ မိမိတို့က Application တွေကို Uninstall လုပ်လိုက်ပေမယ့် လည်း Windows စတက်တက်ချင်းမှာ အဲ့ဒီဖြုတ်ပြီး သား Application က တက်တက်လာတာတွေကို ကြုံတွေ့နေရတဲ့ သူတွေအတွက် ဖြေရှင်းလို့ ရမဲ့ နည်းလမ်းလေးကို ရေးပေးသွားမှာ ဖြစ်ပါတယ် ..နည်းလမ်းလေးကတော့ လွယ်ပါတယ်

အရင်ဆုံး Keyboard မှ Ctrl + R ကိုနှိပ်ပြီး Run Box ကိုဖွင့်လိုက်ပါ .. ပြီးရင် Run Box ထဲမှာ msconfig လို့ရိုက်ထည့်ပြီး OK ပေးလိုက်ပါ .. ဒါဆိုရင် System Configuration Box လေးပေါ်လာပါလိမ့်မယ် ..
အဲမှာ startup မှာမိမိတို့Windowsစတက်တက်လာချင်းမှာမတက်စေချင်တဲ့Programတွေကို

 အမှန်ခြစ်လေး ဖြုတ်ပေးလိုက်ပါ .. ကိုယ်က ဘယ် Program ကို မတက်စေချင်တာလည်း ဆိုတာကိုတော့ နာမည်လေးတော့ သေချာ မှတ်ထားပေါ့ဗျာ .. တော်ကြာ မှားပြီး ဖြုတ်မိနေမှာ စိုးလို့ပါ .. ပြီးရင်တော့ Apply >> OK ပေးလိုက်ပါ .. Restart ပေးလိုက်ယုံပါပဲ ..

ဒါဆိုရင်တော့ မိမိတို့ မတက်စေချင်တဲ့ Program ကို Windows တက်အလာမှာ တွေ့ရတော့မှာ မဟုတ်ပါဘူး..
အားလုံးပဲ အဆင်ပြေကြပါစေ ..

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...