Friday, August 2, 2013

Networking အကြောင်း (၁)



What is a Network?
Network ဆိုတာက ဘာလဲ။ Network ဆိုတာက ကွန်ပျူတာတစ်လုံးနဲ့တစ်လုံးချိတ်ဆက်ထားတဲ့ကွန်ရက်ကို Network လို့ခေါ်တယ်။ Network မှာ LAN (Local Area Network) နဲ့ WAN (Wide Area Network) ဆိုပြီးရှိတယ်။
LANs ဆိုတာဘာလဲ။ ဥပမာပြောရရင် အခန်းတစ်ခန်းတည်းက၊ အိမ်တစ်လုံး၊ အဆောက်အဦးတစ်ခု၊ ကုမ္ပဏီရုံးခန်းတစ်ခုမှာကွန်ပျူတာ ၁၀ လုံးရှိတယ်။ အဲဒီကွန်ပျူတာ ၁၀ လုံးက တစ်လုံးနဲ့တစ်လုံး Network ချိတ်ထားတယ်ဆိုပါစို့။ တစ်ခြား ကွန်ပျူတာနဲ့ဆက်စပ်တဲ့ Devices (Printer, Scanner) တွေနဲ့လည်း Network ချိတ်ဆက်ထားတယ်။ အဲဒါကို Local Area Network (LAN) ချိတ်တယ်လို့ခေါ်တယ်။
အဲဒါဆိုရင် WAN ကရောဘာလဲ။ သူကတော့ အခန်းတစ်ခန်းထဲမှာမဟုတ်တော့ဘူး။ မတူညီတဲ့နေရာဒေသက ကွန်ပျူတာတွေနဲ့ချိတ်ဆက်ထားမယ်။ တစ်မြို့နယ်နဲ့တစ်မြို့နယ်၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံကို ကွန်ပျူတာတစ်လုံးနဲ့တစ်လုံးပဲဖြစ်ဖြစ်၊ LAN ချိတ်ထားတဲ့ကွန်ပျူတာတွေအချင်းချင်းပဲဖြစ်ဖြစ် ချိတ်ဆက်ထားမယ်ဆိုရင် အဲဒါကို WAN (Wide Area Network) လို့ခေါ်တယ်။ Internet ကလည်း WAN ပဲ။


Why Network your Computers
ဘာကြောင့် Network ချိတ်တာလဲ။

Files Sharing
စက်တစ်လုံးနဲ့တစ်လုံးကို ထိုင်ရာကမထ အချက်အလက်တွေ ဝေမျှလို့ရအောင်လို့။ စက်တစ်လုံးက Shared လုပ်ထားတဲ့ အချက်အလက်တစ်ခုကို တစ်ခြားစက်တစ်လုံးကလိုချင်တယ်ဆိုရင် ယူလို့ရတယ်။ ကိုယ်လိုချင်တဲ့ အချက်အလက်တွေကိုလည်း တောင်းလို့ရတယ်။ အဲဒီလို မျှဝေသုံးစွဲချင်လို့ Network ချိတ်တယ်။

Hardware Sharing
Network ချိတ်ထားတဲ့ကွန်ပျူတာအားလုံးမှာ ကွန်ပျူတာနဲ့ဆက်စပ်ပစ္စည်းတွေအစုံအလင်မပါဘူးဆိုရင် - ဥပမာ - Scanner, Printer, CD - ROM Drives, Hard Drives တို့စသည်ဖြင့်ပေါ့ အဲဒါတွေကို
Network ပေါ်မှာ မျှဝေသုံးစွဲခွင့်ရှိတယ်။ ကွန်ပျူတာ ၃ လုံးရှိတဲ့အထဲက ၁ လုံးမှာပဲ CD- ROM တို့၊ Printer and Scanner တို့တပ်ထားတယ်ဆိုရင် တပ်ထားတဲ့ကွန်ပျူတာကမျှဝေသုံးစွဲ ခွင့်ပေးထားရင် တစ်ခြား ကွန်ပျူတာ ၂ လုံးက အဲဒီပစ္စည်းတွေကို မျှဝေသုံးစွဲခွင့်ရှိတယ်။

Program Sharing
Program Sharing ဆိုတာက Network Support လုပ်တဲ့ Program တွေကို စက်တွေအချင်းချင်းမျှဝေသုံးစွဲတာကိုခေါ်တယ်။ ဘယ်လိုမျှဝေသုံးစွဲသလဲဆိုတော့ ကိုယ့်စက်မှာတင်မထားတဲ့ Program တစ်ခုကတစ်ခြားစက်မှာ တင်ထားတယ်ဆိုရင် အဲဒီ program က Network Support လုပ်တယ်ဆိုရင် သုံးလို့ရတယ်။ စက်တစ်လုံးတည်းက Program တစ်ခုကို တစ်ခြားစက်တွေကလည်း ယူသုံးလို့ရတယ်။
အဲဒါကို Program Sharing လုပ်တယ်လို့ခေါ်တယ်။

User communication
Network က စာတွေမှမဟုတ်ပါဘူး။ Media တွေကိုလည်း Network ကွန်ပျူတာသုံးတဲ့သူတွေကောင်းကောင်းအသုံးချနိုင်တယ်။ Network မှာ အသံ၊ ရုပ်ပုံ၊ဗီဒီယိုတွေကိုအချင်းအချင်း ပို့ချင်တဲ့အခါ လက်ခံတဲ့ အခါမှာလည်း ပို့လို့၊လက်ခံလို့ရတယ်။ တစ်ယောက်နဲ့တစ်ယောက် Messages ပို့တာတို့၊ စကားပြောတို့လည်းလုပ်နိုင်တယ်။

Multiplayer gaming
Game ကို Network ပေါ်မှာကစားလို့ရတယ်။ Multiplayer ပါတဲ့ဂိမ်းတွေကို တစ်ယောက်နဲ့တစ်ယောက်၊ စက်တစ်လုံးနဲ့တစ်လုံး ချိတ်ဆက်ပြီးတော့ ကစားနိုင်တယ်။ Network Game ဆိုင်တွေ အသုံးပြုကြ ပါတယ်

အဲဒီလိုအချက်တွေကြောင့် Network ချိတ်ကြတယ်ပေါ့ဗျာ။

Credit to : www.bluehacker.ucoz.org

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...